Htet Min Soe - Experiential Learning

Htet Min Soe - Experiential Learning LEARNING NEVER END

Interesting magnificentShocked
24/02/2024

Interesting

magnificent

Shocked



Accountability is hard.Blame is easy.One builds trust, the other destroys it.Simon
12/10/2022

Accountability is hard.
Blame is easy.
One builds trust, the other destroys it.

Simon

PUSH YOURSELFBECAUSE NO ONE ELSEIS GOING TO DO ITFOR YOU
05/10/2022

PUSH YOURSELF
BECAUSE NO ONE ELSE
IS GOING TO DO IT
FOR YOU

သင်က...ဘာကိုလိုချင်တာလဲ...။သင်လုပ်နေတာကဘာလဲ...။ခု...သင်  ဖြစ်နေတာက  ဘာလဲ...။
17/09/2022

သင်က...ဘာကိုလိုချင်တာလဲ...။
သင်လုပ်နေတာကဘာလဲ...။
ခု...သင် ဖြစ်နေတာက ဘာလဲ...။

17/09/2022

LIFE ISN'T MEANT TO BE EASY
IT IS MEANT TO BE LIVED
SOMETIMES HAPPY
AND OTHER TIMES ROUGH
BUT EVERY UP AND DOWN IN YOUR LIFE
YOU MUST LEARN A LESSON
AND IT WILL MAKE YOU STRONG


17 Sep 2022

After A StormComes A Calm22 Mar 2022  Supervisory
22/03/2022

After A Storm
Comes A Calm

22 Mar 2022

Supervisory

What were we discussed?What do we discuss?What will we discuss?
07/10/2021

What were we discussed?
What do we discuss?
What will we discuss?

ဆရာတစ်ယောက်ရဲ့ Social Media Post တစ်ခုက လက်ရှိပြင်ပလောကရော Company ၀န်ထမ်းလောကအတွက်ပါသင်ခန်းစာယူစရာတွေ့လို့ ပြန် Share ပ...
25/09/2021

ဆရာတစ်ယောက်ရဲ့ Social Media Post တစ်ခုက
လက်ရှိပြင်ပလောကရော Company ၀န်ထမ်းလောကအတွက်ပါ
သင်ခန်းစာယူစရာတွေ့လို့ ပြန် Share ပေးပါတယ်

ကျွန်တော် သင်တန်းတိုင်းမှာ ပြောဖြစ်တဲ့စကား ရှိပါတယ်
"ကိုယ့်အလုပ်ကိုယ် သေချာလုပ်, မလုပ်ရင် သူများလုပ်လိမ့်မယ်"
"ကိုယ့်ကိုယ်ကိုခိုင်းထား ဒါမှသူများသူများခိုင်းတာမခံရမှာ" စသည်ဖြင့် ကြိုးစားအားထုတ်မှုကို တွန်းအားပေးတဲ့ စကားတွေ ပြောဖြစ်ပါတယ်

ခုကာလတွေ့လာရတာတွေကတော့ ကိုယ့်အလုပ်ကိုယ် သေချာမလုပ်ဘဲ
သူများအလုပ်တွေကို လိုက်လုပ်တဲ့သူတွေ လိုက်ထောက်ပြတဲ့သူတွေ များလာတာပါ ထိုကဲ့သို့သော လူမျိုးတွေဟာ ကိုယ်လုပ်ရမှာကို သေချာမလုပ်ဘဲ
မလုပ်ရမှာတွေကို ရှာကြံလုပ်လာတာလဲတွေ့ရပါတယ်

ဒါကြောင့် ကိုယ့်အလုပ်ကိုယ် သေချာလုပ်ရင်ဖြင့်
မည်သည့် Conflict
မည်သည့် စီးပွားရေးထိခိုက်မှု
မည်သည့်အမုန်းပွားမှုများ
ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ထင်မြင်မိပါကြောင်း



လူတွေ အနားကို လာချင်တဲ့ ခေါင်းဆောင်ဖြစ်ပါစေစီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်တယ်ဆိုတာဟာ ရုံးခန်းထဲမှာ ထိုင်ပြီး စာရွက်နဲ့ ...
11/09/2021

လူတွေ အနားကို လာချင်တဲ့ ခေါင်းဆောင်ဖြစ်ပါစေ

စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်တယ်ဆိုတာဟာ ရုံးခန်းထဲမှာ ထိုင်ပြီး စာရွက်နဲ့ ကွန်ပျူတာပေါ်က ကိန်းဂဏန်းတွေ၊ အစီရင်ခံစာတွေကိုပဲ ကြည့်ပြီး ဦးဆောင်လို့ မရနိုင်ပါဘူး။ လူတွေနဲ့ တွေ့ရ၊ ဆုံရ၊ စကားပြောရပါတယ်။လူတွေကို ပြောရတာတွေရှိသလို နားထောင်ရတာတွေလည်း ရှိပါတယ်။

