Insightful Pathway Education - IPE

Insightful Pathway Education - IPE We help students navigate the application and visa process in Germany offering personalized advice

Studienkolleg (Part I)ပထမဦးဆုံး Studienkolleg ဆိုတာဘာလဲ ဘယ်သူတွေတက်သင့်လဲ ဘာ course တွေရှိလဲရှင်းပြပေးပါမယ်Studienkolleg...
14/05/2026

Studienkolleg (Part I)

ပထမဦးဆုံး Studienkolleg ဆိုတာဘာလဲ ဘယ်သူတွေတက်သင့်လဲ ဘာ course တွေရှိလဲရှင်းပြပေးပါမယ်

Studienkolleg က Germany မှာ public university/ hochschule တက်ချင်တယ် ဒါပေမယ့် ကိုယ့်နိုင်ငံမှာပြီးထားတဲ့ အထက်တန်းပညာရေးက မလုံလောက်ဘူးဆိုရင် ဒီ Studienkolleg ကိုတက်ရပါမယ်

နားလည်လွယ်အောင်ပြောရင် Foundation level သဘောမျိုးပါ

Germany ပညာရေးက ၁၃ တန်းထိ ရှိတဲ့အတွက် ဥပမာ နိုင်ငံတော်တော်များများက 12 တန်းထိပဲရှိတဲ့အတွက် တက်ရပါတယ်

ဒါပေမယ့် ဒါကလဲ နိုင်ငံရဲ့ education system, structure တွေပေါ်မူတည်ပြီးကွဲတဲ့အတွက် 12 တန်းအထိပဲတက်ရပေမယ့်လဲ German University ကိုတန်းလျှောက်လို့ရတဲ့နိုင်ငံတွေလဲရှိပါတယ်

ဥပမာ။ Ossd ဆိုရင် သူလိုချင်တဲ့ Subjects requirements တွေစုံရင်ရယ် Grade 11 Grade 12 နှစ်နှစ်လုံးစာ Grades ပြနိုင်ရင် University တန်းတက်လို့ရပါတယ် (ချွင်းချက်။ Uni assist ကတစ်ဆင့်လျှောက်ရတဲ့ကျောင်းတွေက ဒီ requirements အတိုင်းသွားပေမယ့် University အချို့က ဒီ requirement တွေတပ်အပ်မစုံလဲ ရနိုင်တာမျိုးရှိပါတယ်)
Australian 12 တန်းဆို သူလိုချင်တဲ့ Subject အလိုက် grades မှီရင် Studienkolleg မလိုပဲ University တန်းတက်လို့ရပါတယ်

Studienkolleg မှာမှ Public နဲ့ Private ရှိပါမယ်.
Public ကတော့အကောင်းဆုံးပါ.
private ရွေးဖြစ်မယ်ဆိုရင်လဲ ဘယ်လိုကျောင်းမျိုးကိုရွေးသင့်လဲဆိုတာ private နဲ့ public Studienkolleg အကြောင်းရှင်းပြရင်း Part II မှာရှင်းပြပါမယ်။

Studienkolleg မှာ
T-Kurs (Engineering, IT, natural sciences)
M-Kurs(Medicine, biology, Pharmacy)
W-Kurs (Business, economics)
G-Kurs (Humanities, German studies)
S-Kurs (Languages) ဆိုပြီးရှိကြပါတယ်
ကိုယ် specialize လုပ်ချင်တဲ့ဘာသာရပ်ကိုရွေးတက်လို့ရပါတယ်။

တချို့ကျောင်းသားတွေကျတော့လဲ University တိုက်ရိုက်တက်လို့ရရင်တောင် Language နဲ့ပိုနီးစပ်မှုရှိအောင်ရယ်, University အတွက် prepared ဖြစ်အောင်ရယ် Studienkolleg ကိုတက်ကြပါတယ်

