04/01/2026
ဘောဂဗေဒဖတ်စာ (ဗမာဘာသာ) အတွဲ၂ စာစဥ်အမှတ်၁ ထွက်ပါတော့မည်ခင်ဗျာ
03/11/2025
ဘောဂဗေဒဖတ်စာ (ဗမာဘာသာ) အတွဲ (၁)၊ စာစဉ်အမှတ်(၄) ကို အောက်ပါlinkတွင် downloadလုပ် ရယူနိုင်ပါပြီခင်ဗျာ။
https://www.inyaeconomics.org/publications/erbl-volume-1-issue-4/
03/11/2025
ဘောဂဗေဒဖတ်စာ (ဗမာဘာသာ) အတွဲ(၁)၊ စာစဉ်အမှတ် (၄)
မကြာမီ ထုတ်ဝေပါမည်ခင်ဗျာ။
Economic Readings in Burmese Language Vol.1, Issue (4) is coming soon.
17/06/2025
📊 Join Now and Boost Your Skill with us!
📚 Introduction to Basic Statistical Concept and Data Management with Stata (Online Course)
——————————————————————
အင်းလျားဘောဂဗေဒ၊ Women Economic Empowerment Program မှ Data Analysis Tools တစ်ခုဖြစ်တဲ့ STATA Training (2025)ကိုဖွင့်လှစ်လိုက်ပါတယ်။
🎯 သင်တန်းရည်ရွယ်ချက်
ဒီသင်တန်း ရည်ရွယ်ချက်ကတော့ လုပ်ငန်းခွင်ထဲက သုတေသီအမျိုးသမီးများ၊ သုတေသနဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် အမျိုးသမီးများ အနေဖြင့် မိမိ စွမ်းဆောင်ရည်ကို မြင့်တင်ပြီး၊ လုပ်ငန်းခွင်ခွဲခြားဆက်ဆံနိုင်မှု တွေကို လျော့ချနိုင်ဖို့ ရည်ရွယ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ ကိုယ့်ရဲ့ အထက်အဆင့်ရှိတဲ့ စီနီယာက အမျိုးသားဖြစ်နေလို့၊ မမေးရဲဘူး၊ ကိုယ်မသိတာကို မဆွေးနွေးရဲဘူး၊ မတိုင်ပင်ရဲဘူးဆိုတာတွေက တန်းတူရည်တူ လုပ်ကိုင်နိုင်သော ပတ်ဝန်းကျင် ဖန်တီးရာအားနည်းနိုင်ပြီး၊ မမြင်နိုင်တဲ့ အလွန်သိမ်မွေ့တဲ့ ခွဲခြားဆက်ဆံမှုတွေကိုဖြစ်လာစေပါတယ်။ ဒီသင်တန်းက အဲ့လို သိမ့်မွေ့တဲ့ လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားနိုင်ဖို့ သင့်ကိုထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီသင်တန်းက အမျိုးသမီးတွေအတွက်ဘဲ ရည်ရွယ်တာတော့ မဟုတ်ပါဘူး၊ လုပ်ငန်းခွင်အတွင်း မည်သည့် ခွဲခြားဆက်ဆံမှုမှ မရှိစေရေးအတွက် မည်သည့် ဂျန်ဒါအမျိုးအစားမဆို တက်ရောက်ဖို့ တိုက်တွန်းပါတယ်။
👨🎓👩🎓 တက်ရောက်သင့်သူများ
✅ Development, Research, Economics, Data Analysis နယ်ပယ်များနှင့် သက်ဆိုင်သူများ
✅ သုတေသနလုပ်ငန်းများအတွက် Data Management နည်းလမ်းများကို သင်ယူလိုသူများ
✅ Stata software ကို အသုံးပြု၍ Basic Statistical Analysis ပြုလုပ်နိုင်လိုသူများ
✅ Master/PhD သင်တန်းအတွက် Quantitative Method ပြင်ဆင်နေသူများ
✅ NGO/INGO/CSO များတွင် Data သုံးသပ်မှုလုပ်ငန်းများ ပြုလုပ်နေသူများ
📅 သင်တန်းကာလ
📌 ကြာချိန် – ၇ ပတ်
📌 သင်တန်းရက် – Tuesday, Wednesday, Thursday (ည ၇ နာရီမှ ၉ နာရီအထိ)
📌 သင်ကြားမှုပုံစံ – Live Zoom Classes
သင်တန်းကို 01-07-2025 ရက်နေ့မှစ၍ တစ်ပတ်လျှင် (၃) ရက်ဖြင့် သင်တန်းကာလ (၇) ပတ် ကြာမြင့်ပါမည်။
သင်ကြားမည့်အကြောင်းအရာများ
🔹 Introduction to Statistics
🔹 Stata Interface and Basics
🔹 Data Cleaning and Variable Management
🔹 Descriptive Analysis with Stata
🔹 Generating Tables and Graphs
🔹 Hypothesis Testing
🔹 Basic Regression Analysis
🔹 Real-life Dataset Practice Sessions
