SHIAWASE Japanese School

SHIAWASE Japanese School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHIAWASE Japanese School, School, No. 48, InnGyinMyaing Lane(5), 23Qr, Thuwanna, Thingangyun Tsp, Yangon.

04/07/2023

こんにちは

အခုလက်ရှိဂျပန်နိုင်ငံမှာ Kaigoအလုပ်လုပ်ကိုင်နေသူများရှိမလားလို့ပါ 🙇‍♀️

အားလုံးပဲမင်္ဂလာပါ OWIC Card လျှောက်တုန်းက အိရဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးချင်ပါတယ် အိကagencyမရှိပဲ Engineer/Sp...
26/01/2023

အားလုံးပဲမင်္ဂလာပါ

OWIC Card လျှောက်တုန်းက အိရဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးချင်ပါတယ်

အိကagencyမရှိပဲ Engineer/Specialist in Humanities/Int’l Services visaအမျိုးအစားနဲ့ ဂျပန်ကိုသွားခဲ့ပါတယ်

OWIC card လျှောက်ဖို့အတွက် ၂ရက်သင်တန်းတက်ဖို့ အားလုံးသိပြီးသားလို့ထင်ပါတယ်။

အဲတော့သင်တန်းဘယ်လိုအပ်ရမလဲ?

သင်တန်းတက်ဖို့က၃ပတ်လောက်စောင့်ရပါတယ် (အပြောင်းအလဲရှိနိုင်ပါတယ်)

COE မိတ္တူရှိတာနဲ့လျှောက်လို့ရလို့ အကြံပြုချင်တာကတော့ COEမူရင်းရတာကိုမစောင့်ပဲ သင်တန်းသွားအပ်ထားခြင်းက အချိန်ကုန်သက်သာစေပါတယ်

ပြီးတော့ လိုအပ်သောစာရွက်စာတမ်းများယူပြီး မြောက်ဒဂုံကျောင်းမှာ လူကိုယ်တိုင်သင်တန်းသွားအပ်လိုက်ခြင်းက ပိုမိုထိရောက်ပါတယ်
(ဖုန်းဆက်မေးလဲ လူကိုယ်တိုင်လာလျှောက်ခိုင်းပါတယ်)

သင်တန်းအပ်ရန်လိုအပ်သောစာရွက်စာတမ်းများ

- လျှောက်လွှာ (Printerထုတ်ပြီးယူသွားနိုင်/ ကျောင်းအရှေ့ကမိတ္တူဆိုင်များတွင်ဝယ်နိုင် / ကျောင်းတွင်တောင်းနိုင်)
- Offer Letter or Demand Letter (အိတုန်းကတော့Offer Letter eng ver ယူသွားပါတယ်)
- Employment Contract မိတ္တူ (မြန်မာ+ဂျပန်၂ဘာသာနဲ့ယူသွားပါတယ်)
- Passport မိတ္တူ
- COE မိတ္တူ
- ဘွဲ့လက်မှတ် မိတ္တူ
- ဂျပန်စာအရည်အချင်း မိတ္တူ

သင်တန်းတက်ရန်လိုအပ်ချက်များ

- ဘောပင် (လက်မှတ်ထိုးရန်) ( တနေ့ကိုလက်မှတ်၂ကြိမ်ထိုးရပါတယ် မနက်တကြိမ်+နာမည်ပါခေါ်ပါတယ် မရှိရင်သင်တန်းဆင်းလက်မှတ်မရပါဘူး။ နေ့လည်ထမင်းစားပြီး၁ကြိမ်)
- Passport Copy or Photo ( သင်တန်းဆင်းလက်မှတ်ကို နာမည်နဲ့ ပတ်စ်ပို့နံပါတ်နဲ့ပေးပါတယ်။ ကိုယ့်ပတ်စ်ပို့နံပါတ်မှန်/မမှန် တက်စစ်ရန်လိုအပ်ပါတယ်။)
- ယပ်တောင် *must haveပါ* ပူပါတယ်
★သင်တန်းဆင်းလက်မှတ်က ၂ရက်မြောက်နောက်ဆုံးအချိန်မှာ တခါထဲပေးလိုက်ပါတယ်

※ သင်တန်းတက်ဖို့စောင့်နေရင်း ဗီဇာလျှောက်ထားပါ

သင်တန်းဆင်းလက်မှတ်ရတာနဲ့ နေပြည်တော်ကိုစာပို့လို့ရပါပြီ (Royal Express ကိုသုံးလို့ရပါတယ်။)

