Royal Rose English Centre

Royal Rose English Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Rose English Centre, Language school, No. 401 14th Street, 3rd Ward, South Okkalapa Township, Yangon.

Royal Rose English Centre is founded by Teacher Rosie Andy who focuses on developing English speaking skills for all ages and great reputation with hundreds of thousands of students all over the world.

24/12/2025

ခရစ္စမတ်ဆိုတာ
ခရစ်ယာန်ဘာသာဝင်များ ယေရှုခရစ်တော် ဖွားမြင်သည့် နေ့ကို အထိမ်းအမှတ်ပြုသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ထို့ကြောင့်
ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ခရစ္စမတ် (သို့မဟုတ်) နာတာလူးပွဲတော်ကျင်းပကြ သည်။ နာတာလူး ဆိုသည်မှာ “ ဖွားမြင်ခြင်း” ဟု အဓိပ္ပါယ်ရသည်။
ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။
ယခုခေတ်တွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ ခရစ်တော် မပေါ်မီကလည်း ထိုနေ့ကို ဆောင်းရာသီ၏ နေနှင့် အဝေးဆုံးအချိန်ဖြစ်၍ အဒိုနစ်၊ ဒီယွန်နီဆပ် စသော နတ်ဘုရားများ၏ မွေးနေ့များ ကျင်းပခဲ့ကြသည်။ ခရစ္စမတ်ပွဲတော်ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ခရစ်တော် ကွယ်လွန်ပြီးနောက် အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပပြန်သည်။ ထိုမှတဖန် ဇန်နဝါရီလတွင် ကျင်းပခဲ့သေးသည်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလာကြသည်။
------========
ခရစ်စမတ်(Christmas) ဝေါဟာရ
Christmas ဟူသော ဝေါဟာရ စကားလုံးသည် ရှေးဟောင်း အင်္ဂလိပ်စကား လုံး Crīstesmæsse မှ ဆင်းသက်လာသည် ဟု ဆိုပြီး ပထမဆုံး မှတ်တမ်းတွေ့ရသည့် ခုနှစ်မှာ ၁၀၃၈ ခုနှစ် ဖြစ်ပါသည်။ ထို့နောက် ၁၁၃၁ ခုနှစ်တွင် Cristes-messe ဟူ၍ ၁၁၃၁ ခုနှစ်တွင် ပြောင်းလဲ တွေ့ရှိရသည်။
Crist သည် ဂရိစကားလုံး Khrīstos(Χριστός) မှ ဆင်းသက်လာပြီး ဟီးဘရူး ဘာသာစကား အရ Messiah (မေဆိုင်းယား ) ဖြစ်ပါသည်။ maesse သည် လက်တင်ဘာသာ missa မှ လာပြီး the celebration of the Eucharist ( ခရစ်ယာန် မင်္ဂလာပွဲသဘင် ကျင်းပခြင်း) ဟု အဓိပ္ပါယ်ရပါသည်။
Christmas အား အတိုကောက်အားဖြင့် Xmas ဟု သုံးနုန်းလေ့ရှိပြီး အစ စာလုံး X သည် ဂရိစကားလုံး (Χριστός) မှ ယူထားခြင်း ဖြစ်သည်။
--=========
ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများ
ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေး ပွဲတော်သက်သက် အဖြစ်မှ တဖြည်းဖြည်း ပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သော ပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ခရစ်ယာန်နိုင်ငံတိုင်း၌လိုလိုပင် ခရစ္စမတ်သီချင်းများကို တပျော်တပါး သီဆိုလေ့ရှိသည်။ ဗြိတိန်တွင် ပွဲတော်မတိုင်မီ အကြိုညတွင် ပြတင်းများအောက်၌ သီချင်းများ သီဆိုကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ္စမတ်သစ်ပင်ကိုလည်း မီးပွင့်များဖြင့် လှပစွာ အဆန်းတကြယ် တန်ဆာဆင်ကြသည်။
--------=-======
စန်တာကလော့ စ်
ခရစ္စမတ်ပွဲတော်နေ့တွင် ခရစ်ယာန်များသည် မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများထံ လက်ဆောင်များ ပေးပို့လေ့ရှိသည်။ ထိုအလေ့အထမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော အလေ့အထဖြစ်သည်။
လက်ဆောင် ပေးခြင်းနှင့်တူ လူသိများသော တခုမှာ စန်တာကလေ့ာစ် (Santa Claus) ခေါ် ခရစ္စမတ် ဘိုဘိုးပင် ဖြစ်ပါသည်။ စန်တာကလော့စ် သည် ဒီဇင်ဘာလ ၂၄ ရက်နေ့ည တွင် ကောင်းကင်မှ ဆင်းလာပြီး အိမ်များ သို့လာကာ ကလေးများအား လက်ဆောင်များပေးကြသည် ဟု ယုံကြည်ကြသည်။
ဒတ်ခ်ျ နှင့် ဘယ်လ်ဂျီယန် တို့တွင် စန်တာကလေ့ာစ် အား de Kerstman ဟုခေါ်ဆိုပြီး (the Christams man) ဟုအဓိပ္ပါယ်ရပါသည်။ ပြင်သစ်တွင် Pere Noёl (Father of Christmas) ဟု ခေါ်ဆိုပါသည်။
စန်တာကလေ့ာစ် သည် ခရစ်ယာန် သူတော်စင် Saint Nicholas (၂၇၀-၃၄၃) နှင့် ဆက်စပ်နေသည်ဟုလည်း ဆိုပါသည်။ စိန့်နီကိုလပ်စ် သည် ၄ ရာစုနှစ်ကာလ ဂရိ ခရစ်ယန် ဘုန်းတော်ကြီး တဦးဖြစ်ပြီး ဘိုင်ဇန်တန် အင်ပါယာ လူစီယာ (Lycia) တွင် နေထိုင်ခဲ့ပါသည်။ နီကိုလပ်စ် သည် မရှိဆင်းရဲသားများ အား လက်ဆောင်များ ပေးအပ်လေ့ရှိခြင်းသည်ထင်ရှားခဲ့ပါသည်။
စန်တာကလေ့ာစ် ကို အနီရောင် ကုတ်အင်္ကျီ၊ အဖြူရောင် ကော်လာ၊ အဖြူရောင် မုတ်ဆိတ်ရှည်၊ မျက်မှန်၊ အနက်ရောင် သားရေ ခါးပတ် ၊တို့ဖြင့် ပုံဖော်လေ့ရှိသည်။
ခရစ်ယာန် ကလေးသူငယ်များသည် ပွဲတော်အခါတွင် သူတို့အား စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန်တာကလော့မှာ ကက်သလစ် ခရစ်ယာန် သူတော်စင်တစ်ဦးဖြစ်သူ စိန့်နီကိုးလပ်ဖြစ်သည်။ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်များသည် ခရစ္စမတ်အကြိုည၌ စန်တာကလော့လာ၍ လက်ဆောင်ထည့်နိုင်ရန် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များကို ခံယူရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင် ကစားစရာများကို အိမ်တွင်းအိမ်ပြင်များ၌ တပျော်တပါး လိုက်လံရှာဖွေ တတ်ကြသည်။
ခရစ္စမတ် သစ်ပင်
-----------------------
