FIX Training Institute

FIX Training Institute Computer & Language Training Center

16/02/2024

မဂ်လာပါရှင်

အတန်းသစ်များ ဖွင့်လှစ်မူ့ ယာယီ ရပ်နားသွားမှာဖြစ်ပြီး သင်တန်း​၏ဝန်ဆောင်မှုများသည်လည်း ယာယီရပ်နားသွားမှာဖြစ်ကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်ရှင့်

အခြေခံမှ စပြီး Level အဆင့်ဆင့်တိုင်းအတွက် သင်တန်းကျောင်းကို အစဉ်တစ်စိုက် ရွေးချယ်ပေးတဲ့ အုပ်ထိမ်းသူ မိဘများနှင့် ကျောင်းသား၊ကျောင်းသူ များအားလုံးကို ကျေးဇူးအများကြီး အများကြီး တင်ပါတယ်ရှင်

သားသားမီးမီးတို့အားလုံး တိုးတက်အောင်မြင်တဲ့ လူတော်လေးတွေဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🏻

ကလေးတို့ရဲ့ အိပ်မက်တွေလက်တွေ့ဖြစ်လာနိုင်ဖို့ဆို ဘာသာစကားတွေက အိပ်မက်တွေဆီအရောက်ပို့ပေးနိုင်မယ့် တောင်ပံတွေလိုပါပဲ။ဘာသာစက...
28/12/2023

ကလေးတို့ရဲ့ အိပ်မက်တွေလက်တွေ့ဖြစ်လာနိုင်ဖို့ဆို ဘာသာစကားတွေက အိပ်မက်တွေဆီအရောက်ပို့ပေးနိုင်မယ့် တောင်ပံတွေလိုပါပဲ။

ဘာသာစကားတွေကို အခြေခံကအစ ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုနိုင်စေဖို့ဆို ကောင်းမွန်တဲ့နည်းစနစ်တွေနဲ့ သင်ကြားပြသပေးနေတဲ့ FIX Training Institute ကို ရွေးချယ်သင့်ပါတယ်။

FIX Training Institute က နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ ကိုရီးယားစာနဲ့ ဂျပန်စာတို့ကို ခေတ်မီသင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပြသပေးနေပါတယ်။

FIX Training Institute မှာ

✅ Teenager class နဲ့ adult class ဆိုပြီး အသက်အရွယ်ချင်းတူရာအလိုက် အတန်းခွဲထားလို့ အဆင်ပြေပြေသင်ယူနိုင်မယ်။

✅ Classroom activity တွေဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေ့ကျင်စေတာ၊ ကိုယ်ပိုင်ဝါကျများဖွဲ့ခိုင်းပြီး အသုံးချစေတာ စတဲ့ activity တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး သင်ကြားပေးနေတာကြောင့် ကလေးများမှတ်မိနိုင်ပြီး ပြန်လည်အသုံးချနိုင်တဲ့အထိ တတ်မြောက်သွားကြပါတယ်။

ဒါ့ကြောင့် ကလေးတို့ရဲ့ အနာဂတ်အတွက် မြေတောင်မြှောက်ပေးမယ်ဆိုရင်တော့ FIX Training Institute က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။

ဂျပန်စာသင်နေကြတဲ့ ကလေးတွေ စာတွေ ဘယ်လောက်ပိုင်နိုင်နေကြပြီလဲ?ဝေါဟာရစကားလုံးတွေ လိုက်လေ့ကျင့်ရတာ အဆင်ပြေကြရဲ့လား?ဂျပန်စကား...
22/12/2023

ဂျပန်စာသင်နေကြတဲ့ ကလေးတွေ စာတွေ ဘယ်လောက်ပိုင်နိုင်နေကြပြီလဲ?

ဝေါဟာရစကားလုံးတွေ လိုက်လေ့ကျင့်ရတာ အဆင်ပြေကြရဲ့လား?