လိုအပ်သောစာရွက်စာတမ်းများ

- အပေါ်စာ
- Offer Letter or Demand Letter မိတ္တူ
- ပြည်ဝင်ခွင့်ဗီဇာ မိတ္တူ
- Employment Contract မိတ္တူ
- Passport မိတ္တူ
- ဘွဲ့လက်မှတ် မိတ္တူ
- ဂျပန်စာအရည်အချင်းမိတ္တူ
- သင်တန်းဆင်းလက်မှတ် မိတ္တူ


နေပြည်တော်ကိုစာပို့ပြီးရင်တော့ အားလုံးသိပြီးသားအတိုင်း Save migration ရဲ့ Telegram မှာ ကိုယ့်နာမည်ပါတာ စောင့်ရပါတယ်။

စောင့်နေတဲ့အချိန်အတွင်းမှာ ပြည်ပအလုပ်သမားကဒ်ကို နီးစပ်ရာ အလုပ်သမားရုံးမှာ ကဒ်လုပ်ထားပါ။

Telegram မှာ ကိုယ့်နာမည်ပါလာပြီ ဆိုရင်တော့ ကိုယ့်နာမည်ပါတဲ့စာရွက်ကို Print ထုတ်ပြီး မြောက်ဒဂုံရုံးမှာ OWICကဒ်သွားထုတ်လို့ပါပြီ။

OWICကဒ်ဘယ်လိုထုတ်မလဲ?

တရက်ထဲပြီးချင်ရင် မနက်၉နာရီရုံးဖွင့်ချိန်အမှီသွားဖို့ အကြံပြုချင်ပါတယ်။

- အရင်ဆုံး နေပြည်တော်ကစာကျ/မကျစစ်ပါတယ်။ အဲဒီကောင်တာမှာပဲ ၃,၂၀၀ကျပ်ငွေသွင်းရပါတယ်။

- လိုအပ်တဲ့စာရွက်စာတမ်းတွေက

Ø လျှောက်လွှာ

Ø Telegramမှ ကိုယ့်နာမည်ပါသောစာရွက်

Ø အလုပ်သမားကဒ်

- ဒုတိယအနေနဲ့ ကဒ်မှာဖော်ပြဖို့ ဓာတ်ပုံရိုက်ပါတယ်။ အလှသေချာပြင်သွားပါ။ လက်ဖွေနှိပ် မျက်စိ scan ဖြတ်ပြီးရင် ရပါပြီ။

- နောက်ဆုံးကောင်တာမှာ ကဒ်ထုတ်ပေးတာစောင့်ပြီး ကဒ်ရရင် ကိုယ့်ကိုယ်ရေးကိုယ်တာ အချက်တွေ မှန်/မမှန်စစ်ပြီး ပြန်လို့ရပါပြီ။

Mission Complete

FYI
24/01/2023

FYI

What is “コンビニ“ in Japan ! အားလုံးပဲ မင်္ဂလာပါ။🛒 ဒီနေ့ကစာရေးချင်လာတာနဲ့ ဂျပန်နိုင်ငံရဲ့ convenience storeဆိုင်တွေအကြောင်း...
10/01/2023

What is “コンビニ“ in Japan !