Public Studienkolleg တက်ဖို့အကြမ်းဖျင်း education background လိုအပ်ချက်တွေကရော ?
1. မြန်မာပြည်မှာဆယ်တန်းစနစ်နဲ့ပြီးထားတဲ့သူတွေက university ဒုတိယနှစ်အထိ တက်ပြီးထားရပါမယ်။ ဆယ်တန်းပြီရထားတာနဲ့လျှောက်လို့မရပါဘူး။
2. အခု ၁၂ တန်းပြီးထားတဲ့သူတွေအတွက်တော့ဘယ်လိုလာမလဲ မပြောတတ်ပါ။ ဒီ system က recognized ဖြစ်တယ်ဆိုရင်တော့ ၁၂ တန်းပြီးထားရင်ရနိုင်ပါတယ်
3. Ausmat တက်ထားတယ် Grades တွေက မမီဘူးဆိုရင် Studienkolleg ကစတက်လို့ရပါတယ်။ ချွင်းချက်အနေနဲ့ Grades မမီလဲ Bachelor program ကိုရနိုင်တဲ့ကျောင်းတွေတော့ ရှိပါတယ် ။
4. Ossd လဲ နှစ်နှစ်လုံးစာ Transcript မပြနိုင်ရင် Studienkolleg ကနေ စလျှောက်လို့ရပါတယ်။ ချွင်းချက်အနေနဲ့ Bachelor program ကိုတိုက်ရိုက်လျှောက်လို့ရနိုင်တဲ့ကျောင်းတချို့လဲရှိပါတယ်။ ဒါတွေက Uni assist ကမဟုတ်တဲ့ကျောင်းတွေကရနိုင်ခြေပိုများပါတယ်။
5. Language က German B1-B2 လောက်အထိလိုအပ်ပါတယ်

Picture -📍Humboldt-Universität zu Berlin

Hallo Leute ! Admin တွေအကြာကြီးပျောက်ပြီးတော့ Plan အသစ်လေးနဲ့ပြန်ရောက်လာပါပြီ။ German Public University တွေ လျှောက်ချင်တ...
13/05/2026

Hallo Leute !

Admin တွေအကြာကြီးပျောက်ပြီးတော့ Plan အသစ်လေးနဲ့ပြန်ရောက်လာပါပြီ။

German Public University တွေ လျှောက်ချင်တယ် ဘယ်ကနေ ဘယ်လိုစရမလဲ မသိဘူး၊ အကြံဘယ်ကတောင်းရမလဲမသိဘူး Service လဲ မယူချင်ဘူးဆိုရင် Admin တို့ဆီလာလို့ရပါတယ်။

၁။ German University တွေအကြောင်း ဘာ knowledge မှ မရှိဘူး ဘာတွေလိုအပ်လဲမသိဘူး။
၂။ အကြမ်းဖျင်း German University တွေအကြောင်းလဲ သိတယ် ဘာတွေလိုအပ်လဲလဲသိပြီ။ ဒါပေမယ့် ကျောင်းလျှောက်ဖို့ စီစဉ်တဲ့အခါဖြစ်ဖြစ် ကျောင်းလျှောက်နေတဲ့အခါဖြစ်ဖြစ် မသေချာတာတွေရှိတယ် သိချင်တာတွေရှိတယ် Support လိုချင်တယ်ဆိုရင်လဲ Admin တို့ဆီလာလို့ရပါတယ်။
ကျောင်း ၊ Lifestyle နဲ့ပက်သက်တဲ့မေးခွန်းတွေရှိရင် အားမနာပဲလာမေးလို့ရပါတယ်။

Admin တို့ဖြေပေးတာ ကူညီပေးတာ Service ပေးတာကို စိတ်ကျေနပ်တယ်ဆိုမှ စေတနာရှိသလို Fees ပေးလဲရပါတယ်။ fees က mandatory မဟုတ်တဲ့အတွက် အဆင်မပြေလို့ဖြစ်စေ မည်သည့်အကြောင်းကြောင့် မပေးလဲ ကိစ္စ မရှိတာမို့ အားမနာပဲလာမေးလို့ရပါတယ်။