ခရစ္စမတ် သစ်ပင်သည် ခရစ္စမတ်ပွဲတော် နှင့်အတူ အမြဲမြင်တွေ့ရလျက်ရှိသော အထိမ်းအမှတ်တခုဖြစ်ပါသည်။ ခရစ္စမတ် သစ်ပင် ဖန်တီးခြင်းသည် ဂျာမနီနိုင်ငံမှ စတင်ခဲ့သည်ဟုဆိုပါသည်။ သူတော်စင် Saint Boniface ( ၆၃၄-၇၀၉) သည် တြိဂံပုံစံရှိသော သစ်ပင်ပုံစံကို ပြုလုပ်ခဲ့ပြီး ၄င်းသည် ဖခမည်းတော် ၊ နေမင်း နှင့် နှင့် သားတော် ပေါင်းစု ခြင်းကို ရည်ညွှန်းသည်ဟု ဆိုပါသည်။
အင်္ဂလိပ်ဘာသာဖြင့် Christmas tree ဟူသော အသုံးကို ၁၈၃၅ ခုနှစ်တွင် စတင် တွေ့ရှိခဲ့ရသည်။
ရှေးအခါက သစ်ပင်တွင် ပန်းသီးများ၊ ပဲများ၊ အခြား အစားအစာများဖြင့် အလှဆင်ခဲ့ကြပါသည် ၁၈ ရာစု မှစ၍ အစားအစာများ နေရာတွင် အလှ မီးများ ဖြင့် စတင် အစားထိုး ဆင်ယင်လာခဲ့ကြပါသည်။ အပင်ထိပ်တွင် တမန်တော် ဂါဘရီယယ်လ် ( Archangel Gabriel) အား ရည်ညွှန်းသော ကြယ် တခုကို တပ်ဆင်လာခဲ့ပါသည်။ ခရစ်စမတ် သစ်ပင်အား Yule-tree ဟုလည်း ခေါ်ဆိုပါသည်။ ရုရှားနိုင်ငံတွင် ёлка (ယော်လ်ကာ) ဟု ခေါ်ဆိုပါသည်။
ခရစ္စမတ် တေးသီချင်းများ
--------------------------------
ပထမဆုံး ခရစ္စမတ် ဓမ္မတေးမှာ ၄ ရာစုနှစ်တွင် ရောမ မြို့၌ ပေါ်ထွန်းခဲ့သည်ဟုဆိုပါသည်။ ဓမ္မတေးများ သီဆိုခြင်းသည် ပရိုတက်စတင့် ပုံသစ်ပြောင်းခြင်း ကာလ နောက်ပိုင်းတွင် နည်းပါးလာခဲ့သော်လည်း မာတင်လူသား ကဲ့သို့သော ပရိုတက်စတင့် ခေါင်းဆောင်ကြီးများသည် ဓမ္မတေးများစွာကို ရေးသားခဲ့ပြီး ဆုတောင်း ပွဲများတွင် အသုံးပြုခဲ့ကြပါသည်။ ခေတ်အဆက်ဆက် တွင် ဓမ္မတေးများစွာကို စပ်ဆို သီကုံးခဲ့ကြပါသည်။ ခရစ်စ်မတ်ပွဲကာလတွင် သာယာ ငြိမ့်ငြောင်းသော ဓမ္မတေးသံများကို နားဆင်ရမည် ဖြစ်သည်။
ရိုးရာ အစားအသောက်များ
---------------------------------
ရိုးရာ အစားအစာများသည် လည်း ပွဲတော်နှင့်အတူ အရေးပါသော ကဏ္ဍတွင် တည်ရှိပါသည်။ စစ္စလီ (Sicily) ကျွန်းတွင် ပွဲတော်ကာလ၌ ငါး ၁၂ မျိုးဖြင့် စီမံသော အထူး ဟင်းလျာများကိုပြင်ဆင်ကြပါသည်။ အင်္ဂလန် နှင့် အခြား နိုင်ငံများတွင် ခရစ်စ်မတ် ပွဲကာလ ဟင်းလျားများအဖြစ် ကြက်ဆင်၊ ငန်းဘဲ နှင့် အခြား ကြီးမားသော ငှက်အသားများ၊ အာလူး၊ နှင့် ဟင်းသီးဟင်းရွက်များကို စီမံ ချက်ပြုတ်ကြပါသည်။အထူး အချိုပွဲ အဖြစ် သစ်သီးကိတ်များ၊ ကြက်ဥ ဆနွမ်းမကင်း များ စသည်တို့ကို စီမံလေ့ ရှိပါသည်။
ပိုလန် နှင့် ဥရောပ အရှေ့ပိုင်းနိုင်ငံများတွင် ငါးကို အဓိက ဟင်းလျာ အဖြစ်ချက်ပြုတ်ကြပါသည်။ ဂျာမနီ၊ ပြင်သစ်၊နှင့် သြစတြီးယား နိုင်ငံများတွင် ငန်းဘဲနှင့် ဝက်သား သည် ပွဲတော်ကာလ အထူးဟင်းလျာများ ဖြစ်ပါသည်။
ထို့အပြင် ချောကလက် နှင့် အခြား ချိုချဉ်များ သည် လည်း ပွဲတော်ကာလ လူကြိုက်များသော အချိုမုန့်များ ဖြစ်ကြပါသည်။

