07/02/2025
လူကိုကျွန်လိုမျိုးခိုင်းနိုင်အောင်လုပ်ထားတဲ့ 技能実習制度(ぎのうじっしゅうせいど)ကိုနိုင်ငံခြားသားအလုပ်သင်ဗီဇာစနစ်သစ်ဖြစ်တဲ့育成就労(いくせいしゅうろう)သို့ပြောင်းလဲခြင်းအတွက်ကန့်သတ်ချက်မူကြမ်းထွက်လာတယ်လို့သိရပါတယ်
အခြေခံအားဖြင့်အောက်ပါအချက်တွေပါဝင်
◼︎ဝန်ဆောင်ခ ၂ လစာထက်ပိုမယူရ
◼︎ အလုပ်ဝင်ခွင့်ရတဲ့လုပ်ငန်းမှာ ၁ နှစ်အထက်
လုပ်ပြီးတာနှင့်အမျိုးအစားတူလုပ်ငန်းသို့ပြောင့်ခွင့်ရှိ
◼︎ လုပ်ငန်းအနေနှင့်က 育成就労(いくせいしゅうろう)ဗီဇာလုပ်သားရဲ့ ၃ပုံ၁ပုံအတွင်းသာ အလုပ်ခန့်ခွင့်၊လက်ခံခွင့်လုပ်ရမယ်
◼︎ မြို့ပြမဟုတ်တဲ့ နယ်ဘက်ကလုပ်ငန်းတွေက ဒီဗီဇာလုပ်သားတွေကို များများသုံးခွင့်ပေးမယ်
◼︎ မြို့ပြပေါ်ကလုပ်ငန်းတွေသို့ နယ်ဘက်လုပ်ငန်းလုပ်သား ခန့်ခွင့်ဦးရေကို ကန့်သတ်ထား
လက်ရှိစနစ်မှာ လုပ်သားတွေဆီကဝန်ဆောင်ခပျမ်းမျှ ယန်း သောင်း ၅၀ အထက်ယူကြပြီး၊၃နှစ်အတွင်းအလုပ်ပြောင်းခွင့်မရှိ၊လုပ်ငန်းခွင်ထဲမှာလည်း ハラスメントနှင့်ဖိနှိပ်မှုတွေ၊အဆင်မပြေမှုတွေရှိသည့်တိုင်အလုပ်ပြောင်းခွင့်မရှိ စတဲ့ အဓမ္မစနစ်ဖြစ်နေတာဖြစ်ပါတယ်
လက်ရှိစနစ်ထက်ပိုကောင်းလာမယ်ထင်ရပါတယ်
ဂွင်သမားတွေအတွက်တော့ ဝင်ငွေလျှော့ကျလာဘို့များ