Admin တို့အရင်လို ကျောင်းလျှောက်ပေးတဲ့ Service ကိုအနားယူထားပါတယ်။ ဒီအတွက် ဝါရင့်ပြီလို့မခံစားရတာရယ် Admin အတွက် Stress လဲနည်းနည်းများလို့ပါ။ Private University တွေတော့ အလကားလျှောက်ပေးနေပါသေးတယ်။

ဘာ Credentials တွေကြောင့်အကြံဉာဏ်ပေးနိုင်တာလဲဆိုရင်တော့ Admin အကြောင်းအကြမ်းဖျင်းဒီမှာ ဖတ်နိုင်ပါတယ်။

https://www.facebook.com/share/p/18stbYNqit/?mibextid=wwXIfr

Admin တို့အပတ်စဉ် Blog တွေဆက်တင်ဖို့လဲ အားထုတ်ပါမယ်။

Admin တော့ Post တွေမတင်ဖြစ်ပေမယ့် Consultation လဲ Free လုပ်ပေးသေးသလို ကျောင်းတွေလဲ လျှောက်ပေးနေသေးပါသေးတယ်Admin တို့အခု ...
11/01/2026

Admin တော့ Post တွေမတင်ဖြစ်ပေမယ့် Consultation လဲ Free လုပ်ပေးသေးသလို ကျောင်းတွေလဲ လျှောက်ပေးနေသေးပါသေးတယ်

Admin တို့အခု Language School တစ်ခုနဲ့အတူ လက်တွဲဖြစ်တာလေး ကြော်ငြာမလို့ပါ

ဒီကျောင်းက Germany မှာ
Berlin
Bonn
မြို့တွေမှာရှိပါတယ်
Admin တို့ဆီကတစ်ဆင့်လျှောက်ရင် February လကုန်အထိ 5% discount လဲရှိပါတယ်

Language school visa ကတော့ Admin တို့မလျှောက်ဖူးပေးတဲ့အတွက် ရ မရ မပြောတတ်ပါ

ဒါပေမယ့် ဒီလာမယ့် Winter intake အတွက် University ကနေ Conditional Letter နဲ့ Visa တစ်ခါတည်းလျှောက်မယ်ဆိုရင် Language school ပြီးရင် မြန်မာပြည်ပြန်ပြီး Visa ပြောင်းစရာမလိုသလို Visa ရဖို့ကလဲ student visa လျှောက်သလိုပဲမို့ လိုအပ်ချက်တွေပဲ စုံရပါမယ်

Language School အတွက်က Level အလိုက်ဈေးကွာပါတယ်
A1 - 828,00€ (6 weeks)
A2 - 947.00€ (8 weeks)
B1 - 1328.00€ (10 weeks)
B2 - 1328.00€ (10 weeks)
C1 - 1328.00€ (10 weeks)
ဒါကို 5% discount ပေးပါမယ် Admin တို့က

ဒီကျောင်းမှာပဲ Studienkolleg လဲတက်လို့ရတာမို့ Studienkolleg အကြောင်းရှင်းပြပြီး ဒီကျောင်းရဲ့ Studienkolleg က ဘယ်လို process နဲ့သွားလဲဆိုတာလဲ အသေးစိတ် Post တင်ပေးပါမယ်

photo downloaded from Pinterest

မြန်မာပြည်ကကျောင်းသူကျောင်းသားတွေရဲ့ နိုင်ငံခြားကျောင်းသွားတက်ကြတဲ့ ရည်ရွယ်ချက်က ✈️ခရီးတွေသွားရတာ နေရာအသစ်တွေ explore လု...
09/12/2025

မြန်မာပြည်ကကျောင်းသူကျောင်းသားတွေရဲ့ နိုင်ငံခြားကျောင်းသွားတက်ကြတဲ့ ရည်ရွယ်ချက်က ✈️ခရီးတွေသွားရတာ နေရာအသစ်တွေ explore လုပ်ရတာကြိုက်လို့လား ?
📚နိုင်ငံ အခြေအနေကြောင့် မဖြစ်သာလို့ opportunities အသစ်တွေရှာဖို့သွားကြရတာလား ?