💰 သင်တန်းကြေး – ၁ ဦးလျှင် ၁၅၀,၀၀၀ ကျပ်
📆 စာရင်းပေးသွင်းနောက်ဆုံးနေ့ – ၂၈-၆-၂၀၂၅
✍️ စာရင်းပေးသွင်းရန် နှင့် အသေးစိတ် သိရှိလိုပါက page Messenger မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်
📝 Registration Form:
https://docs.google.com/forms/d/1555GxNfbX8deHNqrJSZhIJLloog-l5VlvC9coZKnE8U/edit?usp=drivesdk
Website Link : https://www.inyaeconomics.org/news-events/introduction-to-statistics-stata-2025/
—---------------------------------------------------------
📊 Join Now and Boost Your Skills with Us!
📚 Online Course: Introduction to Statistical Concepts and Data Management with Stata
Inya Economics and the Women Economic Empowerment Program(WEEP) are excited to launch the 2025 STATA Training, one of the essential data analysis tools for researchers and professionals.
🎯 Course Objectives
This course is designed to empower women researchers and professionals by enhancing their data analysis skills and confidence in the workplace. Many women often feel hesitant to ask questions or seek clarification—especially in male-dominated or hierarchical environments—leading to subtle forms of workplace inequality and exclusion.
By building statistical and analytical skills, this course aims to reduce such workplace challenges and create a more inclusive, equitable professional environment. However, this course is not only for women—we encourage participation from all genders who are committed to promoting non-discriminatory workspaces and equal opportunities for all.
👩🎓👨🎓 Who Should Join?
✅ Professionals in development, research, economics, and data analysis fields
✅ Individuals seeking to improve their skills in data management for research
✅ Beginners who want to use Stata for basic statistical analysis
✅ Master's or PhD students preparing for courses in quantitative methods
✅ Staff from NGOs/INGOs/CSOs involved in data-driven projects
🗓️ Course Duration & Schedule
📌 Duration: 7 weeks
📌 Class Days: Every Tuesday, Wednesday, and Thursday
📌 Time: 7:00 PM – 9:00 PM (MMT)
📌 Format: Live Zoom Classes
📌 Start Date: 01 July 2025
📚 Course Content Overview
🔹 Introduction to Statistics
🔹 Getting Started with Stata Interface and Basics
🔹 Data Cleaning & Variable Management
🔹 Descriptive Analysis in Stata
🔹 Creating Tables and Visual Graphs
🔹 Hypothesis Testing
🔹 Introduction to Regression Analysis
🔹 Hands-on Practice with Real-life Datasets
💰 Course Fee: MMK 150,000 per participant
📝 Registration Deadline: 28 June 2025
💬 To register or learn more, please contact us via page Messenger. We’re happy to assist you!
