Future Light Education Center

Future Light Education Center

Share

Fun, Fluent , Fearless!

24/05/2026

Future Light Education Center မှ ကျောင်းထပ်မံတိုးချဲ့သော လုပ်ငန်းစဉ် အသစ်များအတွက် အင်္ဂလိပ်စာ သင်ကြားရေး တီချယ်များ ခေါ်ယူနေပါသည်။

အဂ်လိပ်စာ သင်ကြားရေးအတွက်Young learners and teenagers သင်ကြားလိုသူ Class teacher positions အတွက် တီချယ်များ ခေါ်ယူနေပါသည်.

ဒါ့အပြင် အဂ်လိပ်စာ သင်ကြားရေးအတွက် Assistant teachers များလဲ ခေါ်ယူလျက်ရှိပါသည်။

Class teacher Position- ၅ ဦး
Assistant teacher position - ၅ ဦး

Class Teacher Position

Working hours- 8am to 5 pm ( only Sat and Sun )

Salary - 350000 to 450000 kyats
( အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကလေးများကို သင်ကြားနိုင်သူ )

Salary - 450000 - 550000 kyats
( အသက် ၁၃ နှစ်မှ ၁၈ နှစ်ထိ ကျောင်းသားများ ကို သင်ကြားနိုင်သူ)

လစာ အရည်အချင်းနှင့်အတွေ့အကြုံပေါ်မူတည်၍ ထပ်မံညှိနှိုင်းပေးမည်။

တစ်နှစ်တစ်ခါ မိမိ၏ ကြိုးစားမှုပေါ်မူတည်၍ Bonus 3 ခု ခံစားခွင့်ရှိသည်။

1. Performance Bonus ( 1.5 x monthly salary )
2. Loyalty Bonus ( လုပ်သက်အလိုက်ခံစားခွင့် )
3. School Growth Bonus ( ကျောင်း၏ တိုးတက်မှု အခြေအနေ နှင့် အတူ ထပ်မံခံစားခွင့် )

🍀အင်္ဂလိပ်စာ သင်ကြားရေး နည်းစနစ်တွေကို စနစ်တကျသိရှိပြီး ကောင်းမွန်ပီး စနစ်တကျ ရှိသည့် အဖွဲ့ အစည်းတစ်ခုနှင့်အတူ လက်တွဲ လုပ်ခွင့်ရမည်။

🍀စနေ/ တနင်္ဂနွေ အားလပ်ရက်အတွက် Part time သင်ကြားရေး မှာ အလုပ်အကိုင်တသ်ခု အနေနှင့် ရပ်တည်နိုင်မည်။

🍀မိမိရဲ့ Skills Development အတွက် Training ကောင်းကောင်းနှင့် သင်ကြားရေးပိုင်းပါ တိုးတက်နိုင်မည်။

🍀Class teacher positionsလျှောက်ထားလိုသူများ

Requirements:
1. တက္ကသိုလ်မှ ဘွဲ့၇ပြီးသူ (သို့ )တက္ကသိုလ် တက်နေသူ ( သို့လျှောက်ထားနိုင်သည်။

2. အင်္ဂလိပ်စာ အရည်အချင်း အနည်းဆုံး Intermediate or upper-intermediate ထိ ပြီးသူများ လျှောက်ထားနိုင်ပြီး အဂ်လိပ် အပြောစွမ်း၇ည် ပိုင်နိုင်စွာ ပြောဆိုနိုင်၇မည်။ ( အဓိက အားဖြင့်ကျောင်းသားကျောင်းသူများနှင့် အဂ်လိပ်လို communication ကောင်းကောင်းလုပ်နိုင်မှသာ လျှောက်ထား ပါရန်)

3.Microsoft Word, PowerPoint ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ ကျောင်းသား ကျောင်းသုများအတွက် အပတ်စဉ် သင်ကြားမည့် Lesson များကို details ပြင်ဆင်ပြီး သင်ကြားနိုင်သူ ဖြစ်ရမည်။

4. ကလေးများကို စိတ်ရှည်ပြီး သည်းခံနိုင်သူဖြစ်ရမည်။တက်မြောက်အောင် သင်ကြားပေးလိုစိတ် ရှိသူဖြစ်ရမည်။

