City College of Yangon

City College of Yangon

Share

City University is an institution dedicated to delivering outstanding post-high school education Our language courses are taught by experienced native speakers.

City College, Yangon teaches BTEC Diploma from Pearson UK, in Yangon. In addition we also teach English and Japanese language classes. Our Engineering courses - Electrical and Electronics, Mechanical and Civil, are taught by professors with experience from YTU, formerly YIT.

22/05/2024

၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့သည် ကဆုန်လပြည့် ( ညောင်ရေသွန်းပွဲတော် ) နေ့ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကဆုန်လပြည့် ဗုဒ္ဓနေ့၌ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ 𝐓𝐡𝐞 𝐎𝐧𝐞 𝐖𝐨𝐫𝐥𝐝 𝐀𝐜𝐚𝐝𝐞𝐦𝐲 ( 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥) နှင့် 𝐂𝐢𝐭𝐲 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐘𝐚𝐧𝐠𝐨𝐧တို့ မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏

The day 22nd of May 2024 is the 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 𝐨𝐟 𝐊𝐚𝐬𝐨𝐧 . 𝐖𝐞 𝐰𝐢𝐬𝐡 𝐭𝐨 𝐛𝐞 𝐡𝐞𝐚𝐥𝐭𝐡𝐲, 𝐖𝐞𝐚𝐥𝐭𝐡𝐲 𝐚𝐧𝐝 𝐩𝐫𝐨𝐬𝐩𝐞𝐫𝐨𝐮𝐬 at the 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 𝐨𝐟 𝐊𝐚𝐬𝐨𝐧 🙏







Contact us for more information ☎
09 450 634 403
09 450 634 404

17/04/2024

🙏နှစ်သစ်ဆုတောင်း🙏
၁၃၈၆ ခုနှစ် တန်ခူးလဆန်း (၉)ရက် (နှစ်ဆန်းတစ်ရက်) နေ့ တွင်ကျရောက်သော နှစ်သစ်ကူး အချိန်အခါ သမယမှသည် ကျောင်းသူ၊ ကျောင်းသားများ၊ မိဘ၊ ဆရာများနှင့် မိတ်ဆွေများ အားလုံး စိတ်ရော၊ ကိုယ်ပါ ကျန်းမာချမ်းသာ၍ ကောင်းချီးမင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ပါစေကြောင်း City University of Yangon မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

04/04/2024

𝐒𝐞𝐦𝐞𝐬𝐭𝐞𝐫 𝐁𝐫𝐞𝐚𝐤 ကျောင်း ပိတ်ရက်များ အသိပေး ကြေညာခြင်း
----------------------------
City University of Yangon ကျောင်း၏ HND အတန်းများတွင် ပညာသင်ကြားလျက်ရှိကြ‌သော ကျောင်းသား၊ ကျောင်းသူများ၏ Semester Break ကျောင်းပိတ်ရက်နှင့် ကျောင်းပြန်ဖွင့်မည့်ရက်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်းလေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
Closing Date – 6th April 2024 to 21st April 2024
Opening Date – 22nd April 2024

02/04/2024

ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပညာအဆင့် ပုဂ္ဂလိက‌တက္ကသိုလ် (Private University) များ မှတ်ပုံတင်ခြင်းအတွက် City University of Yangon သို့ ပထမဆုံးအကြိမ်လာရောက်စစ်ဆေးခြင်း
ဧပြီလ (၁) ရက် ၂၀၂၄ ခုနှစ်
------------------------------------
အဆင့်မြင့်ပညာအဆင့် Private University များ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများ ကို ၂၀၂၄ ခုနှစ် ဧပြီလ(၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ City University of Yangon (Private University) သို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းစဥ်များကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းစဥ်ကို အဆင့်မြင့်ပညာအဆင့် Private University များ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများမှ အသေးစိတ် လာရောက် ကြီးကြပ်စစ်ဆေးခြင်းများကို မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

Photos from City College of Yangon's post 29/03/2024

Private University ကျောင်းပေါင်းစုံ စုပေါင်းကျင်းပဆင်နွဲတဲ့ Spring Futsal Cup 2024 ပြိုင်ပွဲတွင် City University of Yangon ရဲ့ HND ကျောင်းသားများ ပါဝင်ယှဥ်ပြိုင်ဆင်နွဲခဲ့ကြရာ တတိယနေရာလုပွဲ တွင် YIU အသင်းကို ၆ ဂိုး ၃ဂိုးဖြင့်အနိုင်ရခဲ့ပြီး 2nd Runner Up ရရှိခဲ့ကြသည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။
—---------




Photos from Private Universities Students Union's post 29/03/2024

Congratulations👏🏻

Photos from City College of Yangon's post 05/03/2024

Private University ကျောင်းပေါင်းစုံ စုပေါင်းကျင်းပဆင်နွဲတဲ့ Spring Futsal Cup 2024 ပြိုင်ပွဲတွင် City University of Yangon ရဲ့ HND ကျောင်းသားများ ပါဝင်ယှဥ်ပြိုင်ဆင်နွဲခဲ့တဲ့ ပုံရိပ်များကို ပြန်လည်မျှဝေလိုက်ရပါတယ်။