📝 Registration Form: https://docs.google.com/forms/d/1555GxNfbX8deHNqrJSZhIJLloog-l5VlvC9coZKnE8U/edit?usp=drivesdk
Website Link: https://www.inyaeconomics.org/news-events/introduction-to-statistics-stata-2025/
12/05/2025
ဘောဂဗေဒဘာသာရပ်ကို စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများ အားလုံး မင်္ဂလာပါ။
အင်းလျားဘောဂဗေဒက နှစ်စဉ်ဖွင့်လှစ်ပေးနေသော ဘောဂဗေဒအခြေပြု (ဘောဂဗေဒအခြေခံ) သင်တန်းကို ၂၀၂၅ခုနှစ်တွင် ပုံမှန်အတိုင်း ပြန်လည် စတင်သင်ကြားပေးပါမည်။ အင်းလျားဘောဂဗေဒအဖွဲ့ ဘောဂဗေဒသင်ကြားရေးပရိုဂရမ်၏ “ဘောဂဗေဒ သင်ယူလေ့လာမှုသည် မည်သည့်အခြေအနေတွင်မဆို ရပ်တန့်ခြင်းမရှိစေရ” မူကို စွဲကိုင်လျက် အခက်အခဲများကြားမှ နှစ်စဉ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားပြီး ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economics Course) ဖွင့်လှစ်လျက်ရှိပါတယ်။ သင်တန်း၏ အမြဲပြုပြင်တိုးတက်ပြောင်းလဲနေသော သင်ရိုး၊ ဆရာ ဆရာမနှင့် အစီအစဉ်များအရ
ယခုနှစ်တွင်
၁။ ။ မိုက်ခရိုဘောဂဗေဒ (Microeconomics)
၂။ ။ မက်ခရိုဘောဂဗေဒ - နိုင်ငံလုံးဆိုင်ရာဘောဂဗေဒ (Macroeconomics)
၃။ ။ စာရင်းအင်းဗေဒ (Statistics)
၄။ ။ ဘောဂဗေဒသင်္ချာ (Mathematical Economics)
တို့ကို သင်ကြားပေးသွားပါမည်။
ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economic Course)သည် ဘောဂဗေဒကို အထူးစိတ်ဝင်စားသူများအတွက်သာ ရည်ရွယ်ထားသည့်အလျှောက် အထူးကြပ်မတ်၍ သင်ကြားပေးသွားပါမည်။ ထို့အတွက် ကျောင်းသူကျောင်းသားများကို အကြိုသင်တန်းအနေဖြင့် စတင်
သင်ကြားပေးပြီး ဝင်ခွင့်စာမေးပွဲကို စစ်ဆေးပါမည်။ ဝင်ခွင့်စာမေးပွဲအောင်မြင်သူများသာလျှင် ၂၀၂၅ခုနှစ် ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economics Course) ကို တက်ရောက်ခွင့်ရရှိပါမည်။
အကြိုသင်တန်းကို တက်ရောက်ရန် အောက်ပါလင့်မှတဆင့် လျှောက်ထားနိုင်ပါသည်။
လင့်။ ။ https://forms.gle/bKfd3RVdBzKJEy188
အတန်းချိန်မှာ ယေဘုလျအားဖြင့် စနေ၊ တနင်္ဂနွေ မနက်၉နာရီမှ ညနေ ၄နာရီ အထိ ဖြစ်ပါသည်။
သိလိုသည်များကို အင်းလျားဘောဂဗေဒ ပေ့ချ်မက်ဆင်ဂျာ နှင့် ပရိုဂရမ်မေးလ်လိပ်စာ [email protected] မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်။ ပို့စ်တွင် ရေးသားထားပြီးသည့် အချက်အလက်များကို ပေ့ချ်မက်ဆင်ဂျာတွင် ပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ။
Call for Applications – Foundation Economics Course (FEC 2025)
Warm greetings to all economics students!
Inya Economics is pleased to open applications for the 2025 Foundation Economics Course (FEC) – a flagship annual program providing essential economic training to aspiring students across Myanmar. Despite ongoing challenges, we continue our mission: "Let us not stop economics education, under any circumstance."
