Inya Institute

Inya Institute Advancing the social sciences, the arts and humanities as they are related to Myanmar

Inya Instituteသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လူမှုသိပ္ပံ ဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များနှင့် သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှု ဘာသာရပ်များ တိုးတက်ထွန်းကားလာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော အဆင့်မြင့် သိပ္ပံနည်းကျ လေ့လာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ မိမိတို့ အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေး၊ဘာသာရေးနှင့် ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖွင့်လှစ်ထားခြင်းမဟုတ်ပဲ မည်သည့် ဘွဲ့ ဒီဂရီမျှ ပေးအပ်ခြ

င်းများမပြုလုပ်ပါ။

Inya Institute is a Yangon-based higher learning institute dedicated to advancing the social sciences, the arts and humanities as they are related to Myanmar. It is a non-political, non-religious, non-profit, and non-degree granting organisation.

26/08/2026

မင်္ဂလာပါ။ Inya Institute ဖြစ်ပါသည်။

ဤ video တွင် “Adaptability” အကြောင်း နှင့် ပတ်သက်၍ ပြောပြပေးသွားမည် ဖြစ်ပါသည်။

မှတ်ချက်: Videoတွင် ပါဝင်သော အကြောင်းအရာများသည်
- Improve the Adaptability Skills
https://jinnah.edu/improve-the-adaptability-skills/
- Student Life and Well-being
https://blogs.uml.edu/wellbeing/2023/09/28/the-importance-of-adaptability/
- Work Place Adaptability Skills: 6 to build it work today
https://asana.com/resources/workplace-adaptability-skills မှ အကြောင်းအရာများအား မှီငြမ်းထားခြင်းဖြစ်ပါသည်။

မင်္ဂလာပါ။ လူမှုသိပ္ပံသုတေသန  (Social Science Research) ၏အခြေခံအကြောင်းအရာများကို လေ့လာရန်စိတ်ပါဝင်စားသူများအတွက်  အထောက...
21/08/2026

မင်္ဂလာပါ။ လူမှုသိပ္ပံသုတေသန (Social Science Research) ၏အခြေခံအကြောင်းအရာများကို လေ့လာရန်စိတ်ပါဝင်စားသူများအတွက် အထောက်အကူပြုနိုင်မည့် “မြန်မာ-အင်္ဂလိပ် နှစ်ဘာသာသုံး လူမှုသုတေသန နည်းနိဿယ မိတ်ဆက်” လက်စွဲစာအုပ်ကို အောက်ဖော်ပြပါ Link မှတဆင့် အခမဲ့ရယူနိုင်ပါသည်။

https://www.inyainstitute.org/wp-content/uploads/2015/08/Inya.BilingualManualSocialResearch-Methods.pdf

မင်္ဂလာပါ။ Inya Institute ၏ စာကြည့်တိုက်မှ အားလုံးကို ကြိုဆိုပါ၏။ ကျွန်တော်တို့ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်၏အနှစ်ချုပ်က...
20/08/2026

မင်္ဂလာပါ။ Inya Institute ၏ စာကြည့်တိုက်မှ အားလုံးကို ကြိုဆိုပါ၏။ ကျွန်တော်တို့ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်၏အနှစ်ချုပ်ကို ထပ်မံမိတ်ဆက်ထားပါသည်။ စာအုပ်၏အမည်မှာ “Brave Men of the Hills: Resistance and Rebellion in Burma, 1825-1932" ဖြစ်ပါသည်။

