University of Dental Medicine - Yangon

University of Dental Medicine - Yangon

Share

To update the information of UDMY Activities
To give Knowledge of Oral Health Education This information was given by Professor Dr. Shwe Toe (Rector)

B.D.S.

University of Dental Medicine was first established as the only dental school in Myanmar in the year 1964 as the College of Dental Medicine. The main responsibility of the College is to produce basic dental surgeons who can efficiently provide dental treatment for Myanmar people. In addition it was also responsible for dental auxiliary programmes such as dental nurses training and dental technolog

11/01/2021

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း (ခ) (၆/၂၀၁၉)နှင့်
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ဘီဒီအက်စ် (၁/၂၀၂၀)
(ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်မည့်ကိစ္စ
ရက်စွဲ၊ ၁၁-၁-၂၀၂၁

https://www.facebook.com/199295433433103/posts/4120768894619051/?d=n

07/01/2021

Credit

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း (ခ) (၆/၂၀၁၈)နှင့်
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ဘီဒီအက်စ် (၁/၂၀၁၉)
(နောက်ဆက်တွဲ) သင်တန်းများ ပြန်လည်ဖွင့်လှစ်မည့်ကိစ္စ
ရက်စွဲ၊ ရ-၁-၂၀၂၁

https://www.facebook.com/199295433433103/posts/4110081072354500/?d=n

Photos from University of Dental Medicine - Yangon's post 05/01/2021

ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက် တင်ပြခြင်း နှင့် ဘွဲ့လွန်ဆေးပညာသင်တန်းများဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်
နေပြည်တော်၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်တင်ပြခြင်း နှင့် ဘွဲ့လွန်ဆေးပညာသင်တန်းများဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးရှိ ဗဟိုအဆင့်မှ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ အဆင့်ဆင့်သော ဝန်ထမ်းများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ရုံသာမက ပြည်သူ့ဆေးရုံများ၌လည်း ကုသရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများကိုလည်း လစ်ဟာမှုမရှိစေရေးအတွက် ဆက်လက်ဆောင်ရွက် နေမှုများအား မှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်သော ပညာရှင်များ ပြတ်လပ်မှုမရှိရန် မွေးထုတ်လေ့ကျင့်ပေးလျက်ရှိသော ဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် (၁၆) ခုမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာမှူးများ၊ ဆရာ/ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း (ခ) (နောက်ဆက်တွဲ) သင်တန်းများနှင့် သူနာပြုတက္ကသိုလ် (နောက်ဆုံးနှစ်) သင်တန်းများဖွင့်လှစ်ရေးအတွက် စီမံချက်များရေးဆွဲခဲ့ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့သဖြင့် မကြာမီဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊

• ယနေ့ အစည်းအဝေးတွင် ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဘွဲ့လွန်ဆေးပညာသင်တန်းများဝင်ခွင့်ခေါ်ယူရေး အတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေး ရေးဆွဲထားရှိသည့် စီမံချက်မူကြမ်းများကို တင်ပြမည်ဖြစ်ပြီး တက်ရောက်လာကြသူများ အားလုံးက ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း၊

• ကျန်းမာရေးစနစ်ခိုင်မာတောင့်တင်းစေရေးအတွက် အရည်အသွေးပြည့်ဝရုံသာမက ကျင့်ဝတ်လိုက်နာ ဆောင်ရွက်ပြီး ပညာရပ်တိုးတက်ရေးအတွက် သုတေသနပြုမှုအလေ့အကျင့်ကောင်းများရှိသည့် ပညာရှင်များမွေးထုတ်ပေးလျက်ရှိပါကြောင်း၊

• ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှုအခြေအနေသည် အနည်းငယ် လျော့နည်းလာသော်လည်း လုံးဝပေါ့ဆ၍မရပါကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတကာမှ လေကြောင်းဖြင့်ဝင်ရောက်လာသူ အားလုံးကို (၂) ပတ် အသွားအလာကန့်သတ်ပြီး RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုကိုလည်း (၂) ကြိမ်ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သင်တန်းများဖွင့်လှစ်ရာတွင် COVID-19 ကာကွယ်ရေးစည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြု Virtual စနစ်များဖြင့်လည်း တွဲဖက်သင်ကြား သွားမည်ဖြစ်ပါကြောင်း၊

• ဆရာ/ ဆရာမများ၊ သင်တန်းသား/သူများ အနေဖြင့် လက်တွေ့သင်ကြားမှုများ၊ လူနာများအား စမ်းသပ်ရာ၌လည်းကောင်း၊ အဖွဲ့ငယ်များဖွဲ့၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးခြင်း ကိစ္စရပ်များ၌လည်းကောင်း စိတ်ဝင်စားမှုများသဖြင့် COVID-19 ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန် ကိစ္စများအား မေ့လျော့သွားသည်များ ရှိနိုင်ပါကြောင်း၊

