04/06/2018
အခြေခံကျပြီး အလွန် ထိရောက်လွယ်ကူပါတယ် ခင်ဗျာ။
Unit (1)
English စကား တတ်မြောက်ဖို့ အခြေခံအကျဆုံးက
ကိုယ်စိတ်ကူးလိုက်တဲ့ မိမိ ဘာသာစကားတစ်ခွန်းကို
English စကားမှာ
* ဘယ်စကားလုံးတွေ သုံးရမှာလဲ
* ဘယ်လိုတန်းစီရမှာလဲ
အဲဒီ ၂ ချက် အဓိက အကျဆုံးပဲ။
စိတ်ရှည်ရှည်ထား လေ့လာကြည့်ရအောင် ___
မည်သည့် ဘာသာစကားတွင်မဆို
လူတိုင်းပြောနေသည့် စကား အမျိုးအစားက ၂ မျိုးပါပဲ။
၁။ မေးတာမဟုတ်တဲ့ စကား ( Non-Questions)
၂။ မေးတဲ့စကား ( Questions)
■မေးတာမဟုတ်တဲ့ စကား ၄ မျိုး။
၁။ ဟုတ်ကြောင်းစကား။
၂။ မဟုတ်ကြောင်းစကား။
၃။လုပ်ပါ။ (ခိုင်း၊တောင်းဆို)
၄။မလုပ်နဲ့။(တား၊တောင်းဆို)
■မေးတဲ့ စကား ၂ မျိုး။
၁။ လား? မေးခွန်း(ဟုတ်-လား/မဟုတ်လား)
၂။ လဲ? မေးခွန်း(ဘာဟုတ်လဲ/ဘာမဟုတ်လဲ)
အနှစ်ချုပ်လိုက်ရင် စကားလို့ ဆိုလိုက်တာနဲ့
(အာမေဋိတ်တွေ၊ရေလဲသုံး ပုံသေစကားတွေကလွဲရင်)
စကား(၆)မျိုးကို သာ တည်ဆောက်၍
လှည့်ပတ်ပြောဆိုရေးသားနေကြတာဖြစ်ကြောင်း
တွေ့ရပါလိမ့်မယ်။
၁။ ဟုတ်ကြောင်းစကား။
၂။ မဟုတ်ကြောင်းစကား။
၃။လုပ်ပါ။ (ခိုင်း၊တောင်းဆို)
၄။မလုပ်ပါနဲ့။(တား၊တောင်းဆို)
၅။ လား? မေးခွန်း(ဟုတ်-လား/မဟုတ်လား)
၆။ လဲ? မေးခွန်း(ဘာဟုတ်လဲ/ဘာမဟုတ်လဲ)
စကား ၆ မျိုးကို မိမိကိုယ်တိုင်
တည်ဆောက်ပြောဆိုနိုင်ဖို့
မြန်မာစကား နဲ့ အင်္ဂလိပ်စကား တန်းစီပုံတွေ
လွယ်ကူအောင်ရှင်းပြပါ့မယ်။
*စကား ၆ မျိုးထဲက
၁ နဲ့ ၂ ကို စ လေ့လာကြည့်ရအောင်!
1■ ဟုတ်ကြောင်းစကား
2■ မဟုတ်ကြောင်းစကား
ဒီ ၂ မျိုးကို ...
မြန်မာစကားမှာ ဘယ်လိုတန်းစီပြီး
အင်္ဂလိပ်စကားမှာ ဘယ်လို တန်းစီရလဲ။
★ အဓိပ္ပာယ် ၂ ပိုင်းပါတဲ့
ဟုတ်ကြောင်း၊မဟုတ်ကြောင်းစကားတွေမှာ
▲ မြန်မာ နှင့် အင်္ဂလိပ်တန်းစီပုံတူတယ်။
ဥပမာ။
"သူတို့ ဝယ်ခဲ့တယ်"
သူတို့နေရာမှာ They
ဝယ်ခဲ့တယ်နေရာမှာ bought
အဲဒီတော့ They bought.
"သူတို့ မဝယ်ခဲ့ဘူး"
သူတို့နေရာမှာ They
မဝယ်ခဲ့ဘူး နေရာမှာ didn't buy
အဲဒီတော့ They didn't buy.
