10/12/2025
Sea game မှာလဲ ကန်နေကြပြီ၊ ကျောင်းမှာလည်း တန်းခွဲတိုင်း ဘောလုံးအသင်း ခွဲရရင် ကန်ကြတာပဲ... ဒါနဲ့ ဒီနောက်ပိုင်း အခြေအနေအရအတန်းပညာ Grade 10 နဲ့ နားထားတဲ့ ညီငယ်တို့အတွက် အတတ်ပညာအနေနဲ့ အင်ဂျင်ကားအပိုင်းကို ဆည်းပူမယ်ဆိုရင်တော့ အခြေခံ စက်မှုသဘောတရားများကို နားလည်ပြီး ကျွမ်းကျင်မှုရယူနိုင်ရင် ရှေ့ဆက်စရာ လမ်းကောင်းကောင်း ရှိပါပြီ။
ဆိုလိုတာက ဝါသနာပါရင် စိတ်ဝင်စားပြီး ဝါသနာနဲ့လက်တွေ့ တစ်ထပ်တည်းကျနိုင်တဲ့ ကားပညာရပ်က အတန်းပညာရပ်သွားပေမယ့် အတတ်ပညာအနေနဲ့ တစ်သက်တာ အသုံးဝင်မှာ ဖြစ်ပါတယ်။
သင်တန်းကာလမှ တကယ်လိုက်ပါ သင်ယူတဲ့ ညီငယ်တိုင်းအတွက် ခိုင်မာတဲ့ ရှေ့ရေးဆက်လှမ်းနိုင်အောင် ကူညီပေးပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဖွင့်မယ့် တစ်ပတ် ၅ ရက် ကားစက်ပြင်တန်းခွဲသစ်မှာ ကားနဲ့ ပက်သက်ပြီး အခြေခံကစပြီး အောက်ပါအတိုင်း သင်ပါမယ်။
နယ်မှလာမယ့် ကျောင်းသားများ ဖုံး 09404467788 ကို ဆက်သွားပြီး ကြိုလာခဲ့နိုင်ပါပြီခင်ဗျ။
အပိုင်းအားလုံးကို သိအောင်သင်ပေးခြင်း ရည်ရွယ်ချက်က ပြည်တွင်းပြည်ပ အလုပ်အကိုင်တွက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာကျောင်း ဆက်တက်ဖို့ပဲဖြစ်ဖြစ် ရှေ့ဆက် အသုံးဝင်သွားအောင်ဖြစ်ပါတယ်။
- အင်ဂျင်ကိုင်ခြင်း
- အော်တို မန်နူရယ် ဂီယာဘောက်
- အောက်ပိုင်းစနစ်နှင့် စတီယာရင်၊ အလိုင်းမင့်
- ကားမောင်းခြင်း
---
- လျှပ်စစ်အခြေခံ
- ဒိုင်နမို၊ မော်တာ (စက်နှိုးနှင့် အားသွင်းစနစ်)
---
- အီလက်ထရောနစ် အခြေခံ
- ဆီလိုင်း၊ မီးလိုင်း၊ မော်တာလိုင်း ဝါယာရိန်းအစုံ
- အင်ဂျင်ဆန်ဆာ အလုပ်လုပ်ပုံနှင့် စမ်းသပ်ခြင်း
---
- ကွန်ပြူတာစက်ထိုးစစ်ဆေးခြင်း
- ဆန်ဆာရလဒ်များ ဖတ်ရှုခြင်း
- အဲကွန်းအခြေခံ
- ဝပ်ရှော့ဆော့ဝဲ အသုံးပြုခြင်း
တို့ပါဝင်ပါတယ်။
သင်တန်းကြေး ၁၁ သိန်းကျပ်ပါ။
နယ်ကျောင်းသားများ နေစရာ သင်တန်းကာလ အခမဲ့ ပေးပါတယ်။
သင်တန်းပြီးဆုံးပါက အလုပ်သင်၊ အလုပ်ခွင်နှင့် ကိုယ်ပိုင်လုပ်ငန်းအတွက် ဆွေးနွေးနိုင်ပါတယ်။
သင်တန်းလိပ်စာ
ရတနာလမ်းမနှင့် ရာဇသင်္ကြန်လမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုံး 09404467788
09443535605