M.S.T College

M.S.T College Your Success, Our Destination. Founded since 2005 as a training center and one of the fore first M.S.T developed ICT professional training center in Myanmar.

M.S.T aiming at development and progress through Myanmar Information & Communication Technologies rendering from training fundamental is International recognized professional level. More than thousands of ICT and Network professional who stands firmly in industries with their respected fields. International certified graduated lectures are instructors trained the students both theories and hands o

n practical labs. Main courses providing in MST are especially focusing on Hardware / Network / Telecom Engineering , Information Security and International Professional Certification.

🛡️Automated Moving Target Defense (AMTD) ဆိုတာ ဘာလဲ?🔐 Automated Moving Target Defense (AMTD) ဆိုတာ Attacker တွေ အလွယ်တကူ...
21/08/2026

🛡️Automated Moving Target Defense (AMTD) ဆိုတာ ဘာလဲ?

🔐 Automated Moving Target Defense (AMTD) ဆိုတာ Attacker တွေ အလွယ်တကူ Target မလုပ်နိုင်စေဖို့ System ရဲ့ Attack Surface ကို အလိုအလျောက် Detect လုပ်ပြီး လိုအပ်သလို ပြောင်းလဲပေးနေတဲ့ Defensive Security နည်းလမ်း တစ်ခုဖြစ်ပါတယ်။

💻Server တစ်ခုကို ဥပမာပေးပြီးရှင်းပြရမယ်ဆိုရင် Attacker တွေဟာ Server ရဲ့ IP Address/ Port/ Network Configuration/ Application/ Operating System/ Database Location စတဲ့ Target တွေကို လေ့လာပြီး ဘယ်နေရာကနေ ဝင်တိုက်ရမလဲ ဆိုတာ ရှာဖွေလေ့ရှိကြပါတယ်။

🧑‍💻AMTD ကတော့ ဒီလို Target တစ်ခုတည်းကို အမြဲတမ်း မထားဘဲ System ရဲ့ Configuration တွေကို Automation စနစ်နဲ့ အချိန်အလိုက် ပြောင်းလဲပေးပါတယ်။

👉ဥပမာ Network Address တွေ ပြောင်းသွားနိုင်သလို၊ Port တွေ၊ Service တွေ၊ Network Path တွေကို ပြောင်းလဲနိုင်ပါတယ်။

🎯ဒီလို Moving Target ဖြစ်နေစေဖို့လည်း Automated Moving Target Defense (AMTD) နည်းပညာက Detect → Analyze → Change → Adapt ဆိုတဲ့ Cycle ကို Automation စနစ်နဲ့ ဆက်တိုက်လုပ်ဆောင်ပေးနိုင်ပါတယ်။

🧑‍💻ဒါကြောင့် Attacker တွေဟာ မနေ့က ရှာဖွေထားတဲ့ Information ကို အသုံးပြုပြီး ဒီနေ့မှာ Attack လုပ်တဲ့အခါ Target က အရင်လို ရှိမနေတော့တာကြောင့် ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့ အတော်လေးခက်ခဲသွားစေမှာဖြစ်ပါတယ်။

🤖 AMTD မှာ အဓိကအားဖြင့်
- IP Address / Network Address
- Ports
- Network Topology
- Routes
- Cloud Resources
- Application Instances
- System Configurations
- Decoy / Honeypot Resources စတာတွေကို
Environment နဲ့ Architecture ပေါ်မူတည်ပြီး Automation စနစ်နဲ့ အချိန်အလိုက် ပြောင်းလဲနိုင်ပါတယ်။

🎯 AMTD ရဲ့ အဓိကရည်ရွယ်ချက်က ဆိုက်ဘာတိုက်ခိုက်မှုတွေကို ဖြစ်ပြီးမှ Action ယူတာထက် Attacker တွေရဲ့ Reconnaissance နဲ့ Targeting ကို ပိုခက်ခဲအောင်လုပ်ပေးပြီး သူတို့ ကြိုတင်စုဆောင်းထားတဲ့ Information တွေကို အသုံးမဝင်သလောက် ဖြစ်သွားစေဖို့ပါ။