သို့သော် ဘာဝယ်ခဲ့တယ်၊မဝယ်ခဲ့ဘူးဆိုတာ
ထည့်ပြောရင် ၃ ပိုင်းဖြစ်သွားပြီ။
★ အဓိပ္ပာယ် ၃ ပိုင်း ဖြစ်သွားရင်
ခုလို မှတ်ထားရမယ်။
▲ မြန်မာစကားရဲ့ အစ နဲ့ အဆုံးဟာ
▲ English စကားရဲ့ ပထမ နဲ့ ဒုတိယ
ဥပမာ။
"သူတို့ ကွန်ပျူတာ တစ်လုံးဝယ်ခဲ့တယ်"
1. သူတို့ ~ They
2.ကွန်ပျူတာ တစ်လုံး ~ a computer
3.ဝယ်ခဲ့တယ် ~ bought
ဒီစကားမှာ မြန်မာစကားရဲ့ အစ ဟာ
သူတို့(They) အဆုံးဟာ ဝယ်ခဲ့တယ်(bought)
အဲဒီ ၂ ခုကို အင်္ဂလိပ်မှာ
ပထမ နဲ့ ဒုတိယ တွဲပေးလိုက်ပါ။
They bought ပြီးတော့
ကျန်ရှိတဲ့ a computer ထည့်ပါ။
They bought a computer.
"သူတို့ ကွန်ပျူတာ တစ်လုံးမဝယ်ခဲ့ဘူး"
ထိုနည်း၎င်း ပဲ တန်းစီပါ။
သူတို့ __ မဝယ်ခဲ့ဘူး__ ကွန်ပျူတာ။
They didn't buy a computer.
ဟုတ်ကြောင်း မဟုတ်ကြောင်း စကား ရဲ့
အခြားဥပမာများ ဆက်လက်လေ့ကျင့်ကြည့်ရအောင်....
English မှာ ဘယ်လို စကားလုံးသုံးရမလဲ
ဘယ်လို တန်းစီရမလဲ
၂ ပိုင်းလား၊၃ ပိုင်းနှင့်အထက်လား
မိမိမြန်မာစကားကို သတိပြုခွဲခြားပါ။
"ကိုယ် မင်းကို ချစ်တယ်"
ကိုယ် ~ ချစ်တယ် ~ မင်းကို
I love you.
"George က မင်းကို ချစ်တယ်"
George က ~ ချစ်တယ် ~ မင်းကို။
George loves you.
"မင်းသူငယ်ချင်းက မင်းကို မယုံကြည်ဘူး"
မင်းသူငယ်ချင်းက ~ မယုံကြည်ဘူး ~ မင်းကို။
Your friend doesn't believe you.
"မင်းသူငယ်ချင်းတွေက မင်းကို မယုံကြည်ဘူး"
မင်းသူငယ်ချင်းတွေက ~ မယုံကြည်ဘူး ~ မင်းကို။
Your friends don't believe you.
"သူတို့ ပန်းခြံထဲမှာ ဆော့နေတယ်"
သူတို့ ~ ဆော့နေတယ် ~ ပန်းခြံထဲမှာ။
They are playing in the park.
"သူ ပန်းခြံထဲမှာ ဆော့နေတယ်"
သူ ~ ဆော့နေတယ် ~ ပန်းခြံထဲမှာ။
He is playing in the park.
"သူ(မ)က မင်းကို မချစ်ပါဘူး"
သူက ~ မချစ်ဘူး ~ မင်းကို
She doesn't love me.
"သူ မသိဘူး"
သူ ~ မသိဘူး။
He doesn't know.
"က်မ မသိဘူး"
ကျမ ~ မသိဘူး။(2 ပိုင်းမို့ တန်းစီပုံတူတယ်)
I don't know.
"John က ကော်ဖီ တစ်ခွက် မှာချင်တယ်"
John က ~ မှာချင်တယ် ~ ကော်ဖီတစ်ခွက်။
John want a cup of coffee.
"သူမက ကျနော့်ကို မလိုအပ်ဘူး"
သူမက ~ မလိုအပ်ဘူး ~ ကျနော့်ကို။
She doesn't need me.
