Champion Camp

Champion Camp

Share

The world is need YOU!

29/11/2021

ဆရာဟူကား....................... နူးညံ့သူ ဖြစ်သည်

အထက်ပါ စာကြောင်းသည် ကိုယ်ပိုင် အဆိုအမိန့် မဟုတ်ပါ။
ပညာရှင်တစ်ဦးဦး၏ အဆိုအမိန့်အဖြစ် ဖတ်ဖူးထားခြင်းလည်း မဟုတ်ပါ။ ပထမနှစ် ပညာရေးကျောင်းသားတစ်ဦး၏ အတွေးအမြင်သာ ဖြစ်ပါသည်။

ထိုနေ့က စာသင်ခန်းတစ်ခုတွင် ဆရာဟူသည် အဘယ်နည်း ဟူသော မေးခွန်းကို သူတို့ စိတ်ကြိုက်ရေးသားစေပါသည်။ အခြား ကျောင်းသား၊သူများ ရေးနေချိန်တွင် ကျောင်းသားတစ်ဦးမှာ မရေးဘဲ ထိုင်နေသည်။ သူ့ဘေးက ဖြတ်လျှောက်ရင်း မသိမသာ ကြည့်မိရာတွင် "ဆရာဟူသည်..................." ဟု ရေးထားသည်ကို တွေ့ပါသည်။

ဒုတိယအကြိမ် လှမ်းကြည့်သောအခါတွင်လည်း ထိုမှ မတက်။ တတိယအကြိမ်တွင် မနေနိုင်တော့ပါပဲ "စဥ်းစားတုန်းလား...ကွ" ဟု မေးမိရပါတော့သည်။ ကျောင်းသားက အေးအေးဆေးဆေးပင် မော့ကြည့်ကာ ပြောပါသည် "ဒါ အဖြေပဲ ဆရာမ" တဲ့။ စိတ်ထဲတွင် ဖျတ်ကနဲ ဖြစ်သွားရပါသည်။ ထို ဖျတ်ကနဲတွင် အံ့သြခြင်းမည်မျှ၊ စိတ်ဝင်စားခြင်းမည်မျှ၊ ကြည်နူးခြင်း မည်မျှ ပါဝင်နေသည်ကိုတော့ မပြောတတ်ပါလေ။

အဆောင်ပြန်ရောက်၍ အဖြေစာရွက်များ ပြန်ဖတ်ချိန်တွင်မူ မောင်ကျောင်းသား၏ အဖြေတွင် စကားစု တစ်စု ထပ်တိုးလာပါသည်။ "ဆရာဟူသည်.....နူးညံ့သူ ဖြစ်သည်" ဆိုပဲ။ (ထိုအဖြေအကြောင်း နောက်ထပ် မဆွေးနွေးဖြစ်ခဲ့သည်ကတော့ အတော် နောင်တရစရာ ကောင်းသည်။)

ဆရာဆိုတာ နူးညံ့သူလား။ ဒါဆို သင်ကြားခြင်းဟာလည်း နူးညံ့ခြင်းပဲလား၊ ဆရာတို့၊ သင်ကြားခြင်းတို့နဲ့ ဖွဲ့စည်းထားတဲ့ ပညာရေးဆိုတာကရော နူးညံ့ခြင်းပဲလား။ နူးညံ့ခြင်းဆိုတာ ဘာကို ခေါ်ပါသလဲ။

နူးညံ့ခြင်းကို သိမ်မွေ့ခြင်းဟု ကိုယ်ကတော့ မှတ်ယူချင်သည်။ သိမ်မွေ့ခြင်းသည် နက်နဲခြင်းသဘောလည်း ဆောင်ပါသည်။ စကားဖြင့် ပြောဖို့ ခက်သည်၊ စာလုံးဖြင့် ရေးပြဖို့ ခက်သည်၊ ဆေးရောင်စုံဖြင့် ခြယ်ပြဖို့ ခက်ပါလိမ့်မည်။

မည်သို့ခက်သည်ဆိုစေ (ကျောင်းသား၏ အဖြေကို စိတ်စွဲနေသည့် ဆရာမတစ်ယောက်အနေဖြင့်) ကိုယ် ထိတွေ့မိသမျှ နူးညံ့ခြင်းတို့အကြောင်း မျှဝေချင်မိသည်။ နူးညံ့ခြင်းတို့အကြောင်း ဆရာ၊မအသစ်လေးများ နူးနူးညံ့ညံ့ ဖတ်ရနိုင်စေရန်
ကြိုးစား၍ ဆက်လက်ရေးပါဦးမည်။ကြည်ကြည်နူးနူး ဖတ်ရ၍ ညွတ်ညွတ်နူးနူး ခံစားနိုင်ကြစေရန်သာ ရည်ရွယ်ပါသည်။ 😍

Author - Kay Thi

24/08/2019
30/05/2019

သားသမီးကိုချစ်ရင်ခိုင်းပါ...

