Infranet

Infranet

Share

Unlock Your ICT Career

19/06/2023

Gmail ဆိုတာ ဒီနေ့ခေတ်မှာ လူတိုင်း ရှိထားသင့်ပါတယ်။

ဘာကြောင့်လည်း ဆိုတော့ ဟိုအရင်တုန်းကတော့ Gmail သည် Mail ပို့ရုံသက်သက်သာ ဖြစ်ပါတယ်။ ဒီနေ့
ခေတ်မှာတော့ Facebook သုံးမယ်ဆိုလည်း Gmail လိုလာတယ်၊ Youtube ကြည့်မယ်ဆိုလည်း Gmail လို
လာတယ်၊ ဂိမ်းဆော့မယ်ဆိုလည်း Gmail လိုလာတယ်၊ ခုခေတ်စားနေတဲ့ AI တွေ သုံးမယ်ဆိုလည်း Gmail
လိုလာပြန်ပြီ။

ဒါ့ကြောင့်မို့ ခုချိန်မှာတော့ အနည်းဆုံးတော့ Gmail အကောင့်တစ်ခု ရှိသင့်တယ်လို့ ပြောခြင်း ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာ Gmail အကောင့်တစ်ခုကို ဘယ်လို စနစ်တကျဖွင့်မလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါ
တယ်။

မိတ်ဆွေအတွက် အသုံးဝင်တယ်ဆိုရင် Like & Share လုပ်သွားလိုက်ပါဦးနော်။

15/06/2023

ကွန်ပျုတာ စသုံးတဲ့သူတွေ ပြုလုပ်တက်တဲ့ အမှား ၅မျိုး
••••••••••••••••••••••••••

1. Not Backing up important
အရေးကြီးတဲ့ ဖိုင်တွေကို Backup သိမ်း မထားမိတဲ့ ပြသာနာပါ။ သိမ်း မထားမိတာထက် သိမ်းရကောင်း မသိတာပါ။

ဘယ်လို သိမ်းလဲ? ရှုပ်ရှုပ်ရှပ်ရှပ်တွေ စဉ်းစားမနေနဲ့။ အလွယ်ဆုံးနည်းလမ်း ပြောပြမယ်။ အရေးကြီးတယ် ထင်တဲ့ ဖိုင်တွေကို တစ်နေရာထဲ မသိမ်းနဲ့၊ နှစ်နေရာ သုံးနေရာ ခွဲသိမ်းထား။ ကွန်ပျုတာထဲမှာ သိမ်းထားတယ် ဆိုရင် မန်မိုရီ စတစ်ထဲမှာလည်း သိမ်း၊ တခြား ဟက်ဒစ်ထဲလည်း သိမ်း၊ ဟုတ်ပြီလား။

2. Clicking Next or OK without reading
ကျနော် ကျောင်းသားတွေလည်း အာပေါက် မတက်ပြောရတာဗျာ။ ကွန်ပျုတာမှာ တစ်ခုခု ပေါ်လာလို့ နှိပ်ခိုင်းရင် စာကို မဖတ်ဘူး၊ ရမ်းနှိပ်လိုက်တာ။ ဥပမာ Yes or No နှိပ်ခိုင်းလိုက်တဲ့ Box ပေါ်လာရင် ပထမ တစ်ခါ Yes နှိပ်တယ်၊ အဆင်မပြေဘူး ဆိုရင် No နှိပ်တယ်၊ အဲ့တာမှ အဆင်မပြေသေးရင် ကြက်ခြေခက်လေးကို နှိပ်ပြီး ပိတ်တယ်၊ ဒါမှ အဆင်မပြေသေးရင် ဆရာသမားတို့က ဘာလုပ်လဲ သိလား? ကွန်ပျုတာကို ပါဝါ ပိတ်လိုက်တယ်။ 🥺

မလုပ်ပါနဲ့။

ကွန်ပျုတာမှာ အကြောင်းတစ်ခုခုကြောင့် Warning Box လာရင် စာဖတ်ပြီးမှ နှိပ်တဲ့ အကျင့်လုပ်ပါ။

3. Not Saving Work
စာရိုက်တာဘဲ ဖြစ်ဖြစ် ပုံဆွဲတာဘဲ ဖြစ်ဖြစ် တစ်ခုခုလုပ်တိုင်း Save လုပ်ထားဖို့ လိုပါတယ်။

ဒါမှသာ ကွန်ပျုတာတစ်ခုခု ဖြစ်သွားရင် ကိုယ်လုပ်ထားတာတွေ အစကနေ ပြန်မလုပ်ရမှာ ဖြစ်ပါတယ်။

Save လုပ်တဲ့ အကျင့် ရအောင် လုပ်ပါ။

အကျိုးရှိပါတယ်။

4. Turning Off The Computer Improperly
ကွန်ပျုတာက ဖုန်းလို မဟုတ်ဘူး။ Power Off လုပ်မယ်ဆိုရင် Shutdown နှိပ်ပြီး ပိတ်ရတယ်။ ကွန်ပျုတာ ဖွင့်တုန်းက သုံးတဲ့ Power ခလုပ်ကို နှိပ်ပြီး ပိတ်ရတာ မဟုတ်ဘူး။