ဤစာအုပ်သည် Parimal Gosh မှ မြန်မာနိုင်ငံတွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုလက်အောက် ၁၉ရာစု နှင့် ၂၀ရာစု အစောပိုင်းအတွင်း ပေါ်ပေါက် လာသော တော်လှန်မှုများ အကြောင်း ဖော်ပြထားသည်။ စာရေးသူက ထိုသို့ ဖော်ပြရာတွင် ခေါင်းဆောင်တစ်ဦး စီ၏ လုပ်ဆောင်ချက်များကိုသာ အသားပေးလေ့လာဖော်ပြထားခြင်းမျိုး မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး တို့၏ အကျိုးသက်ရောက်ပုံတို့ကို လေ့လာထားသည်။ Ghosh ၏ အဆိုအရ ကိုလိုနီနယ်ချဲ့ကို အစောပိုင်း ခုခံတော်လှန်မှုများသည် ကိုလိုနီအုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများနှင့် ဆက်စပ်နေသည်။ ဗြိတိသျှတို့ မသိမ်းပိုက်မီ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်တွင် အများအားဖြင့် ဗဟိုချုပ်ကိုင်မှုနည်းသော စနစ်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် ဒေသခံအသိုင်းအဝိုင်းများတွင် အတိုင်းအတာတစ်ခုထိရှိခဲ့ကြသည်။ မြို့သူကြီး ကဲ့သို့သော ဒေသခံ ခေါင်းဆောင်များသည် အုပ်ချုပ်ရေး၊ တည်ငြိမ်မှုထိန်းသိမ်းရေးနှင့် ဒေသခံလူမှုဘဝကို ဗဟိုအာဏာနှင့် ချိတ်ဆက်ပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော်လည်း ဗြိတိသျှ အုပ်ချုပ်မှုသည် ဗဟိုချုပ်ကိုင်မှုစနစ်၊ အခွန်ကောက်ခံမှုနည်းလမ်းအသစ်များနှင့် ပိုမိုအားကောင်းသော နိုင်ငံတော်ထိန်းချုပ်မှုပုံစံသစ်ကို မိတ်ဆက်ခဲ့သည်။ ထိုအပြောင်းအလဲများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံအာဏာပိုင်များ၏ အုပ်ချုပ်ခွင့်မှာ အားနည်းလာပြီး ကိုလိုနီအုပ်ချုပ်ရေးနှင့် ရှိပြီးသား လူမှုဖွဲ့စည်း အုပ်ချုပ်မှုပုံစံ များအကြား တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်က တောင်သူလယ်သမားများ သည် ကိုလိုနီမူဝါဒများကြောင့် မြေယာဆုံးရှုံးမှု၊ အကြွေးပြဿနာနှင့် စီးပွားရေးအခက်အခဲများအကြား ဖိနှိပ်မှု များကြုံတွေ့ကာ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ကြောင့် ဆရာစံသည် ထိုမကျေနပ်မှုများမှတဆင့် အဖွဲ့အစည်းကွန်ယက်များ တည်ဆောက်ခြင်း၊ ဒေသအသီးသီးမှ ထောက်ခံမှုများရယူခြင်းကာ ထိုမကျေနပ်မှုများ အား ဗြိတိသျှအာဏာကို ပိုမိုကျယ်ပြန့်သော အတိုင်းအတာအားဖြင့် စိန်ခေါ်ဆန့်ကျင်မှု တစ်ခုအဖြစ်သို့ ပြောင်း လဲနိုင်ခဲ့သည်။ ဆရာစံ၏ လှုပ်ရှားမှုသည် ဗုဒ္ဓဘာသာယုံကြည်မှုများ၊ မင်းအာဏာဆိုင်ရာ သင်္ကေတများနှင့် မျှတသော မြန်မာ့အုပ်ချုပ်မှု ပုံစံကို ပြန်လည် တည်ဆောက်လိုသော အယူအဆများကို ထိန်းသိမ်းလျက် မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများ ဦးဆောင်ဖန်တီးနိုင်ခြင်းသည် နိုင်ငံရေး ချဉ်းကပ်မှုပုံစံ အသစ်တစ်ခုဖြစ်ကြောင်း စာရေးသူက ထောက်ပြဆွေးနွေးထားသည်။ ဤစာအုပ်မှ တစ်ဆင့် စာဖတ်သူများအနေဖြင့် ကိုလိုနီ နယ်ချဲ့စနစ်ကို ခုခံတာ်လှန်မှုများတွင် သာမာန်ပြည်သူလူထု၏ အခန်းကဏ္ဍသည် အဘယ်မျှလောက် အရေးပါခဲ့ကြောင်းကို လေ့လာတွေ့ရှိနိုင် မည်ဖြစ်သည်။ ဤစာအုပ်ကို University of Hawai’i Press မှ ၂၀၀၀ခုနစ်တွင် ထုတ်ဝေခဲ့သည်။

