Myanmar Education Guide - EDGE

Myanmar Education Guide - EDGE Myanmar Education Guide - မြန်မာ့ပညာရေးလုပ်ငန်းလမ်းညွှန် You can find 26,700 Education related Businesses on our website.

Myanmar Education Directory has been the source for information about the Education Industry since it was first published in 2000.

မလေးရှားမှာ ကျောင်းတက်မယ့်သူများအတွက် Yes2Malaysia အခမဲ့ ပညာရေးပြပွဲ===============================ပွဲတက်ရောက်သူတွေက Bac...
11/08/2026

မလေးရှားမှာ ကျောင်းတက်မယ့်သူများအတွက် Yes2Malaysia အခမဲ့ ပညာရေးပြပွဲ
===============================
ပွဲတက်ရောက်သူတွေက Bachelor’s၊ Master’s နဲ့ PhD သင်တန်းတွေကို တိုက်ရိုက်ဝင်ခွင့် (Direct Admission) လျှောက်ထားနိုင်မယ့်အပြင် ပညာသင်ဆု (Scholarships) အခွင့်အရေးတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပွဲရက်အတွင်းမှာ တစ်ခါတည်း ကျောင်းအပ်နှံမယ့်သူတွေကို ကျောင်းလျှောက်လွှာကြေး၊ လေယာဉ်လက်မှတ်နဲ့ ကျောင်းသားဗီဇာကြေးတို့ကိုလည်း အခမဲ့ ပေးသွားမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/-yes2malaysia.html

စက်မှု၊စိုက်ပျိုး၊မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ယူနိုင်ပြီ=================================၂၀၂၆ ခု...
10/08/2026

စက်မှု၊စိုက်ပျိုး၊မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ယူနိုင်ပြီ
=================================
၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ၏ အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/6a79539621100.html

အထက်တန်းအောင်ထားသူများအတွက် ဗီယက်နမ်နိုင်ငံက ပညာသင်ဆု============================စနစ်သစ် (၁၂) တန်း အောင်မြင်ထားသူတွေအတွက...
07/08/2026

အထက်တန်းအောင်ထားသူများအတွက် ဗီယက်နမ်နိုင်ငံက ပညာသင်ဆု
============================
စနစ်သစ် (၁၂) တန်း အောင်မြင်ထားသူတွေအတွက် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့က Ton Duc Thang University မှာ ကျောင်းလခ ကင်းလွတ်ခွင့်နဲ့ ပညာသင်ကြားနိုင်မယ့် ပညာသင်ဆု အစီအစဉ်ကို မျှဝေပေးသွားပါမယ်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/study-at-tdtu.html

ပညာရေးစိတ်ပညာအကြောင်း အခမဲ့ လေ့လာနိုင်မယ့် အွန်လိုင်းသင်တန်း======================UNESCO Myanmar ကနေ ပညာရေးစိတ်ပညာတန်ဖို...
06/08/2026

ပညာရေးစိတ်ပညာအကြောင်း အခမဲ့ လေ့လာနိုင်မယ့် အွန်လိုင်းသင်တန်း
======================
UNESCO Myanmar ကနေ ပညာရေးစိတ်ပညာတန်ဖိုးနဲ့ သင်ကြားသင်ယူမှုမှာ အသုံးဝင်ပုံ၊ စာသင်ခန်းထဲမှာ လက်တွေ့အသုံးပြုနိုင်ဖို့ကို ရည်ရွယ်ပြီး ဒီသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/6a71744e76333.html

ထိုင်းနိုင်ငံမှာ အလုပ်ရှာဖွေဖို့ အတွက် ဘာသာစကားကအဓိကအဟန့်အတားဖြစ်နေပါသလား?👉 ထိုင်းနိုင်ငံ မှာ ဘဝတိုးတက်ရာ တိုးတက်ကြောင်း...
05/08/2026

ထိုင်းနိုင်ငံမှာ အလုပ်ရှာဖွေဖို့ အတွက် ဘာသာစကားကအဓိကအဟန့်အတားဖြစ်နေပါသလား?

👉 ထိုင်းနိုင်ငံ မှာ ဘဝတိုးတက်ရာ တိုးတက်ကြောင်းရှာဖွေဖို့ထိုင်းဘာသာစကားကို အကျိုးရှိရှိ အသုံးချလိုပါသလား?

👉 ထိုင်းနိုင်ငံမှာ နေထိုင်စဉ် နေ့စဉ်ဘဝ အဆင်ပြေစေဖို့ ထိုင်းလိုမဖြစ်မနေပြောဖို့လိုနေပြီလား?