ကျနော်တို့က ဖုန်းတွေ အသုံးများလာတာတော့ ကွန်ပျုတာ ပိတ်ရင် ဖုန်း ပိတ်သလိုဘဲ ပါဝါ ခလုပ်ကြီး နှိပ်ပီး ပိတ်ကြတယ်။

မလုပ်ပါနဲ့၊ ဟက်ဒစ် နာပါတယ်။

5. Opening email attachment

ကိုယ့်မေးလ်ထဲကို ရောက်နေသမျှ attachment တွေကို မကြည့်ဘဲနဲ့ ဖွင့်လိုက်မိတယ်။ ပြသာနာ အကြီးကြီး ရှိတယ်ဗျ။ ဘာလည်းဆိုတော့ ဟက်ကာ ပို့‌ထားတဲ့ Mail Attachment ကြီး ဆိုရင် ဒုက္ခရောက်ပြီ။

ဟက်ကာကလည်း ကျနော် ဟက်ကာပါ ဆိုပြီး ပြောပို့မှာ မဟုတ်တဲ့ အတွက် ကျနော်တို့ အနေနဲ့ မေးလ်တွေကို သေချာ စစ်ဆေးပြီးမှ ဖွင့်ဖို့ လိုပါတယ်။

ဒါလေးတွေကို ဂရုတစိုက်လုပ်မယ် ဆိုရင် မိတ်ဆွေတို့ ကွန်ပျုတာလည်း သက်တမ်းပိုကြာကြာ သုံးလို့ရတဲ့ အပြင် ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။

မိတ်ဆွေအတွက် အသုံးဝင်တယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့နဲ့ဦးနော်။

ကိုကောင်းမြတ်

09/06/2023

သင် မ သိ သေး တဲ့ Keyboard Function Keys များ
---------

♦️ ဒီနေ့မှာတော့ ကွန်ပျုတာ အခြေခံသင်တန်းမှာပါဝင်တဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့ Function Keys များအကြောင်းကို ဝေမျှပေးထားပါတယ်။ Function Keys များသိထားမယ်ဆိုရင် ကွန်ပျုတာသုံးပြီးတော့ အလုပ်လုပ်ရာတွင် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Function Keys အများစုသည် Keyboard ၏ အပေါ်ဘက်တွင် ရှိတက်ပါတယ်။ ပုံတွင် တချက်ကြည့်ပေးပါ။ လက်တော့တွေမှာဆိုရင် Function Keys ကို ဒီအတိုင်းနှိပ်ရတာ ရှိသလို Keyboard မှာရှိတဲ့ Fn ဆိုတဲ့ Key လေးနဲကတွဲနှိပ်မှ အလုပ်လုပ်ပါတယ်။ Desktop မှာဆိုရင်တော့ ပြသာနာမရှိပါဘူး။

♦️ လေ့လာနေတဲ့ ဝါသနာတူ သူငယ်ချင်းတွေ သိသွားအောင်လည်း Share ထားလိုက်ဦးနော်။

F1
F1 သည် အဓိကတော့ ကွန်ပြုတာကို အကူအညီတောင်းတာဖြစ်ပါတယ်။ ကွန်ပြုတာနှင့် ပတ်သတ်ပြီး သိချင်တာရှိရင် မေးမြန်းနိင်ပါတယ်။ ဥပမာ Google နဲ့ဆင်ပါတယ်။ ဒါပေမယ့် Google သိလိုတဲ့ အကြောင်းအရာ အလုံးစုံကို ရှာနိင်ပေမယ့် F1 ကတော့ ကွန်ပြုတာတစ်လုံးနှင့် သတ်ဆိုင်သည်များကိုသာ ရှာဖွေနိင်ပါတယ်။ သတိထားစရာတချက်ကတော့ Windows 7 မှာဆိုရင် F1 (Help) ကို Offline အနေနဲ့ အသုံးပြုနိင်ပေမယ့် Windows 10 မှာတော့ Online အနေဖြင့်သာ အသုံးပြုနိင်ပါတယ်။ Online သာ အသုံးပြုလို့ ရတဲ့အတွက် သိချင်တာကို များများစားစားသိလို့ ရပြီးတော့ မကောင်းတဲ့အချက်ကတော့ ကွန်ပြုတာမှာ အင်တာနက် မချိပ်ဆက်ထားရင် တခုမှ မေးမြန်းနိင်မှာ မဟုတ်ပါဘူး။ ဟုတ်ပီ။ F1 ကို Help လို့ခေါ်တယ်။