ဒါပေမယ့် AMTD က Firewall, IDS/IPS, EDR စတာတွေကို ရာနှုန်းပြည့်အစားထိုးမယ့် Security Solution လို့တော့ ယူဆလို့မရနိုင်သေးပါဘူး။

🛡️Firewall, IDS/IPS, EDR ကဲ့သို့သော Defensive Technologies တွေနဲ့ AMTD ကို တွဲဖက်ခြင်းဖြင့်သာလျှင် မိမိတို့ကာကွယ်နေရတဲ့ ICT Infrastructure တွေကို ပိုမိုလုံခြုံစေမယ့် Defense-in-Depth နည်းလမ်းတစ်ခုအဖြစ် အသုံးချနိုင်မှာဖြစ်ပါတယ်။

🧑‍🎓အနှစ်ချုပ်ဆိုရင်တော့ Automated Moving Target Defense (AMTD) ဆိုတာ Attacker တွေက Target ကို ရှာတွေ့ပြီး Exploit မလုပ်ခင်ကတည်းက Target ရဲ့ Configuration နဲ့ Attack Surface တွေကို ကိုယ်တိုင်အလိုအလျောက် Detect လုပ်ပြီး Defense လုပ်ပေးနေတဲ့ Cyber Defense နည်းပညာတစ်ခုလို့ ဆိုနိုင်ပါတယ်။

19/08/2026

IT လောကထဲကို စတင်ခြေချနိုင်ဖို့ အကောင်းဆုံးအခွင့်အရေး…။

🚀 အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ အသစ်အသစ်သော IT Skill တွေကို သင်ယူရင်း နိုင်ငံတကာအသိအမှတ်ပြု IT Bachelor ဘွဲ့ ရယူလိုပါသလား…။

🎓ဒါဆိုရင်တော့ M.S.T College ရဲ့ September Intake မှာ NCC Level 3,4,5 UK Diploma တန်းခွဲသစ်တွေနဲ့အတူ အခုပဲ ခြေလှမ်းစလိုက်ကြရအောင်…။

💡NCC Diploma တန်းခွဲတွေဆိုတာ Programming/ Software Engineering/ Database/ Cyber Security/ Networking/ Data Science/ AI အစရှိတဲ့ IT Skill တွေကို အခြေခံမှသည် Professional အဆင့်ထိ ပြည့်ပြည့်စုံစုံ လေ့ကျင့်သင်ယူနိုင်တဲ့ UK Diploma Program ဖြစ်ပြီး

✅ အခြေခံပညာ G-11/G-12 သို့မဟုတ်
✅ GED/ IGCSE O Level အောင်မြင်ထားရုံဖြင့် စတင်တက်ရောက်နိုင်ပါတယ်။

🎓 NCC Level 5 အထိ ပြီးဆုံးပါက မလေးရှားထိပ်တန်းတက္ကသိုလ် SEGi University နှင့် UK ထိပ်တန်းတက္ကသိုလ် University of Chichester တို့မှ တိုက်ရိုက်ချီးမြှင့်သော နှစ်ထပ်ကွမ်း Bachelor Program ကို ဆက်လက်တက်ရောက်ပြီး IT နှင့် ကွန်ပျုတာသိပ္ပံအထူးပြု ဂုဏ်ထူးတန်းဘွဲ့များကိုလည်း ဆက်လက်ရယူနိုင်ဦးမှာပါ။

🛠️ ဒါ့အပြင် စာတွေ့သက်သက်သာမက လုပ်ငန်းခွင်လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ လက်တွေ့ Practical Skill တွေကိုပါ တပြိုင်တည်းသင်ယူရင်း ရာထူး၊ လစာ၊ အခွင့်အလမ်းကောင်းမွန်တဲ့ IT Career ကိုလည်း အခိုင်အမာတည်ဆောက်နိုင်မှာဖြစ်တာကြောင့် ရွေးချယ်သင့်တဲ့ Program ဆိုလည်း မမှားပါဘူး။

