19/08/2026
A Warm Welcome to Our New Trainer! Sayar Pone Myat Thar ✨
ဒီနေ့မှာတော့ BIM Trainings ရဲ့ IT Professional တန်းခွဲတွေကို တာဝန်ယူ သင်ကြားပေးသွားမဲ့ ဆရာတစ်ဦးဖြစ်တဲ့ ဆရာ ဘုန်းမြတ်သာ နဲ့ မိတ်ဆက်ပေးချင်ပါတယ် 👨🏫✨
ဆရာဘုန်းမြတ်သာကတော့ IT Infrastructure, Network & System Administration နဲ့ Cyber Security နယ်ပယ်တွေမှာ လုပ်ငန်းခွင်အတွေ့အကြုံ ၆ နှစ်ကျော် ရှိပြီး Banking နဲ့ Enterprise Environments တွေမှာ Enterprise Security Solutions တွေကို စနစ်တကျ ရေးဆွဲ၊ တည်ဆောက်၊ ထိန်းသိမ်းပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဆရာဘုန်းမြတ်သာက Level 5 Diploma in Computing၊ Diploma in Network Communication တို့ကို ရရှိထားပြီး B.Sc. (Hons) Computing (Final Year) တက်ရောက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာ့အနေနဲ့ Practical A+, Advanced NE, Pentest Fundamentals, AWS Cloud Practitioner, AWS Cloud Architecture, Fortinet Certifications (Cloud Security, Visibility & Control of Public Cloud Infra R02, Security Fabric Analytics & Automation R03, Certified Associate in Cybersecurity), SIEM 101 (Lets Defend) နဲ့ RedHat OpenShift Administration I & II (v.4.14) အစရှိတဲ့ Professional Certifications များစွာကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။
Cyber Security Defensive, Network and Infrastructure, Microsoft Technologies, Virtualization နဲ့ Security Operations စတဲ့ နယ်ပယ်တွေမှာ အထူးကျွမ်းကျင်ပြီး လုပ်ငန်းခွင်အသုံးချ Practical & Hands-on Skills တွေကို သီအိုရီတင်မကဘဲ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 💁♀️
ဆရာ ဘုန်းမြတ်သာ သင်ကြားပေးမဲ့ အတန်းသစ်လေးတွေကို မကြာခင်မှာ အသေးစိတ် ကြေညာပေးတော့မှာမို့လို့ Page လေးကို Like & Follow လုပ်ထားပြီး စောင့်မျှော်ပေးကြပါဦးနော်...🔔