F2
F2 သည် Folder သော်လည်းကောင်း၊ Icon သော်လည်းကောင်း နာမည်ပြောင်းလိုသည့်အခါတွင် သုံးပါတယ်။ ပုံမှန်အားဖြင့် Folder တစ်ခုကို နာမည်ပြောင်းတော့မယ်ဆိုရင် ၎င်း Folder ပေါ်တွင် Right Click နှိပ်ပြီး Rename ကိုရွေးရပါတယ်။ အဆင့်တွေများတာပေါ့။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရင်တော့ ၎င်း Folder ကို Select ပေး။ ပြီးရင် F2 နှိပ်လိုက်
ဒါဆိုရင် Rename ပြောင်းလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ F2 သည် Folder (or) File တစ်ခုခုကို နာမည်ပြောင်းလိုသည့်အခါတွင် အသုံးပြုပါတယ်။

F3
F3 သည် Search Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Search Box ကိုသွားချင်တယ်ဆိုရင် F3 ကိုနှိပ်ပြီးသွားနိုင်ပါတယ်။

F4
F4 သည် Address Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Address Bar ထဲကို သွားလိုသည့်အခါတွင် F4 ကိုနှိပ်ပြီးသွားနိင်ပါတယ်။

F5
F5 ကိုတော့ တော်တော်များသိမယ်ထင်ပါတယ်။ Refresh လုပ်တာဖြစ်ပါတယ်။ ကွန်ပြုတာနည်းနည်း လေးလာပြီဆိုရင် F5 မကြာခဏနှိပ်လေ့ရှိကြပါတယ်။

F6
F6 ကိုတော့ အသုံးနည်းလှပါတယ်။ မပြောရင်တော့ ရပါတယ်။ ဒါပေမယ့် အကုန်ပြောမယ်လို့ ရည်ရွယ်ထားတဲ့အတွက် ထည့်ပြောရခြင်းဖြစ်ပါတယ်။ ဒီကောင်ကို သုံးဖို့အတွက် My Computer သို့မဟုတ် Browser တစ်ခုခုကို ဖွင့်ထားရပါမယ်။ ပြီးရင်တော့ F6 ကိုနှိပ်ကြည့်ပါ။ Cursor လေးပြောင်းနေတာကို တွေ့ရပါလိ့မ်မယ်။ နှိပ်တဲ့အခါမှာလည်း ၃လေး
ချက် ၄ချက်လောက် နှိပ်ကြည့်ပါ။

F7
F7 ကိုတော့ Spelling Check လုပ်သည့်အခါတွင် သုံးပါတယ်။ Spelling Check လုပ်သည့် Feature ကတော့ Word ပါသည့်အတွက်ကြောင့် Word ကို ဖွင့်ပြီး F7 နှိပ်မှ အလုပ်လုပ်
ပါမယ်။

F8
F8 သည် Word တွင်သာ အလုပ်လုပ်တဲ့ Keys တစ်ခုဖြစ်ပါတယ်။ Word မှာ စာကြောင်းတစ်ကြောင်းကို Select ပေးလိုသည့်အခါတွင် F8 ကို ၂ချက်နှိပ်ပေးပါ။ ၃ချက်နှိပ်ရင် စာပိုဒ်တစ်ခုလုံးကို Select ပေးသွားမှာ ဖြစ်ပါတယ်။

F9
F9 သည်လည်း Refresh လုပ်တာဖြစ်ပါတယ်။ ထူးခြားတာက Word တွင်သာ အလုပ်လုပ်ပါတယ်။ လက်ရှိစာရိုက်နေတဲ့ အချိန်မှာ Word သုံးရတာလေးနေတယ်ဆိုရင် F9 နှိပ်ပြီး Refesh နှိပ်နိုင်ပါတယ်။

F10
F10 သည် Menu Bar ကိုခေါ်သည့်အခါတွင် အသုံးပြုပါတယ်။ လက်ရှိဖွင့်ထားသော Program တစ်ခုခု၏ Menu Bar ကိုခေါ်လိုသည့်အခါတွင် F10 နှိပ်ပြီးခေါ်နိင်ပါတယ်။

F11
F11 သည် လက်ရှိသုံးနေတဲ့ Browser ဖြစ်စေ၊ My Computer ဖြစ်စေ Full Screen လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။ Full Screen ကနေ ပြန်ထွက်ချင်တယ်ဆိုရင် F11 ပြန်နှိပ်ပြီး ထွက်နိင်ပါတယ်။

F12
F12 သည် Save လုပ်တာ ဖြစ်ပါတယ်။ လက်ရှိရိုက်နေတဲ့ Word / Excel / Power Point ကို Save လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။

♦️ အဆုံးထိ ဖတ်ရူ့ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအတွက်လည်း အသိသုတွေ ရရှိမယ်လို့လည်း ယုံကြည်ပါတယ်။


14/04/2023

ကွန်ပျုတာတွင် Viber ထည့်သွင်း အသုံးပြုနည်း
••••••••••••••••••••••••••

Viber ရဲ့ အားသာချက်ကတော့ End to End Encryption ရရှိခြင်း ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် စာပို့တဲ့အခါ လုံခြုံစေတာဘဲ ဖြစ်ပါတယ်။

