Violets Myanmar

Violets Myanmar

Share

We vow to help empower our social circle. We break barriers. We seek to create inclusive society for everyone. We inspire. We help everyone grow.

14/12/2021

Digital May May Program

🔔 New Class Announcement
Digital May May Program - Content Writing Class
Batch 11 (6th January - 5th February 2021)

အခုချိန်မှာ ကိုယ့်လုပ်ငန်းအတွက် content ကောင်းကောင်းထုတ်ဖို့လိုတယ်၊ စာရေးပြီးအပိုဝင်ငွေတစ်ခုကို ရှာချင်တယ်၊ ဒီကနေတဆင့် career တစ်ခုအဖြစ်ရပ်တည်နိုင်ဖို့ ကြိုးစားသွားချင်တယ်ဆိုရင် Level 1: Content Writing သင်တန်းကိုတက်ဖို့ ကြိုဆိုပါတယ်။



ဒီ Content Writing သင်တန်းကနေ အဓိကလေ့ကျင့်ပေးတဲ့ အရည်အချင်း (၃) မျိုးကတော့ -

(၁) Digital Skill - ဒီသင်တန်းမှာ Google Classroom, Google Docs, Google Drive နဲ့ Canva (ဓာတ်ပုံ၊ဗွီဒီယို တွေကို ဖန်တီးတတ်ဖို့) စတဲ့ digital tools လေးမျိုးကို သင်တန်းတစ်လျှောက် လေ့ကျင့်ခွင့်ရပါမယ်။

(၂) Content Marketing Skill - စာတွေ စ မရေးခင်မှာ content တွေကိုထိရောက်အောင်ဖန်တီးတတ်ဖို့ content marketing concept တွေဖြစ်တဲ့ audience persona, consumer journey, content map တွေကိုလေ့လာပြီး လက်တွေ့ group assignment လုပ်ကြရပါမယ်။

(၃) Writing Skill - မြန်မာဘာသာစကားနဲ့ စာတွေ စရေးတဲ့အခါ အတွေးနဲ့အရေးချိတ်ဆက်နိုင်ဖို့ လက်တွေ့ရေးကျင့်ခွင့်ရပါမယ်။ သင်တန်းသူတွေရဲ့စာ တစ်ပုဒ်ချင်းဆီကိုလည်း Writer Coach တွေက feedback သေချာပေးပြီး ကိုယ်ပိုင် writing style ထွက်လာအောင် good and grow points တွေပြောပြပေးပါတယ်။



ဒီသင်တန်းကို ဘယ်သူတွေတက်သင့်လဲ?
✅ Content writer အဖြစ် full-time/ part-time/ freelance လုပ်ရင်းရပ်တည်ချင်သူ
✅ တခြားနယ်ပယ်ကနေ career change ပြီး digital marketing/ communication နယ်ပယ်ကို ခြေလှမ်းစချင်သူ
✅ ကိုယ်ပိုင်လုပ်ငန်းကို ပိုပြီးအောင်မြင်နိုင်ဖို့ content marketing strategy ကိုအသုံးပြုလိုသူ
✅ ကိုယ့်ရဲ့အတွေ့အကြုံ၊ ခံစားချက်၊ အတွေးအခေါ်တစ်ခုခုကို page ထောင်ပြီး knowing sharing ရေးချင်သူ
✅ အလုပ်နားထားတဲ့ မိခင်တွေအနေနဲ့ ပြင်ပလောကနဲ့ အဆက်အသွယ်မပြတ်ချင်ဘူး၊ ကိုယ့်လိုမိခင်တွေ အမျိုးသမီးတွေနဲ့အတူ လေ့လာသင်ယူရင်း စိတ်ခွန်အားတွေရချင်သူတွေကို ကြိုဆိုပါတယ်။



သင်တန်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် -
(၁) သင်ရိုးညွှန်းတမ်းကို သေချာဖတ်ပါ။
Course curriculum - https://bit.ly/DMM-B11

(၂) December 31st မတိုင်ခင် စာရင်းပေးပါ။
လူဦးရေကန့်သတ်ထားတဲ့အတွက် လူပြည့်သွားရင် ဖောင်ကိုကြိုပြီးပိတ်ပါတယ်။
Apply here - https://bit.ly/DMMContentWriting

(၃) 16th December ကစပြီး အင်တာဗျူးဖို့ ဖုန်းခေါ်ပါတယ်။ ဖောင်ဖြည့်တဲ့အခါ ရွေးချယ်ထားတဲ့အချိန်အတွင်းမှာ HSDI ရဲ့ Admission Team က ဖုန်းခေါ်လာပါမယ်။ အင်တာဗျူးမှာ ကိုယ်သိချင်တာတွေအားလုံးကို မေးနိုင်ပါတယ်။

(၄) သင်တန်းကြေးသွင်းပါ။
သင်တန်းကြေး ၅၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ သင်တန်းကြေး အပြည့်သွင်းဖို့ အခက်အခဲရှိသူတွေ နှစ်ခါခွဲသွင်းနိုင်ပါတယ်။

(၅) 6th January မှာ သင်တန်းတက်နိုင်ဖို့ အီးမေးလ်စစ်ပါ။

မှတ်ချက် -
*အင်တာနက် အခက်အခဲရှိသူတွေ ဗီဒီယိုနဲ့စာတွေကို download လုပ်ထားပြီးလေ့လာနိုင်ဖို့ စီစဉ်ထားပေးပါတယ်။
*ကွန်ပျူတာမရှိလည်း phone/ tablet နဲ့လေ့လာနိုင်ပါတယ်။



✴️ Special Announcement - Detour Scholarship (30% scholarship)

Detour ရဲ့အဓိပ္ပါယ်က လမ်းကြောင်းတစ်ခုကိုသွားနေရင်း လမ်းပိတ်ဆို့မှုကြုံရတဲ့အခါ (ဒါမှမဟုတ်) လမ်းကြောင်းပျက်သွားတဲ့အခါ ဆက်သွားလို့မရပေမယ့် လမ်းကြောင်းပြောင်းပြီး တခြားခရီးလမ်းကနေ ပန်းတိုင်ကိုရောက်အောင် သွားနိုင်တာကို ဆိုလိုပါတယ်။ Detour Scholarship ဆိုတာ ပြင်​ပတွန်းအားကြောင့် career change လုပ်ရတဲ့ အမျိုးသမီးတွေအတွက် re-skilling (skill အသစ်ထပ်ဖြည့်ခြင်း) လုပ်နိုင်ဖို့ဖြစ်ပါတယ်။




*မှတ်ချက် - Detour Scholarship Fund အနေနဲ့ အမျိုးသမီးတွေကို scholarship ပေးပြီး ပါဝင်အားဖြည့်ချင်သူတွေ ဒီဖောင်ကိုဖြည့်နိုင်ပါတယ်။
Donate here - https://bit.ly/DetourScholarshipHSDI


Application Deadline - December 31st 2021 11:00 PM



အသစ်တွေကိုသင်ယူရင်း ကိုယ့်မှာရှိပြီးသား အရည်အချင်းတွေ၊ အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး ရှေ့ဆက်လျှောက်ပါနော်။



25/11/2021

We received tons of great applications and surprisingly many of them are from different states and regions of the country.
VM team is proud that youths from diverse backgrounds have shown enthusiasm in becoming our member.