Photos from City College of Yangon's post 29/02/2024

City University of Yangon တွင် HND in Electrical and Electronics Engineering နှင့် HND in Civil Engineering အတန်းများတွင်တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများမှ လက်တွေ့လုပ်ငန်းခွင်လေ့လာခြင်း (Industrial visit) 👷👷‍♂️
--------------------
City University of Yangon သည် HND အတန်းများ တွင်တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများကို စာတွေ့ လေ့လာသင်ယူနိုင်ရုံသာမက လက်တွေ့လုပ်ငန်းခွင်လုပ်ဆောင်ချက်များကို ထိတွေ့ သိရှိလေ့လာနိုင်စေရန် လုပ်ငန်းခွင်လေ့လာရေးများကို မကြာခဏ စီစဥ်ပေးလျက်ရှိပါတယ်။ ယခုအခါ Electrical and Electronics Engineering နှင့် Civil Engineering ဘာသာရပ်များကို လေ့လာသင်ယူနေသောကျောင်းသားကျောင်းသူများမှ Star City အိမ်ယာဝင်းအတွင်းရှိ City Loft နှင့် Zone A,B,C ရှိ Apartment များအား Electricity supply and distribution ဆိုင်ရာလုပ်ငန်းများ, solar system များ, Condoများဆီသို့ ရေပေးဝေခြင်းလုပ်ငန်းများနှင့် ပြန်လည်သန့်စင်ခြင်းလုပ်ငန်းများကို လက်တွေ့သွားရောက်လေ့လာခဲ့ပါတယ်။ ရှေးဦးစွာ YOMA LAND မှ Chief Engineer ဆရာဦးတင်ထွန်းအောင်မှ အိမ်ယာဝင်းအတွင်း လျှပ်စစ်မီးပေးဝေခြင်းနှင့်ရေပေးဝေခြင်း လုပ်ဆောင်မှုများအား အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက် ဆရာ ဦးလတ်ထူးနှင့် ဆရာဦးဝင်းကျော်တို့မှ Star City အိမ်ယာဝင်းအတွင်း Utility Department ရဲ့ Operation လည်ပတ်ပုံများကို လက်တွေ့လက်လံ ပြသသင်ကြားပေးခဲ့ပါတယ်။ လည်ပတ်လေ့လာခွင့်ပြုပါသော YOMA Land မှတာဝန်ရှိသူများ နှင့် ရှင်းလင်းပြောကြားပေးပါ‌သော ဆရာများ နှင့် Industrial visit ဖြစ်မြောက်အောင် ကူညီပေးတဲ့ City University မှဆရာ ဦးကျော်ဇေယျဝင်း တို့ကို City University of Yangon မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ယခုလို လေ့လာရေးခရီးစဥ်များကိုလည်းထပ်မံကြိုးစားစီစဥ်ပေးသွားမှာ ဖြစ်ပါတယ်။





Photos from Private Universities Students Union's post 28/02/2024

ကဲ ဒီတစ်ခေါက်မှာတော့ City University of Yangon ရဲ့ HND အတန်းမှာတက်ရောက်နေတဲ့
ကျောင်းသား များ ပါဝင်ယှဥ်ပြိုင်သွားမှာ ဖြစ်လို့အားလုံးပဲ အားပေးကြပါဦးနော်






https://www.facebook.com/PUSU2016/posts/pfbid0xsU7vAqUcRNXT44Fxkrwtm9hQU1wvK9spAowaepmg3FbNUNUAvrbdZZjjFLJtLBEl

09/02/2024

HND in Engineering
ကို တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် City University of Yangon.

🧐နိုင်ငံတကာ ပညာရေးလမ်းကြောင်းများကိုစိတ်ဝင်စားတဲ့ ကျောင်းသား/သူများနှင့် မိဘမိတ်ဆွေများအနေဖြင့် လာရောက်စုံစမ်းဆွေးနွေး အပ်နှံနိုင်ဖို့ လည်း ဖိတ်ခေါ်လိုက်ပါတယ်နော်။🙏


07/02/2024

🎓City University of Yangon ကျောင်းကြီမှာ ရွေးချယ်စရာ၊ စိတ်ဝင်စားစရာကောင်းရုံမကဘူး နောင် ကိုယ့်ရဲ့ အလုပ်အကိုင်တွေအတွက် ပါ အသုံးဝင်မယ့် Majors တွေရှိတယ်နော်။ 😎

💁ကိုယ်လေ့လာချင်တဲ့ Majors တွေနဲ့ ပတ်သက်ပြီး တော့အသေးစိတ်ကို မေးဖို့ ပုံထဲက ဖုန်းနံပါတ်တွေကနေ ဆက်သွယ်လိုက်ပါ။
အကောင်းဆုံးတိုင်ပင်ပေးမှာပါနော်။ 📞

05/02/2024

✨ကိုယ်လိုချင်တာ ရအောင် ကြိုးစားနေတဲ့ အချိန်အတွင်း ကိုယ့်မှာရှိတာနဲ့ ပျော်အောင်လည်း နေရမယ်။

- Quote for you -




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


268 Min Gyi Street , Ywama (East) Ward, Insein Tsp.
Yangon
11041