5. စာသင်ကြားရေး ကို စိတ်ဝင်စားပြီး တက်ကြွစွာ ပါဝင် လိုစိတ်ရှိသူဖြစ်ရမည်။ အသင်းအဖွဲ့နှင့် အဆင်ပြေပြေ လုပ်ကိုင်တက်သူဖြစ်ရမည်။

6. စနေ တနင်္ဂနွေ ကျောင်းသို့လာ၍ လုပ်ကိုင်နိုင်သူဖြစ်ရမည်။ရံဖန်ရံခါ အချိန်ပိုရှိပါက ပါဝင်နိုင်သူဖြစ်ရမည်။

7. အသက် 35 နှစ်အောက် ဖြစ်ရမည်။

8.အင်္ဂလိပ်စာ သင်ကြားရေး အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရမည်။

9.Tesol , Celta, TEFL လက်မှတ် ရရှိထားသူများ ဦးစားပေးမည်။

10.ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံး ပြုတက်ပြီး ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲ လာသော သင်ကြားရေးများကို လက်ခံနားလည်ပြီး ပြန်လည် သင်ကြား ပို့ချပေးနိုင်သူ ဖြစ်ရမည်။

11.ကျောင်းမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ လုပ်ဆောင်ပေးနိုင်ရမည်။

12.သင်ကြားရေး ကို အမြဲမပြတ် သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။

13. Future Light Education Center 1 and 2 နှစ်ခုလုံးသို့ သွားရောက် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

14. အနည်းဆုံး - ၂ နှစ် စာချုပ်ချုပ်နိုင်သူဖြစ်ရမည်။

Assistant Teacher Position

Working hours- 8am to 5 pm ( only Sat and Sun )
Salary - 180000 -200000 kyats

1. သင်ကြားရေး အတွေ့အကြုံမလိုပါ လိုအပ်သည်များကိုကျောင်းမှ training ပေးပါမည်။

2. စာသင်ကြားရေးကို စိတ်ဝင်စားပြီး အသင်းအဖွဲ့နှင့် လုပ်ကိုင်တက်ပြီး အမြဲလေ့လာသင်ယူလိုသူ ဖြစ်ရမည်။

3. ကလေးများကို စိတ်ရှည်ပြီး ကလေးများ၏ လိုအပ်ချက်ကို ကူညီပေးနိုင်ပြီး class teacher ကိုပါ ထိရောက်စွာကူညီပေးနိုင်သူဖြစ်ရမည်။

4. ကျောင်းမှ ပေးသော Training များကို တက်ရောက်နိုင်သူဖြစ်ရမည်။

5. အဂ်လိပ်စာ level အနည်းဆုံး pre intermediate ရှိရပါမည်။

6. အချိန်ပို ရှိပါကလဲ လာရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။

7. အနည်းဆုံး တက္ကသိုလ် တက်ရောက်နေသူ ဖြစ်ရပါမည်။

8.အနည်းဆုံး ၂ နှစ် စာချုပ်ချုပ်နိုင်သူ ဖြစ်ရမည်။

လျှောက်လွှာများကို 30th May 2026 နောက်ဆုံးထားပြီး Future light page messenger သို့ ဖြစ်စေ ကျောင်းသို့ လူကိုယ်တ်ုင်လာရောက်၍ ဖြစ်စေ ပေးပို့နိုင်ပါသည်။

၀၉-၈၉၉ ၈၃၂ ၅၃၃
အမှတ်၇၊ ဓူဝံလမ်း၊ မြို့သစ်အရှေ့ရပ်ကွက်၊ သန်လျင်မြို့။

Photos from Future Light Education Center's post 19/05/2026

🌿✨ စာသင်ခန်းအပြင်က ဘာတွေ သင်ယူနိုင်လဲ✨🌿

ကျွန်မတို့၏ Future Light Education Center တွင် ကလေးများသည် စာအုပ်များမှသာမက လက်တွေ့ဘဝအတွေ့အကြုံများမှလည်း အကောင်းဆုံး သင်ယူနိုင်ရန် အမြဲ ပံ့ပိုးပေးလျက်ရှိပါသည်။