This year, students will explore the following five modules:
Microeconomics
Macroeconomics
Statistics
Mathematical Economics
The course includes pre-sessions and a comprehensive exam. Only selected students who pass the exam will be eligible to attend the full FEC 2025 course.
Apply now for the Pre-course Lectures using the link below:
Link: https://forms.gle/bKfd3RVdBzKJEy188
Contact us via Messenger or email: [email protected]
Let’s continue to learn and grow together for the future of Myanmar.
10/04/2025
ငလျင်ဘေးဒဏ်ဆိုင်ရာ ကူညီမှုအား အသိပေးအကြောင်းကြားခြင်း (၂)
အင်းလျားဘောဂဗေဒ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့မှ စစ်ကိုင်းတိုင်းရှိ အိမ်ခြေ ကိုးရာရှိသောဒေသတွင် ငလျင်ဘေးကြောင့် အိမ်ခြေ (၁၇၀)ကျော် ပျက်စီးသွားကြောင်း လေ့လာသိရှိရပါတယ်။ အဆိုပါ ငလျင်ဒဏ်ခံရသည့် ရွာများတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဒေသခံများ၏ ရေတွင်းများမှ ရေများ မထွက်ရှိတော့သဖြင့် ရေတွင်းများတူးပေးခြင်း၊ ရေစက်ဝယ်ယူခြင်းနှင့် လတ်တလော ရေစက်မောင်းနှင်နိုင်ရန် စက်သုံးဆီများ ဝယ်ယူခြင်းများကို သက်ဆိုင်ရာ ပရဟိတအဖွဲ့များနှင့် ချိတ်ဆက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းများပြီးစီးရန် လျာထားချက်မှာ ဧပြီလထဲတွင် ပြီးစီးမည်ဟု ခန့်မှန်းထားပါတယ်။
📷: (2025)
(English Version)
Earthquake Relief Assistance Notification (2)
The Inya Economics Emergency Response Team(ERT) has conducted a preliminary assessment to provide assistance to villages affected by the earthquake in Sagaing Region. According to the findings, after the earthquake, local residents reported that water no longer flows from their wells. As a result, there is an urgent need for digging new wells, purchasing water pumps, and acquiring fuel to operate the pumps in the short term. The ERT team is currently coordinating with relevant voluntary organizations to address these needs. The estimated timeline for the completion of the activities is expected to be within April.
📷: (2025)
https://www.inyaeconomics.org/news-events/earthquake-relief-assistance-notification-2/
02/04/2025
ငလျင်ဘေးဒဏ်ဆိုင်ရာ ကူညီမှုအား အသိပေးအကြောင်းကြားခြင်း (၁)
ဧပြီလ ၁ရက်နေ့အထိ သိရှိရတဲ့ သတင်းအချက်အလက်များအရ မြန်မာ့ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူဦးရေ ၂၇၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၄၅၀၀ ကျော်ရှိလာခဲ့ပြီး အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသော မိသားစုများ အလွန်များပြားစွာရှိခဲ့သည့်အတွက် မိမိတို့အဖွဲ့အစည်းအနေဖြင့် ပြည်သူများနှင့်အတူ များစွာ ပူဆွေးဝမ်းနည်းမိပါကြောင်း တင်ပြပါရစေ။