မင်္ဂလာပါ။ Inya Institute၏ စာကြည့်တိုက်မှ အားလုံးကို ကြိုဆိုပါ၏။ ကျွန်တော်တို့ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်၏အနှစ်ချုပ်ကိ...
14/08/2026

မင်္ဂလာပါ။ Inya Institute၏ စာကြည့်တိုက်မှ အားလုံးကို ကြိုဆိုပါ၏။ ကျွန်တော်တို့ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်၏အနှစ်ချုပ်ကို ထပ်မံမိတ်ဆက်ထားပါသည်။ စာအုပ်၏အမည်မှာ “Prisoners of Shangri-La: Tibetan Buddhism and the West” ဖြစ်ပါသည်။

ဤစာအုပ်သည် သန့်စင်သော၊ ငြိမ်းချမ်းသော၊ ထူးခြားသော ရှန်ဂရီလာ အဖြစ် တိဘက် နှင့်ပတ်သက်သော အနောက်တိုင်း၏ စံထားသော ပုံရိပ်ကို စိန်ခေါ်ရေးသားထားသော စာအုပ်ဖြစ်သည်။ ထို့ပြင် တိဘက်၏ သမိုင်းကြောင်းအမှန် အပြင် အိမ်နီးချင်း အာရှအဖွဲ့အစည်းများနှင့် ချိတ်ဆက်‌ဆောင်ရွက်မှုများကို လေ့လာရင်း အနောက်တိုင်းစာရေးဆရာများ၊ ပညာရှင်များ၊ အနုပညာရှင်များနှင့် ခေတ်သစ်လှုပ်ရှားမှုများသည် တိဘက် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဒဏ္ဍာရီဆန်ဆန် အကြောင်းအရာများကို မည်သို့ တည်ဆောက်ခဲ့ပုံကို ဆန်းစစ်လေ့လာထားသည်။ စာရေးသူ Lopez က ၎င်းအနောက်တိုင်း ဒဏ္ဍာရီလာ အကြောင်းအရာများသည် ‘မှန်စီခြယ် ယဉ်ကျေးမှု ဝင်္ကပါ/လမ်းကြောင်းများ’ကို ဖန်တီးခဲ့ပြီး ၎င်းတွင် တိဘက်ဒေသ သမိုင်းနှင့် ယဉ်ကျေးမှုတို့ကို အမှန်တကယ်သိသော တိဘက်လူမျိုးများ၊ တိဘက်ဒေသကို ချစ်မြတ်နိုးသူများ၊ တိဘက် နှင့် ပတ်သက်၍ လေ့လာလိုသူများကို ပိတ်ပင် ဖုံးကွယ်ထားခဲ့ကြသည်။ အနောက်တိုင်းသားများ တီထွင်ခဲ့သော တိဘက်၏ ပုံရိပ်များသည် တိဘက်လူမျိုးများ၏ ဖြစ်တည်မှုကို ငြင်းပယ်နေပြီး နိုင်ငံကို စစ်မှန်သော ကမ္ဘာကြီးနှင့်သီးခြားဖြစ်တည်စေနေသည့် အပြင် တရုတ်ထံမှ လွတ်လပ်ရေးအတွက် အမှန်တကယ် နိုင်ငံရေး ကြိုးပမ်းမှုကို ရှုပ်ထွေးစေသည်။ ဤစာအုပ်တွင် အခန်း (၇)ခန်း ပါဝင်ပြီး ၎င်းတွင် အနောက်တိုင်းသားများသည် တိဘက် ယဉ်ကျေးမှုကို မှားယွင်းစွာ ဖော်ပြခဲ့သည့် အကြောင်းအရာများကို အဓိကထား ဖော်ပြထားသည်။ ၎င်းတွင် ‘Lamaism’ ဟူသော တိဘက် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အနောက်တိုင်းသားများ ခေါ်တွင်သော အသုံးအနှုန်း၊ သေဆုံးသူများ၏ အကြောင်း ရေးသားထားသော တိဘက်စာအုပ်၊ Lobsang Rampa ၏ စာ‌ပေဆိုင်ရာ လှည့်ကွက်များ၊ ‘Om Mani Padme Hum’ (ဉုံ မဏိ ပဒ္မေ ဟုံ) မန္တာန်ကို အဓိပ္ပါယ်ကောက်လွဲမှားမှု၊ တိဘက် အနုပညာနှင့် ပတ်သက်၍ မှားယွင်းစွာ အဓိပ္ပါယ်ကောက်မှု၊ တိဘက်ဆိုင်ရာ လေ့လာမှုများ စသည်တို့ပါဝင်သည်။ ဤစာအုပ်သည် သုတေသန အခြေပြု အချက်အလက်များ နှံ့စပ် ပါဝင်ခြင်း နှင့် အ‌နောက်တိုင်း၏ ဒဏ္ဍာရီ ဆန်ဆန် အကြောင်းအရာများကို အမှန်တကယ် ဖြစ်ရပ်အနေနှင့် ဖော်ပြခြင်းနှင့် ပတ်သက်၍ ချဉ်းကပ်ဖော်ပြမှုများကြောင့် ချီးမွမ်းခံရသော်လည်း ခေတ်ပြိုင် တိဘက်ရှုထောင့်ကို လျစ်လျူရှုခြင်း၊ ကိုလိုနီခေတ် အလွန် မူဘောင်များကိုသာ အခြေခံ အသုံးပြုထားခြင်း တို့အတွက် ဝေဖန်မှုများလည်း ရှိခဲ့သည်။ ဤစာအုပ်ကို Donald S. Lopez, Jr. မှ ရေးသားထားပြီး ၁၉၉၈ ခုနှစ်တွင် Chicago နှင့် London ရှိ The University of Chicago Press မှ ထုတ်ဝေခဲ့သည်။