အေးမြတဲ့ဆောင်းလေညင်းနဲ့ အတူ မိတ်ဆွေတို့ရဲ့ ဘဝတွေမှာ အေးချမ်းခြင်း၊ကျန်းမာခြင်းတွေကိုရရှိပါ‌စေ။ အခုလို Christmas holiday မှာ မိသားစုနဲ့ အတူ နွေးထွေးပြီးသာယာပျော်ရွှင်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်ပါစေလို့ ကျွန်တော်တို့ Blooming Rose Online English Centre မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

(ကိုးကား / ဝီခီပီးဒီယားနှင့်အင်တာနက်စာများမှ)
credit

R.I.P Tr. Rose Mary !Our heartfelt sympathy to you and yours at this sad time.” “Please accept our sincere condolences.”...
04/12/2025

R.I.P Tr. Rose Mary !

Our heartfelt sympathy to you and yours at this sad time.” “Please accept our sincere condolences.” “Our hearts break for you. We are here to listen to any stories .

She has worked at Royal Rose English Centre for 24 years.

Sweet December to you all !
01/12/2025

Sweet December to you all !

"Season Greeting "Complement of the Season !Love,Teacher Rosie Andy and family of Royal Rose English Centre.South Okkala...
29/11/2025

"Season Greeting "
Complement of the Season !

Love,
Teacher Rosie Andy and family of Royal Rose English Centre.
South Okkalapa Township

Happy Birthday The Lady in Royal Rose !Loads of happy returns of the day.We wish you to be all the best.All the wishes b...
17/08/2025

Happy Birthday The Lady in Royal Rose !
Loads of happy returns of the day.
We wish you to be all the best.
All the wishes be granted Teacher Jennifer Andy !

ဆရာကြီး Clement Thet Aung  ကွယ်လွန်ခြင်း ၃နှစ် မြောက် လွမ်းဆွတ်အောက်မေ့ဖွယ် အလှူနတ်လူသာဓု ခေါ်စေသော်
13/08/2025

ဆရာကြီး Clement Thet Aung ကွယ်လွန်ခြင်း ၃နှစ် မြောက် လွမ်းဆွတ်အောက်မေ့ဖွယ် အလှူ
နတ်လူသာဓု ခေါ်စေသော်

Teacher Rosie paid a visit to Gaya.
25/01/2025

Teacher Rosie paid a visit to Gaya.

Merry Christmas and a Happy New Year to all my relatives and students !May God bless you !Regards ,Tr. Rosie Andy.
25/12/2024

Merry Christmas and a Happy New Year to all my relatives and students !
May God bless you !
Regards ,
Tr. Rosie Andy.

24/12/2024

Boxing Day ဆိုတာ

December 24 = Christmas Eve
December 25 = Christmas Day
December 26 = Boxing Day

ခရစ္စမတ်ပြီး နောက်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကို Boxing Day လို့ခေါ်ပါတယ်။ UK နဲ့ Commonwealth နိုင်ငံများမှာတော့ ရုံးပိတ်ရက် holiday ဖြစ်ပါတယ်။

Boxing day လို့ခေါ်လို့ လက်ဝှေ့ထိုးတာကို ပြောတာမဟုတ်ပါ။ ခရစ်ယာန်ဘာသာဝင်များဟာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရစ္စမတ်နေ့ကို ကျင်းပကြပြီး ချစ်ခင်သူ မိတ်ဆွေများနဲ့ လက်ဆောင်တွေကို boxes ဗူးတွေထဲထည့်ပြီး အပြန်အလှန်ပေးကြပါတယ်။ နောက်တစ်နေ့ ဒီဇင်ဘာ ၂၆ မှာတော့ အဲဒီပိုလျှံနေတဲ့ လက်ဆောင် boxes များကို ချို့တဲ့သူများ၊ လိုအပ်နေသူများသို့ charity ပြန်ဝေငှ အလှူဒါနပြုကြပါသတဲ့။

အဲဒီလို gift boxes တွေ ပေးလှူတာကို အစွဲပြု၍ ဒီဇင်ဘာ ၂၆ ကို Boxing Day လို့ခေါ်ကြပါသတဲ့။ Commonwealth နိုင်ငံမဟုတ်တဲ့ အခြားတိုင်းပြည်များမှာတော့ Boxing Day အစား St. Stephen's Day လို့သာ ခေါ်ကြပါသတဲ့။

