04/09/2025
🚩AI နဲ့ HR ဘယ်လိုချိတ်ဆက်လို့ရနိုင်လဲ❓
လက်ရှိဖြစ်ပေါ်နေတဲ့ AI ဂယက်တွေဟာ အခုဆိုရင် ကျွန်တော်တို့ HR တွေအတွက်ပါ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေပါ ပူးတွဲပြီး ပါလာနေတာကို တွေ့နေရပါတယ်..
👉မြန်မာကုမ္ပဏီတွေမှာလည်း AI + HR ချိတ်ဆက်ထားမှုတွေရှိလာနေပါပြီ..
HR Function ရဲ့ ဘယ်နေရာတွေမှာ အသုံးများလည်းဆိုရင်
📌Recruitment → Job portal တွေ (JobNet, MyJobs) မှာ AI CV matching system အချို့သုံးလာကြတာတွေ့နေရတယ်။
📌Attendance & Payroll → Face recognition + automated payroll system သုံးတဲ့ local software house တွေ (BlueStone, MyanHR) မှာသုံးလာကြတယ်။
📌Employee Engagement → Survey + simple chatbot tool များ အသုံးပြုလာနေကြတယ်။
📌HR Assistant တစ်ယောက်အနေဖြင့်လည်း ဝန်ထမ်းတွေ မေးမြန်းသမျှ ပြန်လည်ဖြေကြားပေးတဲ့ HR Chatbot တွေလည်း တဖြည်းဖြည်း အစားထိုးလာတာတွေ့နေရပါပြီ ..
❗ဒီနေရာမှာ နည်းနည်းရှင်းပြချင်တာကတော့ AI အစားထိုးလို့ရတဲ့အပိုင်းရှိသလို၊ အစားထိုးလို့မရတဲ့အပိုင်းလည်းရှိပါတယ် ..
✅AI က အစားထိုးနိုင်မယ့်အပိုင်းများ
❗AI က algorithm နဲ့ data အပေါ် အခြေခံပြီး လုပ်ပေးနိုင်တဲ့ အလုပ်တွေမှာ အစားထိုးနိုင်ပါတယ် ..
👉Repetitive Tasks → CV screening, attendance checking, leave approval
👉Data Analysis → Payroll calculation, performance KPI analysis
👉Chatbot Communication → FAQ, basic HR inquiries (leave policy, salary date, benefits)
👉 ဥပမာ: ကုမ္ပဏီက ဝန်ထမ်း အယောက် ၁၀၀ hire လုပ်ဖို့ CV ၅၀၀၀ ကို HR staff ၁၀ ယောက်နဲ့ မနက် ၉ နာရီထဲ စိစစ်ဖို့မလွယ်ဘူး။ AI က အချိန်အနည်းငယ်ထဲမှာ filter လုပ်ပေးနိုင်တယ် ..
❌AI အစားထိုးလို့ မရနိုင်တဲ့ အပိုင်းများ
AI နဲ့ အစားထိုးမလို့ မရတဲ့ အချက်တွေက
❗Human Touch လိုအပ်တဲ့ အပိုင်းတွေဖြစ်ပါတယ် ..
👉Empathy & Emotional Intelligence → ဝန်ထမ်းရဲ့ စိတ်ဓာတ်ကျသွားမှုကို အားပေးတာ
👉Conflict Resolution → အဖွဲ့တွင်း ငြိမ်းချမ်းစေဖို့ မျက်နှာချင်းဆိုင် ဆွေးနွေးတာ
👉Leadership & Culture Building → အဖွဲ့အစည်းရဲ့ value, culture ကို တည်ဆောက်တာ
👉Strategic Decision Making → AI က data အပေါ် အကြံပေးနိုင်ပေမယ့် ရှေ့လမ်းကြောင်း ဦးတည်ဖို့ ကိုယ့်အတွေ့အကြုံနဲ့ တာဝန်ယူဆုံးဖြတ်ဖို့ HR leader လိုပါတယ်..
👉 ဥပမာ: ဝန်ထမ်းတစ်ဦး အလုပ်ထွက်ချင်နေပြီဆိုရင် AI က “Risk of Attrition = 85%” လို့ပြပေမယ့်, သူ့ကို ထိထိရောက်ရောက် motivate လုပ်နိုင်တာက လူတစ်ဦး HR manager ဖြစ်တယ်..
💥အနာဂတ် HR ရဲ့ အခန်းကဏ္ဍ
👉AI = Assistant → AI က HR ကို အစားထိုးမဟုတ်ဘဲ ကူညီပေးမယ့် နည်းပညာ ဖြစ်မယ်။
👉HR Role Upgrade → Transactional HR → Strategic HR
(ဉာဏ်ရည်အတုနဲ့ တူတဲ့ repetitive task မဟုတ်ဘဲ, AI ကို အသုံးချပြီး strategy, leadership, culture, talent management ကို အာရုံစိုက်မယ်)
✅အကျဉ်းချုပ်
❗AI က HR ကို အပြည့်အဝ အစားထိုးလို့ မရသေးပါဘူး ဒါပေမယ့် day-to-day operation,repetitive work တွေကို AI က လိုက်ထောက်ပံ့မယ့်အတွက် HR သည် ပိုပြီး လူနဲ့ ပတ်သက်တဲ့ strategic decision & leadership ကို အာရုံစိုက်ရမယ်..
💥Future HR Skills အနေနဲ့ AI နဲ့အတူ ရှင်သန်ဖို့ လိုအပ်တဲ့ကျွမ်းကျင်မှုများမှာ
-Strategic Thinking & Business Acumen
-Emotional Intelligence (EI)
-Change Management & Agility
-Leadership & Influence
-Creativity & Problem Solving
-Data Literacy & HR Analytics
-Technology & AI Literacy❗
🔺Technology & AI Literacy ဆိုတာ
Chatbot, ATS, HRIS, Power BI, AI tool များကို basic level သုံးတတ်ရမယ်၊ HR တွေဟာ AI အကြောင်းကို ဗဟုသုတလောက်တော့ ရှိအောင်လုပ်ထားသင့်တယ် ..
ဘာကြောင့်လည်းဆိုရင် HR က tech team နဲ့ပြောနိုင်ဖို့နဲ့ HR digital roadmap တည်ဆောက်ဖို့လိုတယ် ..
AI အစားထိုးမယ့် HR မဖြစ်ချင်ရင်တော့ Tech Literacy + Human Touch + Strategic Leadership ကိုပေါင်းစပ်ထားဖို့ လိုပါမယ် ..
💥ယခုလမှာ ကျွန်တော်ရဲ့ AI for HR – Online (Batch-1) သင်တန်း စဖွင့်ဖို့ရှိပါမယ်၊ အဓိကတော့ HR တွေ စမ်းတဝါးဝါး AI အကြောင်းတွေ လျှောက်လေ့လာနေတာထက်စာရင် ကိုယ့် HR Matters နဲ့ဆိုင်တဲ့ AI အကြောင်းကိုပဲ ဆက်စပ်လေ့လာထားသင့်တယ်လို့ မြင်ပါတယ် ..
🔺AI for HR (Batch-1) | Online Certification
https://www.facebook.com/share/p/1AE3JF3exp/?mibextid=wwXIfr