ၵၢၼ်လူင်းပိုၼ်ႉတီႈ ထႆႇၶႅပ်းႁၢင်ႊလိၵ်ႈလၢႆးတႆး ၼႂ်းပိုၼ်ႉတီႈမႄႈႁွင်ႈသွၼ်ၶွပ်ႈၸႂ်ယႂ်ႇၼမ် ထိုင် ဢႃႈၸၢရ် ၵေး၊ ၸၢႆႈၸေႃးတိၵ (လၼ...
13/08/2026

ၵၢၼ်လူင်းပိုၼ်ႉတီႈ ထႆႇၶႅပ်းႁၢင်ႊလိၵ်ႈလၢႆးတႆး ၼႂ်းပိုၼ်ႉတီႈမႄႈႁွင်ႈသွၼ်

ၶွပ်ႈၸႂ်ယႂ်ႇၼမ် ထိုင် ဢႃႈၸၢရ် ၵေး၊ ၸၢႆႈၸေႃးတိၵ (လၼ်ႊတၼ်ႊ)၊ ၸၢႆးၶမ်း၊ ၸရေး ၼၢၼ်ယူင်း၊ ၸရေး တၢၼ်ႇ၊ သေမျႃႉ၊ ပျုံးယီ၊ ၶျႅင်ပဵင်း၊ ၸိၼ်ႇ လႄႈ သူၼ်ၵၢၼ်ႁဵၼ်းႁူႉတႆး (Tai Yai Studies Center), မႄႈႁွင်ႈသွၼ် တီႈဢၼ်လႆႈမႃးၸွႆႈထႅမ် ႁူမ်ႈၵၢၼ်ႁူမ်ႈငၢၼ်း ၶူင်းၵၢၼ်ႁဝ်းၶႃႈ ႁႂ်ႈပေႃးယဝ်ႉတူဝ်ႈလီငၢမ်း ၼၼ်ႉၶႃႈ။

မိူဝ်ႈၼႃႈၵေႃႈ မုင်ႈမွင်း တေလႆႈႁူမ်ႈမိုဝ်းၵၼ်ထႅင်ႈၼႆ ယႂ်ႇယႂ်ႇၼမ်ၼမ် ယူႇၶႃး။

Fieldwork on Digitization of Manuscripts in the Mae Hong Son area

Thank you to Ajarn Khay, Zotika (London), Sai Kham, Zare Yong, Zare Thann, Se Myar, Phyo Ri, Chengpeng, Zin, and the Tai Yai Studies Center (Mae Hong Son) for their excellent collaboration!

