03/05/2020
Home schooling - Practical Life
Practical life lessons များအရေးကြီးလှတာကို မိဘများအနေနဲ့အထူးသတိထားဖို့လိုပါတယ်။
နေ့တဓူဝကိစ္စ သွားတိုက် မျက်နှာသစ် သူတို့ကိုယ်တိုင်လုပ်နိုင်ဖို့ ကူညီပေးကြပါ။ ဒီနေရာမှာ သူတို့ကိုလုပ်ခွင့်မပေးပဲ တဦးဦးက ကလေးကို သင်မပေးပဲ ကလေးကိုယ်တိုင်လုပ်ခွင့်မပေးပဲ မိဘ သို့မဟုတ် အရွယ်ရောက်သူတဦးကလုပ်ဆောင်ပေးလိုက်တာဟာ ကလေးရဲ့ သူ့ကိုယ်သူယုံကြည်မှုကို ရော့နဲစေသလို သူ့အတွက် လေ့ကျင့်ပေးထားရမဲ့ eye-hand coordination အတွက်လဲအားနဲစေပါတယ်။
သွားတိုက် မျက်နှာသစ် လေ့ကျင့်ခန်း လုပ်ပြီးကြရင် မနက်စာ စားဖို့ပြင်ဆင်ရာမှာလည်း ကလေးကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်အောင် ကူညီပေးပါ။ 21/2 to 6 Years ကလေးငယ်များအတွက် ဒီအခြေခံတွေကို ကောင်းစွာလေ့ကျင့်ပေးထားရင် ကလေးရဲ့စာရေးခြင်း အလုပ်ကိုကောင်းကောင်းအထောက်အကူပြုနိုင်မှာသေခြာပါတယ်။
REF - Montessori Read & Write