ကျောင်းသားအပေါ်မူတည်ပြီး ဒါကတော့ 50/50 ဖြစ်ကြမယ်လို့မြင်တယ်

Admin ကတော့ ငယ်ငယ်တည်းက တစ်နေရာထဲမှာ Stuck ဖြစ်နေတာမကြိုက်တဲ့အတွက် တတ်နိုင်သလောက် နေရာစုံအောင် opportunities ကရှိရင်ရှိသလို လျှောက်သွားတယ်

Anthony Bourdain ပြောဖူးသလိုပဲ
"If I'm an advocate for anything, it's to move. As far as you can, as much as you can. Across the ocean, or simply across the river. The extent to which you can walk in someone else's shoes or at least eat their food, it's a plus for everybody."

ဒီ Quote ကတော့ Admin အတွက် တကယ် Inspiring ဖြစ်ပြီး ပိုပြီး move လေ ပိုပြီးအမြင်ကျယ်နားလည်လာလေပဲ.

Followers တွေက​ရော ဘယ်လိုမြင်ကြလဲ ?

Switzerland မှာ Paid Internship တွဲလုပ်ရင်း ကျောင်းတက်မယ်ဒီ Article မှာတော့ ကျောင်းသူ ကျောင်းသားတွေဘာလို့ Switzerland မှ...
25/06/2025

Switzerland မှာ Paid Internship တွဲလုပ်ရင်း ကျောင်းတက်မယ်

ဒီ Article မှာတော့ ကျောင်းသူ ကျောင်းသားတွေဘာလို့ Switzerland မှာကျောင်းတက်ဖို့ရွေးကြလဲ, Business and Hotel Management School (BHMS) Switzerland ကျောင်းအကြောင်း, တက်လို့ရတဲ့ Program တွေနဲ့ Living Expenses တွေအကြောင်းရေးပေးသွားပါမယ်

ပုံတစ်ခုချင်းဆီကို ထောက်ကြည့်ပြီး စာလေးတွေဖတ်ပေးပါ

အသေးစိတ်ထပ်သိချင်တာဖြစ်စေ, ကျောင်းလျှောက်ချင်တာဖြစ်စေ, Brochure လို ချင်တာဖြစ်စေ Admin တို့ကို Page Messenger ကနေ Contact လုပ်နိုင်ပါတယ်

Disclaimer - The images used in this content are sourced from Pinterest and the official university website. These images are used for informational and educational purposes only. All rights to the images remain with their respective owners.

Win a Free Flight Ticket by applying University with us for Upcoming Semester လွန်ခဲ့တဲ့ အပတ်က Admin တို့နဲ့ ကျောင်းလျှေ...
07/06/2025

Win a Free Flight Ticket by applying University with us for Upcoming Semester

လွန်ခဲ့တဲ့ အပတ်က Admin တို့နဲ့ ကျောင်းလျှောက်ရင် Free flight ticket ရဖို့ Chance ရှိတယ်ဆိုပြီး တင်ပေးထားတာ ဘယ်ကျောင်းတွေဘယ်လိုလျှောက်လို့ရလဲ သေချာ မပြောထားတဲ့အတွက် အသေးစိတ် Post လေးပါ

1. Admin တို့ကို ဘာ fees မှပေးစရာမလိုပဲ ကျောင်းအခမဲ့လျှောက်ပေးပါတယ်
2. Germany ကကျောင်းတွေပဲမဟုတ်ပဲ အခြား Europe ထဲကကျောင်းတွေကိုလဲ လျှောက်ပေးတဲ့အတွက် ဒီနေ့ List ထဲမှာမပါတဲ့တခြား Europe ထဲကကျောင်းတွေထဲ စိတ်ဝင်စားတဲ့ကျောင်းရှိရင် Admin တို့ကိုလာမေးလို့ရပါတယ်
3. ဒီ Post မှာတော့ Germany, Spain, Switzerand နဲ့ France မှာ Admin တို့နဲ့လျှောက်လို့ရတဲ့ Private ကျောင်းတွေကို List လုပ်ပေးထားပါတယ်. ပုံတွေကိုထောက်ကြည့်ပေးပါ
4. နိုင်ငံအလိုက် ကျောင်းတွေရဲ့ ကုန်ကျစရိတ်တွေနဲ့ Major တွေကိုလဲ သက်သက်စီ အသေးစိတ်ထပ် တင်ပေးပါမယ်