ဂျပန်စကားလေ့လာရာမှာ အထောက်အကူဖြစ်စေဖို့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေကို FIX Training Institute က ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ တူတူလေ့လာကြရအောင်။

အဓိပ္ပာယ်သိတဲ့စကားလုံးတွေကိုတော့ အရင်ဖြေပြီးမှ အဖြေတိုက်ကြည့်ပေါ့။ ပြီးရင် ကိုယ်ဘယ်နှမှတ်ရလဲဆိုတာကို ကွန်းမန့်မှာ ဝင်ကြွားသွားလို့ရတယ်နော်။ မညာကြေး။

あたらしい / ふるい
သစ်လွင်သော / ဟောင်းနွမ်းသော
ちかい / とおい
နီးသော / ဝေးသော
おおい / すくない
များသော / နည်းသော
かるい / おもい
ပေါ့သော / လေးသော
すきな / きらいな
ကြိုက်သော / မုန်းသော
つよい / よわい
အားကောင်းသော / အားနည်းသော
いい / わるい
ကောင်းသော / ဆိုးသော
むずかしい / やさしい
ခက်ခဲသော / လွယ်ကူသော
たかい / やすい
ဈေးကြီးသော / ဈေးသက်သာသော
たかい / ひくい
မြင့်သော / နိမ့်သော
ひろい / せまい
ကျယ်သော / ကျဉ်းသော
いそがしい / ひまな
အလုပ်များသော / အားလပ်သော
じょうずな / へたな
တော်သော / ညံ့သော
あつい / さむい
ပူသော / အေးသော
はやい / おそい
မြန်သော / နှေးသော
くらい / あかるい
မှောင်သော / လင်းသော
ながい / みじかい
ရှည်သော / တိုသော

ကောင်းမွန်တဲ့ သင်ကြားပြသမှုတွေနဲ့ ဂျပန်စာကို ပျော်ပျော်ရွှင်ရွှင် သင်ချင်ရင်တော့ FIX
Training Institute ပဲနော်။

ဝါရင့်ဆရာ၊ ဆရာမများရဲ့ စနစ်ကျတဲ့ နည်းစနစ်တွေကြောင့် ဂျပန်စာကို အချိန်တိုအတွင်းမှာ တတ်မြောက်စေဖို့ အာမခံပါတယ်။

ဘာသာစကားစတင်လေ့လာနေသူတိုင်း ကြုံရတဲ့အခက်တွေကို ဘယ်လိုကျော်လွှားကြမလဲ? ဘာသာစကားလေ့လာနေသူတိုင်း ကိုယ်နဲ့မရင်းနှီးတဲ့အက္ခရာ...
16/12/2023

ဘာသာစကားစတင်လေ့လာနေသူတိုင်း ကြုံရတဲ့အခက်တွေကို ဘယ်လိုကျော်လွှားကြမလဲ?
ဘာသာစကားလေ့လာနေသူတိုင်း ကိုယ်နဲ့မရင်းနှီးတဲ့အက္ခရာအသစ်တွေကြောင့် စကားလုံးအသုံးအနှုန်းတွေ မှတ်မိဖို့ ခက်ခဲတတ်ပါတယ်။ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ FIX Training Institute ကနေ နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

✅ စကားလုံးတွေကို စာရွက်ပေါ်မှာ ချပြီးရေးမှတ်တာထက် စကားလုံးဉာဏ်စမ်းတွေ၊ game တွေ ဆော့ကစားပြီး မှတ်တာက မှတ်မိဖို့ပိုလွယ်သလို ပျော်စရာလည်း ကောင်းစေမှာမို့ ကလေး​တွေ​စာလေ့လာချင်စိတ်ကို ပိုဖြစ်စေမှာ အသေအချာပါပဲ။

✅ နိုင်ငံအလိုက် ယဉ်ကျေးမှု၊ အကျင့်ဓလေ့တွေကို သက်ဆိုင်ရာ သီချင်းနဲ့ ရုပ်ရှင်တွေမှတဆင့် လေ့လာသင်ယူတာက ပိုပြီး နားလည်လွယ်စေပါတယ်။

✅ ရုပ်ပြကာတွန်းစာအုပ်တွေ (အဆင့်သတ်မှတ်ချက်အလိုက်) ဖတ်ရှုတာ၊ Youtube channel တွေကတဆင့် Podcasts တွေ နားထောင်ပြီး လေ့လာတာ စတာ‌တွေကလည်း စကားလုံးဝေါဟာရတွေ ပိုတိုးလာစေသလို နားရည်ဝလာစေပါတယ်။

✅ ကလေးတော်တော်များများကြောက်ကြတဲ့ Grammar ကို ပိုင်နိုင်ဖို့အတွက်လည်း သေချာလေ့လာပြီး ကိုယ်တိုင်ဝါကျတွေတည်ဆောက်ပြီး ပြန်လည်အသုံးချသင့်ပါတယ်။

