11/05/2021
✨🇯🇵 Study in Japan Scholarships for youths 🇯🇵✨
ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2022ခုနှစ်ပညာသင်နှစ်အတွက်ပေးအပ်မည့်အောက်ပါ Scholarship Program များအတွက် စိတ်ပါ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။
1. Research Students
2. Undergraduate Students
3. College of Technology Students
4. Specialized Training College Students
(က) လျှောက်လွှာပုံစံများ၊အရည်အချင်းသတ်မှတ်ချက်များနှင့်လိုအပ်ချက်များအပါအ၀င် အသေး စိတ်အချက် အလက်များကို ကို အောက်ပါ link တွင်download ရယူပြီး၊လျှောက်ထား ရန်လိုအပ်ချက်များ၊ သတ်မှတ်ချက်များကိုကြည့်ရှုလေ့လာနိုင်ပါသည်။
https://www.mm.emb-japan.go.jp/profile/english/J-Gov%20Scholar%202022.html
(ခ) မိမိနှင့်ကိုက်ညီသော Scholarship Program ကို အောက်ဖေါ်ပြပါအစီအစဉ်အတိုင်း လျှောက်ထားနိုင်ပါသည်။
၁။ လျှောက်လွှာလက်ခံရက်
April 27, 2021 မှ May 11,2021 အထိ
၂။ လျှောက်ထားရမည့်ပုံစံ
ရုံးချိန်အတွင်း အောက်ဖေါ်ပြပါ Google Form ဖြင့်သာ လျှောက်ထား နိုင်ပါသည်။
for Research Student Program
https://docs.google.com/forms/d/e/1FAIpQLSd0fPVz-ixYZ6PV8_eL0qdW5ZbpAgiT_sryWzSiDoCp0zXh5g/viewform?usp=pp_url
for Undergraduate Student Program
https://docs.google.com/forms/d/e/1FAIpQLSdjxBbsuwuBdk9xCopLQbqHw579R-EJ0rnxT1NrlRlnXaYDPw/viewform?usp=pp_url
for College of Technology Training Student Program
https://docs.google.com/forms/d/e/1FAIpQLSfo-yrfh2yzSHWTxUax1H0aywgL3lFN2-yJUOzZd490qWS-sQ/viewform?usp=pp_url
for Specialized Training College Student Program
https://docs.google.com/forms/d/e/1FAIpQLSfsbcQvSDybsY1qA_uIiJ05Q_Di4WDwrrMOq8OJFr86MJji4g/viewform?usp=pp_url
(ဂ) MAJA မှ အောက်ဖေါ်ပြပါ အဆင့်(၄)ဆင့်ဖြင့် ပဏာမရွေးချယ်ပါမည်။
(၁) လျှောက်ထားသော Google Form ရှိ အချက်အလက်များကိုစီစစ်ခြင်း။
(၂) အောက်ပါသက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့်အကဲဖြတ်ခြင်း။
1. Research Students
(English and Japanese Language)
2. Undergraduate Students
(English Language, Japanese Language,Maths and Science Subjects)
3. College of Technology Students
(English Language, Japanese Language,Maths and Science Subjects)
4. Specialized Training College Students
(English Language, Japanese Language and Maths )
(၃) ဂျပန်နိုင်ငံ၏MEXT(Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသောလျှောက်လွှာနှင့်ပညာအရည်အချင်းစသောလိုအပ်သည့်စာရွက်စာတမ်းများကို email ဖြင့်လက်ခံ ၊စီစစ်ခြင်း။