အကြမ်းဖျင်းအားဖြင့်တော့ Private Universities တွေအတွက် ကျောင်းအပေါ်မူတည်ပြီး
Germany - €5000 to €20000
Spain - €4000 to €15000
France - €5000 to €15000
Switzerland -€25000 ဝန်းကျင်

ကျောင်းတွေနဲ့ပက်သက်ပြီး Consultation ယူချင်ရင် Admin တို့နဲ့ အခမဲ့ ဆွေးနွေးနိုင်ပါတယ်

We do not own the pictures and they are retrieved from pinterest. The use of images are solely for the purpose of visualization and knowlege.

Friday Weekly blog week 5 Uni Assist or Uni Directကျောင်းတွေရွေးပြီးသွားပြီဆို Uni Assist ကလျှောက်ရမလား University Direc...
06/06/2025

Friday Weekly blog week 5
Uni Assist or Uni Direct

ကျောင်းတွေရွေးပြီးသွားပြီဆို Uni Assist ကလျှောက်ရမလား University Direct လျှောက်ရမလားစစ်ဖို့လဲအရေးကြီးပါတယ်

ကျောင်းတွေ ဒီကျောင်း ဒီ Course တွေတော့ သဘောကျတယ်လို့ရွေးပြီးရင် Deadline July 15 Uni Assit ကလျှောက်ရမယ်ဆိုရင် July 10 လောက်မှ Application တင်ရင်အဆင်မပြေပါဘူး

ဒါကတော့ ကျောင်းသားတွေစစလျှောက်ချင်းမှားတတ်တဲ့အမှားပါ

အနည်းဆုံး တစ်လခွဲလောက်အကြိုမှာ စောလျှောက်သင့်ပါတယ်

နောက်တစ်ခုက Application Process တွေကိုသေချာဖတ်ပါ
Uni Assist ကိုတင်ပြီး Uni assist ကနေကိုယ်လျှောက်တဲ့ University ကိုတိုက်ရိုက် application forward လုပ်ပေးတာလား, Uni assist က Vpd ချပေးတာကို University Application Portal မှာတင်ပေးရမှာလား သေချာ follow up လုပ်ပါ

Uni Direct ဆိုရင်လဲ တချို့ကျောင်းတွေ Certified Copy ကို စာတိုက်ကနေ ကျောင်းကိုပို့ပေးရပါတယ်
ဒီလို Docs တွေလဲစုံအောင် Deadline မတိုင်ခင်စောစောကြိုပြင်ဆင်ဖို့လိုအပ်ပါမယ်

University Application ServiceAdmin တို့ Page မှာ ဘာ Service တွေလုပ်ပေးလဲ Service ယူရင် ဘာတွေလုပ်ပေးလဲမေးတတ်ကြလို့ Unive...
25/05/2025

University Application Service

Admin တို့ Page မှာ ဘာ Service တွေလုပ်ပေးလဲ Service ယူရင် ဘာတွေလုပ်ပေးလဲမေးတတ်ကြလို့ University Application Service နဲ့ပက်သက်တဲ့ Article လေးပါ

1. Admin တို့ University လျှောက်ပေးတဲ့အခါ ကျောင်းသားဆီက လိုအပ်တဲ့ Documents တွေအကုန်အရင်တောင်းပါတယ်
ကျောင်းသားဘက်က ဒီ Documents တွေတော့ စုံအောင်လုပ်ပေးရပါတယ် တစ်ခါတစ်လေ Certified copies တွေပါလိုအပ်လို့ ကျောင်းသားဘက်ကအလုပ်ပိုရှုပ်တာလေးတော့ရှိတတ်ပါတယ်