Shortlisted applicants will be announced and contacted in a few days for interview. So, stay tuned!

VM team

𝗪𝗲 𝗮𝗿𝗲 𝗵𝗶𝗿𝗶𝗻𝗴!

Part-time Intern
(50,000 MMK + learning opportunities)

လူငယ်အကျိုးပြု အစီအစဉ်တွေမှာ ပါဝင်ချင်လား?
လုပ်ငန်းခွင်ဝင်ဖို့ စကေးတွေ တက်လာချင်လား?
အလုပ်လုပ်ရင်း အဆက်မပြတ်သင်ယူနေချင်လား?
အိုင်ဒီယာအလန်းတွေ ထုတ်ပြီး ကိုယ်တိုင်ကိုယ်ကျ အကောင်အထည် ဖော်ချင်လား?

Violets Myanmar မှာ အချိန်ပိုင်း Intern Coordinator လေး တစ်ယောက် လိုအပ်နေပါတယ်။

• Content Writing ပိုင်း နားလည်တယ်၊ Page ကိုင်နိုင်တယ်
• အွန်လိုင်းကလုပ်တဲ့ အစီအစဉ်တွေကို coordinate လုပ်ပေးနိုင်တယ်
• သင်ယူလေ့လာဖို့ စိတ်အားထက်သန်တယ်
• Excuse ထက် Execute လုပ်ဖို့ပဲ အားထုတ်တတ်တယ်
• စာဖတ်ကျင့်ရှိတယ်
• ကိုယ်တိုင်လေ့လာရတာကြိုက်တယ်
• ကျားမလူမျိုးဘာသာအသားအရောင်တွေ မခွဲခြားတတ်ပဲ လူသားဆန်မှုကို နှစ်သက်တယ်

ဆိုရင်တော့..................

အခုပဲ လျှောက်ထားနိုင်ပါပြီ။ ဦးတည်ချက်ခိုင်မာပြီး အပြန်အလှန်ဖေးမ သင်ယူတတ်ကြတဲ့ VM team က ကြိုဆိုနေမှာပါ။

ဘယ်လိုလျှောက်ရမလဲ?
--------------------

Google Form လေးကို (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ ညနေ (၄) နာရီ မတိုင်ခင် ဝင်ဖြည့်ပါ။

https://docs.google.com/forms/d/e/1FAIpQLSfu5qx_uqPYZnfHOzf2A65UydT18czRR3prxhpIy_fvQqR-zA/viewform?usp=sf_link

မကြာခင်မှာ shortlisted စာရင်းကို ကြေငြာပါမယ်။

Updated Nov 23, 10:45 am - စိတ်ဝင်တစားနဲ့ ကြိုးစားလျှောက်ကြတဲ့ လျှောက်လွှာရှင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်

ခု Application ၂၀၀ ကျော်နေပြီမို့လို့ ဒီနေ့ ညနေ (၄:၀၀) နာရီမှာ လျှောက်လွှာကို ပိတ်ပါမယ်

𝐴𝑝𝑝𝑙𝑦 𝑛𝑜𝑤 𝑎𝑛𝑑 𝑠𝑡𝑎𝑦 𝑡𝑢𝑛𝑒𝑑!

Violets Myanmar Team
Get inspired. Grow.

22/11/2021

𝗪𝗲 𝗮𝗿𝗲 𝗵𝗶𝗿𝗶𝗻𝗴!

Part-time Intern
(50,000 MMK + learning opportunities)

လူငယ်အကျိုးပြု အစီအစဉ်တွေမှာ ပါဝင်ချင်လား?
လုပ်ငန်းခွင်ဝင်ဖို့ စကေးတွေ တက်လာချင်လား?
အလုပ်လုပ်ရင်း အဆက်မပြတ်သင်ယူနေချင်လား?
အိုင်ဒီယာအလန်းတွေ ထုတ်ပြီး ကိုယ်တိုင်ကိုယ်ကျ အကောင်အထည် ဖော်ချင်လား?

Violets Myanmar မှာ အချိန်ပိုင်း Intern Coordinator လေး တစ်ယောက် လိုအပ်နေပါတယ်။

• Content Writing ပိုင်း နားလည်တယ်၊ Page ကိုင်နိုင်တယ်
• အွန်လိုင်းကလုပ်တဲ့ အစီအစဉ်တွေကို coordinate လုပ်ပေးနိုင်တယ်
• သင်ယူလေ့လာဖို့ စိတ်အားထက်သန်တယ်
• Excuse ထက် Execute လုပ်ဖို့ပဲ အားထုတ်တတ်တယ်
• စာဖတ်ကျင့်ရှိတယ်
• ကိုယ်တိုင်လေ့လာရတာကြိုက်တယ်
• ကျားမလူမျိုးဘာသာအသားအရောင်တွေ မခွဲခြားတတ်ပဲ လူသားဆန်မှုကို နှစ်သက်တယ်

ဆိုရင်တော့..................

