01/02/2017
သံတောင်ကြီးကို သူများတွေ သွား နေ တာ တွေ့  ကတည်း က သွား ချင် နေ တာ... ကျနော် တို့ သွား ဖြစ် တော့ ရာသီဥတု က နည်း နည်း လေး နောက်ကျ နေ ပြီ ပေါ့.... နိုဝင်ဘာ ဒီဇင်ဘာ ဆို ရင် ပိုကောင်း မယ် ..... ဓာတ် ပုံ ဆရာတွေ တော့ သိပ် မရောက်ဖြစ်ကြဘူး ထင် တယ်...ပုံလေးတွေသိပ် မတွေ.့ ရ ဘလူး .... ကျနော် တို့  Ultimate Landscape Photographer Group က တော့ ရန်ကုန် နဲ့  လဲနီး သွားရ လဲ လွယ် ကူး အပျင်း လဲပြေ ဓာတ် ပုံလဲ ရိုက် ဆို ပြီး သွား ခဲ့ ကြ တာ ပေါ့.... ရန်ကုန်က နေ အေးအေးဆေးဆေး မနက် ၇နာရီလောက်ထွက် လမ်း မှာ ရပ်လိုက် နား လို က် ဟိုဟာ စား ဒီ ဟာ စား နဲ့  နေ့ ခင်း ၁ နာရီ လောက် မှာ သံတောင်ကလေး မှာ နေ့ လည်စား စား ကြ တာ ပေါ့... ပြီး မှသံတောင် ကြီး ကို တက် ညနေ ၂နာရီ ခွဲတော့ ရောက် ရော... ကျနော် တို့ က ကြိုတင် ဘိုကင် တင် ထား တာ က iWish Hotel မှာ အထုပ်တွေဘာ တွေ ချ ပြီး ခနနား ပြီး တော့ တောင် ပေါ်တက် ပြီး ဓာတ် ပုံ ရို်က် ဖို့  ပြင် ဆင် ကြ တာ ပေါ့
တက်ကြမယ် ဆို တော့ တောင် က ၂ တောင် ရှိ ပါတယ်...ဒီဘက် က နော်ဘူဘော် တောင်ရယ် ကျနော် တို့  တက် ခဲ့ တဲ့ မယ်တော် အုတ် ဂူ ရှိတယ် ဆို တဲ့ တောင် ရယ်ပေါ့.... ဓာတ် ပုံ ဆရာ အကြိုက် ကတော့ မယ် တော် အုတ်ဂူရှိတဲ့ တောင် ကို ပိုကြိုက်တယ်... ဟို ဘက် တောင် က တော့ ကျဉ်းပြီး မြင်ကွင်း ကသိပ်မလှ ဘူး..ဒီဘက် တောင် က တော့ ၃၆၀ ဒီဂရီ အကုန် လုံး ပတ်ပတ်လည်ကို မြင်ရပါတယ်...ကျနော် တို့  တွေ က တောင် ထိပ် မှာ စခန်း ချ တာ ဆိုတော့ ကား နဲ့ တောင်ထိပ် ထိ တက် ခဲ့ ပါတယ်....လမ်း က မတ်တော့ ကား သေး တော့ မရ လောက် ဘူး 4 wheels ဂီယာပါတဲ့ ကားအမြင့်တွေ နဲ့  မှ တက်လို့ ရပါမယ်...4 wheels မရှိ လဲ ကတ်တရာလမ်း အဆုံး တောင်ခြေ မှာ ကား ရပ်ပြီး လမ်းလျောက်တက်လို့ လဲ ရ တယ်...နီးနီးလေး
Landscape ရိုက်တဲ့ဓာတ်ပုံဆရာတွေ အတွက် Star trail တို့  Sunrise , Sunset တို့  ကို တနေရာထဲ မှာ ပဲ ပတ်ချာလည်ရိုက် လို့ ရတဲ့ နေရာ လေး တခု ပါ... ကျနော် တို့ က တော့ Outdoor သမား တွေ မို့  တောင်ပေါ် မှာ တဲ ထိုး ပြီး အိပ်ကြပါတယ်... ရာသီဥတု က အေးပြီး နေ လို့ ကောင်း ပါတယ်... ပြီးတော့ စားစရာတွေ လဲ ရန်ကုန် ကနေ သယ် လာပါတယ်.... တောင် ပေါ် မှာ နေ့ လည် စား ရော ညစာ ပါ စား ကြပါတယ်.... လို တာလေး တွေ က တော့ ကျနော် တို့  တည်းတဲ့ iWish hotel က နေ မှာ ပါတယ်.... သူ တို့  က အပေါ် ထိ လိုက် ပို့  ပေး ပါတယ်... အတော် ဆားဗစ် ကောင်း တဲ့ ဟိုတယ် ပါ... တကယ် အပို မပြော ဘူး... မနက်စာ နေ့ လည် စာ ညစာ ရယ် ၂ ည အိပ် အခန်း ၈ခန်း အပါ လူ ၁၄ ယောက်စာ ကို တယောက် ၃ သောင်း ခွဲ ပဲကျ ပါတယ်.... ဒါ က ကျနော် တို့  Information ပေး တာပါ.... https://www.facebook.com/iwishbnb/?fref=ts iWish ပေ့ ခ်ျ ပါ
အောက် မှာ တော့ ကျနော် တို Ultimate Landscape Photographer Group က ရိုက် ထား တဲ့ ပုံ လေး တွေ ကို ရှဲထား ပါတယ်.... အခုမှ စ ရိုက် တာ မကြာ သေး တဲ့ Landscape Photography class သင်တန်းဆင်းလေး တွေရဲ့ လက် ရာ တွေ မို့ သည်းခံ ကြည့် ကြပါလို့ ..... ကျနော် တို့  လို သူငယ်ချင်း ဓာတ် ဆရာ ဂရုလေးတွေ ရန်ကုန် နဲ.့ အနီး တ၀ိုက် ဓာတ် ပုံ ထွက်ရိုက် မယ် ဆို သံတောင် ကြီး သွား ဖို့  တိုက်တွန်းလိုက်ပါတယ်.....
လိုအပ်တဲ့ တဲ တွေ ထို်င် ခုံတွေ တော့ သယ် သွား နော်.... အပေါ်မှာတော့ နည်းနည်းအေး တယ်...မီးပုံဖို လို့  ရပါတယ်...အရေး ကြီး ဆုံး က တောင် ထိပ်မှာ အိပ်မယ် ဆိုရင် တောင်မတက် ခင် အောက် က ကား ပါ ကင် နား မှာရုံး ခန်း ရှိ ပါတယ်... အရင် ဆုံး အသိ ပေး ပြီး မှအိပ် ပါ ခင်ဗျား.... အရမ်း သဘောကောင်း ပြီး ကူညီမဲ့သူတွေအပြည့် နဲ.့  သံတောင် ကြီး ကို ကျနော် တို့  တွေ လဲ သိပ် မကြာ ခင် ထပ် သွားကြဦး မှာပါ.. အား လုံး ဖတ် ပေး လို့  ကျေးဇူးပါ ....
Aung Lwin Aung Htun Htun Lwin Zaw Lin Aung Soe Naing Mee DE Soemyint Winn Myo Hein Zaw Win Aung