2. ကျောင်းရှာရတာ ကျောင်းရွေးရတာလဲအရေးကြီးတဲ့အတွက် ဒီဟာကို Admin တို့သေချာဝိုင်းရှာပေးဝိုင်းအကြံပေးပါတယ်
ဒါပေမယ့် ကျောင်းရဲ့ Admission ကတော့ Admin တို့ဘယ်ကျောင်းသားကိုမှအာမခံမလုပ်ပေးပါဘူး

ကိုယ့်ရဲ့ Education Background, Grades, Language, other factors တွေအများကြီးအပေါ်မူတည်တာကြောင့် ကျောင်းသားဘက်က ဒါတွေဒါတွေတော့လိုချင်တယ် ဆိုအဲ့ဒီအတိုင်းကျောင်းသားအကြိုက်ရော ဝင်ခွင့်များနိုင်တဲ့ကျောင်းတွေရော အကြံပေးပြီးလျှောက်ပေးပါတယ်
တချို့ကျောင်းသားတွေ ကျောင်းတွေတော့အများကြီးလျှောက်ပြီး တစ်ကျောင်းမှဝင်ခွင့်မရတာမျိုးရှိတတ်တယ် Admission မလွယ်တဲ့ကျောင်းတွေ မြို့ကြီးကကျောင်းတွေပဲလျှောက်တဲ့အခါမှာလဲဒီလိုမျိူးဖြစ်တတ်ပါတယ်

3. Cv, Motivation letter နဲ့ပက်သက်ပြီး Admin တို့ကဘက်က လိုအပ်သလို Modify တော့လုပ်ပေးပါတယ် ဒါပေမယ့် မိမိရဲ့ Background ကိုမိမိထက်ပိုမသိနိုင်တာကြောင့် Draft တော့ Admin တို့ကလိုအပ်ပါတယ်
နောက်တစ်ခုက Public University လျှောက်တာဖြစ်တဲ့အတွက် Motivation Letter အတွက် Sincerity လိုတယ်လို့မြင်လို့ပါ

4. Admin တို့ Client နဲ့ University သေချာရွေးပြီး, Document တွေလဲစုံပြီဆို Uni-Assist ကသော်လည်းကောင်း, Uni Direct သော်လည်းကောင်း Application တင်ပေးပါတယ် . Vpd လိုတဲ့ University ဆိုလဲ vpd ရပြီး Application တင်ပေး. ကျောင်းဘက်က Admission ရပြီး Enroll လုပ်ပေးတဲ့အထိ Service ထဲမှာပါပါတယ်. ငွေလွှဲတဲ့ကိစ္စအတွက် Admin တို့ German Bank ထဲကနေ တစ်ဆင့် Semester fees, Uni-Assist application fees လွှဲပေးလုပ်ပေးပါတယ်

အားလုံးပဲကျောင်းလျှောက်တဲ့အခါ Deadline တွေရော Documents တွေရော သေချာ Planning လုပ်ပြီးလျှောက်ကြပါ
ကျောင်းသားအားလုံး မိမိကြိုက်ရာ Umiversity တွေက Admission တွေလဲ ရကြပါစေ

Winter Intake အတွက် University တော်တော်များများ (Not all) ရဲ့ Deadline က 15.07 ဖြစ်တဲ့အတွက် ကျောင်းတွေလျှောက်ဖို့ Remind...
21/05/2025

Winter Intake အတွက် University တော်တော်များများ (Not all) ရဲ့ Deadline က 15.07 ဖြစ်တဲ့အတွက် ကျောင်းတွေလျှောက်ဖို့ Reminder ပါ.