နောက်ကျမှ End to End Encryption အကြောင်းကို သက်သက် ထပ်ရှင်းပြပေးပါဦးမယ်။

ဒီဗီဒီယိုထဲမှာတော့ Viber ကို ကွန်ပျုတာမှာ ဘယ်လို အသုံးပြုလဲဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ်။

နောက်လိုအပ်ရင် ပြန်ကြည့်လို့ရအောင် Like & Share လုပ်ခဲ့လိုက်ပါဦးနော်။



20/08/2020

သင်သိထားသင့်သော IPv6 အကြောင်း
--------------------------------------------

♦️ဒီစာကို ဖတ်မယ်ဆိုရင် အနည်းဆုံး IPv4 ကိုတော်တော်များများ သိထားမှ ရပါလိ့မ်မယ်။ မရသေးဘူးလို့ ယူဆရင် နည်းနည်းလောက် ပြန်လေ့လာစေချင်ပါတယ်။ ဘာ
ကြောင့်လည်းဆိုတော့ IPv4 ကို သေချာ နားလည်ထားရင် IPv6 သည် အရမ်းကြီး ခက်ခဲမှာ မဟုတ်တော့ပါဘူး။



♦️ပြောသင့်တာလည်း ပြောပြီးပြီဆိုတော့ IPv6 အကြောင်းလေးကို စလိုက်ကြရအောင်ပါ။ ကျနော်တို့ သိတဲ့အတိုင်းဘဲ Internet Protocol လို့ ခေါ်တဲ့ IP မှာ Version ၂ခု ရှိ
ပါတယ်။ IPv4 နှင့် IPv6 တို့ဘဲ ဖြစ်ပါတယ်။ စာလည်း ပြန်နွေးတဲ့ အနေနဲ့ IPv6 အကြောင်းပြောရင်းနဲ့ IPv4 လေးကို ပြောပြသွားမယ်။



♦️IPv4 မှာတုန်းက Octet (4) ခု ရှိပါတယ်။ Octet တစ်ခုချင်းစီကို Dots (.) နဲ့ ခြားနားထားပါတယ်။ Octet တစ်ခုစီမှာ 8bits ရှိပါတယ်။ Octet တစ်ခုကို 8bits၊ စုစုပေါင်း
4 Octet ဆိုတော့ IPv4 မှာ 32bits ရှိပါတယ်။ IPv4 ကို ဉပမာဖြင့် ရေးပြထားပါသည်။ E.g - 192.168.10.1



♦️IPv6 မှာ Octet (8) ခုရှိပါတယ်။ Octet တစ်ခုချင်းစီကို Colon (:) ဖြင့် ခြားနားထားပါတယ်။ Octet တစ်ခုစီမှာ 16bits ရှိပါတယ်။ Octet တစ်ခုကို 16bits၊ စုစုပေါင်း
8 Octet ဆိုတော့ IPv6 မှာ 128bits ရှိပါတယ်။ IPv6 ကို ဉပမာဖြင့် ရေးပြထားပါသည်။ E.g - 2001:0db8:85a3:0000:0000:8a2e:0370:7334



♦️‌IPv4 ဘဲ ဖြစ်ဖြစ် IPv6 ဘဲ ဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါမှာ Binary ဖြင့် အလုပ်လုပ်ပါတယ်။ သို့ပေမယ့် ဖော်ပြတဲ့အခါမှာတော့ IPv4 သည် Decimal ဖြင့် ဖော်ပြထားပြီး
‌IPv6 သည် Hexa-Decimal ဖြင့် ဖော်ြပထားပါသည်။



♦️ ဒီနေရာမှာ ကြားဖျတ် ပြောချင်တာက IPv4 ရှိရဲ့သားနဲ့ ဘာကြောင့် IPv6 ကို သုံးရတာလဲ? IPv4 ကို တစ်ကမ္ဘာလုံး ဝိုင်းသုံးလာကြတာ ကုန်လုနီးပါး ရှိနေပါပြီ။
ဒါကိုထိန်းဖို့အတွက်လည်း နည်းလမ်း အမျိုးမျိုးသုံးပြီး ကြိုးစားကြပါတယ်။ (ဉပမာ - NAT သုံးတာတို့၊ VLSM သုံးတာတို့ဘဲ ဖြစ်ပါတယ်။)



♦️နောက်ပြီးတော့ IPv4 ရဲ့ Address Space သည် 32bits ရှိတယ်။ IPv6 ၏ Address Space သည် 128bits ဆိုတော့ကား ၄ဆ လောက်ကွာတာပေါ့ဗျာ။



♦️IPv4 မှာတုန်းက Network ပိုင်းနဲ့ Host ပိုင်းရှိသလိုမျိုး IPv6 မှာလည်း ရှိပါတယ်။ သို့ပေမယ့် IPv4 မှာတုန်းကလို Class A,B,C ခွဲထားတာမျိုး မရှိတော့ပါဘူး။
ဒါဆိုရင် Network ပိုင်းနဲ့ Host ပိုင်းကို ဘယ်လိုခွဲလဲ? အထက်မှာ ပြောသလိုဘဲ IPv6 မှာ 128bits ရှိတယ်။ 128bits ကို 64bits : 64bits ဆိုပြီး ၂ပိုင်းခွဲလိုက်ပါ
တယ်။ ရှေ့က 64bits သည် Network ဖြစ်ပြီးတော့ နောက်က 64bits သည် Host ဖြစ်ပါတယ်။