အားလုံးပဲ မင်္ဂလာပါ။
🛒 ဒီနေ့ကစာရေးချင်လာတာနဲ့ ဂျပန်နိုင်ငံရဲ့ convenience storeဆိုင်တွေအကြောင်းရေးသွားချင်ပါတယ်။
🛒 ဂျပန်လို "コンビニ" က "コンビニエンスストア"ရဲ့အတိုကောက်ကိုဆိုလိုခြင်းဖြစ်ပါတယ်။
🪄 စစ်တမ်းများအရ ဂျပန်နိုင်ငံမှာ コンビニဆိုင်ပေါင်း ၅သောင်းကျော်ရှိတယ်လို့သိရပါတယ်။
⏰ コンビニတွေက 24/7 ဖွင့်တဲ့ဆိုင်တွေဖြစ်ပြီး 🍙おにぎりကအစ 🥐ပေါင်မုန့် 🍱ထမင်းဘူး 🍪သရေစာ 🧃အချိုရည် 🍻ဘီယာအပါအဝင် 🧻နေ့စဉ်သုံးပစ္စည်းတွေကိုပါ ဝယ်ယူနိုင်ပါတယ်။
🛒 ဒါ့အပြင် fast foodတွေဖြစ်တဲ့ 🍗ကြက်ကြော်အမျိုးမျိုး ပေါက်စီ 🍢おでんတွေကိုလဲ ဝယ်ယူနိုင်ပါတယ်။
☕️ အခုချိန်မှာဆိုရင် コンビニကနေ ကော်ဖီစေ့ကဖျော်တဲ့ ကော်ဖီ (အအေး/အပူ) ကိုလွယ်လွယ်ကူကူ စျေးသက်သက်သာသာ ဝယ်ယူနိုင်ပြီး လူကြိုက်များကြပါတယ်
🧾コンビニကစျေးဝယ်ခြင်းဆိုတဲ့ services အပြင် ရေဖိုး မီးဖိုးအစရှိတယ့် ဘေအမျိုးမျိုးပေးဆောင်ခြင်း၊ ပန်းခြံ အားကစားပွဲ ဖျော်ဖြေပွဲ ပြဇာတ်လက်မှတ်များကိုလဲ ဝယ်ယူနိုင်ပါတယ်။
🖨️ ထို့အပြင် Printing Services လဲရှိတာကြောင့် Copy Print Scan Fax services တွေလဲရရှိနိုင်ပါတယ်။
🪪 နောက်ပိုင်း my number card ရပြီးသားသူတွေက ရပ်ကွက်ရုံးသွားစရာမလိုပဲ Residence Recordတွေ အခွန်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအစရှိတာတွေလဲ ထုတ်လို့ရနိုင်လာမှာဖြစ်ပါတယ်။
📦 コンビニမှတဆင့် သက်ဆိုင်ရာ ပို့ဆောင်ရေးကုမ္ပဏီများကိုအသုံးပြုပြီး ပစ္စည်းတွေကိုလဲ ပေးပို့နိုင်သလို ATMတွေလဲရှိတာကြောင့် ပိုက်ဆံထုတ်တာ၊ လွှဲတာတွေလဲလုပ်နိုင်ပါတယ်။
🚽 အချို့ コンビニတွေမှာ အိမ်သာလဲအသုံးပြုနိုင်ပါတယ်။
🛒 ဂျပန်နိုင်ငံမှာ ဆိုင်ခွဲအများဆုံးနဲ့ လူကြိုက်အများဆုံး コンビニတွေက 7-Eleven Family Mart နဲ့ Lawsonတို့ဖြစ်ပါတယ်။
🛒 ဂျပန်ရောက်ပြီဆိုတာနဲ့ コンビニဆိုင်တွေကိုအနည်းဆုံးတခါလောက်ကတော့ အသုံးပြုရမှာဆိုတော့ ကြိုလေ့လာထားလို့ရပါတယ်ရှင့်။

PS. ဆိုင်ခွဲ၊ ပေးနိုင်သောservices၊ လူကြိုက်အများဆုံး ranking တွေက နေရာ အချိန်ပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။

Next Target ❗️
28/07/2022

Next Target ❗️

15/07/2022

Asahi Shinbun Scholarship (သတင်းစာပို့ရင်းကျောင်းတက်ရောက်နိုင်မည့်ပညာသင်ဆု)အတွက်လျှောက်လွှာခေါ်ယူခြင်း။

၂၀၂၃ ခုနှစ် ဧပြီလ အတွက်ခေါ်ယူမည့် သတင်းစာစကော်လားရှစ်အား စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

လိုအပ်ချက်များ
၁) ဂျပန်ဘာသာ အရည်အချင်း တွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ၊ Top-J, Nat-test, J-Test (N3) နှင့် အထက် အောင်မြင်ထားသူ (အောင်လက်မှတ်တင်ပြနိုင်ရမည်)

၂) အသက် (၂၆)နှစ်အောက်ရှိသူ

၃) တက္ကသိုလ် ပထမနှစ်နှင့်အထက်အောင်မြင်ထားပြီးသူ

၄) အိမ်ထောင်မရှိသူ

၅) တက်တူး (လုံးဝ) မရှိသူ

ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။

လျှောက်လွှာလက်ခံကာလ
ဖောင်လက်ခံကာလ- ၁၈.၇.၂၀၂၂ နေ့ မနက် ၁၀နာရီ မှ၂၈.၇.၂၀၂၂ ညနေ ၄နာရီ အထိ