📢 ဒါကြောင့် NCC Diploma တန်းခွဲတွေနဲ့အတူ IT လောကထဲ စတင်အခြေချနိုင်ဖို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ M.S.T College များမှာ September Intake အမီ အမြန်ဆုံး ကျောင်းအပ်နှံထားကြဖို့ မမေ့ပါနဲ့နော်….။

📢ကွန်ပျူတာသိပ္ပံဘွဲ့ယူဖို့ အချိန် (၃)နှစ်ခွဲပဲ လိုတော့တယ်နော်! 🎓🧑‍🎓တက္ကသိုလ်ဝင်တန်း သို့မဟုတ် GED အောင်မြင်ထားပြီး အောင်...
16/08/2026

📢ကွန်ပျူတာသိပ္ပံဘွဲ့ယူဖို့ အချိန် (၃)နှစ်ခွဲပဲ လိုတော့တယ်နော်! 🎓

🧑‍🎓တက္ကသိုလ်ဝင်တန်း သို့မဟုတ် GED အောင်မြင်ထားပြီး အောင်မြင်တဲ့ IT ပညာရှင်တစ်ယောက်အဖြစ် Career တည်ဆောက်ဖို့ ပြင်ဆင်နေပါသလား။

👉ဒါဆိုရင်တော့ UK မှ တိုက်ရိုက်ချီးမြှင့်တဲ့
- NCC Level 4 (ပထမနှစ်)
- NCC Level 5 (ဒုတိယနှစ်)နဲ့
- နောက်ဆုံးနှစ် Bachelor Top-up တန်းခွဲတွေကို အဆင့်ဆင့်တက်ရောက်ပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တဲ့ Practical IT Skill တွေကို အခုပဲစတင် သင်ယူနိုင်ပါပြီ…။

🧑‍🎓NCC Diploma တန်းခွဲတွေမှာဆိုရင် နိုင်ငံတကာအဆင့်မီ UK သင်ရိုးညွှန်းတမ်းများနှင့်အညီ IT Industry မှာ မဖြစ်မဖြစ်လိုအပ်တဲ့ AI / Software Engineering/ Cyber Security/ Web Development/ Network Administration/ Data Science/ Data Visualization အစရှိတဲ့ Skill တွေကို သင်ယူရမှာဖြစ်ပြီး

🎓နောက်ဆုံးနှစ် Top-up Bachelor ကိုလည်း
- QS World Ranking & Malaysia Ranking များအရ ထိပ်တန်းစာရင်းဝင် SEGi University နှင့်
- Guardian University Guide 2026 အရ UK Top 28 ရရှိထားသော University of Chichester တို့မှ နှစ်ထပ်ကွမ်း Degree ရယူနိုင်ဦးမှာပါ။

🧑‍🎓Bachelor Degree ရရှိပြီးပါကလည်း ပြည်တွင်း/ပြည်ပရှိ IT ကုမ္ပဏီကြီးများ၊ Banking လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းစုကြီးများမှာ IT အဆင့်မြင့် အလုပ်အကိုင်အကိုင်များဖြင့် ရာထူး၊ လစာကောင်းမွန်စွာ ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်တာကြောင့် ပညာရေးအတွက်ရော အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ ခိုင်မာမှုအပြည့်အဝရရှိစေမှာပါ။

👉ဒါကြောင့် အချိန် (၃)နှစ်ခွဲအတွင်း IT Industry မှာ Career လမ်းကြောင်းကို အခိုင်အမာတည်ဆောက်ဖို့ စိတ်ကူးရှိနေပြီဆိုရင်တော့ M.S.T College (Yangon & Mandalay) Campus များမှာ September 14 Intake အတွက် ကြိုတင်ကျောင်းအပ်နှံနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ

15/08/2026

🧑‍🎓နှစ်ပေါင်း (၂၀) တိုင်တိုင်… မျိုးဆက်သစ် IT ပညာရှင်တွေ ပေါ်ထွန်းခဲ့တဲ့ M.S.T….။