FIX Training Institute မှာ သင်ကြားနေတဲ့ ကလေးတွေကို ဘာသာစကားသင်ယူရာမှာ တိုးတက်စေအောင်
- နှုတ်ဆက်စကားမှအစ လေ့လာနေသော ဘာသာစကားနဲ့ နှုတ်ဆက်ခြင်း
- ဘာသာစကားနဲ့ပတ်သက်တဲ့ ဂိမ်းတွေဆော့ကစားကြခြင်း၊ သီချင်းများကို နားရည်ဝအောင်ဖွင့်ပြပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။

အတန်းချိန် activity တွေဖြစ်တဲ့ grammar များကို ကိုယ်ပိုင်အကြံဉာဏ်နဲ့ ဝါကျဖွဲ့ခိုင်းခြင်း၊ စာလုပ်ဖြစ်အောင် Mini test များ စစ်ပေးခြင်း၊ ကလေးများ အချင်းချင်း ဝေါဟာရစကားလုံးများမေးစေခြင်း တို့ကိုလည်း ပြုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တတ်မြောက်အောင် သင်ကြားပေးတာဖြစ်လို့ ဘာသာစကားကို အချိန်တိုအတွင်း တိုးတက်စေပါတယ်။

လူကြီးမင်းတို့ကလေးတွေရဲ့ အနာဂတ်လှပစေဖို့ ဘာသာစကားသင်တန်းကိုရှာဖွေနေတယ်ဆိုရင်တော့ ကောင်းမွန်တဲ့သင်ကြားမှုနည်းစနစ်တွေနဲ့ သင်ကြားပေးနေတဲ့ FIX Training Institute ကို ကြွလှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နှစ်သစ်မှာ ပိုကောင်းတဲ့အရာတွေရရှိဖို့ ရည်မှန်းချက်တွေချပြီးရှေ့ဆက်ကြတဲ့အခါ ကိုယ်ကိုယ်တိုင်သာကမ ချစ်ရတဲ့ ကလေးတွေရဲ့ လှပတဲ...
06/12/2023

နှစ်သစ်မှာ ပိုကောင်းတဲ့အရာတွေရရှိဖို့ ရည်မှန်းချက်တွေချပြီးရှေ့ဆက်ကြတဲ့အခါ ကိုယ်ကိုယ်တိုင်သာကမ ချစ်ရတဲ့ ကလေးတွေရဲ့ လှပတဲ့အနာဂတ်အတွက် ပြင်ဆင်ဖို့ အဘက်ဘက်ကလိုအပ်ပါတယ်နော်…

ကလေးတွေရဲ့ အနာဂတ် လှပစေဖို့က ဘာသာစကားတတ်မြောက်မှုစွမ်းရည်ကလည်း အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်။

ကလေးတွေအနေနဲ့ ဘဝတက်လမ်းအတွက် ဘာသာရပ်တစ်ခုခုကို သင်ယူတဲ့အခါ အခြေခံကအစ သေချာပိုင်နိုင်တတ်မြောက်ဖို့ လိုပါတယ်။

FIX Training Institute မှာ ဂျပန်စာ နဲ့ ကိုရီးယားစာ တို့ကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမများက စနစ်တကျ သင်ကြားပြသပေးနေလို့ အခက်အခဲမရှိ တတ်မြောက်လွယ်စေပါတယ်။

"နှစ်သစ်မှာ ကလေးတွေအတွက် ဘာသာစကားနဲ့ ပတ်သက်တဲ့ ပန်းတိုင်တွေကို အရောက်သွားဖို့ FIX Training Institute မှ ကူညီပေးပါရစေ..."

FIX Training Institute မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူများ ကောင်းမှုများ လုပ်နိုင်ရန်အလို့ငှာ တနင်္ဂနွေ နှင့် တန...
25/11/2023

FIX Training Institute မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူများ ကောင်းမှုများ လုပ်နိုင်ရန်အလို့ငှာ တနင်္ဂနွေ နှင့် တနင်္လာနေ့ (26, 27) တွင်ရှိတဲ့ အတန်းများလည်း ပိတ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တန်ဆောင်တိုင် ကာလအခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများ ပြည့်စုံပါစေကြောင်း FIX Training Institute က ဆုတောင်းအပ်ပါသည်။

#တန်ဆောင်တိုင်ပွဲတော် #ဘုံကထိန်

24/11/2023

FIX Training Institute မှာ ကိုရီးယား၊ တရုတ်၊ ဂျပန်ဘာသာစကားတို့ကို ကလေးတို့ အခြေခံပိုင်ပိုင်နိုင်နိုင်တတ်မြောက်စေဖို့ သေချာလေ့ကျင့်ပေးနေပါတယ်။