ထို့ကြောင့် ကျွန်မတို့သည် ကလေးများအတွက် ပန်းခြံများ၊ ကစားကွင်းများနှင့် ဘုရားကျောင်းများသို့ ပျော်ရွှင်ဖွယ် လေ့လာရေးခရီးများကို စီစဉ်ပေးလေ့ရှိပါသည်။ 🌳🚌

ဘုရားကျောင်းသို့ သွားရောက်လေ့လာခြင်းမှတစ်ဆင့် ကလေးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများနှင့် ကောင်းမွန်သော အပြုအမူများကို သင်ယူနိုင်ကြပါသည်။ 🙏✨

Field Trip များမှ ကလေးများရရှိနိုင်သော အကျိုးကျေးဇူးများမှာ —

✅ လက်တွေ့အတွေ့အကြုံများမှ သင်ယူနိုင်ခြင်း
✅ မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို နားလည်လာခြင်း
✅ ယုံကြည်မှုနှင့် ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း တိုးတက်လာခြင်း
✅ လူမှုဆက်ဆံရေးနှင့် ဆက်သွယ်ရေးစွမ်းရည် ကောင်းမွန်လာခြင်း
✅ သဘာဝနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းတက်လာခြင်း
✅ပိုမိုပူးပေါင်းလုပ်ဆောင်တတ်လာခြင်း
✅ ပျော်ရွှင်စရာ အမှတ်တရများနှင့်အတူ သင်ယူနိုင်ခြင်း

ကလေးများ၏ စူးစမ်းလိုစိတ်၊ ပျော်ရွှင်မှုနှင့် သင်ယူလိုစိတ်များကို မြင်တွေ့ရခြင်းသည် ကျွန်မတို့အတွက် အလွန်ဝမ်းမြောက်စရာ ဖြစ်ပါသည်။ လေ့လာရေးခရီးတိုင်းသည် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ရှာဖွေသင်ယူမှုနှင့် ပျော်ရွှင်မှုအတွက် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ 💚

Contact us -09 899 832 533

18/05/2026

📚 ကျွန်မတို့ Future Light Education Center ကျောင်းမှ Reading Program ကိုအခု လာမည့် အပတ်မှ စ၍ ထည့်သွင်း သင်ကြားမည် ဖြစ်ကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်📚

ယခင်က ကျွန်မတို့ကျောင်းတွင် ကျောင်းသားများအား အိမ်စာအဖြစ် Reading လုပ်ရန် အမြဲအားပေးလေ့ရှိပါသည်။

အကြောင်းမှာ Reading သည် ကလေးများ၏ ဘဝတစ်လျှောက် သင်ယူမှုနှင့် ပညာရေးအောင်မြင်မှုအတွက် အရေးကြီးဆုံးသော အခြေခံစွမ်းရည်တစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။

သို့သော် ကျွန်မတို့ သတိပြုမိသည်မှာ ကျောင်းသားအများစုသည် အိမ်တွင် ပုံမှန်စာမဖတ်ကြခြင်း ဖြစ်ပါသည်။

ပုံမှန် Reading မလုပ်သော ကလေးများတွင် —

❌ Vocabulary (ဝေါဟာရ) တိုးတက်မှု နှေးကွေးလာခြင်း
❌ Pronunciation အားနည်းလာခြင်း
❌ Comprehension (နားလည်နိုင်စွမ်း) ခက်ခဲလာခြင်း
❌ Writing Skills အားနည်းလာခြင်း
❌ Concentration လျော့နည်းလာခြင်း
❌ English ကို ယုံကြည်မှုနည်းလာခြင်း

စသည့် အခက်အခဲများ ဖြစ်လာနိုင်ပါသည်။

ကျောင်းသားကျောင်းသူများသည် Reader ကောင်းများဖြစ်လာရနိဆိုတာ မွေးရာပါ မဟုတ်ပါဘူး။

လေ့ကျင့်မှု၊ အားပေးမှု၊ ပုံမှန်ဖတ်ရှုမှုတို့ကြောင့်သာ တဖြည်းဖြည်း တိုးတက်လာကြတာ ဖြစ်ပါတယ်။