လျှောက်လွှာလျှောက်ထားခြင်း
အောက်ဖော်ပြပါ Google Form အားဖြည့်စွက်၍ ဓါတ်ပုံ (3cm x 4cm) နှင့် ဂျပန်ဘာသာစာမေးပွဲအောင်လက်မှတ် အားပူးတွဲတင်ပြပေးရပါမည်။

https://forms.gle/JGzhhmob3gHe79zx7

လျှောက်ထားပြီးသူများအား Scholarship နှင့်ပတ်သတ်သည့် အသေးစိတ်အစီအစဥ်များအား Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတဆင့်သာဆက်သွယ်ပေးပို့သွားမည်ဖြစ်ပါသည်။

MAJA Education Centre
09- 428 613 848

皆さん、こんばんはSHIAWASE ကနေ give away ပေးချင်ပါတယ်📚 SHIAWASE ကဆရာမ ဂျပန်စာလေ့လာတုန်းက အသုံးပြုခဲ့တဲ့စာအုပ်တွေကို လက်ဆောင်ပေးချ...
12/07/2022

皆さん、こんばんは

SHIAWASE ကနေ give away ပေးချင်ပါတယ်
📚 SHIAWASE ကဆရာမ ဂျပန်စာလေ့လာတုန်းက
အသုံးပြုခဲ့တဲ့စာအုပ်တွေကို လက်ဆောင်ပေးချင်တယ်
🛵 Delivery Feeတော့ ကျခံပေးပါနော်
📦 တစ်ယောက်ကို၂အုပ်အများဆုံးယူနိုင်ပါတယ်ရှင်
🎀 N3နှင့်အထက်သူတွေအတွက်အသုံးတတ်မယ်ထင်ပါတယ်
📩 Chat Boxကနေလိုချင်တဲ့စာအုပ်နဲ့ ပို့ပေးရမယ့်လိပ်စာပို့ပေးထားပါနော် 😉

ယခု ဖော်ပြပေးထားတယ့် အလုပ်ခေါ်စာကတော့ ရန်ကုန်မြို့မှာရှိတဲ့ Service Office ကခေါ်ယူခြင်းဖြစ်ပါတယ်ရှင့်။စိတ်ပါဝင်စားသူများ...
31/05/2022

ယခု ဖော်ပြပေးထားတယ့် အလုပ်ခေါ်စာကတော့ ရန်ကုန်မြို့မှာရှိတဲ့ Service Office ကခေါ်ယူခြင်းဖြစ်ပါတယ်ရှင့်။

စိတ်ပါဝင်စားသူများအနေဖြင့် CV Form များကို [email protected]သို့ E-mail မှတဆင့်ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်။

N4 Listening Class I⏰ ၁နေ့စာကျက်ချိန် နာရီဝက်၊ ၁နာရီက အရမ်းအဖိုးတန်ပါတယ် ⏰ ၁နေ့ ၁နာရီခွဲနှုန်းနဲ့ ၄လပိုင်း၂၃ရက်နဲ့မှ ၆လပ...
04/04/2022

N4 Listening Class I

⏰ ၁နေ့စာကျက်ချိန် နာရီဝက်၊ ၁နာရီက အရမ်းအဖိုးတန်ပါတယ်
⏰ ၁နေ့ ၁နာရီခွဲနှုန်းနဲ့ ၄လပိုင်း၂၃ရက်နဲ့မှ ၆လပိုင်း၁၉ရက်နေ့အထိ နာရီပေါင်း ၂၇နာရီကိုအတူတူ ကုန်ဆုံးဖို့ ဖတ်ခေါ်ချင်ပါတယ်
📚 N4 စာအုပ်ပေါင်းများစွာက listeningများကို SHIAWASE မှာရှာဖွေစုဆောင်းထားပေးမှာမို့ အသင့်အတူတူလေ့လာရုံပါပဲရှင်

02/04/2022

င်္သကြန်ပိတ်ရက်ရှည်မှာ ဘယ်လိုသင်တန်းမျိုး
ဖွင့်ပေးရမလဲ🤔

Address

No. 48, InnGyinMyaing Lane(5), 23Qr, Thuwanna, Thingangyun Tsp
Yangon
11072

Website

Alerts

Be the first to know and let us send you an email when SHIAWASE Japanese School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SHIAWASE Japanese School:

Shortcuts

Share

Category