• သို့ဖြစ်ပါ၍ ယခုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သူများအနေဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများအား တစ်ဦးနှင့်တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းများကို မဖြစ်မနေပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ တာဝန်ရှိသူများအားလုံး၏ အားထုတ်ကြိုးပမ်းမှုများဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ ဆေးနှင့် ဆေးပညာနှီးနွှယ်ဘွဲ့လွန်သင်တန်းသစ် (၃၄) ခုကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

• ဆေးနှင့် ဆေးပညာနှီးနွှယ်ဘာသာရပ်တိုင်း၌ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်လုံလောက်စွာရှိမှသာလျှင် ပြည်သူများအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှစကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• လက်ရှိတွင်ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းစုစုပေါင်း (၁၃၆) မျိုး၌ တက်ရောက်နေသူပေါင်း (၃,၀၂၈) ဦးရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနမှ ပညာရှင်များ နိုင်ငံတကာအတွေ့အကြုံနှင့် ပညာရပ်များ ရရှိစေရန်အတွက် နိုင်ငံတကာအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ (၆) လအောက်နှင့် (၆) လ အထက်သင်တန်းများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများတက်ရောက်ရန်အတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ (၈,၆၀၀) ဦးကျော်စေလွှတ်ခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ရန် ပညာရှင်များ မွေးထုတ်သင်ကြားလေ့ကျင့်မှုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ။ ပါမောက္ခများနှင့် တာဝန်ရှိသူများကလည်း ပွင့်လင်းတိကျစွာဖြင့် ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက -

• ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (၆/၂၀၁၉) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် (၁/၂၀၂၀) (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် အစည်းအဝေးများ ပြုလုပ်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကာ စီမံချက် (မူကြမ်း) ရေးဆွဲထားရှိမှု၊

• စီမံချက်(မူကြမ်း) အရ သင်တန်းများဖွင့်လှစ်မည့်ကာလမတိုင်မီ (၁) လ တွင် သင်တန်းသား/သူများအား အသိပေးကြေညာရန်၊ လာမည့် ဖေဖော်ဝါရီလတွင် သင်တန်းများပြန်လည်ဖွင့်လှစ်ရန် လျာထားမှု၊ သင်တန်းစာမေးပွဲများ ပြုလုပ်ရန်၊ ပြန်လည်သင်ကြားခြင်းပြုလုပ်ရန်၊ ကိုယ်ပိုင်စာကြည့်ချိန်ပေးရန်နှင့် အတန်းတင်စာမေးပွဲကို အဆိုပါကာလ၌ COVID-19 ကူးစက်မှု အခြေအနေများနှင့် အညီ အသင့်တော်ဆုံးပုံစံဖြင့် ဆောင်ရွက်ရန် တို့ကိုလည်းကောင်း၊

• တက္ကသိုလ်အလိုက် နောက်ဆုံးနှစ် သင်တန်းသား/ သူ အရေအတွက်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ လာရောက်တက်ရောက်မည့် အရေအတွက်၊ သင်တန်းပြီးဆုံးပြီးနောက် အလုပ်သင် တာဝန်ချထားမည့် သင်ကြားရေးဆေးရုံကြီးများနှင့် ပတ်သက်၍လည်းကောင်း၊

• (၂၀၂၁) ခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေးအတွက် ကြိုတင် အစည်းအဝေးများ ပြုလုပ်ထားကာ စီမံချက် (မူကြမ်း) ရေးဆွဲထားရှိမှု၊

• စီမံချက်(မူကြမ်း) အရ လာမည့် ဖေဖော်ဝါရီလတွင် လျှောက်လွှာခေါ်ယူကာ ဧပြီလတွင် ဘာသာရပ်ဆိုင်ရာ ရေးဖြေစာမေးပွဲကို ပြုလုပ်ရန် လျာထားမှု စသည်တို့ကို အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၅) ခုတို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများက စီမံချက် (မူကြမ်း) နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် အကြံပြုချက်များပေးအပ်ခဲ့ကာ ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ အခြားသော သင်တန်းများကိုလည်း ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ထပ်မံဆွေးနွေးမှုများ ပြုလုပ်ကာ စီမံချက် (မူကြမ်း) များ ရေးဆွဲတင်ပြသွားမည်ဖြစ်ကြောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

• သင်တန်းများဖွင့်လှစ်ရာတွင် အသုံးပြုမည့် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ အပါအဝင် လိုအပ်သည်များကို စာရင်းပြုလုပ်၍ အမြန်ဆုံးတင်ပြတောင်းခံစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း -

