09/01/2024
ပညာတံခွန်
Latest education news, comment and analysis on schools, colleges, universities, further and higher education and teaching from the world.
09/01/2024
08/01/2024
အင်္ဂလိပ်စာဘာသာရပ် ဆွေးနွေးမှု
၃•၁•၂၀၂၄(ဗုဒ္ဓဟူးနေ့ မနက်ပိုင်း)မှာ
အလုံမြို့နယ် အ•ထ•က(၄)တွင်
အင်္ဂလိပ်စာတွဲဖက်ပါမောက္ခ ဦးကြီးရွှေ နှင့်
ရန်ကုန်ရှိ အခြေခံဆရာ/ဆရာများ၊
ကိုယ်ပိုင်ကျောင်းဆရာ/ဆရာများရဲ့
၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း
အောင်ချက်မြင့်မားရေးအတွက်
အင်္ဂလိပ်စာဘာသာရပ် ဆွေးနွေးမှုရလဒ်ကို
သုံးသပ်၍ ဖော်ပြရရင်
(၁) Question No.I
Initial Words အတွက် Unit ၁၂ခုမှ
bold-faced words ကို
အဓိကထားကြည့်ရန် လိုအပ်ပြီး
Passages မှ Words and Meanings ကိုလည်း
လေ့လားထားဖို့ လိုအပ်ပါတယ်။
ဖြေဆိုရာမှာ Verd from, Word from နှင့်
Active, Passive from တွေလည်း
ဂရုစိုက်ဖြေဆိုရန် လိုအပ်ပါတယ်။
(appropriate wordဆိုပေမယ့်
Text ထဲမှ စကားလုံးတွေကိုသာ
အဓိကထားဖြေဆိုရပါမယ်။)
(၂) Question No.II
MCQ(Multiple Choice)အတွက်
Verb form, Word from, Vocabulary နှင့်
Connective များကို လေ့လားထားဖို့
လိုပ်ပါတယ်။
ဖြေဆိုရာမှာ appropriate words or
phrasesကို choose (ရွေးချယ်ပါ)ဆိုတဲ့အတွက်
A or B or Cလို့ ရေးရရင်ရပေမယ့်
ဥပမာ (B) manners ဆိုတာမျိုးရေးမှ
ပိုပြီး စိတ်ချရပါလိမ့်မယ်။
(manners ဆိုတဲ့ စကားလုံးတစ်ခုထဲကို
မရေးစေချင်ပါ။)
(၃) Question No.III
Grammar အတွက်ကတော့
Grade 10, 11, 12 သုံးနှစ်စလုံးရဲ့
Grammar တွေကို မေးမှာဖြစ်ပါတယ်။
သို့ရာတွင် Grade 12ရဲ့ Textထဲက
Grammar ကို အဓိကမေးပါလိမ့်မယ်။
ဖြေဆိုရာတွင် bracket ထဲမှ
instructions ကို အသေအချာဖတ်၍
ဖြေဆိုရန် လိုအပ်ပါတယ်။
(Spelling နှင့် Punctuation စတဲ့
မည့်သည့် အမှားကိုမှ လက်ခံမည်မဟုတ်ပါ။)
Grade 12ရဲ့ Text ထဲမှာ
Participle phrase, Relative Pronoun နှင့်
As if/As though စသည့်တို့ကိုတော့
ဂရုစိုက်ဖြေရန် လိုအပ်ပါလိမ့်မယ်။
Not only ------but also ပက်သက်၍
extra emphasis သို့ inversion of the order လို့
မမေးရင် နှစ်သက်တဲ့ပုံစံဖြင့်
ဖြေဆိုနိုင်ပါတယ်။
(၄) Question No.IV