We look forward to sharing the results of our fieldwork in the near future!

‼️ Reminder for everyone ‼️
11/08/2026

‼️ Reminder for everyone ‼️

🌟🌟🌟ပြဿနာဖြေရှင်းခြင်း ဆိုင်ရာ ကျွမ်းကျင်မှုများ နှင့်ပတ်သက်သော သိကောင်းစရာများ သင်တန်း🌟🌟🌟

Inya Institute မှ နယ်ပယ်အသီးသီးတွင် သင်ယူနေကြသော လူငယ်များ (အထူးသဖြင့် အသက် ၁၆နှစ်မှ ၂၈နှစ် အထိ လူငယ်များအတွက်) “ပြဿနာဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပတ်သက်သော သိကောင်းစရာများ” အမည်ရှိသည့် အခမဲ့ အွန်လိုင်းသင်တန်း (Batch-4) ကို ဖွင့်လှစ်မည်ဖြစ်ပါသည်။ ဤသင်တန်းတွင် လူငယ်များသည် စာပေပညာရပ်ဆိုင်ရာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရာတွင် ခွဲခြမ်းစိတ်ဖြာ စဉ်းစားနည်းများနှင့် ယုတ္တိကျကျတွေးတောခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကာ အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ ဤသင်တန်းတွင် ပထမဦးစွာ ပြဿနာဖြေရှင်းခြင်းနှင့် ပတ်သက်သော အဓိကအသိသညာများကို မိတ်ဆက်ပေးမည်ဖြစ်ပြီး ဒုတိယအနေဖြင့် ၎င်း အသိသညာများကို အသုံးချနိုင်ရန် လက်တွေ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသင်တန်းမှ ရရှိမည့် ဗဟုသုတများ၊ အသိသညာများ နှင့် အတွေ့အကြုံများကို သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သုတေသန၊ ပရောဂျက် ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း စသည်တို့အပြင် အစီရင်ခံစာများ ရေးသားရာတွင်လည်း ပြန်လည်အသုံးချနိုင်မည် ဖြစ်ပါသည်။

ဤသင်တန်းတွင် သင်တန်းသား /သင်တန်းသူများသည်
✏️ခွဲခြမ်းစိတ်ဖြာ တွေးတောခြင်းနှင့် ယုတ္တိကျကျ တွေးခေါ်မှု တို့နှင့် ပတ်သက်သည့် အခြေခံသဘောတရားများ
✏️သမားရိုးကျ ပြဿနာဖြေရှင်းနည်းနှင့် တီထွင်ဖန်တီးမှု ဉာဏ်အခြေခံသည့် ပြဿနာဖြေရှင်းနည်းများ
✏️ပြဿနာအား သတ်မှတ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း
✏️ပြဿနာတစ်ခုအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများထုတ်ခြင်း
✏️ပြဿနာအား အမှန်တကယ်ဖြေရှင်းခြင်း ဟုတ်မဟုတ် စစ်ဆေးရန်နည်းလမ်းများ
စသည်တို့ကို သင်ယူလေ့လာကြရမည်ဖြစ်သည်။

ဤသင်တန်းပြီးဆုံးပါက သင်တန်းသား/သင်တန်းသူများ အနေဖြင့်
✔️ကြောင်းကျိုးဆီလျော်သော စဉ်းစားနည်း ဗျူဟာအမျိုးမျိုးကို အသုံးပြု၍ ပြဿနာဖော်ပြချက်နှင့် ယူဆချက် များအား ခွဲခြားလေ့လာနိုင်ခြင်း
✔️ပြဿနာဖြစ်ရသည့် အရင်းအမြစ် နှင့် ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များအား သတ်မှတ်ရန်ပြဿနာ (သို့) အချက်အလက်များအား အဆင့်ငယ်များအဖြစ် ခွဲခြားသတ်မှတ်နိုင်ခြင်း
✔️ပြဿနာအား ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ရန် နှင့် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများထုတ်ရန်အတွက် မတူညီသော နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်ခြင်း
✔️တီထွင်ဖန်တီးမှုဉာဏ် အခြေခံသည့် ပြဿနာကို သတ်မှတ်ခြင်း၊ ဖြေရှင်းခြင်း နည်းလမ်းများကို မိမိတို့ ၏ ပညာရေး နှင့် သုတေသနဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းများတွင် ပြန်လည် အသုံးချနိုင်ခြင်း
စသည့် သင်ယူမှု ရလဒ်များကို မိမိ၏ သင်ယူမှု နယ်ပယ်အသီးသီးတွင် ပြန်လည်အသုံးချနိုင်မည် ဖြစ်ပါသည်။