မိမိတို့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်၏ မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁) ရက်နေ့အထိ မြေပြင်ကွင်းဆင်းတွေ့ရှိချက်များအရ စစ်ကိုင်းတိုင်းရှိ ငလျင်ဗဟိုချက်မနှင့် များစွာမကွာသည့် ဒေသတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရသည့် ကာလတိုကို ကျော်လွန်လာပြီးနောက်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ တပါတည်း လုပ်ဆောင်ရန်လိုအပ်လာကြောင်း သိရှိရပါသည်။ ထို့ကြောင့် အမှန်တကယ်လိုအပ်နေသည့်အရာများကို မြေပြင်ရှိပရဟိတအဖွဲ့များနှင့် တိုင်ပင်ပြီး လှူဒါန်းမှု စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ လိုအပ်သည့်လုပ်ငန်းကို လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းအနယ်နယ် အရပ်ရပ်မှ ပြည်သူများ၏ လှူဒါန်းငွေများကိုလည်း မိမိတို့အဖွဲ့မှ လက်ခံရရှိထားပါသည်။
ဧပြီလ (၂) ရက်နေ့ထိ လက်ခံရရှိငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မြန်မာကျပ်ငွေဖြင့် - 4,080,000 MMK
ထိုင်းဘတ်ငွေဖြင့် - 20,700 THB
စင်ကာပူဒေါ်လာငွေ - 740 SGD တို့အား ဧပြီလ (၂)ရက်နေ့အထိ (စုစုပေါင်း ကျပ် သိန်း၉၀ဝန်းကျင်) ရရှိထားပြီး ဖြစ်ပါသည်။
များမကြာခင်ကာလအတွင်း လုပ်ငန်းဆိုင်ရာ အထောက်အထားများကို ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါသည်။
ဆက်လက်လှူဒါန်းလိုသူများအနေဖြင့် အင်းလျားဘောဂဗေဒ ဝက်(ဘ်)ဆိုက်တွင် ဖော်ပြထားသော ဘဏ်အကောင့်များမှတဆင့် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
https://www.inyaeconomics.org/news-events/hope-for-myanmar-every-donation-counts/
📷: (2025)
------------------------------------------------------------------------
(English Version)
Earthquake Relief Assistance Notification (1)
As of April 1, reports indicate that the earthquake in Myanmar has resulted in over 2,700 deaths and more than 4,500 injuries, with a significant number of families losing their homes. Our organization deeply mourns this tragedy alongside the affected communities.
Based on the field assessments conducted by our emergency response team member from March 30 to April 1, the immediate rescue phase has concluded in areas near the earthquake's epicenter in Sagaing Region. As a result, the focus must now shift toward recovery and rebuilding efforts. To ensure that aid reaches where it is most needed, we are coordinating with voluntary organizations on the ground to identify urgent priorities and begin relief distributions.
To support these efforts, our organization has received donations from both domestic and international communities. As of April 2, the total funds received are as follows:
- Myanmar Kyat (MMK) – 4,080,000 MMK
- Thai Baht (THB) – 20,700 THB
- Singapore Dollars (SGD) – 740 SGD
We will continue to provide updates and documentation on the progress of relief activities in the coming days.
For those who wish to contribute, donations can be made through the bank accounts listed on the Inya Economics website. Your support is crucial in helping affected communities recover.
https://www.inyaeconomics.org/news-events/hope-for-myanmar-every-donation-counts/
📷: (2025)
30/03/2025
Hope for Myanmar – Every Donation Counts!