🌐ယနေ့ခေတ် Digital ကမ္ဘာကြီးဟာ IT နည်းပညာတွေရဲ့ တိုးတက်မှုအရှိန်အဟုန်တွေနဲ့အတူ ပြောင်းလဲတိုးတက်လာခဲ့ပါပြီ။

🛜အင်တာနက်ယဉ်ကျေးမှု ထွန်းကားခါစ ကာလများမှသည် ယနေ့လို AI နည်းပညာတစ်ခေတ်ရောက်ရှိသည်အထိ ခေတ်အဆက်ဆက် နည်းပညာတွေကို မျက်ခြေမပြတ်စေဘဲ နှစ်ပေါင်း (၂၀) တိုင်တိုင် မျိုးဆက်သစ် IT ပညာရှင်တွေကို ပျိုးထောင်ပေးလာခဲ့တာကတော့ M.S.T College ဖြစ်ပါတယ်။

🎓 ၂၀၀၅ ခုနှစ်မှစတင်ကာ M.S.T Computer Center/ M.S.T Institute အမည်များဖြင့် ICT/ Networking နှင့် Cyber Security ပညာရပ်များကို စဉ်ဆက်မပြတ် သင်ကြားပေးခဲ့ပြီး ဆယ်စုနှစ် (၂)ခုကျော်ကြာ သင်ကြားရေးအတွေ့အကြုံကောင်းများ ပိုင်ဆိုင်ထားပါတယ်။

🧑‍🎓 USA အခြေစိုက် EC-Council / UK အခြေစိုက် NCC Education တို့အပါအဝင် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး IT အထူးပြု Computing/ Cyber Security/ Data Science ပညာရပ်များကို အခြေခံမှသည် လက်တွေ့အသုံးချနိုင်သည့် အဆင့်အထိ အထူးလေ့ကျင့်သင်ကြားပေးနေပြီး မျိုးဆက်သစ် IT ပညာရှင်များစွာကို နိုင်ငံတကာ လုပ်ငန်းခွင် ဝင်ရောက်နိုင်သည်အထိ စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါတယ်။

🎓ခိုင်မာတဲ့ ပညာရေးအာမခံချက်တစ်ခု ရရှိစေဖို့အတွက်လည်း UK Government အသိအမှတ်ပြု NCC Diploma ဘွဲ့များ၊ UK နှင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များမှ တိုက်ရိုက်ချီးမြှင့်သော B.Sc(Hons) ကွန်ပျူတာသိပ္ပံဂုဏ်ထူးတန်းဘွဲ့များကိုလည်း တန်းခွဲများ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

🧑‍🎓နှစ်ပေါင်း (၂၀) အတွင်း မျိုးဆက်များစွာကို ဖြတ်သန်းပြီး သင်ကြားရေးအတွေ့အကြုံကောင်းများစွာ ရှိထားတဲ့ M.S.T College မှာ စာတွေ့၊ လက်တွေ့ ပညာသင်ယူလိုသူများအတွက်လည်း ဩဂုတ်လ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး NCC Diploma တန်းခွဲများကို ကျောင်းအပ်နှံတက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ

📢မြန်မာကျောင်းသား/ကျောင်းသူများအတွက် M.S.T College ၏ ပညာရေးအခွင့်အလမ်းသစ်🇲🇾 မလေးရှားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သ...
15/08/2026

📢မြန်မာကျောင်းသား/ကျောင်းသူများအတွက် M.S.T College ၏ ပညာရေးအခွင့်အလမ်းသစ်

🇲🇾 မလေးရှားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော SEGi University နှင့် M.S.T College တို့သည် မြန်မာနိုင်ငံတွင် ပထမဆုံး Official Education Partner များအဖြစ် တရားဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