ဤသင်တန်းတွင် သင်တန်းသား/သူများအနေဖြင့် တစ်ဦးချင်းလုပ်ငန်းများတွင်သော်လည်းကောင်း၊ အုပ်စုလိုက် လုပ်ငန်းများတွင်သော်လည်းကောင်း တက်ကြွစွာ ပါဝင်ရမည်ဖြစ်ပါသည်။

သင်တန်းရက်အားလုံး တက်ရောက်ပြီး လက်တွေ့ဆောင်ရွက်ရသည့် ကဏ္ဍများတွင် ပါဝင်သော သင်တန်းသား/သူများအား သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ပေးအပ်မည် ဖြစ်ပါသည်။

⏰သင်တန်းအချိန် - ၃း၀၀ နာရီ မှ ၅း၀၀ နာရီ အထိ
📅သင်တန်းရက် - သြဂုတ် (၃၁) ရက် မှ စက်တင်ဘာ (၄) ရက် အထိ

စိတ်ဝင်စားသူများအနေဖြင့် (၂၅.၈.၂၀၂၆ )ရက် နောက်ဆုံးထား၍ ဤ link (https://forms.gle/wpKSU5i6RhXn5amx7) တွင် စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက Email address (သို့) Facebook Messenger မှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🔸🔸🔸🔸Scholarship Opportunity (up to three months) for Myanmar graduates and post-graduates specializing in the materialit...
10/08/2026

🔸🔸🔸🔸Scholarship Opportunity (up to three months) for Myanmar graduates and post-graduates specializing in the materiality of textual sources 🔸🔸🔸🔸

Location: Berlin State Library (Staatsbibliothek zu Berlin, Germany)

Deadline: September 30, 2026

The scholarship program is open to Myanmar researchers (graduates and postgraduates) focusing on the materiality of textual sources that have a clear connection to the Staatsbibliothek zu Berlin‘s unique collections, including over 300 Myanmar manuscripts as well as Shan and Mon manuscripts.

Material, format, arrangement, traces of use: research into material textuality focuses on the physical form of what has been handed down and examines how texts, images and sounds are shaped by their material medium in terms of their creation, transmission and perception.

More information here:
https://staatsbibliothek-berlin.de/en/extras/spezielle-interessen/scholarship-program

Digitization of Monastic Manuscript Collections across the Greater Shan Country Intergenerational fieldwork underway in ...
07/08/2026

Digitization of Monastic Manuscript Collections across the Greater Shan Country

Intergenerational fieldwork underway in the Mae Hong Son area!

မင်္ဂလာပါ။ Inya Institute၏ စာကြည့်တိုက်မှ အားလုံးကို ကြိုဆိုပါ၏။ ကျွန်တော်တို့ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်၏အနှစ်ချုပ်ကိ...
07/08/2026

မင်္ဂလာပါ။ Inya Institute၏ စာကြည့်တိုက်မှ အားလုံးကို ကြိုဆိုပါ၏။ ကျွန်တော်တို့ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်၏အနှစ်ချုပ်ကို ထပ်မံမိတ်ဆက်ထားပါသည်။ စာအုပ်၏အမည်မှာ “The Anthropology of Buddhism & Hinduism Weberian Themes” ဖြစ်ပါသည်။