♦️IPv6 ရေးတဲ့ ပုံစံလေးကို တချက် လေ့လာကြည့်ရအောင်ပါ။ 2001:0db8:85a3:0000:0000:8a2e:0370:7334 (အခုရေးပြထားတာသည် ပုံမှန်အတိုင်း၊ ဘာမှ
မပြုမပြင်ရေးပြထားတဲ့ IPv6 ပုံစံလေး ဖြစ်ပါသည်) ဟုတ်ပြီ။ ဒါကို အတိုချုပ်ပြီးတော့ ရေးပြမယ်ဆိုရင် 2001:0db8:85a3:0:0:8a2e:0370:7334 လို ရေးနိင်ပါ
တယ်။ ထပ်ပြီးတော့ အတိုချုပ်မယ်ဆိုရင် 2001:0db8:85a3::8a2e:0370:7334 လို့ ရေးနိင်ပါတယ်။ ထပ်ထပ်ပြီး အတိုချုပ်ပါမယ်ဆိုရင် 2001:db8:85a3::8a2e:370:7334
လို့ ရေးနိင်ပါတယ်။ သတိပြုရမှာက Double Colon ကို တစ်ခါဘဲ အသုံးပြုနိင်ပါတယ်။ သေချာနားလည်အောင်လို့ အောက်မှာ အစဉ်လိုက်လေး ရေးပြထားပါမယ်။



2001:0db8:85a3:0000:0000:8a2e:0370:7334
2001:0db8:85a3:0:0:8a2e:0370:7334 (0 တွေကို တစ်ခုထဲနဲ့‌ ပေါင်းရေးထားတယ်)
2001:0db8:85a3::8a2e:0370:7334 (0 တွေ ဖြုတ်ပြီးတော့ Double Colon နဲ့ ရေးထားတယ်)
2001:db8:85a3::8a2e:370:7334 (ရှေ့ဆုံးမှာ ရှိတဲ့ 0 တွေကို ဖြုတ်တယ်)



♦️နောက်တစ်ခု အနေနဲ့ IPv6 ၏ Address Types ကို ဆက်လက်လေ့လာပါမယ်။ Address Types (၃) မျိုး ရှိပါတယ်။ ၎င်းတို့မှာ (1) Unicast (2) Multicast (3) Anycast
တို့ဘဲ ဖြစ်ပါတယ်။



♦️Unicast ဆိုတာက One to One Communication ဖြစ်ပါတယ်။ Unicast Address ကို နောက်ထပ် (၃) မျိုး ထပ်မံ ခွဲနိင်ပါတယ်။ ၎င်းတို့မှာ (1) Global Unicast (2) Link Local
(3) Unique Local Address တို့ဘဲ ဖြစ်ပါတယ်။ (1) Global Unicast Address သည် IPv4 မှာဆိုရင် Public IP နှင့် ဆင်တူပါတယ်။ Global Unicast Address သည် (2000::/3)
နှင့် စပါတယ်။ (2) Link Local Address သည် IPv4 မှာတုန်းက APIPA နဲ့ ဆင်တူပါတယ်။ IPv4 မှာတုန်းက APIPA သည် 169.254.X.X ဖြင့် စပါတယ်။ IPv6 မှာတော့ (FE80::/10)
ဖြင့် စပါတယ်။ (3) Unique Local Address သည် IPv4 မှာတုန်းက Private IP နဲ့ ဆင်တူပါတယ်။ (FC00::/7) ဖြင့် စပါတယ်။



♦️Multicast သည် ‌One to Group ဖြစ်ပါတယ်။ (FF00::/8) ဖြင့် စပါတယ်။



♦️Anycast သည် IPv6 မှာ အသစ်ပါလာတာ ဖြစ်ပါတယ်။ IPv4 မှာတုန်းကလို Broadcast မသုံးပါဘူး။ တနည်းအားဖြင့် Multicast နဲ့ Unicast ပေါင်းထားလို့လည်း ပြောနိင်ပါတယ်။ လက်ခံမယ့် Group တွေ အများကြီး ရှိတယ်။ ထိုအထဲကမှ Router က Route လုပ်တဲ့အခါမှာ Address တစ်ခုထဲဘဲ Route လုပ်မှာ ဖြစ်ပါတယ်။ Router က Route လုပ်တဲ့အခါ အနီးဆုံး Destination ကိုရွေးပြီး Route လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း One to Nearest လို့ ခေါ်နိင်ပါတယ်။