🎓SEGi University သည် QS Ranking ရော၊ Malaysia Ranking များတွင်ပါ ထိပ်တန်းစာရင်းဝင်သော တက္ကသိုလ်တစ်ခုဖြစ်ပြီး၊ M.S.T College တွင် ပို့ချမည့် Top Up Degree/ Year 3 Program များ ပြီးဆုံးပါက SEGi University မှချီးမြှင့်သော ဘွဲ့ကို ရရှိမည့်အပြင်၊ ထပ်ဆောင်းအနေဖြင့် UK နိုင်ငံမှ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်သည့် Chichester University(UK) မှ Bachelor ဘွဲ့ကိုပါ Credit Transfer ဖြင့် တပါတည်း ရရှိစေမည်ဖြစ်ပါသည်။

🎓ယခုအခါ SEGi University ၏ Bachelor Program (၇)ခု နှင့် Master Program များကို
M.S.T College တွင်လည်း တက်ရောက်သင်ကြားနိုင်ပြီဖြစ်ပါကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ

🎓Full Program အနေဖြင့်
- အထက်တန်းအောင်မြင်ပြီးပါက Year 1 မှ စတင်၍လည်းကောင်း
- NCC Level 5, OTHM Level 5, HND အောင်မြင်ပြီးပါက Bachelor Top-up အဖြစ်လည်းကောင်း တက်ရောက်သင်ယူနိုင်မည်ဖြစ်ပါသည်။

🧑‍🎓ဒါ့အပြင် M.S.T College ရဲ့ အစဉ်အလာအတိုင်း သင်တန်းကြေးအသက်သာဆုံး သတ်မှတ်ပေးထားမယ့် ပထမဆုံး Batch ကို အခွင့်အရေးအရယူဖို့ အချိန်ကပ်နေတာမို့ အမြန်စာရင်းသွင်း အပ်နှံဖို့လိုမယ်နော်။

M.S.T College မှ စတင် ဖွင့်လှစ်သင်ကြားမည့် Bachelor Degree Program များကတော့
🎓B.IT(Hons) Business System Design
🎓 B.IT(Hons) Computer Networks
🎓 B.IT(Hons) Software Engineering
🎓 B.CSc(Hons) Artificial Intelligence
🎓 B.CSc(Hons) Cyber Security
🎓 B.CSc(Hons) Data Science
🎓 B.CSc(Hons) Digital Transformation တို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။

🧑‍🎓IT Career လမ်းကြောင်းကို ခြေစုံပစ်ဝင်ဖို့ အခုထိ တွေဝေနေတုန်းလား…။🧑‍💻လိုက်မမီနိုင်အောင် ပြောင်းလဲတိုးတက်နေတဲ့ IT Indus...
13/08/2026

🧑‍🎓IT Career လမ်းကြောင်းကို ခြေစုံပစ်ဝင်ဖို့ အခုထိ တွေဝေနေတုန်းလား…။

🧑‍💻လိုက်မမီနိုင်အောင် ပြောင်းလဲတိုးတက်နေတဲ့ IT Industry မှာတော့ ခြေလှမ်းစဖို့ နောက်ကျလေလေ အခွင့်အလမ်းကောင်းတွေကို ပိုပိုပြီး လက်လွှတ်ရလေပါ။

🧑‍🎓ဒီလိုမဖြစ်ရလေအောင် အမြန်ဆုံး ခြေလှမ်းစတင်ချင်တယ်ဆိုရင်တော့ M.S.T College မှာ ဖွင့်လှစ်နေတဲ့ IT အထူးပြု NCC Level 3,4,5 Diploma တန်းခွဲတွေက အသင့်ရှိပါတယ်။

🎓NCC Diploma တန်းခွဲတွေဟာဆိုရင် UK တိုက်ရိုက် သင်ရိုးညွှန်းတမ်းများအတိုင်း Web Development/ Cyber Security/ Software Engineering/ Programming/ Data Science/ AI/ Database အစရှိတဲ့ IT ပညာရပ်များကို လုပ်ငန်းခွင်လိုအပ်ချက်နှင့်ကိုက်ညီအောင် အဓိကသင်ကြားပေးလျက်ရှိပြီး

- NCC Level 3,4,5 Diploma ဘွဲ့များ
- B.Sc(Hons) ကွန်ပျူတာသိပ္ပံဂုဏ်ထူးတန်းဘွဲ့များအထိ တစ်ဆင့်ချင်းရယူနိုင်ပါတယ်။