အခုပဲ လျှောက်ထားနိုင်ပါပြီ။ ဦးတည်ချက်ခိုင်မာပြီး အပြန်အလှန်ဖေးမ သင်ယူတတ်ကြတဲ့ VM team က ကြိုဆိုနေမှာပါ။

ဘယ်လိုလျှောက်ရမလဲ?
--------------------

Google Form လေးကို (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ ညနေ (၄) နာရီ မတိုင်ခင် ဝင်ဖြည့်ပါ။

https://docs.google.com/forms/d/e/1FAIpQLSfu5qx_uqPYZnfHOzf2A65UydT18czRR3prxhpIy_fvQqR-zA/viewform?usp=sf_link

မကြာခင်မှာ shortlisted စာရင်းကို ကြေငြာပါမယ်။

Updated Nov 23, 10:45 am - စိတ်ဝင်တစားနဲ့ ကြိုးစားလျှောက်ကြတဲ့ လျှောက်လွှာရှင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်

ခု Application ၂၀၀ ကျော်နေပြီမို့လို့ ဒီနေ့ ညနေ (၄:၀၀) နာရီမှာ လျှောက်လွှာကို ပိတ်ပါမယ်

𝐴𝑝𝑝𝑙𝑦 𝑛𝑜𝑤 𝑎𝑛𝑑 𝑠𝑡𝑎𝑦 𝑡𝑢𝑛𝑒𝑑!

Violets Myanmar Team
Get inspired. Grow.

Photos 18/06/2021

English for Journalism

Are you a non-native English speaker interested in developing skills needed for a career in modern journalism? Our FREE “English for Journalism” Massive Open Online Course might be right for you! 📰 🎤 🎥 📸

During this five-week, self-paced course, you’ll explore print and digital media forms while expanding your vocabulary and increasing your ability to research and develop news stories.

Enroll today: https://bit.ly/EnglishforJournalismMOOC

19/01/2021

စိတ်ဝင်စားရင် လျှောက်ကြပါ
အသိတွေရှိရငိလဲ လက်တို့ပေးပါနော်

Photography Dream ဆိုတဲ့ အခု Project လေးကတော့ နားမကြား ဆယ်ကျော်သက်လေးများအတွက် ဓာတ်ပုံ ပညာသင်တန်းလေးပဲဖြစ်ပါတယ်။

သင်ဟာ ဓာတ်ပုံပညာကို စိတ်ဝင်စားတယ် နားမကြားတဦးလည်း ဖြစ်နေတယ်ဆိုရင်တော့ အခုပဲ Form တင်ပြီး စာရင်းပေးသွင်းလိုက်ပါ။

ကျောင်းသား ၁၀ ယောက်ကိုသာ လက်ခံ သင်ကြားပေးသွားမှာဖြစ်ပြီး Camera တယောက်တလုံး နှင့် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Sonic Sign က လုပ်တဲ့ ယခု Project လေးကိုတော့ U.S. Embassy Rangoon နဲ့ MUSFA တို့က အဓိက ကူညီထောက်ပံပေးထားပြီး Fujifilm Myanmar မှ Camera များကို Sponser ပေးခါ 1O1fps Multimedia Production မှဆရာများက ဦးစီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။

Form များကိုတော့ Message Box မှဖြစ်စေ Email: [email protected] ကိုဖြစ်စေ ပေးပို့ လျှောက်ထားနိုင်ပါတယ်။

အသေးစိတ် သိလိုတာများကိုလည်း 09423661030 သို့ မေးမြန်းစုံစမ်းနိုင်ပါတယ်။

16/11/2020

စ်တ်ဝင်စားသူများ ဖောင်ဖြည့်ပြီး Join ပါနော်

မတူကွဲပြားချင်းပေါင်းစုံနေမှုနဲ့ အားလုံးအကျုံးဝင်မှုကို လေးစားတန်ဖိုးထားခြင်းဟာ သင်အနေနဲ့ နိုင်ငံတကာလုပ်ငန်းခွင်အတွင်းမှာ အောင်မြင်ရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ အားလုံးအကျုံးဝင်တဲ့ လုပ်ငန်းခွင်တစ်ခုတည်ဆောက်ခြင်းဟာ ဝန်းထမ်းတွေကိုနွေးထွေးပျူငှာစွာနဲ့ လုံခြုံမှုရှိအောင် ခံစားရစေနိုင်ပြီး ထုတ်ကုန်တွေ၊ ရလဒ်တွေပိုပြီးတိုးပွားနိုင်စေသလို ရုံးတစ်ရုံးရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီကို ရောက်ရှိရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာသည်းခံခြင်းနေ့ကို အသိအမှတ်ပြုပြီး အဲဒီအကြောင်းပိုမိုသိရှိနိုင်ဖို့အတွက် နိုဝင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့၊ နေ့လယ် ၂း၀၀ ကနေ ၃း၀၀ အထိ အွန်လိုင်းကနေပြုလုပ်မယ့် စကားဝိုင်းဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်။ Zoom link နဲ့ password အတွက် ဒီလင့်ကနေ https://forms.gle/EReJfbZGHNr2dB3g9 စာရင်းပေးသွင်းကြပါ။

Respect for diversity and inclusion can help you succeed in the international workplace! Building an inclusive working environment can help employees feel welcome and safe, lead to greater productivity, and help an office reach their goals. Join a panel discussion on Thursday, November 19 (2:00-3:00 pm) to recognize the UN International Day of Tolerance and learn more. Register here for the Zoom link and password: https://forms.gle/EReJfbZGHNr2dB3g9

13/07/2020

"အားလုံးပါဝင်ရေး (inclusion) နှင့် သင်တန်းဆရာ"

ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ ပိုပြီး ငြိမ်းချမ်းဖို့၊ စီးပွားရေးအရ လူမှုရေးအရ ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ခွဲခြားဆက်ဆံမှုတွေကင်းစင်ပြီး‌တော့ အားလုံးပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်မပြုတာ၊ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာ စတဲ့အရာတွေဟာ ပဋိပက္ခဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ခွဲခြားဆက်ဆံတာဟာ ဘယ်သူ့ကိုမှ အကျိုးမဖြစ်ပါဘူး။ ခွဲခြားဆက်ဆံတဲ့သူရော ခွဲခြားဆက်ဆံခံရတဲ့သူအပေါ်မှာရော ရေရှည်မှာ ဆိုးကျိုးတွေပဲ ရစေပါတယ်။

