16/08/2026
✨ တီချယ့် တန်းခွဲသစ်လေးတွေ လာပါပြီရှင့် ✨
တီချယ့်ရဲ့ တန်းခွဲသစ်ကို စောင့်မျှော်နေကြသူလေးတွေ၊
၂၀၂၇ ခုနှစ်အထိ မစောင့်နိုင်သေးတဲ့သူလေးတွေအတွက် တန်းခွဲသစ်လေးတွေကို ထပ်မံဖွင့်လှစ်ပေးသွားပါမယ်ရှင့် 💕
ပုံမှန်အားဖြင့် တီချယ်က တန်းခွဲတစ်ခုစီ ပြီးဆုံးတိုင်း တစ်လ၊ နှစ်လခန့် ခဏနားပြီးမှ နောက်တန်းခွဲသစ်ကို ပြန်လည်ဖွင့်လှစ်ပေးတာပါ။
ဒါပေမယ့် ဒီတစ်ခါမှာတော့
တီချယ့်ဆီ အပ်နှံထားကြသူလေးတွေ၊
တန်းခွဲသစ်ဖွင့်ပေးဖို့ တောင်းဆိုနေကြသူလေးတွေ၊
ကိုယ့်ရည်မှန်းချက်အတွက် ကြိုတင်စဉ်းစားပြီး ပြင်ဆင်နေကြသူလေးတွေ၊
နယ်ကနေ လာရောက်သင်ယူဖို့ အခက်အခဲရှိသူလေးတွေအတွက်ပါ အဆင်ပြေစေဖို့—
🧵 ၂ လပြတ် အပြင်သင်တန်း (Offline Class)
💻 နယ်မှ သင်တန်းသူ/သားများအတွက် Zoom Class
တန်းခွဲလေးတွေကို မနားတမ်း ဆက်တိုက်ဖွင့်လှစ်ပေးသွားပါမယ်ရှင့်။ ❤️
ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို မစောင့်တော့ဘဲ
အခုကတည်းက စတင်လေ့လာပြီး ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတစ်ယောက် ဖြစ်လာဖို့
တီချယ်နဲ့အတူ လက်တွဲလိုက်ခဲ့ကြရအောင်နော်။ 🌷
📌 ကြိုတင်စာရင်းပေးသွင်းလိုသူများအနေဖြင့်
အမည် —
လိပ်စာ —
ဖုန်းနံပါတ် —
လေးတွေ ပေးပို့ပြီး ကြိုတင်စာရင်းပေးထားလို့ရပါပြီရှင့်။
တီချယ့်တန်းခွဲသစ်ကို စောင့်မျှော်နေကြသူလေးတွေအားလုံးအတွက် September ပထမအပတ်ထဲ ထပ်မံဖွင့်လှစ်ပေးပါမယ် 🥰🧵✨