(A) (1),(2),(3),(4),(5)ရဲ့
ကဗျာကွက်လပ်ဖြည့်အတွက်ကတော့
Text ထဲ ကဗျာ(၄)ပုဒ်ကိုပဲ
ကျက်ထားရမှာ ဖြစ်ပါတယ်။
ဖြေဆိုရာမှာ ကွက်လပ်မှာ ဖြည့်စွက်မဲ့
စကားတွေကို ရေးပေးရင် လုံလောက်ပါတယ်။
အကုန်ပြန်ရေးရင်လည်း အမှတ်ပေးပါတယ်။
(B) (6),(7),(8),(9)
Recall Question အတွက်
Text ထဲမှ Comprehensionကို
အဓိကထားပြီးလေ့ကျင့်ထားဖိုလိုအပ်ပါတယ်။
(10)ကတော့ poemရဲ့ paraphrasing ဖြစ်ပြီး
အဓိပ္ပာယ်ပြည့်စုံအောင် ရေးရင်
အမှတ်ပေးမှာပါ။
(Meaningful ဖြစ်ဖို့နှင့်
Sentence Structureမှန်ဖို့ လိုအပ်ပါတယ်။)
(၅) Question No.V
Seen Passage မေးခွန်းကတော့
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းမေးခွန်းလို
Text ထဲက Unit ၁၂ခုကို
ဖတ်မှတ်ထားပြီး ဖြေဆိုရမှာပါ။
ဖြေဆိုရာမှာ No(5)ရဲ့
(A) (1),(2),(3),(4)နှင့်(5)အတွက်
Verb form, Word from, Vocabulary နှင့်
Active, Passive from တွေကို သတိထားရပြီး
(B) (6),(7),(8),(9)နှင့်(10)အတွက်
မေးခွန်းဖြေဆိုပုံကို စနစ်တကျလေ့လာ၍
ဖြေဆိုသင့်ပါတယ်။
(စာကြောင်းလိုက် ပြန်ကူးတာကို
လုံးဝ မလုပ်ပါနဲ့။)
(၆) Question No.VI
Unseen Passageမှာ
(A)ရဲ့ (1),(2),(3),(4)နှင့်(5)အတွက်
အဖြေကို စာပိုဒ်ဖတ်ပြီး
စာပိုဒ်ထဲရှိ အဓိပ္ပာယ်တူတဲ့ (စကားလုံး)
bold-faced wordကို
မှန်ကန်အောင်ပြန်ဖြေပေးရပါမယ်။
စကားလုံးအပို ၁လုံး (သို့)၂လုံးခန့်
ထည့်ထားပေးနိုင်ပါတယ်။
ဖြေဆိုရာတွင် (1),(2),(3),(4)နှင့်(5)စတဲ့
နံပါတ်ကိုသာ တပ်၍ ပြန်ဖြေပေးရမယ်။
(B)ရဲ့ (6),(7),(8),(9)နှင့်(10)ကိုတော့
စာပိုဒ်ထဲက အကြောင်းအရာကိုပဲ
မှန်ကန်အောင် ပြန်လည်ဖြေဆိုပေးရပါမယ်။
ဖြေဆိုရာမှာ Fact, Grammar နှင့်
Sentence Structure မှန်ကန်ရင်
၂မှတ်အပြည့်ရပါမယ်။
(စာကြောင်းလိုက် (လုံးဝ) ပြန်မကူးရပါဘူး။)
(၇) Question No.VII
Dialogue fill up အတွက်
(A)က topic ဖြစ်ပြီး
(B)ကတော့ One exchange ပုံစံဖြင့်
မေးထားမှာ တွေ့ရပါတယ်။
box ထဲမှာ ၆ခုပေးထားပြီး
၅ခုကို မှန်ကန်အောင် ရွေးချယ်ပြီး
ဖြစ်ပါတယ်။
Grade 10,11နှင့်12မှ Dialogue တွေကို
လေ့လာထားရမှာ ဖြစ်တဲ့အတွက်
Seenဖြစ်နိုင်ပါတယ်။
ဖြေဆိုရာမှာ Dialogue ကို
ပြန်ကူးစရာမလိုဘဲ
နံပါတ် (1),(2),(3),(4)နှင့်(5)စသည့်ဖြင့်တပ်၍