♦️ကဲ ဒီလောက်ဆိုရင် IPv6 အကြောင်းကို တော်တော်များများ နားလည်လောက်ပြီ ထင်ပါတယ်။ မိတ်ဆွေအနေနဲ့ Part 2 ကို ဆက်လေ့လာချင်တယ်ဆိုရင် Yes လို့ Comments မှာ ရေးပေး
သွားပါဦး။ ကျနော်လည်း နောက်ထပ်စာတွေရေးဖို့ အားရှိတာပေါ့ဗျာ။


07/08/2020

Friday Funny 😄

- Credit Photo

12/07/2020

အကောင်းဆုံး သင်တန်းမဟုတ်ပါ။

------------------------------------------

တကယ်အမှန်ပြောတာပါ။ ကျနော်တို့ သင်တန်းဟာ ဘယ်တုန်းကမှ အကောင်းဆုံး သင်တန်းမဟုတ်ခဲ့ပါဘူး။



ဒါပေမယ့် ကျောင်းသားတွေ အပေါ်မှာ ထားတဲ့ စေတနာတွေ၊ ဂရုစိုက်မူ့တွေက အတိုင်းထက်လွန်ပါဘဲ။



သင်တန်းပျက်ရင် မပျက်အောင်၊ စာမလုပ်ချင်တဲ့ ကျောင်းသားကို စာလုပ်ချင်လာအောင် (သို့မဟုတ်) သူ့ဝါသနာပါတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်အောင်၊ ငွေကြေးအားနည်းတဲ့ ကျောင်းသားကိုလည်း ပိုက်ဆံကြောင့် သူဝါသနာပါတဲ့ လမ်းကြောင်းကို မလုပ်လိုက်ရလေခြင်း မဖြစ်အောင် တက်နိင်သမျှကူညီပြီး စေတနာ အပြည့်နဲ့ဘဲ သင်ကြားပေးရုံပါ။



သင်တန်းရောက်လာတဲ့ ကျောင်းသားကို ကျောင်းသားလို့ တစ်ခါမှ မသတ်မှတ်ပါဘူး။ ကျနော်တို့ မိသားစုလိုဘဲ ဆက်ဆံပါတယ်။



သင်တန်းလာတက်တယ်ဆိုတာ တစ်ယောက်ထဲလည်း ဖြစ်တယ်၊ တချို့ သင်တန်းတစ်ခါမှ မတက်ဘူးတဲ့သူဆိုရင် ပိုအားငယ်တက်တယ်။



ဒါတွေကို ကိုယ်တိုင်လည်း ခံစားရဖူးတယ်။ ဒါ့ကြောင့်မို့ ရောက်လာတဲ့ ကျောင်းသားတိုင်းကို အားလုံးနဲ့ ရင်းရင်းနှီးနှီး ဖြစ်အောင် မိတ််ဆက်ခိုင်းတာ၊ တစ်ယောက်နဲ့ တစ်ယောက်‌ဖေးမပေးဖို့၊ ကူညီပေးဖို့ အမြဲပြောပြပါတယ်။



နောက်ပိုင်းဆိုရင်လည်း ကျောင်းသားတွေနဲ့ စုပေါင်းပြီးတော့ CSR အလုပ်တွေ အတူတကွ လုပ်သွားဖို့လည်း ရှိပါတယ်။



သင်တန်းအတွက် ပထမဦးစားပေးကတော့ တက်မြောက်မူ့ပါ။ နောက်တစ်ခုက စာသင်တဲ့အခါမှာ ပျော်ပျော်ရွင်ရွင်နဲ့ သင်ကြားဖို့ ဖြစ်ပါတယ်။ (တချို့ဆိုရင် သင်တန်းမှာ နေရတာ ဘယ်လောက်ပျော်လည်းဆိုရင် သင်တန်းချိန် ပြီးတာတောင် မပြန်လို့ မနည်းကို ပြန်လွှတ်ရတယ် 😅)



ကျနော်တို့ဆီမှာ သင်တန်းလာတက်တဲ့ ကျောင်းသား ၃ပုံ ၂ပုံလောက်က အလုပ်လုပ်ပြီး သင်တန်းလာတက်ကြတာများပါတယ်။



သူတို့ အလုပ်ထဲမှာ Stress တွေ ကြောင့် စိတ်ပင်ပန်းနေတယ်။ စာသင်တဲ့အခါမှာ ဟာသလေးတွေ ပြောပြပြီး စာသင်ချင်လာအောင်၊ အိပ်မငိုက်အောင် နည်းမျိုးစုံ သုံးပြီး သင်ကြားရပါတယ်။



စာသင်ခြင်း အလုပ်ဆိုတာလည်း မလွယ်ကူလှပါဘူး။ သင်မယ့် ဘာသာရပ်ကို ကျွမ်းကျင်ရုံနဲ့ သင်လို့ မရပါဘူး။ စာသင်ခြင်း အတက်ပညာကို တက်မှသာ သင်လို့ ရပါတယ်။ ဒါ့ကြောင့်လည်း စာသင်ပေးနေတဲ့ ဆရာတွေကို ကိုယ်တိုင်လည်း လေးစားမိပါတယ်။