ဤစာအုပ်သည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့အား မနုဿဗေဒဆိုင်ရာ လေ့လာမှုများနှင့် ပတ်သက်၍ (၁၉၈၀)ပြည့်နှစ် အစောပိုင်းကာလများမှ စတင်ကာ မတူညီသော အချိန်ကာလများတွင် ‌ရေးသားခဲ့ပြီး မတူညီသော နေရာ‌ဒေသအသီးသီးမှ ပထမဆုံးထုတ်ဝေထားသော စာတမ်း (၁၅)ပုဒ်အား စုစည်းထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် ၎င်းလေ့လာမှုများနှင့် ပတ်သက်သော စာတမ်း (၁၅)ခုအား ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာာတို့နှင့် ပတ်သက်၍ အယူဝါဒဆိုင်ရာ ယေဘုယျချဥ်းကပ်ပုံများ၊ ဘာသာရေးဆိုင်ရာ ကျွမ်းကျင်သူများအား တရားဝင်အသိအမှတ်ပြုခြင်း၊ ကယ်တင်ခြင်းဆိုင်ရာအယူအဆမှ လောကီအကျိုးကျေးဇူးများဆီသို့ ပြောင်းလဲချဉ်းကပ်ခြင်း၊၊ ဟိန္ဒူဘာသာနှင့် သမိုင်း၊ အပြင် အထွေထွေနှိုင်းယှဥ်လေ့လာမှုများ စသဖြင့် အပိုင်း(၅)ပိုင်းဖြင့်‌ ဖော်ပြထားပါသည်။ ဤစာအုပ်၏ရည်ရွယ်ချက်မှာ မနုဿဗေဒအား ပထဝီဝင်နိုင်ငံရေး၊ လူမှုရေးနှင့် နှိုင်းယှဥ်လေ့လာမှု စသည်တို့ပါဝင်သည့် Weber ၏ အယူအဆများဖြင့် ပေါင်းစပ်ကာ လေ့လာရန်ဖြစ်သည်။ မနုဿဗေဒပညာရှင်များသည် လူမှုလောကအားလေ့လာရာတွင် “လူမျိုးစုတစ်စုသည် ယဥ်ကျေးမှုတစ်ခုဖြစ်သည်” ဆိုသည့် Durkheim ၏အယူအဆများမှ တဖြည်းဖြည်းဝေးကွာလာပြီး Weber ၏ အယူအဆများအား အသုံးပြုရန် ထိုစဉ်က မဝံ့မရဲဖြစ်နေကြသည်ဟု စာရေးသူက ငြင်းခုံထားသည်။ Weber ၏အယူအဆများသည် သမိုင်းရေးရာများ၊ ပဋိပက္ခများ၊ အာဏာလက်ကိုင်ထားမှု နှင့် အပြောင်းအလဲများ စသည်တို့ကို အဓိကလေ့လာခဲ့ပြီး Durkheim ၏အယူအဆများတွင် ၎င်းအကြောင်းအရာများ မပါဝင်ပါ။ ထို့ကြောင့် စာရေးသူသည် Weber ၏အယူအဆများဖြင့် မနုဿဗေဒပညာရပ်ကို သီအိုရီပိုင်းအရ ပြန်လည်တည်ဆောက်ရန်သာမက Weber၏ အယူအဆ အခြေပြု လူမှုဗေဒဆိုင်ရာ လုပ်ဆောင်ချက်များ အားလုံးအား လေ့လာသင်ယူခြင်းမှတစ်ဆင့် မနုဿဗေဒပညာရပ်သည် ပြန်လည်အသက်ဝင်ဖွံ့ဖြိုးလာနိုင်ကြောင်းအားလည်း ထောက်ခံဆွေးနွေးထားခြင်းဖြစ်ပါသည်။ သို့သော်လည်း Weber သည် ဟိန္ဒူဘာသာရပ်အား ဗုဒ္ဓဘာသာထက်ပိုမိုကျယ်ပြန့်စွာရေးသားထားသော်လည်း ၎င်း၏လေ့လာချက်များသည် လက်တွေ့အချက်အလက်များ တိကျမှန်ကန်မှု အားနည်းခြင်း၊ သီအိုရီပိုင်းအား အလွန်ရိုးရှင်းအောင် လျှော့ချရှင်းပြခြင်းနှင့် အရှေ့တိုင်းအားအနောက်တိုင်းအမြင်ဖြင့် ဖော်ပြနေသည်ဟုလည်း ဝေဖန်ခံရခြင်းများလည်း ရှိပါသည်။ ထို့ကြောင့် ဤစာအုပ်တွင် ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာအား ယှဉ်တွဲ လေ့လာထားကာ ဤဘာသာနှစ်ခုနှင့်စပ်လျဉ်းသည့် Weber၏ လွဲမှားသောအယူအဆများအား ရှင်းပြထားသည်။ ဘာသာရေး နှင့်ပတ်သက်သည့် အချက်အလက်အများစုအတွက် နီပေါနိုင်ငံအချက်အလက်များအား အဓိကအသုံးပြုပြီး အိန္ဒိယနှင့် ဂျပန်နိုင်ငံမှ အကြောင်းအရာများအားလည်း အနည်းအကျဉ်း ဖော်ပြထားပါသည်။ စာတမ်းများအား စုစည်းတင်ပြထားသည့် စာအုပ်ဖြစ်သောကြောင့် အကြောင်းအရာတချို့မှာ ထပ်ခါတလဲလဲပါဝင်နေသော်လည်း ဤကဲ့သို့ စုစည်းထုတ်ဝေမှုသည် အလွန်အသုံးဝင်ပြီး အထူးသဖြင့် စာတမ်းတစ်ပုဒ်ချင်းစီအား ထုတ်ဝေထားသည့် စာစောင်များ၊ မူရင်းထုတ်ဝေမှုများအား ရရှိနိုင်ရန်ခက်ခဲသည့် တောင်အာရှ သုတေသီများနှင့် စာဖတ်သူများအတွက် အကျိုးထူးနိုင်ပါသည်။ ဤစာအုပ်အား David N. Gellner မှ စုစည်းတင်ဆက်ဆွေးနွေးထားပြီး Oxford University မှ (၂၀၀၁) တွင် ပထမဉီးဆုံးအကြိမ်၊ (၂၀၀၂) ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့ပြီး Oxford India Paperbacks မှ (၂၀၀၃)တွင် တတိယအကြိမ် ထုတ်ဝေထားခြင်းဖြစ်ပါသည်။