တရားမျှတမှုကို လူတိုင်းလိုချင်ကြတယ်။ မတရားမှုကို ဘယ်သူမှ မလိုချင်ကြပါဘူး။ လူမှုရေးအရ တရားမျှတမှုရရှိအောင် လုပ်ဆောင်တဲ့အခါမှာ လူတွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ ပူးပေါင်းပါဝင်မှု ဖြစ်စဥ်မှာလဲ ဒီမိုကရေစီဆန်ဖို့ လိုအပ်သလို၊ လူသားတွေရဲ့ မတူကွဲပြားမှုတွေကိုလည်း လေးစားဖို့ လိုအပ်ပါတယ်။ မတူကွဲပြားမှုဆိုတာကတော့ လူမျိုး၊ တိုင်းရင်းသား၊ ယဥ်ကျေးမှု၊ ဘာသာစကား၊ နိုင်ငံသား၊ အသက်အရွယ်၊ ကျား၊မ၊ မသန်စွမ်းသူများ အပါအဝင် စွမ်းဆောင်ရည်ဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ ကျင့်ကြံအားထုတ်မှု၊ ဆင်းရဲချမ်းသာမှု၊ နိုင်ငံရေးခံယူချက် စသဖြင့် မတူကွဲပြားမှုအားလုံးကို ဆိုလိုပါတယ်။

အားလုံးပါဝင်ဖို့ (inclusive) ဖြစ်ဖို့ဆိုရင် အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ဖို့ တော်တော်ခဲယဥ်းပါတယ်။ ဒါပေမဲ့ တကယ်လို့ ကိုယ်က ဒီဟာကို ယုံကြည်တယ် တန်ဖိုးထားတယ်ဆိုရင် လုပ်ဆောင်နိုင်ဖို့ နည်းလမ်းတွေကို ရှာကြံရမှာပါ။ ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်မလဲ။

ပထမဆုံးအနေနဲ့ ကိုယ်ကိုယ်တိုင်ကနေ စရမယ်လို့ ထင်ပါတယ်။ ပြီးမှ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ အသိုင်းအဝိုင်း၊ ကိုယ့်ရဲ့ အဖွဲ့အစည်း၊ ကိုယ့်ရဲ့ နိုင်ငံစသဖြင့် လုပ်ဆောင်သွားရမယ်လို့ ထင်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအဆင့် (personal) အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို သတိထားမိခြင်း (self-awareness) တို့ (self-consciousness) တို့ ရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်သတိထားမိဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ အတွေးအခေါ်၊ ကိုယ့်ရဲ့ အပြောအဆို၊ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေဟာ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်လူမျိုး၊ ဘယ်လူ့အဖွဲ့အစည်းကို ခွဲခြားဆက်ဆံမိနေသလဲ၊ ဘယ်လိုမျိုးသဘောထားတွေရှိနေသလဲ ဆိုတာ အမြဲတမ်းဆန်းစစ်နေဖို့ လိုပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က မတူကွဲပြားမှုကို လက်ခံပါတယ်ဆိုပြီး၊ လက်တွေ့အလုပ်မှာကျတော့ သွားပြီး ခွဲခြားဆက်ဆံမိနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါတွေကို သတိထားမိဖို့ အရေးကြီးပါတယ်။

မတူကွဲပြားမှုကို လက်ခံနိုင်ဖို့ ဆိုလို့ရှိရင် ကိုယ်နဲ့မတူကွဲပြားမှုတွေရှိတဲ့ လူတွေနဲ့ စကားပြောကြည့်မှ၊ ထိတွေ့ဆက်ဆံမှ သူတို့ရဲ့ ယဥ်ကျေးမှုကို ပိုမိုနားလည်ပြီး၊ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မတူကွဲပြားမှုကို လက်ခံတယ်ဆိုတာ သူတို့နဲ့ သဘောတူရမယ်လို့ မဆိုလိုပါဘူး။ သဘောတူစရာမလိုပါဘူး။ မတူညီတဲ့ ယဥ်ကျေးမှုတွေရှိတဲ့ လူတွေအပေါ် စာနာနားလည်နိုင်ပြီးတော့ အတူတကွ ဘယ်လိုယှဥ်တွဲနေထိုင်သွားမလဲဆိုတာကို အဖြေရှာရမယ်လို့ ဆိုလိုပါတယ်။ ကိုယ်ကိုယ်တိုင်လဲ မတူညီတဲ့ ယဥ်ကျေးမှုတွေကြားထဲမှာ အလိုက်သင့်စွာ နေထိုင်တတ်သွားမယ်လို့ ထင်ပါတယ်။

နောက်တစ်ဆင့်တက်မယ်ဆိုရင် ကိုယ့်ရဲ့မိသားစု အဖွဲ့ဝင်တွေကိုလည်း ကိုယ့်ကိုယ်ကို သတိထားမိဖို့ (self-awareness) ရှိဖို့၊ မတူညီတဲ့ ယဥ်ကျေးမှုတွေကို သတိမူမိဖို့ (intercultural sensitivity) ရှိဖို့၊ နောက် တခြားကိုယ်နဲ့ မတူတဲ့ လူမျိုး၊ တိုင်းရင်းသား၊ ယဥ်‌ကျေးမှုရှိသူတွေနဲ့ အတူတကွ ယှဥ်တွဲနေထိုင်သွားနိုင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း တိုက်တွန်းပညာပေးသွားဖို့ လိုအပ်ပါတယ်။

Organization အဖွဲ့အစည်းအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်လည်း ကိုယ့်အဖွဲ့အစည်းထဲမှာ မတူကွဲပြားမှုတွေအားလုံးကို တတ်နိုင်သမျှ ပါဝင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပမာ ကိုယ့်အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်မယ့် အစီအစဥ်တွေကို ဒီဇိုင်းဆွဲပြီး စီမံခန့်ခွဲ အကောင်အထည်ဖော်တဲ့အခါမှာ အားလုံးပါဝင်ရေးကို အဓိကထားပြီး ဘယ်လိုစဥ်းစားမလဲ။ အဖွဲ့အစည်းဆိုင်ရာ မူဝါဒအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ သဘောထားအမြင်တွေ၊ မတူညီတဲ့ စွမ်းဆောင်ရည်ရှိတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထည့်သွင်းစဥ်းစားမလဲဆိုတာ အဖွဲ့အစည်းထဲမှာ ချမှတ်ထားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံကို ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းချမ်းသာယာဖို့ အတူတကွ ဖန်တီးကြတဲ့အခါမှာ အားလုံးပါဝင်ရေးမူကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်မယ်ဆိုရင် ကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါဆိုရင် သင်တန်းဆရာတစ်ယောက်အနေနဲ့ အထက်မှာ ပြောခဲ့တဲ့ အားလုံးပါဝင်ရေး အခြေခံသဘောတရားတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ သင်တန်းမှာ လက်တွေ့ကျစွာ ဘယ်လို အသုံးချလို့ ရပါသလဲ။