• သင်တန်းများဖွင့်လှစ်ရန်နှင့် ပတ်သက်၍ လိုအပ်သည်များကို တက္ကသိုလ်အလိုက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ပြီး လိုအပ်သည်များအား ဝန်ကြီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက -

• သင်တန်းများဖွင့်လှစ်ရေးအတွက် လုပ်ငန်းစဉ်များသည် စနစ်တကျအစီအစဉ်ရေးဆွဲကာ ဆောင်ရွက်ရ သည်ဖြစ်ပြီး ယခုကဲ့သို့ ဝိုင်းဝန်းဆွေးနွေးအကြံပြုမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊

• ယနေ့အစည်းအဝေးတွင် တင်ပြခဲ့သည့် စီမံချက် (မူကြမ်း) အား ဝိုင်းဝန်းဆွေးနွေးချက်များနှင့် အညီ အချောသတ်မွမ်းမံရေးဆွဲကာ ဝန်ကြီးဌာနထံသို့ အမြန်ဆုံးတင်ပြနိုင်ရေးအတွက် (၆-၁-၂၀၂၁) ရက်နေ့တွင် အစည်းအဝေးတစ်ခု ပြုလုပ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊

• အခြားသော တက္ကသိုလ်များမှ သင်တန်းများအား အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်နိုင်ရန့်အတွက်လည်း (၆-၁-၂၀၂၁) ရက်နေ့တွင်အစည်းအဝေးပြုလုပ်ကာ ထပ်မံဆွေးနွေးပြီး စီမံချက်ရေးဆွဲသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ စီမံချက် (မူကြမ်း) များကို ဆောင်ရွက်မည့် အချိန်ကာလ (timeline) နှင့်တကွ စနစ်တကျရေးဆွဲထားခြင်းသည် ကောင်းမွန်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာမှူးများ၊ ဆရာ/ ဆရာမများ ဆွေးနွေးတိုင်ပင် ရေးဆွဲထားပြီး ဝန်ကြီးဌာနသို့ တင်ပြလာမည့် စီမံချက်များအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အမြန်ဆုံးတင်ပြကာ အတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ COVID-19 ဖြစ်စဉ်ကာလတွင် မိမိတို့အနေဖြင့် သမားရိုးကျ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်၍မရဘဲ ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေအရပ်ရပ်နှင့် အညီ အသင့်တော်ဆုံး နှင့် အကောင်းဆုံး ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများ အနေဖြင့် သမားရိုးကျမှ ဖောက်ထွက်သော အမြင်များ၊ တီထွင်ဆန်းသစ်သောအမြင်များဖြင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပညာရှင်များ မွေးထုတ်လေ့ကျင့်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြစေ လိုပါကြောင်း၊

• ယခုအစည်းအဝေးသို့တက်ရောက်လာကြသော ပါမောက္ခကြီးများသည် နိုင်ငံတကာမှ ဘွဲ့လွန်ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များ ရရှိသူထားများဖြစ်ကာ အတွေ့အကြုံမြင့်မားကြသူများဖြစ်သဖြင့် မြန်မာနိုင်ငံ၌ ယခုကျင့်သုံးလျက်ရှိသော သင်ကြားမှုနည်းစနစ်များ ပိုမိုကောင်းမွန်စေရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊

• သင်ရိုးညွှန်းတမ်းများကိုလည်း နောက်ဆုံးပေါ်အချက်အလက်များ၊ တွေ့ရှိချက်များနှင့် အညီ အမြဲ မွမ်းမံပြင်ဆင် (update) နေရမည်ဖြစ်ပါကြောင်း၊
• သင်ကြားမှုအထောက်အကူပြုပစ္စည်းများ လိုအပ်ချက်ကိုလည်း အမြဲတမ်းဆန်းစစ်ကာ တင်ပြတောင်းခံစေလိုပြီး ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

• နိုင်ငံတော်နှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရည်အသွေးပြည့်ဝသည့် ပညာရှင်များ ဆက်လက်မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားခဲ့ပါသည်။

https://www.facebook.com/199295433433103/posts/4104052449624029/?d=n

Delmicron Digital Magazine 0121 01/01/2021

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန် နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်- မန္တလေးရှိ စာနုအသင်းများမှ ကျောင်းသားကျောင်းသူများ စုပေါင်းပြင်ဆင်ထားတဲ့ Delmicron Digital Magazine လေး ထွက်ပါပြီ။

🎉🎉🎉🎉🎉🎉
ဖတ်ရှုအားပေး ဝေဖန်သုံးသပ်ပေးကြဖို့ ဆန္ဒပြုပါတယ်ရှင်။
🎉🎉🎉🎉🎉🎉

Delmicron Digital Magazine 0121 Delmicron Digital Magazine 0121

25/11/2020

Congratulations for

"Honorable Mention Award"