အဖြေကိုသာကို ရေးပေးရပါမယ်။
(အမှန်ပြည့်ရနိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။)
(၈) Question No.VIII
Letter Writing အတွက်
Informal Letter ပုံစံကို မေးဖို့များလို့
စနစ်ဟောင်း Letter Writing ပုံစံဖြင့်
ရေးနိုင်ပါတယ်။
ဖြေဆိုရာမှာ Body of Letter ကို
စာပိုဒ် ၃ပိုဒ် (သို့) ၄/၅ပိုဒ်အထိရေးနိုင်ပါတယ်။
စာလုံးရေ ၃၀၀ထက်မပိုရဆိုသော်လည်း
၃၂၀ခန့်အထိ စာလုံး၂၀ခန့်ပိုရေးနိုင်ပါတယ်။
(နှစ်သက်ရာ တစ်ပုဒ်ကိုသာ
ရွေးချယ်၍ ရေးသားရမှာ ဖြစ်ပြီး
Letter Format ပြည့်စုံကောင်းမွန်ရင်
အများဆုံး ၈မှတ်အထိရနိုင်ပါတယ်။)
(၉) Question No.X
Essay Writing အတွက်
ခေါင်းစဉ် ၃ခုထဲမှာ နှစ်သက်ရာတစ်ခုကို
ရေးခိုင်မှာ ဖြစ်ပါတယ်။
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းအတိုင်းပါပဲ
စာလုံးရေ ၅၀၀ မကျော်အောင်ရေးရမှာပါ။
ဒီမှာ စာလုံးရေ အနည်းငယ်(၂၀ခန့်သာ)
ကျော်၍ ရေးနိုင်ပါလိမ့်မယ်။
ဖြေဆိုရာမှာ စနစ်ဟောင်းမေးခွန်းမှာလို
with three paragraphsစကားလုံး မပါရင်
စာပိုဒ် ၄ပိုဒ် (သို့) ၅ပိုဒ်အထိရေးနိုင်ပါတယ်။
(အရေးအသားကောင်းမွန်ရင်
၁၂မှတ်အထိ ပေးနိုင်တဲ့မေးခွန်းဖြစ်ပါတယ်။)
(၁၀)အင်္ဂလိပ်စာ စနစ်သစ်မေးခွန်းပုံစံသစ်က
Language ကို အခြေခံပေးထားသောပုံစံ
ဖြစ်ပြီး American English နှင့်
British English ဆိုရင် British English ကိုသာ
ဦးစားပေး ရွေးချယ်အသုံးပြုသင့်ပါတယ်။
(အင်္ဂလိပ်စာအတွက် ဂုဏ်ထူးမှတ်ကို
ယခင်အတိုင်း ၇၅မှတ်သာ
သတ်မှတ်မည်ဟုသိရပြီး Grade A, B, C နှင့်
Dတို့ မသတ်မှတ်ဘဲ အမှတ်ဖြင့်သာ
သတ်မှတ်မယ်လို့ သုံးသပ်မိပါတယ်။)
#လေးစားစွာဖြင့်
#အောင်စိုးမိုး(ပညာမြေ)
၁၁နာရီ ၂၀မိနစ် (ကြာသပတေးနေ့)
၄•၁•၂၀၂၄ (လွတ်လပ်နေ့)
မူရင်းတင်သူကို ပေးပါတယ်။
16/06/2022
The countdown starts now on our website. Please follow the link below for the live countdown timer.
www.myanmarexam.org
31/05/2022
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
နေ့သင်တန်းများ (2.6.2022)ရက်နေ့မှစတင်၍ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာချက်
Click here to claim your Sponsored Listing.
Location
Category
Website
Address
33, Dagon
Yangon
95