၁။ ။ သင်တန်းဆရာတစ်ယောက်အနေနဲ့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်တဲ့ သူတစ်ယောက် (reflective practitioner) အရင် ဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို အားမနာတမ်း ရိုးသားစွာ ဆန်းစစ်ရမှာပါ။ အထူးသဖြင့် ကိုယ့်ရဲ့ social identity လို့ခေါ်တဲ့ လူမှုရေးဆိုင်ရာ ဝိသေသလက္ခဏာတွေက ဘာတွေလဲဆိုတာ အရင်ဆန်းစစ်ဖို့ လိုပါတယ်။ အဲ့ဒီ ဝိသေသလက္ခဏာတွေက ကိုယ့်ကို ဘယ်လိုမျိုး အားသာချက် အခွင့်ထူးတွေ၊ အားနည်းချက်တွေကို ဖြစ်ပေါ်စေသလဲ။ ဥပမာ ကိုယ့်ရဲ့ ဝိသေသလက္ခဏာတွေက ယောက်ျားဖြစ်ခြင်း၊ ဗမာလူမျိုးဖြစ်ခြင်း၊ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်ခြင်း၊ အိမ်ထောင်သည်ဖြစ်ခြင်း အစရှိတဲ့ ဝိသေသလက္ခဏာတွေရှိတယ်ဆိုပါတော့။ ဒီ ဝိသေသလက္ခဏာတွေက ဘယ်အချိန်၊ ဘယ်အ‌​ခြေအနေတွေမှာ ကိုယ့်ကို အခွင့်ထူးခံတွေရပြီး အကျိုးဖြစ်ထွန်းမှုတွေ ဖြစ်ပေါ်စေပါသလဲ။ ဒါမှမဟုတ် ဘယ်အချိန်၊ ဘယ်အခြေအနေတွေမှာ အဲ့ဒီ လက္ခဏာတွေကြောင့် ကိုယ့်ကို သူများ ဘယ်လို ခွဲခြားဆက်ဆံပြီး၊ အခွင့်အရေးမပေးမှုတွေ ကြုံရဖူးသလဲ။ ဒီ ဝိသေသလက္ခဏာတွေဟာ တချို့နေရာတွေမှာ ကိုယ့်အတွက် အားသာချက်တွေ ဖြစ်စေပြီးတော့ တချို့နေရာတွေမှာကျတော့ အားနည်းချက်တွေ သွားပြီးဖြစ်နေတတ်ပါတယ်။

ဒီ ဝိသေသလက္ခဏာတွေကြောင့် ကိုယ်ဘယ်လိုမျိုး ဘက်လိုက်မှုတွေ ခံစားမိ၊ လုပ်မိနေသလဲ စတာတွေကို အရင်ဆုံး ကိုယ့်ကိုယ်ကို သိအောင်လုပ်ရပါမယ်။ ပြီးရင် အရှိကို အရှိအတိုင်း လက်ခံပြီးတော့ သူများရဲ့ မတူကွဲပြားတဲ့ ဝိသေသလက္ခဏာတွေကို အသိအမှတ်ပြု လက်ခံရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဝိသေသလက္ခဏာတွေကို သိအောင်လုပ်ပြီးရင် ကိုယ့်သင်တန်းကို လာတက်ရောက်တဲ့ သင်တန်းသူ သင်တန်းသားတွေရဲ့ ဝိသေသလက္ခဏာတွေကို သိအောင် အတတ်နိုင်ဆုံး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ပြီးလို့ရှိရင် ကိုယ့်ရဲ့ သင်တန်းမှာ ဝိသေသလက္ခဏာအပေါ် အခြေခံပြီးတော့ ခွဲခြားဆက်ဆံမှုတွေ မရှိအောင်၊ သင်တန်းသူ သင်တန်းသားအားလုံး သူတို့ရဲ့ မတူညီတဲ့ အမြင်သဘောထား၊ အတွေ့အကြုံတွေကို လွတ်လပ်စွာ မကြောက်မရွံ့ ထုတ်ဖော်ပြောဆိုလာအောင် လုံခြုံစိတ်ချရတဲ့ သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် ဖန်တီးသွားရမှာ ဖြစ်ပါတယ်။

၂။ ။ သင်တန်းကို ကူညီပံ့ပိုးပေးနေတဲ့ ကာလ တစ်လျှောက်လုံးမှာလည်း သင်တန်းသူ သင်တန်းသားများ အားလုံး ပူးပေါင်းပါဝင်နိုင်အောင် လုပ်ဆောင်ချက်တွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လူအနည်းငယ်ပဲ ပါဝင်လုပ်ဆောင် ပြောဆိုနေတာမျိုး မဖြစ်စေဘဲ၊ ပူးပေါင်းပါဝင်မှုကိုလည်း မျှတအောင် ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်သင်တန်းမှာ မသန်စွမ်းသူတွေပါလာရင် သူတို့ကို ၁၀၀ % ရာခိုင်နှုန်း ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။

၃။ ။ နောက်တစ်ခု အရေးကြီးတဲ့ အခြေခံသဘောတရားက တရားမျှတမှုပဲ ဖြစ်ပါတယ်။ သင်တန်းခန်းထဲမှာပဲ ဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲ ဖြစ်ဖြစ်၊ ရပ်ရွာထဲမှာပဲဖြစ်ဖြစ်၊ နိုင်ငံသားအားလုံးအတွက် တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ပိုပြီး inclusive ဖြစ်တဲ့ လူ့အသိုင်းအဝန်းတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သင်တန်းကို လာတက်တဲ့ သင်တန်းသူ သင်တန်းသားများအားလုံးကို ပြောပြထားသင့်တာက ဒီသင်တန်းမှာ ကျွန်တော်တို့ တရားမျှတမှုကို တန်ဖိုးထားတယ်။ လူတွေရဲ့ ဝိသေသလက္ခဏာအပေါ်မူတည်ပြီး ဘယ်လို ခွဲခြားဆက်ဆံခြင်းကိုမှ ကျွန်တော်တို့ သည်းခံမှာ မဟုတ်ဘူးဆိုတာ သင်တန်းအစမှာ သင်တန်းအတွက် စည်းကမ်း၊ စံနှုန်းသတ်မှတ်ရာမှာ တခါတည်း သိအောင်လုပ်ထားနိုင်ပါတယ်။ သင်တန်းသူ သင်တန်းသားများ အချင်းချင်း၊ သင်တန်းဆရာ၊ ဆရာမ နှင့် သင်တန်းသူ/သားများအကြား ခွဲခြားဆက်ဆံမှုတွေ မရှိအောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