တချို့ကျောင်းတွေ စောတဲ့ကျောင်းတွေလဲ Application တွေပိတ်သွားပါပြီ

Uni Assist ကလျှောက်ရမယ့်ကျောင်း, Vpd လိုတဲ့ကျောင်းဆို Docs တွေအကုန်သေချာပြင်ဆင်ပြီးစုံတယ်ဆိုရင် 1st of June လောက်အနောက်ကျဆုံးထားပြီး ကျောင်းလျှောက်နိုင်အောင်လုပ်ပါ

Docs မစုံလို့ Uni Assist ကပြန်တောင်းနိုင်တာတွေလဲရှိလို့ စောနိုင်သမျှစောစောလျှောက်ရင်အကောင်းဆုံးပါ

Friday Weekly Blog (Week4) How to find ProgramsGermany မှာကျောင်းတက်တော့မယ်ဆို ဘယ် Field ဘယ် Program တက်ချင်တာလဲLanguage...
26/04/2025

Friday Weekly Blog (Week4)

How to find Programs

Germany မှာကျောင်းတက်တော့မယ်ဆို
ဘယ် Field ဘယ် Program တက်ချင်တာလဲ
Language of instruction,
Summer semester, Winter semester စသဖြင့်
ကိုယ်ကြိုက်သလို Filter ချပြီး Program တွေရှာမယ်ဆို ပိုပြီး Efficient ဖြစ်ပါတယ်

ဒီအတွက်
DAAD
Bachelors/Masters portal တွေမှာ မိမိစိတ်ကြိုက် Program တွေ, ကျောင်းတွေကိုရှာလို့ရပါတယ်

https://www.daad.de/en/studying-in-germany/universities/all-degree-programmes/

https://www.bachelorsportal.com

https://www.mastersportal.com/studies/261590/computational-sciences.html?ref=search_card

Admin တို့ Public University တွေအကြောင်းပဲအမြဲတင်ပေးပေမယ့်Germany က Private Universities တွေကိုလျှောက်ချင်တယ်ဆိုရင် Admi...
24/04/2025

Admin တို့ Public University တွေအကြောင်းပဲအမြဲတင်ပေးပေမယ့်
Germany က Private Universities တွေကိုလျှောက်ချင်တယ်ဆိုရင် Admin တို့ဆီမှာ Service fees မပေးပဲ အခမဲ့ လျှောက်လို့ရပါတယ်

✈️Partner Agent ကဒီလာမယ့် Winter sem အတွက်လျှောက်တဲ့ကျောင်းသားတွေထဲက တစ်ယောက်ကိုလေယာဉ်လက်မှတ် အခမဲ့ ပေးမယ့် အစီအစဉ်လဲရှိတော့ စိတ်ဝင်စားတယ် Private University များလျှောက်ချင်တယ်ဆို Admin တို့ဆီမှာ လာစုံစမ်းလို့ရပါတယ်

ဒါနဲ့ ပက်သက်ပြီးအသေးစိတ် Post လဲသက်သက်တင်ပေးပါမယ်

Admin တို့နဲ့လျှောက်လို့ရတဲ့ Private Universities တွေပါ

Berlin
International School of Management
IU international University of Applied Sciences
SRH Berlin University of Applied Sciences
Steinbeis School of Management and Innovation
Univeristy of Europe for Applied Sciences

Bremen
Constructor University

Cologne
CBS International School

Hamburg
Kuhne Logistics University
Northern Institute of Technology Management

Munich
EU Business School Munich
Munich Business School
Macromedia University of Applied Sciences
New European College
International UNiveristy SDI munchen

Others
Jacob University

Public University ရွေးမလား Private University ရွေးမလားကတော့ Admin take ကတော့ Public University ပါ.

ဒါပေမယ့် စဉ်းစားရမယ့် မိမိ Education background နဲ့ Public university ဝင်ခွင့်ရမရ, University reputation, မိမိ preference နဲ့ တခြား factors တွေအများကြီးရှိတဲ့အတွက် Public ကိုပဲရွေးပါလို့တော့ တပ်အပ်ပြောလို့မရနိုင်ပါ

Pic taken from Pinterest

Address

Tabin Shwe Hee Road
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Insightful Pathway Education - IPE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share