အနာဂတ်ကြယ်ပ္ငင်များဖြစ်လာမဲ့ ကလေးငယ်များဟာ ငယ်ငယ်ထဲက ဘာသာစကားတစ်ခုထက်ပိုပိုတက်မြောက်ထားပါက မည်သည့်အဆက်အခဲမဆိုရင်ဆိုင်နိုင်မဲ့ ယုံကြည်နိုင်မှုရရှိနိုင်မှာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ညီမလေး Eaindray Khin ရဲ့ ဂျပန်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနေတဲ့ပုံများဖြစ်ပါတယ်။

ဒီလိုယုံကြည့်မှုရှိရှိပြောဆိုနိုင်ဖို့ဆိုရင်တော့ FIX Traning institute ကိုဆက်သွယ်လိုက်ပါ။

FIX Training Institute က ဘာသာစကားသစ်များကို စိတ်ဝင်တစားသင်ယူလိုသူ ကလေးငယ်များကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။

22/11/2023

FIX Training Institute မှာ ကိုရီးယား၊ တရုတ်၊ ဂျပန်ဘာသာစကားတို့ကို ကလေးတို့ အခြေခံပိုင်ပိုင်နိုင်နိုင်တတ်မြောက်စေဖို့ သေချာလေ့ကျင့်ပေးနေပါတယ်။

ကလေးငယ်များဟာ စာသင်ချိန်အတွင်းမှာ ပျင်းရိခြင်းမရှိပဲ၊ စိတ်ဝင်တစား သင်ယူနိုင်လို့ မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ စကားပြောနိုင်လာခဲ့ပါပြီ။

ကိုရီးယား teenager တန်းမှာတက်ရောက်နေတဲ့ ညီမလေး Hsu Hnin Phway ရဲ့ ကိုရီယားဘာသာကိုအခက်အခဲမရှိစကားပြောနေတဲ့ပုံများကိုဝေမျှလိုက်ရပါတယ်။

ဒီ video ကိုကြည့်ပြီး ကိုရီးယားစကားပြောကို စိတ်ဝင်စားရင်တော့ FIX training institute မှစောင့်ကြိုလျက်ရှိပါတယ်။

FIX Training Institute က ဘာသာစကားသစ်များကို စိတ်ဝင်တစားသင်ယူလိုသူ ကလေးငယ်များကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။

ကလေးငယ်တွေဟာ နောင်တချိန်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေပဲဖြစ်ပါတယ်။ ကြယ်ပွင့်လေးတို့ရဲ့အနာဂတ်ကလည်း ဖေဖေ၊ မေမေ တို့ရ...
14/11/2023

ကလေးငယ်တွေဟာ နောင်တချိန်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေပဲဖြစ်ပါတယ်။ ကြယ်ပွင့်လေးတို့ရဲ့အနာဂတ်ကလည်း ဖေဖေ၊ မေမေ တို့ရဲ့ ပံ့ပိုးကူညီမှုပေါ်မှာလည်း မှီခိုနေပါတယ်။ ကြယ်ပွင့်လေးတွေကို သေချာမြေတောင်မြှောက်ပေးမယ်ဆိုရင်တော့ သေချာပေါက်ထွန်းတောက်လာမှာပါ။ ကလေးတို့ငယ်ရွယ်စဉ် အခါကာလမှာ သူတို့ စိတ်ပါဝင်စားမှုတွေကို သေချာအလေးပေးပြီး သင်ကြားစေသင့်ပါတယ်။

ဘာသာစကားသစ်များကို စိတ်ပါဝင်စားတဲ့ ကလေးငယ်များအတွက် FIX Training Institute က အကောင်းဆုံး သင်ကြားမှုများနဲ့ သင်ကြားပေးနေပါတယ်။ FIX Training Institute မှာ ဆယ်ကျော်သက်ကလေးတွေကိုအဓိကထားပြီး တရုတ်စာ၊ ဂျပန်စာ နှင့် ကိုရီးယားစာတို့ကို အခြေခံကအစ တတ်မြောက်စေတဲ့အထိ သင်ယူနိုင်ပါတယ်။