*** Research Students Program အတွက်လျှောက်ထားသူများအား သတ်မှတ်ထားသောခေါင်းစဉ်ဖြင့် ရေးသားထားသော Essay နှင့် Research Plan ကို လည်းအကဲဖြတ်ပါမည်။***
(၄) လူတွေ့စစ်ဆေးအကဲဖြတ်ခြင်း။
(ဃ) ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဆက်လက်စစ်ဆေးရွေးချယ်ခြင်း များပြုလုပ်မည်ဖြစ်ပါသည်။
(င) Research Students နှင့် Undergraduate Students Program ကိုလျှောက်ထားသူများမှာ ASJA recommendation ဖြင့် လျှောက်ထားနိုင်ပါသည်။
ASJA Recommendation ဆိုသည်မှာ ASJA မှ ASCOJA အဖွဲ့အစည်းတွင်ပါ၀င်သည့်MAJA အသင်းကဲ့သို့သောဂျပန်ပြန်ပညာသင်အဖွဲ့အစည်းများအတွက်ပေးအပ်သည့်ပညာသင်ဆု ဖြစ်ပါသည်။ ၎င်းပညာသင်ဆုကိုရယူပါက ASJA မှ ပြုလုပ်သည့် ဆောင်ရွက်ချက်များတွင် ပါ၀င်ကူညီ ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ASJA အဖွဲ့အစည်းနှင့် ပတ်သတ်၍ သိရှိလိုပါက ဖော်ပြပါ Website တွင်၀င်ရောက်လေ့လာနိုင်ပါသည်။
https://asja.gr.jp/en/asja/
လျှောက်ထားလိုသူများသည်၊
(၁) အထက်ပါ အပိုဒ်(ဂ)- (၂)ရေးဖြေစာမေးပွဲကိုအောင်မြင်ရမည်၊၊
(၂) ဂျပန်နိုင်ငံ၊ တိုကျိုအနီးတဝိုက်တွင်ရှိသော University တွင်တက်ရောက်လိုသူဖြစ်ရပါမည်။
(၃) ASJA ၏ Activities များတွင် ပါ၀င်နိုင်သူဖြစ်ရပါမည်။
(၄) JASSO မှ ဖွင့်လှစ်ထားသော တိုကျို မြို့ရှိ ဂျပန်ဘာသာသင်တန်းကျောင်းတွင် ၆ လ တက်ရောက်နိုင်သူ ဖြစ်ရပါမည်။
***ASJA Recommendation နှင့် ပတ်သတ်သည့်အချက်အလက် များကို လေ့လာသိရှိနိုင်ပါရန် MEXT Scholarship (ASJA) 2019 ကျောင်းသား တစ်ဦးဖြစ်သည့် မောင်ကောင်းကျော် ၏ ရှင်းလင်းထားသည့် link ကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။
https://docs.google.com/.../1VaI.../edit...
(စ) လက်ရှိဖြစ်ပွားနေသော COVID – 19 နှင့်လက်ရှိအခြေအနေများပေါ်မူတည်၍စာမေးပွဲကျင်းပမည့် ရက်နှင့် အစီအစဉ်ကို MAJA ၏ page တွင်ကြေငြာပေးသွားမည်ဖြစ်ပါသည်။
http://www.facebook.com/MyanmarAssociationOfJapanAlumniMAJA
(ဆ) MEXT Scholarship 2022 အတွက် လျှောက်ထားသူများ / ရွေးချယ်ခံရသူများအနေဖြင့်လည်း ယခုဖြစ်ပွားလျှက်ရှိသော Covid – 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ၏ အခြေအနေများပေါ်မူတည်၍ ပြောင်းလဲမှုများရှိလာနိုင်သည်ကိုလည်း ကြိုတင် အသိပေးအပ်ပါသည်။
(ဇ) အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း တယ်လီဖုန်းအမှတ် ၀၉-၂၆၂၆၀၂၁၂၁ ၊ ၀၉-၄၂၈၆၁၂၁၅၁၊ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မှတ်ချက် ။ ။ ယခုလက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် လျှောက်ထားခြင်းနှင့် စုံစမ်းခြင်းများအတွက် MAJA ရုံးသို့ လူကိုယ်တိုင် လာရောက်ခြင်းကို သည်းခံပေးပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
Credit - MAJA