23/12/2024

ခရစ္စမတ်ဆိုတာ
ခရစ်ယာန်ဘာသာဝင်များ ယေရှုခရစ်တော် ဖွားမြင်သည့် နေ့ကို အထိမ်းအမှတ်ပြုသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ထို့ကြောင့်
ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ခရစ္စမတ် (သို့မဟုတ်) နာတာလူးပွဲတော်ကျင်းပကြ သည်။ နာတာလူး ဆိုသည်မှာ “ ဖွားမြင်ခြင်း” ဟု အဓိပ္ပါယ်ရသည်။
ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။
ယခုခေတ်တွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ ခရစ်တော် မပေါ်မီကလည်း ထိုနေ့ကို ဆောင်းရာသီ၏ နေနှင့် အဝေးဆုံးအချိန်ဖြစ်၍ အဒိုနစ်၊ ဒီယွန်နီဆပ် စသော နတ်ဘုရားများ၏ မွေးနေ့များ ကျင်းပခဲ့ကြသည်။ ခရစ္စမတ်ပွဲတော်ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ခရစ်တော် ကွယ်လွန်ပြီးနောက် အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပပြန်သည်။ ထိုမှတဖန် ဇန်နဝါရီလတွင် ကျင်းပခဲ့သေးသည်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလာကြသည်။
------========
ခရစ်စမတ်(Christmas) ဝေါဟာရ
Christmas ဟူသော ဝေါဟာရ စကားလုံးသည် ရှေးဟောင်း အင်္ဂလိပ်စကား လုံး Crīstesmæsse မှ ဆင်းသက်လာသည် ဟု ဆိုပြီး ပထမဆုံး မှတ်တမ်းတွေ့ရသည့် ခုနှစ်မှာ ၁၀၃၈ ခုနှစ် ဖြစ်ပါသည်။ ထို့နောက် ၁၁၃၁ ခုနှစ်တွင် Cristes-messe ဟူ၍ ၁၁၃၁ ခုနှစ်တွင် ပြောင်းလဲ တွေ့ရှိရသည်။
Crist သည် ဂရိစကားလုံး Khrīstos(Χριστός) မှ ဆင်းသက်လာပြီး ဟီးဘရူး ဘာသာစကား အရ Messiah (မေဆိုင်းယား ) ဖြစ်ပါသည်။ maesse သည် လက်တင်ဘာသာ missa မှ လာပြီး the celebration of the Eucharist ( ခရစ်ယာန် မင်္ဂလာပွဲသဘင် ကျင်းပခြင်း) ဟု အဓိပ္ပါယ်ရပါသည်။
Christmas အား အတိုကောက်အားဖြင့် Xmas ဟု သုံးနုန်းလေ့ရှိပြီး အစ စာလုံး X သည် ဂရိစကားလုံး (Χριστός) မှ ယူထားခြင်း ဖြစ်သည်။
--=========
ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများ
ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေး ပွဲတော်သက်သက် အဖြစ်မှ တဖြည်းဖြည်း ပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သော ပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ခရစ်ယာန်နိုင်ငံတိုင်း၌လိုလိုပင် ခရစ္စမတ်သီချင်းများကို တပျော်တပါး သီဆိုလေ့ရှိသည်။ ဗြိတိန်တွင် ပွဲတော်မတိုင်မီ အကြိုညတွင် ပြတင်းများအောက်၌ သီချင်းများ သီဆိုကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ္စမတ်သစ်ပင်ကိုလည်း မီးပွင့်များဖြင့် လှပစွာ အဆန်းတကြယ် တန်ဆာဆင်ကြသည်။
--------=-======
စန်တာကလော့ စ်
ခရစ္စမတ်ပွဲတော်နေ့တွင် ခရစ်ယာန်များသည် မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများထံ လက်ဆောင်များ ပေးပို့လေ့ရှိသည်။ ထိုအလေ့အထမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော အလေ့အထဖြစ်သည်။