FIX Training Institute မှာ တက်ရောက်နိုင်မဲ့အတန်းတွေကတော့-

Chinese Class for teenagers
Teenagers တွေအတွက် ရည်ရွယ်ထားတဲ့ ဒီသင်တန်းမှာ အခြေခံအဆင့် basic level မှစလို့ HSK 1 to 6 အထိ အတန်းများရှိပါတယ်။

Japanese Class
Teenager Class နဲ့ Adult Class နှစ်မျိုးရှိပါတယ်။
အခြေခံမှစလို့ N5, N4, N3, N2 အဆင့်ထိ သင်ယူနိုင်ပါတယ်။

Korean Class
Korean Class မှာလည်း Teenage Class အပြင် Adult Class လည်း ရှိပါတယ်။
Basic က စလို့ Yonsei 1,2,3,4,5 အထိအတန်းများ သင်ယူနိုင်ပါတယ်။

သင်တန်းအသေးစိတ်ကို Messenger မှာ စုံစမ်းနိုင်သလို ဖုန်းနံပါတ်
09- 952018844, 09- 952038844, 09-952058844
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ထိရောက်မှုအရှိဆုံး ဘာသာစကားသင်ကြားမှုကို အခုပဲ FIX မှာ ရယူလိုက်ပါ ❗ဘာသာစကားအသစ်ကို စတင်သင်ကြားတော့မယ်ဆိုပါက သက်ဆိုင်ရာဘာ...
08/11/2023

ထိရောက်မှုအရှိဆုံး ဘာသာစကားသင်ကြားမှုကို အခုပဲ FIX မှာ ရယူလိုက်ပါ ❗

ဘာသာစကားအသစ်ကို စတင်သင်ကြားတော့မယ်ဆိုပါက သက်ဆိုင်ရာဘာသာစကားကို အရေတကြီး လိုအပ်ချိန်မှ စပြီးလေ့လာခြင်းထက် ငယ်ရွယ်စဥ်ကတည်းက အခြေခံပိုင်နိုင်အောင်လုပ်ထားတာ ပိုကောင်းပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာဘာသာစကားအလိုက် စကားလုံးသတ်ပုံအသစ်၊ စကားပြောအသစ်တွေနဲ့ စတင်ထိတွေ့တဲ့အခါ အချိန်အရမ်းပေးရတာမို့ စောစောသင်ထားလေ ပိုကောင်းလေပါပဲ။

"FIX Training Institute" မှာ သင်ကြားပေးမဲ့ ဆရာ၊ ဆရာမများဟာလည်း ဘာသာစကားအလိုက် သင်ရိုးတွေကို ပိုင်ဆိုင်နိုင်စွာနာလည်ပြီး အခြေခံမှစ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုစတင်သင်ကြားပေးရမလဲဆိုတဲ့ Teaching Method ကို သေချာသိမြင်ပြီးသား ဆရာ၊ ဆရာမတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာနဲ့ သင်တန်းအပ်နှံနိုင်ပါတယ်။

📖 FIX Training Institute မှာ တက်ရောက်နိုင်တဲ့ ဘာသာစကားသင်တန်းတွေကတော့
-Korean Class
-Japanese Class
-Chinese Class

FIX Training Institute ဘယ်သူတွေတက်ရောက်သင့်လဲ?

-သက်ဆိုင်ရာ ဘာသာစကားအလိုက် အရေး၊ အဖတ်၊ အပြော တွေကို အချိန်တိုအတွင်း အမြန်တတ်လိုသူတွေ
-အခြေခံမှစ တတ်ကျွမ်းသည့်အဆင့်အထိ သင်ကြားလိုသူ
-Native တစ်ယောက်လို သွက်သွက်လက်လက် ‌ပြောတတ်၊ ရေးတတ်ချင်သူတွေ တက်ရောက်သင့်ပါတယ်။

💻Learning Platform အနေနဲ့ Zoom ကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပြီး Assignment တွေကိုတော့ Telegram Channel ကို အသုံးပြုပြီး သေချာစစ်ဆေးသွားမှာဖြစ်ပါတယ်။

အတန်းတိုင်းမှာ လူဦးရေအကန့်အသတ်လေးရှိတာမို့ နောက်မကျခင် အမြန်ဆုံးစာရင်းပေးသွင်း အပ်နှံဖို့မမေ့ပါနဲ့နော်။ သင်တန်းအသေးစိတ်ကို FIX Training Institute Messenger မှာ စုံစမ်းနိုင်ပါပြီရှင်။ ရုံးချိန် ၉နာရီမှ ၅ နာရီခွဲအတွင်း ပြန်လည်ဖြေကြားပေးသွားပါမယ်ရှင့်။
Ph no
09- 952018844
09- 952038844
09-952058844
တို့မှ တဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားခြားနားတာကြောင့် ဘာသာစကားလေ့လာနေသူတို့အတွက် စိတ်ဝင်စားစရာ ကောင...
03/11/2023

နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားခြားနားတာကြောင့် ဘာသာစကားလေ့လာနေသူတို့အတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါကြောင့် FIX Training Institute က ကိုရီးယားနိုင်ငံရဲ့ စိတ်ဝင်စားဖွယ် fun facts များ ကို မျှဝေပေးလိုက်ပါတယ်။

- တခြားနိုင်ငံများနဲ့ မတူဘဲ ကိုရီယားနိုင်ငံမှာတော့ အမေ့ဗိုက်ထဲကထွက်လာတာနဲ့ တနှစ်သားအဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့် ကိုရီယားနိုင်ငံသားတယောက်ရဲ့ တကယ့်အသက်က ပိုငယ်ရွယ်နိုင်ပါတယ်။

- မင်နီနဲ့ လက်မှတ်ရေးထိုးတာကို ကံမကောင်းခြင်း သေဆုံးခြင်းနဲ့ဆက်စပ်တယ်လို့ သတ်မှတ်ပါတယ်။

- ကိုရီယားကားတော်တော်များများ ဆင်းရဲတဲ့အခန်းတွေမှာ မုတ်ဆိတ်မွေး မျက်နှာမွေးတွေနဲ့ သရုပ်ဆောင်ကြတာကိုသတိထားမိကြမှာပါ။ ဒီလို မုတ်ဆိတ်ကျင်စွယ်ရှိတာကို ဆင်းရဲခြင်းသင်္ကေတ၊ မိမိကိုယ်ကို ဂရုမစိုက်ခြင်းလိုသတ်မှတ်ထားကြပါတယ်တဲ့။

- ပထမဆုံးတွေ့တွေ့ခြင်း အလုပ်အကိုင်၊ ဝါသနာတို့နဲ့အတူ သွေးအမျိုးအစားအကြောင်းကို မေးမြန်းခဲ့ရင် မအံ့သြပါနဲ့။ ကိုရီးယားတွေက သွေးအမျိုးအစားဟာ ဘယ်လိုလူမျိုးဖြစ်ကြောင်းဖော်ပြနိုင်တယ်လို့ ယုံကြည်ကြပါတယ်တဲ့။

- ကမ္ဘာပေါ်မှာ အင်တာနက်လိုင်းအမြန်ဆုံးနိုင်ငံဟာ ကိုရီးယားနိုင်ငံဘဲဖြစ်ပါတယ်။ လူဦးးရေရဲ့ ၉၃ ရာခိုင်နှုန်းက အင်တာနက်ကိုအသုံးပြုကြပြီး ကားဂိတ်တွေ၊ ပန်းခြံတွေ၊ မြိုပြနေရာတွေမှာ အခမဲ့အင်တာနက်အသုံးပြုလို့ရနိုင်ပါတယ်။

ကိုရီးယားဘာသာကို စိတ်ဝင်စားလို့ သင်ယူလိုသူများအတွက် FIX Training Institute မှာ အခြေခံမှစ တတ်မြောက်သည်အထိ သင်ကြားပေးနေပါပြီ။

စိတ်ဝင်စားလို့ တတ်ရောက်ချင်တယ်ဆိုရင်တော့ Messenger မှာ အသေးအစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ရုံးချိန် ၉နာရီမှ ၅ နာရီခွဲအတွင်း ပြန်လည်ဖြေကြားပေးသွားမှာပါ။
Ph no
09- 952018844
09- 952038844
09-952058844
တို့မှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ မိဘဆရာ၊ လူကြီးသူမများအားလုံးကို အရိုအသေပေးရင်း ပိတ်ရက်တွေမှာ ချစ်ရသူ မိသားစုဝင်အားလုံးန...
29/10/2023

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ မိဘဆရာ၊ လူကြီးသူမများအားလုံးကို အရိုအသေပေးရင်း ပိတ်ရက်တွေမှာ ချစ်ရသူ မိသားစုဝင်အားလုံးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေကြောင်း FIX Training မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

training Institute school

Address

Yangon
11181

Alerts

Be the first to know and let us send you an email when FIX Training Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to FIX Training Institute:

Shortcuts

Share

Category