ကိုယ်တိုင်လည်း စာသင်ရတဲ့ ပတ်ဝန်းကျင်ကို ကြိုက်တဲ့အတွက်ကြောင့် အပြင်မှာ ထွက်အလုပ်လုပ်တာထက် ဆရာတစ်ယောက်အနေနဲ့ဘဲ ရပ်တည်လာခဲ့ပါတယ်။ (ဒီလို ပြောလို့ အပြင်အတွေ့အကြုံ မရှိဘူးထင်နေပါဦးမယ်။ ကျနော် အပြင်မှာလည်း Infrastructure Engineer, Network Engineer, Freelance Network Engineer အနေနဲ့ လည်း အလုပ်လုပ်ခဲ့ပါသေးတယ်။)



ကိုယ်တိုင် ရူးသွပ်တဲ့ အလုပ်တစ်ခု ဖြစ်နေတာကြောင့် စာသင်ရင် အမြဲ 100% ထည့်သင်တယ်။



စာသင်ကြားတဲ့အခါမှာ Theory, Practical, Lab, စတာတွေအပြင် Concept ရအောင် ထည့်ပေးလေ့ ရှိပါတယ်။ Theory မကြိုက်တဲ့ ကျောင်းသားကို နားထောင်ချင်လာအောင်၊ Practical မလုပ်ချင်တဲ့ ကျောင်းသားကို Practical စမ်းချင်လာအောင် နည်းမျိုးစုံ သုံးရပါတော့တယ်။



စာချည်းဘဲ ဖိသင်နေတာမျိုး မဟုတ်ဘဲ၊ တကယ့် လက်တွေ့ဘဝမှာ ပြန်သုံးလို့ရတဲ့ Soft Skills တွေကို အမြဲ ပြောပြလေ့ ရှိပါတယ်။ တနည်အားဖြင့် စိတ်ကိုပါ ပြုပြင် သင်ပေးလေ့ ရှိပါတယ်။



ဒီလို ပြောတော့ တော်တော်များတက်နေလားပေါ့။ ဝန်ခံပါတယ်၊ တော်တော် တက်မနေပါဘူး။ ဘာကောင်ကြီးမှလည်း မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ်တိုင်ကြိုးစားနေစဉ်မှာ ကြုံခဲ့ရတာတွေကို ပြန်လည် ဝေမျှခြင်းပါ။



ကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့ သွားတဲ့လမ်းကို တခြားသူ လွယ်လွယ်နဲ့ သွားလို့ရအောင် ဖောက်ပေးရုံပါ။



လက်ခံတဲ့သူမှာလည်း မူတည်သေးတာပေါ့ဗျာ။



ကဲ ဒါကြောင့်မို့ မိတ်ဆွေ အနေနဲ့ အကောင်းဆုံးဆိုတဲ့ သင်တန်းတွေ တက်ချင်တယ်ဆိုရင် ကျနော်တို့ဆီကို လာမတက်ပါနဲ့။



အပေါ်မှာ ပြောထားတဲ့ အချက်တွေကို လိုချင်တယ် ဆိုရင်တော့ ကျနော်တို့ဆီကို လာတက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။



လမ်းတူရင် သွားရတာ ခရီးရောက်သလို လမ်းမတူတဲ့သူနှစ်ယောက်ခရီးသွားရင် နှောင့်နှေးတက်လို့ပါဗျာ။



စာကို အဆုံးထိ ဖတ်လာပေးလို့ ကျနော်နဲ့ တော်တော်လေး ရေစက်ရှိမယ် ထင်ပါတယ်။ ရေစက်ရှိသေးရင် သင်တန်းမှာ ထပ်တွေ့ချင်ပါသေးတယ်ဗျာ။



အားလုံးကို ချစ်ခင်လေးစွာဖြင့်
ကိုကောင်းမြတ်

08/07/2020

မဂ်လာပါခင်ဗျာ။

🔶 ကျနော်တို့ သင်တန်းမှာ တက်ရောက်ဖူးတဲ့ ကျောင်းသားများအတွက် မေ့သွားတဲ့ စာတွေ ပြန်လေ့လာလို့ရအောင်၊ နည်းပညာအသစ်တွေကို ဦးဦးဖျားဖျား သိရအောင်၊ လုပ်ငန်းမှာ လိုအပ်တဲ့ အကြောင်းအရာတွေ မေးလို့ရအောင်၊ လိုအပ်တဲ့ Software & E-Books တွေကို အချိန်မရွေး ဒေါင်းလို့ရအောင် Join ထားလိုက်ပါ။ ( သင်တန်းသားများ သီးသန့်သာ Join ပေးပါခင်ဗျာ။)

🔶 အောက်ပါလင့်မှတဆင့် Join ပေးပါ (https://www.facebook.com/groups/1203809493294152/)

🔶 Group ကို Join ရင် မေးခွန်းတချက်တော့ ဖြေပေးပါခင်ဗျာ။

-

🔶 အကယ်လို့ သင်တန်းတက်ဖူးတဲ့ ကျောင်းသားမဟုတ်သေးဘူးဆိုရင် ဒီ Group မှာ ‌Join ပြီး လေ့လာနိင်ပါတယ်။ (https://www.facebook.com/groups/821311655026735/)

04/07/2020

လူသိနည်းတဲ့ Microsoft Word မှာပါတဲ့ Feature လေးတစ်ခု
=====================

Microsoft Word ထဲမှာ မြန်မာလို စာရိုက်တိုင်း ဘာမှန်းမသိဘဲ အနီရောက် မျဉ်းတွေ ပေါ်နေတယ်ဆိုရင် ဒီ Videos လေးအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။




ကိုကောင်းမြတ်

03/07/2020

Cross or Straight ?
==============

Please answer in the comment.