၄။ ။ သင်တန်းဆရာတစ်ယောက်အနေနဲ့ ကိုယ်သုံးတဲ့ ဘာသာစကား အသုံးအနှုန်းကိုလည်း အထူးသတိထားရမှာ ဖြစ်ပါတယ်။ ဥပမာ ကိုယ့်သင်တန်းကို လာတက်ရောက်တဲ့ သင်တန်းသူ သင်တန်းသားတွေက မတူညီတဲ့ မိခင်ဘာသာစကားကို သုံးသလား။ ကိုယ့်သင်တန်းမှာ လူအများသုံးတဲ့ ဗမာစကားကို သုံးတယ်ဆိုရင် သင်တန်းမှာ ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေပါပါသလား။ ပါလို့ ရှိရင် သူတို့ ဗမာစာ၊ စကားအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဗမာစကားကို မိခင်ဘာသာစကားအဖြစ် ပြောတဲ့ သူတွေကြားမှာ သူတို့ ပြောဖို့ မဝံ့မရဲ ဖြစ်နေမလား။ သူတို့အတွက် အဆင်ပြေနိုင်မလား။ ဒါမှမဟုတ် ဘာသာပြန်ထားပေးဖို့ လိုအပ်မလား။ စသဖြင့် သင်တန်းဆရာတစ်ယောက်အနေနဲ့ ကြိုတင်စဥ်းစားပြီး၊ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်သုံးတဲ့ အသုံးအနှုန်းတွေက ကိုယ့်သင်တန်းသူ သင်တန်းသား တချို့တလေကိုများ သွားပြီး ခွဲခြားဆက်ဆံမိနေသလား အမြဲဆန်းစစ်နေရမှာ ဖြစ်ပါတယ်။ ဥပမာ ကိုယ်သုံးလိုက်တဲ့ စကားအသုံးအနှုန်းတွေဟာ အဖယ်ကျဥ်ခံနေရတဲ့သူတွေ၊ ဘာသာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ လိင်စိတ်ကွဲပြားမှုဆိုင်ရာ လူနည်းစုတွေအပေါ်မှာ နှိမ်ပြီး ခွဲခြားဆက်ဆံမိသလို ဖြစ်တတ်ပါတယ်။ ဒါကို အထူးသတိထားပြီး ရှောင်ကျဥ်ရမှာ ဖြစ်ပါတယ်။

၅။ ။ သင်တန်းဆရာတစ်ယောက်အနေနဲ့ နောက်တစ်ခု သတိထားရမှာက ကိုယ့်ရဲ့ triggers နဲ့ သင်တန်းသားတွေရဲ့ triggers တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မတူညီတဲ့ နောက်ခံအကြောင်းရင်းက လာကြတဲ့ သင်တန်းသူ သင်တန်းသားတွေ၊ မတူညီတဲ့ ဝိသေသလက္ခဏာရှိကြတဲ့သူတွေ၊ ပြီးတော့ အကြောင်းအရာတစ်ခုခုအပေါ်မှာ အချင်းချင်း လုံးဝသဘောမတူညီကြတဲ့ သူတွေကို ပံ့ပိုးကူညီသူအဖြစ် လုပ်ဆောင်ရာမှာ တစ်ချိန် မဟုတ် တစ်ချိန် ပွတ်တိုက်မှုတွေ၊ အငြင်းပွားမှုတွေ ကြုံလာနိုင်ပါတယ်။ ကျွန်တော်တို့ လူသားတွေအနေနဲ့ တကယ်လို့ ကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင် လာလို့ ရှိရင် ချက်ချင်း ဒေါသတွေဖြစ်၊ (triggers) ဆိုသလို သေနတ်ခလုတ်ကို နှိပ်လိုက်မိသလို၊ မီးမွေးပေးလိုက်မိသလိုပဲ ချက်ချင်း ပြန်လည်ခုခံ၊ တုန့်ပြန်ချေပလေ့ရှိကြပါတယ်။ သင်တန်းဆရာတစ်ယောက်အနေနဲ့ သင်တန်းထဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ဘယ်လိုမျိုး triggers တွေ ကြုံရလာနိုင်သလဲဆိုတာကို ကြိုတင်စဥ်းစားပြီး ကြုံလာရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

၆။ ။ နံပါတ် (၅) အချက်နဲ့ ဆက်နွယ်ပါတယ်။ မတူညီကွဲပြားမှု (differences) နဲ့ ပါတ်သက်ပြီး သတိထားဖို့ လိုအပ်တဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ သင်တန်းသူ သင်တန်းသားတွေသည် သူတို့နဲ့ မတူညီတဲ့သူတွေနဲ့ အခုမှ စပြီးဆက်ဆံဖူးသလား။ တကယ်လို့ အခုမှ စတွေ့ဖူး၊ စစကားပြောဖူးတယ်ဆိုရင် အမြင်သဘောထားတွေ မတူညီလာပါက၊ မတူညီမှုတွေကို လက်ခံဖို့ တော်တော်ခက်ခဲပါတယ်။ သင်တန်းဆရာတစ်ယောက်အနေနဲ့ သင်တန်းသားတွေကို သတိပေး (remind) လုပ်ရမှာက မတူညီမှုတွေကို ကျွန်တော်တို့ ချက်ချင်းလက်ခံစရာမလိုပါဘူး။ တကယ်လို့ ဆွေးနွေးမှုက တအားပေါက်ကွဲသွားပြီး၊ ထိန်းမနိုင်သိမ်းမရ ဖြစ်လာရင်၊ ဒီအတိုင်းပဲ ခဏထားလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးမှ ပြန်ဆွေး‌နွေးကြတာပေါ့လို့ ပြောပေးလို့ရပါတယ်။ အခြေအနေ အနည်းငယ်တည်ငြိမ်သွားပြီး၊ ခေါင်း‌အေးသွားတဲ့အချိန်၊ သင်တန်းသားတွေကလည်း အဆင်သင့်ပြန်ဖြစ်နေပြီလို့ ထင်ရတဲ့ အချိန်မှာ ပြန်ပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ မတူညီကွဲပြားမှု (differences) တွေနဲ့ အတူခဏနေပြီးတော့ တဖြည်းဖြည်းနဲ့ သက်တောင့်သက်သာ ဖြစ်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သိထားရမှာသည် ကိုယ်နဲ့ မတူညီတဲ့ အတွေးအခေါ်၊ အမြင်သဘောထား၊ ယုံကြည်မှု၊ ယဥ်ကျေးမှု ထုံးတမ်းဓလေ့တွေကို သိနားလည်ပြီး၊ လက်ခံပြီးတော့ အတူတကွ ဘယ်လိုယှဥ်တွဲနေထိုင်သွားမလဲဆိုတာ အဖြေရှာရမှာပါ။ ဒီဖြစ်စဥ်ကြီးဟာ ကြာရှည်ပြီး ဖွံ့ဖြိုးတိုးတက်အောင် အမြဲတမ်းကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဒီအခြေခံ သဘောတရား နဲ့ လက်တွေ့ကျင့်သုံးမှုတွေသည် ကျွန်တော်တို့ရဲ့ သင်တန်းခန်းထဲကနေ စရမှာ ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့တာတွေသည် ကျွန်တော် သင်တန်းဆရာ တစ်ယောက်အနေနဲ့ အားလုံးပါဝင်ရေး (inclusion) ဆိုတဲ့ အခြေခံသဘောတရားတွေကို ကျွန်တော်တို့ရဲ့ သင်တန်းတွေမှာ ဘယ်လို အသုံးချလို့ရသလဲဆိုတောကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ရော မိတ်ဆွေတို့ရဲ့ သင်တန်းတွေမှာ အားလုံးပါဝင်ရေးကို ဘယ်လို လက်တွေ့ကျကျ အသုံးပြုနေသလဲဆိုတာကို နည်းလမ်းတွေရှိရင် မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။ အိုင်ဒီယာလေးတွေရှိရင် ကောမန့်မှာ ရေးပေးလို့ ရပါတယ်။ ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်
စိုင်းအောင်သိန်း