🎓ဒါကြောင့် ခိုင်မာတဲ့ Diploma လက်မှတ်တွေ၊ Bachelor Degree တွေ အရယူပြီး အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာတဲ့ IT Industry ကို ယုံကြည်ချက်ရှိရှိ ဝင်ရောက်လိုသူတိုင်းအတွက် M.S.T College ကို စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်ပါတယ်။

🧑‍🎓နှစ်ပေါင်း (၂၀)ကျော်တဲ့ သင်ကြားရေးအတွေ့အကြုံကောင်းတွေနဲ့အတူ မျိုးဆက်သစ် IT Professional များစွာကိုမွေးထုတ်ပေးနိုင်ခဲ့တဲ့ M.S.T College နဲ့အတူ IT Career ခရီးလမ်း စတင်ချင်တယ်ဆိုရင်တော့ ဩဂုတ်လ (၁၅)ရက်နေ့အမီ ကျောင်းအပ်နှံတက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ

🧑‍💻ထပ်မံဖွင့်လှစ်လိုက်တဲ့ CEH v13 တန်းခွဲသစ်မှာ ဝါရင့် Cyber Security ဆရာများနဲ့အတူ စာတွေ့၊ လက်တွေ့သင်ယူနေကြတဲ့ ကျောင်းသ...
11/08/2026

🧑‍💻ထပ်မံဖွင့်လှစ်လိုက်တဲ့ CEH v13 တန်းခွဲသစ်မှာ ဝါရင့် Cyber Security ဆရာများနဲ့အတူ စာတွေ့၊ လက်တွေ့သင်ယူနေကြတဲ့ ကျောင်းသား/ကျောင်းသူလေးများ…။

🛡️EC-Council(USA) ရဲ့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် Ethical Hacking Certification တစ်ခုဖြစ်တဲ့ CEH v13 တန်းခွဲကိုတက်ရောက်ပြီး Cyber Security Career ကို ပိုမိုခိုင်မာအောင် တည်ဆောက်လိုသူများအတွက်လည်း ဩဂုတ်လ (၁၅)ရက်နေ့အထိ အတန်းအပ်နှံရက် တိုးမြှင့်ပေးထားကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ

💻မန္တလေးမြို့မှာ ကွန်ပျူတာသိပ္ပံဘွဲ့ ယူကြမယ်…။ အခြေခံပညာ G-11/G-12 သို့မဟုတ် IGCSE O Level/ GED အောင်မြင်ထားပြီး မန္တလေး...
11/08/2026

💻မန္တလေးမြို့မှာ ကွန်ပျူတာသိပ္ပံဘွဲ့ ယူကြမယ်…။
အခြေခံပညာ G-11/G-12 သို့မဟုတ် IGCSE O Level/ GED အောင်မြင်ထားပြီး မန္တလေးမြို့တွင်းမှာပဲ ကွန်ပျူတာတက္ကသိုလ်ဂုဏ်ထူးတန်းဘွဲ့ယူဖို့ စဉ်းစားနေပြီဆိုရင်…

🎓M.S.T College (Mandalay Campus) မှာ ဖွင့်လှစ်နေတဲ့ NCC Level 3,4,5 UK Diploma တန်းခွဲတွေကတစ်ဆင့် အခုပဲ ခြေလှမ်းစနိုင်ပါပြီ။

🧑‍💻IT အထူးပြု NCC Diploma တန်းခွဲတွေကို တက်ရောက်ခြင်းအားဖြင့် စာတွေ့သက်သက်သာမကဘဲ လက်တွေ့ Lab Practical များ ပေါင်းစပ်ပြီး IT Industry မှာ လိုအပ်နေတဲ့ Technical Skill တွေကို တစ်ဆင့်ချင်း တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
- NCC Level 3 (Pre University)
- NCC Level 4 (ပထမနှစ်)
- NCC Level 5 (ဒုတိယနှစ်)
- B.Sc(Hons) (နောက်ဆုံးနှစ်) အဆင့်ဆင့် တက်ရောက်ပြီးပါက