15/06/2020

မင်းအားနည်းချက်ကဘာလဲ?

=================

ဒီမေးခွန်းကို အင်တာဗျုးတွေမှာ မေးလေ့ ရှိပါတယ်။

မိတ်ဆွေရော အမေးခံရဘူးလား?

ဒီလို မေးခွန်းမျိုး မေးလာခဲ့ရင် ပါးပါးနပ်နပ် ပြန်ဖြေရမယ့် ပုံစံလေးကို ဝေမျှပေးသွားပါမယ်။



လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိပါတယ်။

ဒါငြင်းလို့ မရပါဘူး။

အဲ့တာကို မိတ်ဆွေ အနေနဲ့ ကျနော့်မှာ အားနည်းချက် မရှိပါဘူးလို့ သွားပြောလို့ မရပါဘူး။

ဆိုပါတော့ အောင်အောင်မှာ အားနည်းချက် တခုရှိတယ်။ ဘာလည်းဆိုတော့ အဂ်လိပ်စာကို ကောင်းကောင်းမွန်မွန် မပြောတက်ဘူး။

ဟုတ်ပြီ အင်တာဗျုးမှာ မေးလာတယ်။

မင်းအားနည်းချက်က ဘာလဲ?

ဟုတ်ကဲ့ ကျနော့် အားနည်းချက်ကတော့ အဂ်လိပ်စာကို ကောင်းကောင်းမွန်မွန် မပြောတက်ပါဘူး။ (ဒီနေရာမှာတင်ရပ် မသွားလိုက်ပါနဲ့၊ ဆက်ပြောပါ။)

ကျနော် အဂ်လိပ်စာ အားနည်းမှန်းကိုလည်း သိပါတယ်၊ ဒါ့ကြောင့်လည်း ကျနော် အဂ်လိပ်စာ သင်တန်းတွေ တက်နေပါတယ်။ လေ့လာနေပါတယ်။

မကြာခင်မှာလည်း အဲ့ဒီ အားနည်းချက်ကို ပြန်ပြင် နိင်မယ်လို့လည်း ယုံကြည်ပါတယ်။

ဒါမျိုး‌ ဖြေလိုက်ရင် ကြားရတဲ့သူအတွက် ဘယ်လောက်ကောင်းလိုက်လဲ? (ပြသာနာတစ်ခုကို ပြောရင်း အဲ့တာအတွက် Solution ကိုပါ ပြပေးသွားတာ)

ဟေ့ လူတွေ။

အင်တာဗျုးမှာ ဒီအတိုင်းဘဲ ဖြေဖို့ မစဉ်းစားနဲ့ဦး။

ကိုယ်က လူမှု့ဆက်ဆံရေး အားနည်းတဲ့သူဆိုရင်

ကျနော့် အားနည်းချက်ကတော့ လူမှု့ဆက်ဆံရေး အပိုင်းမှာ အားနည်းပါတယ်။ ဒါ့ကြောင့်လည်း ကျနော့် အားနည်းချက်ကို ကြိုးစားပြီး ပြင်နေပါတယ်။

မကြာခင်မှာလည်း အဲ့ဒီ အားနည်းချက်ကို ပြင်နိင်မယ်လို့လည်း ယုံကြည်ပါတယ်။

ဒါမျိုး ပြောလို့ ရတယ်လေ။ ဟုတ်ပြီနော်။

နောက် အင်တာဗျုးမှာ မေးရင် ဘာပြောလို့ ပြောရမှန်း မသိဖြစ်မနေအောင် ကြိုတင် စဉ်းစားထားဖို့လည်း လိုတယ်နော်။

စကားမစပ် စာရေးသူ အားနည်းချက်က ဘာလည်းဆိုရင် ဘယ်လို နေနေ ရုပ်ချောတာပါ။ (ဟီးဟီး)

ဒီစာလေး ဖတ်ပြီး အင်တာဗျုးတိုင်းမှာ အဆင်ပြေပြီး အမြန်ဆုံး အလုပ်တွေရကြပါစေဗျာ။

ဖတ်လိုက်လို့ မိတ်ဆွေအတွက် အကျိုးရှိသွားတယ်ဆိုရင် Share သွားပါဦးနော်။

ရေးသားသူ - ကိုကောင်းမြတ်





Photo - Google

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 20:00
Sunday 08:00 - 20:00