ထို့ကြောင့် Future Light Education Center တွင် ကျောင်းသားကျောင်းသူများအတွက် တစ်ပတ်လျှင် Reading Time ၂ နာရီ သတ်မှတ်ပေးထားပါသည်။

ဤ Reading Sessions များအတွင်း ကျောင်းသားများသည် မိမိတို့၏ —

✅ အသက်အရွယ်
✅ English Level
✅ Learning Ability
✅ Reading Fluency

တို့နှင့် ကိုက်ညီသော Graded Readers များကို ဖတ်ရှုပြီး မိမိဖတ်ရှုခဲ့သည်များကို ဆွေးနွေးခြင်း မိမိရှိပြီးသား ဗဟုသုတများနှင့်ပေါင်းစပ်ခါ အတွေးအခေါ်သစ်များထပ်မံတည်ဆောင်ခြင်း critical thinking questions အမေးအဖြေများ ပြုလုပ်ခြင်းတို့က်ု ပြုလုပ်ရမည် ဖြစ်ပါသည်။

မိမိ Level နှင့် ကိုက်ညီသော စာအုပ်များကို ဖတ်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူများသည် —

✨ Reading ကို ပိုစိတ်ဝင်စားလာခြင်း
✨ Story များကို ပိုနားလည်လာခြင်း
✨ Confidence တိုးလာခြင်း
✨ Vocabulary နှင့် Grammar တိုးတက်လာခြင်း
✨ Speaking နှင့် Writing Skills ပိုကောင်းလာခြင်း
✨ Independent Learner ဖြစ်လာခြင်း

စသည့် အကျိုးကျေးဇူးများ ရရှိလာပါသည်။

Reading သည် ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ခုလို ဖြစ်ပါသည်။
စာများများဖတ်လေလေ Thinking Skills နှင့် Language Skills ပိုမိုတိုးတက်လာလေလေ ဖြစ်ပါသည်။

သုတေသနများအရ ပုံမှန်စာဖတ်သော ကျောင်းသားများသည် English တင်မကဘဲ ဘာသာရပ်အားလုံးတွင် ပိုမိုကောင်းမွန်စွာ တိုးတက်ကြောင်း တွေ့ရှိရပါသည်။ Reading သည် Creativity, Critical Thinking, Communication Skills နှင့် Emotional Development ကိုပါ တိုးတက်စေပါသည်။

တစ်နေ့လျှင် အချိန်အနည်းငယ်သာ Reading လုပ်ပေးရင်တောင် အချိန်ကြာလာသည်နှင့်အမျှ ကလေးတစ်ယောက်၏ အနာဂတ်ကို အလွန်ကြီးမားစွာ ပြောင်းလဲပေးနိုင်ပါသည်။

Future Light Education Center တွင် ကျွန်မတို့သည် ကျောင်းသားများကို “စာဖတ်တတ်အောင်” သင်ကြားပေးနေခြင်းသာ မဟုတ်ပါ။
Confidence, Knowledge, Creativity နှင့် Lifelong Love of Learning တို့ကိုပါ အတူတကွ တည်ဆောက်ပေးနေခြင်းလဲဖြစ်ပါသည်။

မိဘများအနေဖြင့်လည်း အိမ်တွင် Reading Habit ဖြစ်လာစေရန် ပူးပေါင်းအားပေးပေးကြပါရန် နွေးထွေးစွာ တိုက်တွန်းအပ်ပါသည်။

ကျောင်းနှင့် မိဘများ ပူးပေါင်းပါက ကလေးများသည် ပိုမိုတိုးတက်သော၊ ယုံကြည်မှုရှိသော၊ အောင်မြင်သော လူတော်လူကောင်းလေး များအဖြစ် ကြီးပြင်းလာမည် ဖြစ်ပါသည်။

📖 ဒီနေ့ စာဖတ်တဲ့ ကလေးတွေဟာ မနက်ဖြန်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမှာပါ 🌟