အဲဒီလိုမှ မလုပ်လို့ရှိရင် လုပ်ငန်းရှင်တွေဟာ အောက်ခြေမှာ ဖြစ်နေတာတွေနဲ့ အဆက်ပြတ်သွားတာ၊ လက်တွေ့မကျတဲ့ ညွှန်ကြားချက်တွေကို ပေးမိတာ၊ ဝန်ထမ်းတွေရဲ့ ခံစားချက်ကို နားမလည်တာ၊ ဖောက်သည်တွေရဲ့ လိုလားချက်တွေကို မသိရတာ၊ ဝန်ထမ်းတွေကို ထိထိရောက်ရောက် မစည်းရုံးနိုင်တာ စတဲ့အခက်အခဲတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီလိုဖြစ်ရတာဟာလည်း အကြောင်းရင်းတွေ ရှိပါတယ်။

လုပ်ငန်းရှင်အများစုဟာ ရှေ့လုပ်ငန်းစဉ်တွေအပေါ်မှာ အာရုံစိုက်မှုလွန်ကဲတတ်ပါတယ်။ စီစဉ်ထားတဲ့လုပ်ငန်းစဉ်တွေအကြောင်းကို စဉ်းစားတာ၊ နောက်ထပ် မဟာဗျူဟာအသစ်တွေကို စီစဉ်တာ၊ ရှယ်ယာဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဆွေးနွေးရတာ၊ ပြင်ပက လုပ်ငန်းအသိုင်းအဝိုင်းနဲ့ ဆက်ဆံရတာ၊ လေ့လာသင်ယူမှုအသစ်တွေကို လုပ်ရတာစတဲ့အမျိုးမျိုးသော ကိစ္စရပ်တွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အမှန်တကယ်ကို မအားလပ်တာတွေ ရှိတတ်ပါတယ်။

ဒါ့အပြင် နောက်လိုက်တွေရဲ့ ခံစားချက်တွေ၊ ထင်မြင်ယူချက်တွေကို စိတ်ဝင်စားမှုမရှိတာကြောင့် အချိန်မပေးတာလည်း ရှိနိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကြုံလာရနိုင်တဲ့အကျိုးဆက်တွေကတော့ အထက်မှာ ဖော်ပြခဲ့တဲ့နည်းတူ အနည်းနဲ့အများ မကောင်းနိုင်တာ သေချာပါတယ်။ အဲဒီလို မဖြစ်ဖို့ ဆိုရင် ဦးဆောင်တဲ့သူတွေအနေနဲ့ ဝန်ထမ်းတွေ အနားကို လာချင်အောင် လမ်းဖွင့်ထားဖို့ လိုပါတယ်။ ဆိုလိုတာကတော့ သင်ဟာ ဝန်ထမ်းတွေရဲ့ အခက်အခဲတွေ၊ တင်ပြချင်တာတွေကို နားထောင်ပေးဖို့လိုတယ်၊ သူတို့နဲ့ စကားပြောဖို့ သင်အချိန်ရကြောင်းပြသဖို့ လိုသလို စနစ်တကျအစည်းအဝေးတွေကိုလည်း အချိန်ဇယားနဲ့ စီစဉ်ပေးထားဖို့ အရေးကြီးပါတယ်။

အချို့အရေးကြီးတဲ့အချိန်တွေမှာ တွန်းတွန်းတိုက်တိုက်ပြောဆိုရတာတွေ ရှိနိုင်ပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ သင်ဟာ ဝန်ထမ်းတွေနဲ့ နွေးနွေးထွေးထွေး၊ အေးအေးဆေးဆေး ပြောဆိုဖို့လည်း လိုပါတယ်။ သင်ဟာ နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်လို့ သင့်ဝန်ထမ်းတွေက ခံစားယုံကြည်ဖို့က မဖြစ်မနေကို လိုအပ်ပါတယ်။ ဒါဆိုရင်တော့ သင့်လုပ်ငန်းထဲမှာ အထက်၊ အောက် ဆက်ဆံရေးတွေ တိုးတက်လာပြီး ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည်တွေ တိုးတက်လာဖို့ လမ်းကြောင်းတွေလည်း ပွင့်လာပါလိမ့်မယ်။

Credit
Ko Naing Gyi

Address

Yangon
11031

Telephone

959421044902

Website

Alerts

Be the first to know and let us send you an email when Htet Min Soe - Experiential Learning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Htet Min Soe - Experiential Learning:

Shortcuts

Share

Category