လက်ဆောင် ပေးခြင်းနှင့်တူ လူသိများသော တခုမှာ စန်တာကလေ့ာစ် (Santa Claus) ခေါ် ခရစ္စမတ် ဘိုဘိုးပင် ဖြစ်ပါသည်။ စန်တာကလော့စ် သည် ဒီဇင်ဘာလ ၂၄ ရက်နေ့ည တွင် ကောင်းကင်မှ ဆင်းလာပြီး အိမ်များ သို့လာကာ ကလေးများအား လက်ဆောင်များပေးကြသည် ဟု ယုံကြည်ကြသည်။
ဒတ်ခ်ျ နှင့် ဘယ်လ်ဂျီယန် တို့တွင် စန်တာကလေ့ာစ် အား de Kerstman ဟုခေါ်ဆိုပြီး (the Christams man) ဟုအဓိပ္ပါယ်ရပါသည်။ ပြင်သစ်တွင် Pere Noёl (Father of Christmas) ဟု ခေါ်ဆိုပါသည်။
စန်တာကလေ့ာစ် သည် ခရစ်ယာန် သူတော်စင် Saint Nicholas (၂၇၀-၃၄၃) နှင့် ဆက်စပ်နေသည်ဟုလည်း ဆိုပါသည်။ စိန့်နီကိုလပ်စ် သည် ၄ ရာစုနှစ်ကာလ ဂရိ ခရစ်ယန် ဘုန်းတော်ကြီး တဦးဖြစ်ပြီး ဘိုင်ဇန်တန် အင်ပါယာ လူစီယာ (Lycia) တွင် နေထိုင်ခဲ့ပါသည်။ နီကိုလပ်စ် သည် မရှိဆင်းရဲသားများ အား လက်ဆောင်များ ပေးအပ်လေ့ရှိခြင်းသည်ထင်ရှားခဲ့ပါသည်။
စန်တာကလေ့ာစ် ကို အနီရောင် ကုတ်အင်္ကျီ၊ အဖြူရောင် ကော်လာ၊ အဖြူရောင် မုတ်ဆိတ်ရှည်၊ မျက်မှန်၊ အနက်ရောင် သားရေ ခါးပတ် ၊တို့ဖြင့် ပုံဖော်လေ့ရှိသည်။
ခရစ်ယာန် ကလေးသူငယ်များသည် ပွဲတော်အခါတွင် သူတို့အား စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန်တာကလော့မှာ ကက်သလစ် ခရစ်ယာန် သူတော်စင်တစ်ဦးဖြစ်သူ စိန့်နီကိုးလပ်ဖြစ်သည်။ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်များသည် ခရစ္စမတ်အကြိုည၌ စန်တာကလော့လာ၍ လက်ဆောင်ထည့်နိုင်ရန် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များကို ခံယူရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင် ကစားစရာများကို အိမ်တွင်းအိမ်ပြင်များ၌ တပျော်တပါး လိုက်လံရှာဖွေ တတ်ကြသည်။
ခရစ္စမတ် သစ်ပင်
-----------------------
ခရစ္စမတ် သစ်ပင်သည် ခရစ္စမတ်ပွဲတော် နှင့်အတူ အမြဲမြင်တွေ့ရလျက်ရှိသော အထိမ်းအမှတ်တခုဖြစ်ပါသည်။ ခရစ္စမတ် သစ်ပင် ဖန်တီးခြင်းသည် ဂျာမနီနိုင်ငံမှ စတင်ခဲ့သည်ဟုဆိုပါသည်။ သူတော်စင် Saint Boniface ( ၆၃၄-၇၀၉) သည် တြိဂံပုံစံရှိသော သစ်ပင်ပုံစံကို ပြုလုပ်ခဲ့ပြီး ၄င်းသည် ဖခမည်းတော် ၊ နေမင်း နှင့် နှင့် သားတော် ပေါင်းစု ခြင်းကို ရည်ညွှန်းသည်ဟု ဆိုပါသည်။
အင်္ဂလိပ်ဘာသာဖြင့် Christmas tree ဟူသော အသုံးကို ၁၈၃၅ ခုနှစ်တွင် စတင် တွေ့ရှိခဲ့ရသည်။
ရှေးအခါက သစ်ပင်တွင် ပန်းသီးများ၊ ပဲများ၊ အခြား အစားအစာများဖြင့် အလှဆင်ခဲ့ကြပါသည် ၁၈ ရာစု မှစ၍ အစားအစာများ နေရာတွင် အလှ မီးများ ဖြင့် စတင် အစားထိုး ဆင်ယင်လာခဲ့ကြပါသည်။ အပင်ထိပ်တွင် တမန်တော် ဂါဘရီယယ်လ် ( Archangel Gabriel) အား ရည်ညွှန်းသော ကြယ် တခုကို တပ်ဆင်လာခဲ့ပါသည်။ ခရစ်စမတ် သစ်ပင်အား Yule-tree ဟုလည်း ခေါ်ဆိုပါသည်။ ရုရှားနိုင်ငံတွင် ёлка (ယော်လ်ကာ) ဟု ခေါ်ဆိုပါသည်။
ခရစ္စမတ် တေးသီချင်းများ
--------------------------------