Self-study လုပ်ကြည့်ရန်___
"ကျနော့်အဖေက စန္ဒယား တီးတတ်တယ်"
"ကျနော့်အဖေက စန္ဒယား မတီးတတ်ဘူး"
"သူတို့က Marketing အကြောင်း နားလည်ပြီးသားပါ"
"သူတို့က Marketing အကြောင်း နားမလည်သေးဘူး"
"သူ့ အစ်ကိုတွေက ခင်ဗျားကို တွေ့ဆုံချင်တယ်"
"မင်း အချိန်မရွေး ကိုယ့်ကို ဖုန်းဆက်နိုင်တယ်"
အထက်ပါ ဥပမာ စကားပြော Sentence များအရ __
English စကားမှာ လူကိုရည်ညွှန်းတဲ့ စကားအရ
လုပ်ရပ်ကို ခွဲခြားထားတာ သတိပြုမိပါသလား။
love,loves
is,are
don't,doesn't စသဖြင့် အဓိပ္ပာယ် တူပါလျက်
အတွဲမတူတာတွေ ရှိသလို
အတွဲတူတာတွေလည်း
ရှိနေပြန်ပါတယ်။
ဤနေရာတွင် အချို့က
အနည်းကိန်းကို အနည်းကိန်းနဲ့တွဲ
အများကိန်းကို အများကိန်းနဲ့တွဲဟု
ဟုဆိုကြပါတယ်။
တကယ်တော့ အနည်း အများဆိုတာ
သင်္ချာ ဆန်တဲ့ နှိုင်းယှဉ်မှုပြ စကားလုံးပါ။
ဥပမာ
လိမ္မော်သီး အလုံး ၁သိန်း နှင်း
လိမ္မော်သီး အလုံး ၁သောင်း ဆိုပါစို့။
၁ သောင်းသည် ၁သိန်းထက်နည်းသည်။
သို့သော်
၁သောင်း နှင့် ၁ထောင်ယှဉ်ကြည့်ပါက
၁သောင်းသည် အများဖြစ်သွားမည်။
English က ဤသို့မဆို ...
လိမ္မော်သီး ၁သိန်းဖြစ်ဖြစ်၊၁သောင်းဖြစ်ဖြစ်၊
၁ရာဖြစ်ဖြစ်၊၂လုံးဖြစ်ဖြစ်
orangeS ဟူ၍သာဖြစ်ပါတယ်။
ဒါကြောင့် English တွင်
အနည်းကိန်း/အများကိန်း မသုံးနှုန်းသင့်ပါ။
တစ်ခု ကိန်း/ အများကိန်းဟုသာ ဆိုရပါမယ်။
English မှာ အများကိန်းဆိုတာ
၂ နှင့် အထက်ကိုဆိုလိုခြင်းဖြစ်ပါတယ်။
တစ်ခုကိန်း/ အများကိန်းကို
ရည်ညွှန်းတဲ့ စကားလုံးများကို Group နှစ်ခုခွဲ
မှတ်ထားရပါမယ်။
■လမ်းကြောင်း(၁)
*6 - I,We,You,They, နှင့်
နာမည်အများ(Bill and John)
ဆက်နွယ်မှုအများ(Your friends*)
"I" သည် ချွင်းချက် စကားလုံးဖြစ်ပါတယ်။
ဒီ အုပ်စုမှာ "I" သည် တစ်ခုကိန်းဖြစ်ပါလျက်
အခြေအနေ အများစုတွင်
"အများကိန်း" plural အနေနဲ့ သုံးပါတယ်။
"I" သည် ဖြစ်ကြောင်း၊
နေရာတစ်ခုတွင်ရှိကြောင်းပြောဆိုရ၌
I am ဟူ၍လည်းကောင်း
was,were - ဖြစ်ခဲ့၊ရှိခဲ့ အသုံးတွင်
တစ်ခုကိန်းအနေနဲ့ I was ဟူ၍ တစ်ခုကိန်းကဲ့သို့
ဤတစ်ခါသာ သုံးပါသည်။
You သည် ခင်ဗျား/ခင်ဗျားတို့ ဟူ၍
တစ်ခုကိန်း၊အများကိန်း ၂ မျိုးလုံး
သတ်မှတ်ပါတယ်။
သို့သော် အများကိန်းဖြင့်သာ တွဲပါတယ်။
■လမ်းကြောင်း(၂)
*5- He,She,it, နှင့်
နာမည်တစ်ခု(Johnson)
ဆက်နွယ်မှုတစ်ခု (Your friend*)
လမ်းကြောင်း ၁ အုပ်စုမှ ၆ ခု နှင့်
လမ်းကြောင်း ၂ အုပ်စုမှ ၅ ခု
★ခွဲခြားသုံးရသော ပုံစံ ၃ ခု
★ခွဲခြားစရာမလိုသော ပုံစံ ၃ ခု မှတ်ထားရပါမယ်။
မှတ်ချက်။ Verb များ၏ အဓိပ္ပာယ်နှင့် အသုံးအနှုန်းများကို
နောင်လာမည့် post များတွင် အသေးစိတ်
ဆက်လက်တင်ပြပါမည်။
ယခု လုပ်ရပ်ကိုလုပ်သည့်သူနှင့်တွဲပုံများ
အဓိက မှတ်သားပါရန်။
■ 6/5 ခွဲခြား သုံးစွဲရသည့် ပုံစံ (၃) ခု။
1.★ 6 __ V1 ~ don't V1
★ 5 __ V1 s ~ doesn't V1
2.★ 6 __ have V3 ~ haven't V3
★ 5 __ has V3 ~ hasn't V3
3.★ 6 __am~ 'm not /are~aren't
→ was~wasn't /were~weren't
★ 5 __ is → was~wasn't
ဥပမာ။
I like music.
I don't like music.
She likeS music.
She doesn't like music.
We go to work every morning.