Contact us-09 899 832 533

Contact

Photos from Future Light Education Center's post 18/05/2026

Future Light Education Center # မှ lighters လေးများနှင့်အတူ ပျော်ရွှင်စရာ အမှတ်တရများဖန်တီးပေးခဲ့သည့် ၂၀၂၆ လေ့လာရေးခရီးစဉ်

18/05/2026

Future Light Education Center # မှ lighters လေးများနှင့်အတူ ပျော်ရွှင်စရာ အမှတ်တရများဖန်တီးပေးခဲ့သည့် ၂၀၂၆ လေ့လာရေးခရီးစဉ်

18/05/2026

Future Light Education Center မှ lighters လေးတွေရဲ့ ၂၀၂၆ ခုနှစ် လေ့လာရေး ခရီးစဉ်

17/05/2026

Fun, Fluent, Fearless! light education Center

Photos from Future Light Education Center's post 17/05/2026

📚✨ Exciting News from Future Light Education Center ✨📚

Starting from next week, Future Light Education Center will provide a 2-hour weekly Reading Program for all students! 🌟

Reading is one of the most important skills for children because it helps them:
✅ Improve vocabulary and grammar
✅ Build speaking and writing confidence
✅ Develop imagination and creativity
✅ Strengthen critical thinking skills
✅ Increase concentration and knowledge
✅ Create better communication skills in English

At Future Light, we believe students learn best when they enjoy learning. Through our reading program, children will explore stories, practice comprehension, discuss ideas, and develop a lifelong love of reading. 📖💡

With qualified teachers and interactive teaching methods such as CLT, TBLT, and Kagan learning, we make English easy, enjoyable, and meaningful for every student. 🌈✨



📚✨ Future Light Education Center မှ သတင်းကောင်း ✨📚

လာမည့်အပတ်မှစတင်ပြီး Future Light Education Center တွင် ကျောင်းသားများအတွက် တစ်ပတ်လျှင် Reading Program ကိုပါ တသ်ပတ် ၂ နာရီ အချိန်ပိုထပ်ပေးကာ စတင်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ 🌟

Reading လေ့ကျင့်ခြင်းသည် ကလေးများအတွက် အရေးကြီးသော အရည်အချင်းတစ်ခုဖြစ်ပြီး —
✅ Vocabulary နှင့် Grammar တိုးတက်စေပါသည်
✅ Speaking နှင့် Writing ကို ယုံကြည်မှုရှိလာစေပါသည်
✅ စိတ်ကူးစိတ်သန်းနှင့် ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပါသည်
✅ Critical Thinking Skills ကို ဖွံ့ဖြိုးစေပါသည်
✅ အာရုံစူးစိုက်နိုင်မှုနှင့် ဗဟုသုတများ တိုးပွားစေပါသည်
✅ English Communication Skills ပိုမိုကောင်းမွန်လာစေပါသည်

Future Light တွင် ကျောင်းသားများသည် ပျော်ရွှင်စွာ သင်ယူနိုင်ရန် အဓိကထားပြီး သင်ကြားပေးပါသည်။ 📖💡

ကျွန်မတို့၏ Reading Program မှတဆင့် ကလေးများသည်
📚 ပုံပြင်များဖတ်ရှုခြင်း
💬 အကြောင်းအရာဆွေးနွေးခြင်း
🧠 နားလည်မှုစွမ်းရည်တိုးတက်ခြင်း
❤️ စာဖတ်ခြင်းကို ချစ်မြတ်နိုးလာခြင်း
တို့ကို ရရှိလာမည်ဖြစ်ပါသည်။

Qualified Teachers များနှင့်အတူ CLT, TBLT, Kagan Learning ကဲ့သို့သော Interactive Teaching Methods များကို အသုံးပြု၍ English ကို လွယ်ကူပျော်ရွှင်စွာ သင်ယူနိုင်အောင် သင်ကြားပေးလျက်ရှိပါသည်။ 🌈✨

Contact us -09 899 832 533

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. (7), DuWon Street, East Myo Thit Qtr, Thanlyin Township
Yangon

Opening Hours

Saturday 09:00 - 15:00
Sunday 09:00 - 17:00