🇬🇧UK နှင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များမှ တိုက်ရိုက်ချီးမြှင့်သော B.Sc(Hons) ကွန်ပျူတာသိပ္ပံဂုဏ်ထူးတန်းဘွဲ့ကို ရယူနိုင်မည့်အပြင်
🧑‍💻Web Developer, Software Developer, Data Analyst, Network Administrator, Cyber Security Specialist, Database Administrator, Pe*******on Tester, BI Analyst အစရှိတဲ့ အလုပ်အကိုင်များကိုလည်း လစာ၊ အခွင့်အလမ်းကောင်းများစွာဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်စေမှာဖြစ်ပါတယ်။

🧑‍🎓မန္တလေးမြို့တွင်းမှာပဲ နိုင်ငံတကာအဆင့်မီ ပညာရေးကိုလည်း သင်ယူချင်တယ်၊ ခိုင်မာတဲ့ Diploma တွေ၊ Bachelor Degree တွေ ရယူပြီး IT Professional တစ်ယောက်အဖြစ်လည်း အသက်မွေးဝမ်းကြောင်း စတင်လိုတယ်…ဆိုရင်တော့

⏰M.S.T College (Mandalay Campus) မှာ August 15 ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းအပ်နှံနိုင်သလို September 14 Intake အတွက်လည်း ကြိုတင်ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းစကားပါးအပ်ပါတယ် ခင်ဗျာ📌

#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

🙏 M.S.T College (ရန်ကုန်နှင့်မန္တလေး) မိသားစုများ၏ ဝါဆိုမြတ်သင်္ကန်း ကပ်လှူပူဇော်ခြင်း🙏 ဝါတွင်း (၃) လပတ်အတွင်း ဝါဆိုဝါကပ...
08/08/2026

🙏 M.S.T College (ရန်ကုန်နှင့်မန္တလေး) မိသားစုများ၏ ဝါဆိုမြတ်သင်္ကန်း ကပ်လှူပူဇော်ခြင်း

🙏 ဝါတွင်း (၃) လပတ်အတွင်း ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်တို့အား ဒါနကုသိုလ်ပြုလုပ်သည့်အနေဖြင့် M.S.T College မိသားစုများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုပေါင်း၍ ဝါဆိုမြတ်သင်္ကန်း၊ ရှစ်ပါးသော ပရိက္ခရာများနှင့်အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး အာဟာရဒါနအဖြစ် မုန့်ဟင်းခါး စတုဒိသာဖြင့်လည်း ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။

🙏 ဝါဆိုမြတ်သင်္ကန်း ကပ်လှူပူဇော်ခြင်း၊ တရားတော်နာကြားခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့မှ ရရှိလာသော ဒါနကုသိုလ်အစုစုကို အားလုံးနှင့်အတူ ထပ်တူထပ်မျှ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေရန် M.S.T College မိသားစုများ၏ ဝါဆိုမြတ်သင်္ကန်း ကပ်လှူပူဇော်ခြင်း အမှတ်တရပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ 🙏

06/08/2026

G-11/ G-12 ဒါမှမဟုတ် GED/ IGCSE O Level/ IGCSE A Level တစ်ခုခုကို အောင်မြင်ထားသူတစ်ယောက်လား…။

ဒါဆိုရင်တော့ M.S.T College မှာ ဖွင့်လှစ်နေတဲ့ IT အထူးပြု NCC Diploma တန်းခွဲတွေက သင့်အတွက်ပါ။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက M.S.T College (Yangon & Mandalay) Campus များကို ကိုယ်တိုင်လာရောက်စုံစမ်းနိုင်သလို အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Yangon Campus: 09 422 288 106, 09 422 288 601
Mandalay Campus: 09 880 007 292, 09 880 007 293

Address

No. 36/38, 36 Alan Pya Pagoda Street, Mingalar Taungnyunt Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959422288106

Website

Alerts

Be the first to know and let us send you an email when M.S.T College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to M.S.T College:

Shortcuts

Share