မင်္ဂလာပါ...Inya Institute စာကြည့်တိုက်မှ ကြိုဆိုပါ၏။  စာကြည့်တိုက်ရှိ စာအုပ်များကို စာဖတ်သူများ လွယ်ကူအဆင်ပြေစွာ ဖတ်ရှု...
03/08/2026

မင်္ဂလာပါ...

Inya Institute စာကြည့်တိုက်မှ ကြိုဆိုပါ၏။ စာကြည့်တိုက်ရှိ စာအုပ်များကို စာဖတ်သူများ လွယ်ကူအဆင်ပြေစွာ ဖတ်ရှု ငှားရမ်းနိုင်ရန်အတွက် ရည်ရွယ်၍ စာအုပ်များကို သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် စုစည်း၍ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ဤ Form တွင် Inya Institute စာကြည့်တိုက်၌ ငှားရမ်းဖတ်ရှုနိုင်သော အရှေ့တောင်အာရှနယ်စပ်ဒေသများနှင့် သက်ဆိုင်သည့်စာအုပ်များကို ၎င်းတို့၏ အကျဉ်းချုပ်များနှင့်တကွ ပူးတွဲဖော်ပြထားပါသည်။ စာဖတ်ရှုသူများ အနေဖြင့် မိမိဖတ်ရှုလိုသောစာအုပ်(များ)ကို ‌ရွေးချယ်နိုင်ပါသည်။ မရွေးချယ်မီ အကျဉ်းချုပ်များကို သေချာစွာ‌ လေ့လာဖတ်ရှုစေလိုပါသည်။

အောက်ဖော်ပြပါ Link (သို့မဟုတ်) QR Code မှ တစ်ဆင့် မိမိငှားရမ်းဖတ်ရှုလိုသောစာအုပ်များကို ရွေးချယ်နိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSfzsmYcNypDw939ELEgAbevprEzgDVhbPpPCiPWiG_YmJ6r-w/viewform?usp=dialog

Address

50 B-1 Thirimingala Street (2)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959788237886

Alerts

Be the first to know and let us send you an email when Inya Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Inya Institute:

Shortcuts

Share