02/07/2020

လုပ်ငန်းခွင်ဆိုင်ရာ ယဉ်ကျေးမှု/ သတိထားရမဲ့ အချက်ကလေးတွေကိုမျှဝေမှာပါ.. နိုင်ငံတကာအဆင့် ကုမ္ပဏီတွေမှာ အလုပ်ဖို့ ရည်ရွယ်ထားသူတွေ.. လက်ရှိလုပ်နေတဲ့သူတွေ အပြင် အင်္ဂလိပ်စာလေ့ကျင့်ဖို့သက်သက်လဲ လာJoin လို့ရပါတယ် Practical English Club က အရမ်းတော် အရမ်းထက်တဲ့ Facilitator တွေ ဦးဆောင်ပြီး Zoom ထဲကနေ စိတ်လှုပ်ရှားစရာ activities လေးတွေလုပ်သွားမှာပါ..

-အင်္ဂလိပ်စကားပြော လေကျင့်ချင်တယ်
​-Network ကျယ်ပြန့်လာချင်တယ်
-ဗဟုသုတလဲရချင်တယ်
-ကြိုးစားနေပြီး တော်တဲ့လူငယ်တွေနဲ့ အတွေ့အကြုံတွေ အမြင်တွေ ဖလှယ်ချင်တယ်

ဆိုရင် PEC မှာ Register လုပ်ပြီး Join ပါနော်...

English Level အရမ်းမမြင့်လို့လဲစိတ်မပူနဲ့.. အာလုံး အတူတကွ လေ့လာ သင်ယူပြီး လက်တွဲခေါ်ကြမှာပါ...

See you all.

Violets Myanmar
Educate, Empower
Get Inspired, Grow

နည်းပညာ​ခေတ်မှာ ကျင့်ဝတ်​တွေ မ​ပျောက်ချင်ရင်❗
Workshop Club ကိုJoin ပါ။
🌻လူငယ်​တွေ ဖုန်းကိုင်တာများ​တော့ လူမှု​ရေးရာမှာ အခွံ​တွေဖြစ်လာတာ တို့အသိဆုံး
🌻Website ​တွေ/App​တွေ​ရေးနိုင်ကြတယ်/IT ဆို စက်ရုပ်ပါတီထွင်နိုင်တယ်
🌻Bus ကား​ပေါ် သက်ကြီးရွယ်အိုတစ်​ယောက်တက်လာရင် ​နေရာဖယ်ရမယ်ဆိုတာ မသိကြ​တော့ဘူး
🌻ရည်းစား​တွေကြားSocial Media Account ​တွေရဲ့ Password ​တွေ​ Share ​နေကြတာ​တွေ​ရော ကျင့်ဝတ်​ပျက်ရာ​ရောက်လား?
🌻လုပ်ငန်းခွင်အကျင့်ပျက်ချစားတာ​တွေ ​ခေတ်စားလာတယ်၊ အထက်ဖား​အောက်ဖိ​တွေများလာတယ်
🌻အလုပ်မှာ Body Shaming လုပ်တာ​ရော ကျင့်ဝတ်ပျက်တာလား?
🌻ကျွန်​တော်တို့​​ခေတ်မှာ ကျင့်ဝတ်​ကောင်း​တွေထိန်းသိမ်းမယ်၊​နောက်မျိုးဆက်မှာလည်း ဒါ​တွေမရှိ​စေချင်ဘူးဆိုရင်

📌 PEC ရဲ့ Workshop Club ​လေးမှာ ပါဝင်ဖို့ဖိတ်​ခေါ်လိုက်ပါတယ်

#️⃣Workshop Club ဆိုတာဘာလဲ?
Workshop ​တွေလိုပဲ Guest speaker က​နေ Topic နဲ့ပက်သက်တဲ့ Input Sharing ​တွေ​ကို English လို ​ဝေမျှပေးမယ်။
Club ဖြစ်တဲ့အတွက်​ကြောင့် Sharing ​ပေါ်အ​ခြေခံပြီး အင်္ဂလိပ်လို ​ဆွေး​နွေးကြမယ်။
ဗဟုသုတလည်းရ- အင်္ဂလိပ်လိုလည်း ​လေ့​ကျင့်ဖြစ်​တာ​ပေါ့။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတာဒါမျိုး။