ဒါဆိုရင်တော့ ဒီသင်တန်းလေးက သင့်အတွက်ပါ။ ထိုင်းနိုင်ငံမှာ နေ့စဥ်လူနေမှုဘဝ အဆင်ပြေဖို့ မရှိမဖြစ်လိုအပ်တဲ့ ထိုင်းဘာသာစကားကို သင်ယူထားသင့်ပါတယ်။

✅ အချိန်တိုအတွင်း ထိုင်းလို စနစ်တကျပြောတတ်စေဖို့ ခေတ်မီဘာသာစကားသင်ကြားရေးနည်းစနစ်များကို အသုံးပြုပြီး

🧑🏻‍🎓 Bangkok ရှိ Thai 🇹🇭 Global Business Address Technological College (TGBC) မှ ထိုင်း/မြန်မာ ဆရာ/မ များကိုယ်တိုင် သင်ကြားပေးမယ့် ထိုင်းဘာသာစကားအခြေခံသင်တန်း (အပတ်စဉ် ၃) နဲ့ (အပတ်စဥ် ၄)ဖြစ်ပါတယ်။

👉 Online သင်တန်းများဖြစ်လို့ ထိုင်းနိုင်ငံမှာဘဲနေနေ၊ မြန်မာနိုင်ငံမှာဘဲ နေနေ၊ ဘယ်နေရာမှာဘဲနေနေ တက်ရောက်နိုင်ပါတယ်။

👉 မေးမြန်းစုံစမ်းကြတဲ့ ကျောင်းသူကျောင်းသားများရဲ့ တောင်းဆိုမှုကြောင့်အခုလိုသင်တန်းအချိန် နှစ်ခု ခွဲပြီး စီစဥ်လိုက်ရတာဘဲဖြစ်ပါတယ်။

👉👉🧑‍🎓ထိုင်း 🇹🇭 ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု Thai Global Business Administration Technological College (TGBC) မှ သင်တန်းအောင်လက်မှတ်ကို ထိုင်း/ English နှစ်ဘာသာဖြင့် ထုတ်ပေးသွားမှာဖြစ်လို့ အလုပ်လျှောက်က်တဲ့အခါ အထောက်အကူဖြစ်စေမှာပါ။

✅ လူမျိုးဘာသာ ကျား/မ မရွေး၊ အသက်အရွယ်/ ပညာအရည်အချင်း ကန့်သတ်မှုမရှိ၊ မြန်မာစကားပြောတတ်ရုံနဲ့

ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနအသိအမှတ်ပြု Bangkok မြို့ရှိ Thai 🇹🇭 Global Business Administration Technological College မှာ ဖွင့်လှစ်သော ထိုင်းဘာသာစကားအခြေခံသင်တန်းကို တက်ရောက်သင်ယူခွင့်ရမှာဖြစ်လို့ 👉👉👉

📌 Thai 🇹🇭 Language Efficiency Course ထိုင်းဘာသာစကား (Zoom) သင်တန်း

📌 သင်တန်းကာလ - နှစ်လခွဲ (10 weeks)

📌 ရွေးချယ်တက်ရောက်နိုင်တဲ့သင်တန်းအချိန်များကတော့

📌 အပတ်စဥ် ၃ - စနေနေ့တိုင်း၊

ထိုင်းအချိန်: မနက် (၈-၁၁) နာရီ/ မြန်မာအချိန် မနက် (၇:၃၀ - ၁၀:၃၀)နာရီ။

📌 အပတ်စဥ် ၄ - အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ့တိုင်း၊

ထိုင်းအချိန်: ည(၈နာရီမှ ၉နာရီခွဲ)/ မြန်မာအချိန် ည(၇:၃၀ မှ ၉)နာရီ။

📌 သင်တန်းကြေး - (2499) ဘတ် (No Other Fees)

(မြန်မာမှ သင်တန်းသားများ KBZ pay ဖြင့် ပေးသွင်းနိုင်ပါသည်။)

📌 သင်တန်းများ စမည့်နေ့တွေကတော့

📌 အပတ်စဥ်(3) - 08 Aug 2026 (Saturday)

📌 အပတ်စဥ်(4) - 12 Aug 2026 (Wednesday)

သင်တန်းတက်ချင်တယ်ဆိုရင်တော့

👉TGBC College (Bangkok) တွင် လူကိုယ်တိုင်လာရောက် သင်တန်းအပ်နှံနိုင်သလို

👉 Online မှလည်း သင်တန်းအပ်နှံနိုင်ရန် စီစဉ်ထားပါတယ်။

☎️ 082-139-2133 (Thai Phone: မြန်မာဘာသာဖြင့်စုံစမ်းရန်)

☎️ 062-338-1085 (Thai Phone: မြန်မာဘာသာဖြင့်စုံစမ်းရန်)

☎️ 082-875-1956 (Thai Phone: ထိုင်းဘာသာဖြင့်စုံစမ်းရန်)

Viber only (မြန်မာဖုန်း : ၀၉၇၈၉၆၆၇၁၁၆)

Facebook : https://www.facebook.com/share/p/1NnwVj9ef2/

ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ် (၃၆၀) ဖွင့်လှစ်ခွင့်ပြု===========================ပညာရေးဝန်ကြီးဌာန၏ ထုတ်...
05/08/2026

ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ် (၃၆၀) ဖွင့်လှစ်ခွင့်ပြု
===========================
ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ် စုစုပေါင်း (၃၆၀) ကျောင်း ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/6a6c48dd6a7b3.html

အဝေးသင်သင်တန်း ကျောင်းအပ်ခြင်းကိစ္စ ဩဂုတ် (၁၄) ရက်နေ့အထိ တိုးမြှင့်=============================၂၀၂၆ ပညာသင်နှစ် အဝေးသင်သ...
03/08/2026

အဝေးသင်သင်တန်း ကျောင်းအပ်ခြင်းကိစ္စ ဩဂုတ် (၁၄) ရက်နေ့အထိ တိုးမြှင့်
=============================
၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဇူလိုင်လကုန်အထိ လက်ခံဆောင်ရွက်ပေးခဲ့ရာ ယခုထပ်မံ၍ ဩဂုတ်လ (၁၄) ရက်နေ့အထိ နောက်ဆုံးအကြိမ်ဖြင့် တိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/6a7046c395152.html

NUAC (ရန်ကုန်) တွင် မဟာဝိဇ္ဇာဘွဲ့သင်တန်းများ လျှောက်ထားနိုင်============================၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၌ အမျိုးသာ...
31/07/2026

NUAC (ရန်ကုန်) တွင် မဟာဝိဇ္ဇာဘွဲ့သင်တန်းများ လျှောက်ထားနိုင်
============================
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် မဟာဝိဇ္ဇာဘွဲ့ (ဂီတ/သဘင်/ ပန်းချီ/ ပန်းပု/ ရုပ်ရှင်နှင့်ပြဇာတ်) သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပါသည်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/nuac-6a6ada18476c3.html

YIS Industry Report Launch 2026 ပွဲကို စက်တင်ဘာမှာ ကျင်းပမည်===========================Myanmar Education Guide ကနေ “The ...
31/07/2026

YIS Industry Report Launch 2026 ပွဲကို စက်တင်ဘာမှာ ကျင်းပမည်
===========================
Myanmar Education Guide ကနေ “The Yangon International Schools Industry Report 2026-2027 Launch & Panel Seminar" ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၂) ရက်နေ့ ရန်ကုန်မြို့ မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

- ဘယ်မြို့နယ်မှာ နိုင်ငံတကာကျောင်း အများဆုံးလဲ၊
- ဘယ်ကျောင်းတွေက စျေးကွက်ရှယ်ယာ အများဆုံးယူထားလဲ၊
- ဘယ်သင်ရိုးညွှန်းတမ်းကို အများဆုံး သင်ကြားကြလဲ၊
- ကျောင်းလခကို ဘယ်လို သတ်မှတ်သင့်သလဲ၊
- ဘယ်အတန်းအဆင့်တွေမှာ ကျောင်းသား အများဆုံးလဲ ဆိုတဲ့ မေးခွန်းတွေအတွက် မှန်ကန်တဲ့ စျေးကွက်အချက်အလက်တွေကို “The Yangon International Schools Industry Report 2026–2027 Launch & Panel Seminar” ပွဲကို တက်ရောက်ရင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပွဲအစီအစဉ် အသေးစိတ်ကို ထပ်မံကြေညာပေးသွားမှာ ဖြစ်ပြီး
- International School များမှ တာဝန်ရှိသူများ
- International School အသစ် စတင် တည်ထောင်မယ့်သူများ
- ရှိပြီးသားကျောင်းကို ကျောင်းခွဲတိုးချဲ့ဖွင့်လှစ်မယ့်သူများ
- Private School ကနေ International School အဖြစ် ပြောင်းလဲလိုသူများ
- ကျောင်းရဲ့ Curriculum၊ Fee နှင့် Positioning ကို ပြန်လည်သတ်မှတ်လိုသူများ
- ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူများ တက်ရောက်နိုင်ပါတယ်။

အသေးစိတ်ဖတ်ရှုရန်
> https://www.edge.com.mm/article/-free-seminar.html

NUAC (ရန်ကုန်) မှ ပထမနှစ်သင်တန်းဝင်ခွင့် ခေါ်ယူ========================၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနု...
30/07/2026

NUAC (ရန်ကုန်) မှ ပထမနှစ်သင်တန်းဝင်ခွင့် ခေါ်ယူ
========================
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ ပထမနှစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။

အပြည့်အစုံဖတ်ရန်
> https://www.edge.com.mm/article/university-of-arts-and-culture.html

Address

No. 614, First Floor ( Left ) MaharBandoola Road, Latha Township
Yangon
82001

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 06:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 13:00

Telephone

+959448001653

Alerts

Be the first to know and let us send you an email when Myanmar Education Guide - EDGE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar Education Guide - EDGE:

Shortcuts

Share