I don't go to work every morning.
He goeS to work every morning.
He doesn't go to work every morning.
They speak Japanese.
They don't speak Japanese.
My brother speakS Japanese.
My brother doesn't speak a Japanese.
My friends HAVE known your address.
My friends haven't known your address
My friend HAS known your address.
My friend hasn't known your address.
I HAVE eaten dinner.
I haven't eaten dinner.
Mr Brown HAS eaten dinner.
Miss Brown hasn't eaten dinner.
I'm tired.
I'm not tired.
They are tired.
They aren't tired.
Her mother is tired.
Her mother isn't tired.
I was happy at the party last night.
I wasn't happy at the party last night.
You were happy at the party last night.
You weren't happy at the party last night.
Susan was happy at the party last night.
Susan wasn't happy at the party last night.
■ 6/5 ခွဲခြားစရာ မလိုသည့် ပုံစံ (၃) ခု။
1.★6/5 __ V2 ~ didn't V1
2.★6/5 __ had V3 ~ hadn't V3
3.★6/5 __ will,can,should . . .etc.
won't,can't,shouldn't ... etc.
ဥပမာ။
I bought a computer yesterday.
I didn't buy a computer yesterday.
They bought a computer yesterday.
They didn't buy a computer yesterday.
He bought a computer yesterday.
He didn't buy a computer yesterday.
His daughter bought a computer yesterday.
His daughter didn't buy a computer yesterday.
I had gone home when you arrived at the party last night.
I hadn't gone home when you arrived at the party last night.
We had gone home when you arrived at the party last night.
We hadn't gone home when you arrived at the party last night.
She had gone home when you arrived at the party last night.
She hadn't gone home when you arrived at the party last night.
They can speak Chinese.
They can't speak Chinese
I can speak Chinese.
I can't speak Chinese.
My sister can speak Chinese.
My sister can't speak Chinese.
He can speak Chinese.
He can't speak Chinese.
I will call you when I get home.
I won't call you when I get home.
She will call me when she gets home.
She won't call me when she gets home.
You should study your lessons right now.
You shouldn't study your lessons right now.
She should study her lessons right now.
She shouldn't study hard lessons right now.
ဟုတ်ကြောင်း၊မဟုတ်ကြောင်း
အခြေခံ အချက်များ ဖြစ်ပါတယ်။
ဘာသာပြန်များ ရေးကြည့်ပါ။
ဆင့်ပွားပြောကြည့်ပါ/ ရေးကြည့်ပါ။
စကား ၆ မျိုးမှ ယခု ၂မျိုးအကြောင်း
လေ့ကျင့်ကြည့်ပါ။
အခြား ၄ မျိုးကို Unit (2) တွင်
ဆက်လက်ဖော်ပြသွားပါမည်။
(ဆက်ရန်)
လေးစားလျက်___
Saya U Thura
(TESOL,LTTC)
English American language Center.
0951 70