#️⃣ဒီတစ်ပတ်​ဆွေး​နွေးမယ့်​
Workplace Etiquette❗
" လုပ်ငန်းခွင် ကျင့်ဝတ်​" တွေအ​​​ကြောင်း ဦး​ဆောင်​ဆွေး​နွေး​ပေးဖို့ လူငယ် Guest Speaker တစ်ဦးကိုလည်း ဖိတ်​ခေါ်ထားပါတယ်။ သူက​တော့ အစ်မ" Wai Htike" ဖြစ်ပါတယ်။
သူ့ရဲ့အ​ကြောင်းကို​တော့ Post ရဲ့​အောက်ဆုံးမှာဖတ်နိုင်ပါတယ်။
-------------------------------------------------------------
1️⃣Workshop Club ​လေးကိုဘယ်လို​လုပ်မှာလဲ?
#️⃣Zoom App ကို သုံးပြီး Guest Speakerက ဗဟုသုတ​တွေ ကိုအင်္ဂလိပ်လို​ဝေမျှ​ပေးမယ်။ ပြီးရင် အဲ့တိ ဗဟုသု​တွေ​တွေအ​ပေါ်အ​ခြေခံပြီး အင်္ဂလိပ်လို​ဆွေး​နွေးရင်း အင်္ဂလိပ်စကား​ပြော​လေ့ကျင့်ကြမှာဖြစ်ပါတယ်။
---------------‐---------------------------------------------
2️⃣ပိုက်ဆံ​ပေးရမှာလား?
#️⃣Noပါ..100 % Free of Chargeပါ။
(​ဖုန်းဘေဖိုး​တော့ ကိုယ့်အိတ်ကိုယ်စိုက်​ပေါ့)
---------------‐---------------------------------------------
3️⃣ဘယ်အချိန်လဲ?
#️⃣10:00 Am - 11:45 Am ( မနက်ပိုင်း)
---------------‐---------------------------------------------
4️⃣ဘယ်​နေ့လဲ?
#️⃣5.7.2020 (Sunday)
---------------‐---------------------------------------------
5️⃣ဘယ်သူ​တွေJoin လို့ရလဲ?
📌၁၆ နှစ်ပြည့်ပြီးတဲ့ English စာ အဆင့်Basic က​နေ Advance Level ရှိတဲ့မည်သူမဆို ပါဝင်နိုင်ပါတယ်။(Broken ​လောက်တတ်လည်းPEC မှာ​အေး​ဆေးပါဝင်လို့ရတယ်​နော်။ဘာမှစိုးရိမ်မ​နေပါနဲ့)
---------------‐---------------------------------------------
6️⃣Join ဖို့ဘာလိုအပ်လဲ?

✅👉Online က​နေ Register လုပ်ဖို့လိုပါတယ်။ 👉👉Register လုပ်ပြီးရင် Screenshot ကို PEC Pageမှာတင်ထားတဲ့ ဒီမူရင်း postရဲ့ comment မှာ လာပြ​ပေးဖို့လိုပါတယ်(မ​ရေးခဲ့ရင် Account ရှာလို့မရလို့ Chat Box ကိုလာလို့မရဘူး​နော်။Comment ဖို့မ​မေ့ပါနဲ့)
👉​စ​နေနေ့ည​နေ/ညပိုင်းမှာ Messenger Chat Box ကိုစစ်​ပေးဖို့လိုပါတယ်။Chat Box စစ်နည်း ​အောက်မှာကြည့်ပါ။

✅Zoom App ကို သုံးတတ်ရပါမယ်။(ဘယ်လိုသုံးရမလဲဆိုတာ Messenger ကပို့တဲ့Message မှာပါမယ်)

✅အာရုံ​ကောင်း​ကောင်းစိုက်လို့ရတဲ့ ဆိတ်ငြိမ်တဲ့နေရာတစ်​နေရာရှာထားဖို့လိုတယ်။

✅အင်္ဂလိပ်စကား​ပြောတတ်ချင်ပြီး တကယ်​လေ့ကျင့်ချင်တဲ့သူ၊ တစ်နာရီ ၄၅ မိနစ်ကြာ (အစ- အဆုံး)အချိန်​ပေးနိုင်တဲ့သူဖြစ်ဖို့လည်းလိုပါတယ်။
----------------‐--------------------------------------------
စိတ်ဝင်စားလို့ပါဝင်ချင်ရင် ဒီLink မှာ စာရင်း​ပေးပါ။
👇👇👇👇👇👇👇
https://forms.gle/x58CgfkVFk3gn4xu6
---------------‐---------------------------------------------
#️⃣လူဦး​ရေ (၅၀)ဦးပဲလက်ခံမှာပါ။ (​Join မှာသေချာရင် မြန်မြန်​လေး စာရင်း​ပေးပါ)

#️⃣Register လုပ်ပြီးတဲ့သူတိုင်းကို Club မတိုင်ခင်မှာ Messenger Chat Box က​နေ
❤Zoom Application အသုံးပြုနည်း Videoနဲ့
❤Join ရမယ့် Meeting ID နဲ့ Passwordလာ​ပို့
ပေးမှာပါ။
(​​စ​နေနေ့ည​နေကိုChat Box ကိုစစ်​ပေးဖို့လိုတယ်​နော်)
ဘယ်လိုစစ်ရမလဲဆိုရင် 👇
https://m.facebook.com/story.php?story_fbid=668092667073190&id=129943894221406

#️⃣ထပ်ပြီးသိချင်တာ​​တွေရှိတယ်ဆိုရင်
ဒီဖုန်းကိုဆက်ပါ➡️09254459736⬅️
------------------------------------------------------
#️⃣Guest Speaker Profile
👸Wai Htike 👸

▪️co-founded Violets Myanmar and association for inclusive education, aimed to empower and educate young people and the disadvantaged
▪️currently working with U.S based mission, deal with management related issues, laising with government and non -government organizations
▪️had years of experience closely teaming with different nationalities at foreign corporate firms
▪️coached language and cultural awareness to Japanese and Korean business representatives
▪️giving training on capacity building skills such as teambuilding, job seeking and preparation and business etiquette and ethics, customer services, email writing and English Language.




04/01/2019

Mohammad Ameen

ဒီညနေအတွက် ကလေးတွေရဲ့ အချစ်တော်ကြီးများ

04/01/2019

လမ်းမီးကမရှိ အိမ်ထဲကလာတဲ့ မီးရောင်မလင်းတလင်းလေးနဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲလေးတွေ လုပ်နေကြတဲ့ကလေးတသိုက် မုန့်တွေတွေ့တော့ပျော်ပြီလေ

ကျွန်တော်တို့လဲ ပြောမပြတတ်အောင်ပျော်ခဲ့ပါတယ်!!

Wai Htike Mohammad Ameen Wut Yee Htun

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


55th Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00