Ma Yin Min Han
House Surgeon
University of Dental Medicine
Yangon

Consideration of Biosafety Strategies for Designing & Fabrication of Removable Partial Denture (RPD) Framework in COVID-19 Pandemic

The 4th China-ASEAN Excellent Young Dental Students Forum

&

7th CAFD
7th China ASEAN Forum on Dentistry
Nanning , China
24-25 November 2020

Photos from University of Dental Medicine - Yangon's post 14/11/2020

7th CAFD 7th China-ASEAN Forum on Dentistry
&
The 4th China-ASEAN Excellent Young Dental Student Forum

Dear Sir/Madam,
This is sincere greetings from the Organizing
Committee of the 7th China-ASEAN Forum on Dentistry (CAFD)!
As one of the 15 ministerial forums in China's Regional Health Cooperation Project by Ministry of Health of China (Former National Health Commission of China) and a platform for China and ASEAN member states to cooperate on research, education and health care in dentistry, CAFD has been successfully held for 6 sessions and become one of the most influential conferences in the region since 2008.
This year, the 7th CAFD is to be held in Nanning, China during November 24-25. Due to the COVID-19 Pandemic, the forum will adopt the “offline and online” form. Themed with “Strategies for Dental Development in COVID-19 Pandemic”, the forum will cover a wide range of critical sessions, including: (1) Opening Ceremony, (2) Summit, (3) International Symposium on Dentistry, and (4) the 4th China- ASEAN Excellent Young Dental Student Forum,
which will be attended by government officials, prestigious leaders and experts of dental associations and schools, and excellent dental students from China and ASEAN member states.
On behalf of the Organizing Committee, I take immense pleasure to invite you to attend the online session of the 7th CAFD (see tentative program attached).
We look forward to working with you to make this conference highly successful.

Yours sincerely,
Zhou Nuo
Chairman, Organizing Committee of the 7th CAFD Vice-President, Chinese Stomatological Association President, Guangxi Stomatological Association

7th CAFD

https://xnhc.cafd.org.cn/home

https://xnhc.cafd.org.cn/bbs

http://mudu.tv/live/watch/?id=mn16kyxl

https://xnhc.cafd.org.cn/young

Photos from University of Dental Medicine - Yangon's post 14/11/2020

Please Vote for Myanmar
Only 1 Vote/1 ID
7th CAFD 7th China-ASEAN Forum on Dentistry ၏

The 4th China-ASEAN Excellent Young Dental Student Forum
Online Selection Program မှ

"Best Popularity Award"

1.Given according to public vote
individual must register
1 vote for 1 ID (၁ဦးကို ၁မဲသာ)
No Swipe allowed (မသမာသောနည်းလမ်းများသုံး၍ မဲပေးခြင်း)
Voting time 15.11.20 to 20.11.20 (Beijing Time)

မသမာသောနည်းလမ်းများသုံး၍ မဲပေးမိပါက မိမိမဲပေးသူကို Popularity Award စာရင်းမှ ပယ်ဖျက်မည် ဖြစ်ပါသည်။

-----
နောက် အဓိက ဆုများက

Expert Review အတွက်
မြန်မာနိုင်ငံမှ Judge တစ်ဦး ပါဝင်ပါတယ်။
China-ASEAN Judges များ ပါ။

Expert Judges များမှ ပေးသောအမှတ်များအရ ဆုများချီးမြှင့်ပေးမည် ဖြစ်ပါသည်။


Yin Min Han
https://xnhc.cafd.org.cn/characters?id=3iIF2lWIN77b3pnnQhTwGm

San May Linn
https://xnhc.cafd.org.cn/characters?id=2aMSD7thE5AebszaDvgq0m

https://xnhc.cafd.org.cn/home

https://xnhc.cafd.org.cn/young

12/11/2020

ဝမ်းနည်းကြေကွဲခြင်း

UDMY Alumnus
48th Batch မှ ဒေါက်တာဆုယမင်းပြည့်
၏ ဖခင်ဖြစ်သူ

ဦးထွန်းမင်း
အသက် ၅၆ နှစ် သည်

၁၂.၁၁.၂၀၂၀ (ကြာသပတေးနေ့)
နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင်
ကွယ်လွန်သွားပါကြောင်းနှင့်
ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ
ဝမ်းနည်းကြေကွဲရပါကြောင်း။

07/11/2020
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Than Thu Mar Road
Yangon

Opening Hours

Monday 09:00 - 14:00
Tuesday 09:00 - 14:00
Wednesday 09:00 - 14:00
Thursday 09:00 - 14:00
Friday 09:00 - 14:00