04/03/2020
< Unicode >
Boost လုပ်တဲ့အခါ သိထားသင့်တဲ့ Placement တွေအကြောင်း 😎
===========================================
ဒီနေ့တော့ ကျွန်တော် တော်တော်များများသတိမထားမိကြတဲ့ Placement တွေအကြောင်းပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မလိုအပ်ဘဲ ငွေကုန်ကြေးကျများတာတွေမဖြစ်စေချင်လို့ပါ။ 🥰🥰🥰
တော်တော်များများက Automatic Placements ပဲထားတာကိုသွားပြီးတွေ့ရတယ်။ ရွေးရမှာပျင်းလို့လား ဒါမှမဟုတ် မသိလို့လား? တစ်ခုခုတော့တစ်ခုခုပါပဲ။ ဒါတွေထားပါ။ သိသင့်တာတွေဆက်သွားရအောင်!
Edit Placements ကိုနှိပ်လိုက်ရအောင်!
အရင်ဆုံး Device ဆိုတာရှိတယ်ဗျ။ Device မှာ နှစ်မျိုးနှစ်စားရှိတယ်။ တစ်မျိုးက Mobile ဖြစ်ပြီး နောက်တစ်မျိုးကတော့ Desktop လို့ခေါ်တဲ့ PC တွေ Laptop တွေပါပါတယ်။ ကိုယ်က ဘယ်ဟာသုံးတဲ့ User တွေကို Target ထားချင်လဲဆိုတာကို အဲ့ဒီမှာရွေးလို့ရပါတယ်။
နောက်တစ်ခုက Platform ပါ။ Facebook , Instagram , Messenger , Audience Network တွေကိုတွေ့ရမှာပါ။ ဒါကတော့ရှင်းပါတယ်။ ကိုယ်ဘယ် Platform တွေမှာပြချင်လဲဆိုတာကိုရွေးရတာပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက Instagram ကိုဖြုတ်ဖို့ပြောချင်တာပဲ။ ကိုယ်က Instagram မှာပါ Ads တက်ချင်ရင်တော့ Instagram ကိုရွေးပေါ့။ မဟုတ်လို့ကတော့ Instagram မှာ Ads ရောက်ပြီဆိုတာနဲ့ ဈေးကတော်တော်ကြီးသွားတော့တာပဲ။
နောက်ဆုံးအပိုင်း Placements ဆိုတဲ့အောက်မှာအများကြီးရှိတယ်။ အဲ့ဒီနေရာတွေမှာ ကိုယ့်ရဲ့ Content နဲ့လိုက်ဖက်မယ့်နေရာတွေကိုရွေးလို့ရတယ်ဗျ။ ဒီနောက်ဆုံးအပိုင်းနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ထပ်ပြောပြရင် Post အရမ်းရှည်သွားမှာစိုးလို့…ဒီလောက်ပဲပြောပြထားလိုက်မယ်ဗျာ။
ဒါတွေကိုအသေးစိတ်သိချင်လာပြီ။ လေ့လာချင်ပါပြီဆိုရင်တော့ BYIS Training Batch 2 ကို Join လိုက်တော့နော်။ 😍😍😍
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ❤️❤️❤️
< Zawgyi >
===========================================