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းကို အခြေပြု၍ ပြင်းအား ၇.၇ ရှိသော ငလျင်လှုပ်ခဲ့ပါတယ်။ အဆိုပါ ငလျင်၏ သက်ရောက်မှုများကို စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ဒေသတို့ရှိ ပြည်သူများက အဓိက ခံစားနေရပါတယ်။
အဆိုပါ ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများကို တတ်အားသရွေ့ကူညီရန် မိမိတို့ အင်းလျားဘောဂဗေဒမှ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (Emergency Response Team-ERT)ကို ဖွဲ့စည်းထားပါတယ်။ အဆိုပါ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့အတွက် အဖွဲ့အစည်းမှ ကျပ်ငွေ (၁၀)သိန်းကို ကမကထပြုပြီး စစ်ကိုင်းတိုင်းရှိ မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးထိခိုက်သွားတဲ့ ပြည်သူတွေဆီ လှူဒါန်းမှုတစ်ခု ပြုလုပ်သွားရန် စီစဉ်လျက်ရှိပါတယ်။ အင်းလျားဘောဂဗေဒ မိတ်ဆွေများ၊ သင်တန်းသူ/သားများ၊ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း မိမိတို့ တတ်အားရှိသရွေ့ ပါဝင်လှူဒါန်းပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။
ငလျင် ဗဟိုချက်ဖြစ်သော စစ်ကိုင်းဒေသဘက်ရှိ မြေပြင်အဆက်သွယ်များနှင့် ချိတ်ဆက်ပြီး ကောက်ခံရရှိသမျှ လှူဒါန်းငွေများကို စုပေါင်းပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်။ လှူဒါန်းသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လှုဒါန်းမှုအတွက် အင်းလျားဘောဂဗေဒမှ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ အသိအမှတ်ပြု့ ကျေးဇူးတင်လွှာများကိုလည်း ထုတ်ပေးမည် ဖြစ်သည်။
လှူဒါန်းလိုသူများအနေဖြင့် မိမိတို့ ဝက်ဆိုက်တွင် ဖော်ပြထားသော ဘဏ်အကောင့်များမှတဆင့် ပေးပို့လှူဒါန်းနိုင်ပါတယ်။
https://www.inyaeconomics.org/news-events/hope-for-myanmar-every-donation-counts/
လှူဒါန်းပြီးသူများအနေဖြင့် မိမိတို့ page messenger မှသော်လည်းကောင်း၊ အောက်ပါ Google Link တွင် ငွေလွှဲထားသည့် Screenshot (SS) တင်ထားပေးနိုင်ပါသည်။
👉👉 https://forms.gle/fyRV4j4ad5WiUnVh8
မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး အလိုအပ်ဆုံးသူများအတွက် မျှော်လင့်ချက်များကို ယူဆောင်ပေးကြပါစို့။
----------------------
(English Version)
Hope for Myanmar – Every Donation Counts!
On March 28, 2025, a powerful 7.7 magnitude earthquake struck Myanmar, with its epicenter in Sagaing Region. The devastating impact has affected people across Sagaing, Mandalay, Bago, Shan State, and Nay Pyi Taw.
To provide urgent assistance to those affected, Inya Economics has established an Emergency Response Team (ERT). The organization has allocated 1,000,000 MMK to support earthquake victims in Sagaing Region, where communities have suffered severe destruction and loss.
We encourage our friends, students, and partner organizations to contribute as much as possible to this relief effort. All donations will be collected and distributed directly to those in need through local networks in the affected areas.
The ERT team will ensure full accountability and transparency in handling donations, and official acknowledgment receipts will be provided.
If you would like to donate, please use the bank account details in our website.
https://www.inyaeconomics.org/news-events/hope-for-myanmar-every-donation-counts/
Donors can submit their donation proof by uploading a screenshot (SS) of the transaction via our page Messenger or through the Google Link provided below.
👉👉 https://forms.gle/fyRV4j4ad5WiUnVh8
Let’s stand with Myanmar and bring hope to those who need it most.
Photo Credit: BBC Burmese
28/02/2025
ERBL Vol.1 Issue.2
ဘောဂဗေဒစာစဥ် (ဗမာဘာသာ)၊ အတွဲ၁၊ အမှတ်၂ ထုတ်ဝေလိုက်ပါပြီ။ ဘောဂဗေဒပညာရေးပရိုဂရမ်၏ ပညာရေးထုတ်ကုန် ဖြစ်ပါသည်။
အောက်ပါlinkတွင် download ရယူနိုင်ပါသည်။
https://www.inyaeconomics.org/books/
31/01/2025
ဘောဂဗေဒစာစဥ် (ဗမာဘာသာ)၊ အတွဲ၁၊ အမှတ်၁ ထုတ်ဝေလိုက်ပါပြီ။ ဘောဂဗေဒပညာရေးပရိုဂရမ်၏ ပညာရေးထုတ်ကုန် ဖြစ်ပါသည်။
အောက်ပါlinkတွင် download ရယူနိုင်ပါသည်။
https://www.inyaeconomics.org/books/