ပထမဆုံး ခရစ္စမတ် ဓမ္မတေးမှာ ၄ ရာစုနှစ်တွင် ရောမ မြို့၌ ပေါ်ထွန်းခဲ့သည်ဟုဆိုပါသည်။ ဓမ္မတေးများ သီဆိုခြင်းသည် ပရိုတက်စတင့် ပုံသစ်ပြောင်းခြင်း ကာလ နောက်ပိုင်းတွင် နည်းပါးလာခဲ့သော်လည်း မာတင်လူသား ကဲ့သို့သော ပရိုတက်စတင့် ခေါင်းဆောင်ကြီးများသည် ဓမ္မတေးများစွာကို ရေးသားခဲ့ပြီး ဆုတောင်း ပွဲများတွင် အသုံးပြုခဲ့ကြပါသည်။ ခေတ်အဆက်ဆက် တွင် ဓမ္မတေးများစွာကို စပ်ဆို သီကုံးခဲ့ကြပါသည်။ ခရစ်စ်မတ်ပွဲကာလတွင် သာယာ ငြိမ့်ငြောင်းသော ဓမ္မတေးသံများကို နားဆင်ရမည် ဖြစ်သည်။
ရိုးရာ အစားအသောက်များ
---------------------------------
ရိုးရာ အစားအစာများသည် လည်း ပွဲတော်နှင့်အတူ အရေးပါသော ကဏ္ဍတွင် တည်ရှိပါသည်။ စစ္စလီ (Sicily) ကျွန်းတွင် ပွဲတော်ကာလ၌ ငါး ၁၂ မျိုးဖြင့် စီမံသော အထူး ဟင်းလျာများကိုပြင်ဆင်ကြပါသည်။ အင်္ဂလန် နှင့် အခြား နိုင်ငံများတွင် ခရစ်စ်မတ် ပွဲကာလ ဟင်းလျားများအဖြစ် ကြက်ဆင်၊ ငန်းဘဲ နှင့် အခြား ကြီးမားသော ငှက်အသားများ၊ အာလူး၊ နှင့် ဟင်းသီးဟင်းရွက်များကို စီမံ ချက်ပြုတ်ကြပါသည်။အထူး အချိုပွဲ အဖြစ် သစ်သီးကိတ်များ၊ ကြက်ဥ ဆနွမ်းမကင်း များ စသည်တို့ကို စီမံလေ့ ရှိပါသည်။
ပိုလန် နှင့် ဥရောပ အရှေ့ပိုင်းနိုင်ငံများတွင် ငါးကို အဓိက ဟင်းလျာ အဖြစ်ချက်ပြုတ်ကြပါသည်။ ဂျာမနီ၊ ပြင်သစ်၊နှင့် သြစတြီးယား နိုင်ငံများတွင် ငန်းဘဲနှင့် ဝက်သား သည် ပွဲတော်ကာလ အထူးဟင်းလျာများ ဖြစ်ပါသည်။
ထို့အပြင် ချောကလက် နှင့် အခြား ချိုချဉ်များ သည် လည်း ပွဲတော်ကာလ လူကြိုက်များသော အချိုမုန့်များ ဖြစ်ကြပါသည်။

အေးမြတဲ့ဆောင်းလေညင်းနဲ့ အတူ မိတ်ဆွေတို့ရဲ့ ဘဝတွေမှာ အေးချမ်းခြင်း၊ကျန်းမာခြင်းတွေကိုရရှိပါ‌စေ။ အခုလို Christmas holiday မှာ မိသားစုနဲ့ အတူ နွေးထွေးပြီးသာယာပျော်ရွှင်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်ပါစေလို့ ကျွန်တော်တို့ Blooming Rose Online English Centre မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

(ကိုးကား / ဝီခီပီးဒီယားနှင့်အင်တာနက်စာများမှ)

Teacher Rosie Andy is blessed with good health and a quick recovery". She is now in good mood and feeling better and pre...
29/11/2024

Teacher Rosie Andy is blessed with good health and a quick recovery".
She is now in good mood and feeling better and preparing to wish ' Complement of the Season"

Address

No. 401 14th Street, 3rd Ward, South Okkalapa Township
Yangon

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 08:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959944053359

Website

Alerts

Be the first to know and let us send you an email when Royal Rose English Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Royal Rose English Centre:

Shortcuts

Share