နေရာတကာလိုက်မလုပ်ပေးပါနဲ့..

သူ့အရွယ်နဲ့တန်တဲ့အလုပ်တွေကိုခွဲတမ်းချပေးပါ...

ပန်းကန်ဆေးခိုင်းပါ...
တံမြတ်စည်းခိုင်းခိုင်းပါ...
အိပ်ယာသိမ်းခိုင်းပါ..
ရေခဲသေတ္တာထဲရေဘူးတွေဖြည့်ခိုင်းပါ...
အိမ်သာဆေးခိုင်းပါ..
အိမ်အကူရှိရင်လည်း တခြားသူလုပ်နိုင်တဲ့အလုပ်တွေကိုလုပ်ခိုင်းပါ..

ဒီလိုလုပ်ခိုင်းတာဟာ
ကလေးကိုခိုင်းတယ်လို့မမြင်ပါနဲ့

အလုပ်တစ်ခုကို သူလုပ်နိုင်တယ်
သူလုပ်ပြီးသွားပြီ သူလုပ်တတ်တယ်ဆိုတဲ့
ယုံကြည်မှုကိုတဖြေးဖြေးချင်း
တည်ဆောက်ပေးတာပါ...

ကလေးကိုချစ်ရင် နေရာတကာလိုက်လုပ်မပေးပါနဲ့...
ခိုင်းပါ..

စလုပ်လုပ်ချင်းမှာတော့ အချိုးမပြေတာတွေ
Concept မမိတာတွေ ကျကွဲတာတွေ
မသေသပ်တာတွေဖြစ်ပေမယ့်....
ဒီအချက်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ်
မဖြစ်အောင်ဘယ်လိုလုပ်ရမယ်
နောက်တစ်ခါဖြစ်ရင် ဘယ်လိုတာဝန်ယူရမယ်
ဆိုတာမျိုးအကျင့်လုပ်ပေးပါ..

ပန်းကန်ကွဲရင် မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုး...
ဒီအလုပ်ပြီးမှ အပြင်ထွက်ဆော့ရမယ်ဆိုတာမျိုး
ဒီဟာမပြီးရင် ဟိုဟာလုပ်ခွင့်မပြုဘူးဆိုတာမျိုး
အကျင့်လုပ်ကြည့်ပါ...

ရိုက်နှက်တာထက်စာရင်
တာဝန်ယူမှုရှိအောင်လုပ်ပေးခြင်းက
ပိုထိရောက်ပါတယ်..

ဘာမှမလုပ်တတ်တဲ့ကလေးတွေဟာ
ဘာမှမသိပါဘူး...
အလုပ်သေးသေးလေးတွေ
မလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာ
ယုံကြည်မှုလည်းမရှိကြပါဘူး...
"ဒါလေးများ သားလုပ်တတ်တယ်"
"အဲဒါ သမီးလုပ်တတ်တယ်" ဆိုတဲ့စကားတွေ
သင့်ကလေးဆီကကြားဖူးပါသလား...

မှားမှာမစိုးရိမ်ပါနဲ့
သင့်ကလေးမလုပ်ဖူးမှာကိုပဲကြောက်ပါ...

အသက်၁၆နှစ်အရွယ်လူငယ်တစ်ယောက်ဟာ
ဖုန်းမပြောတတ်
ရပ်ကွက်ရုံးမှာထောက်ခံစာမဖြည့်တတ်..
အိမ်ကလိုက်မပို့ရင်
ဘယ်မှမသွားတတ် မလာတတ်
ဧည့်သည်လာရင် အိမ်ထဲဝင်ပြေး
ဘာတစ်ခုမှမသိဘဲ
ကျူရှင်တက်ဖို့နဲ့စာကျက်ဖို့
ရတဲ့စာကိုအလွတ်ချရေးပြီး
အဆင့်၁ရဖို့သာကြိုးစားနေတယ်ဆိုရင်
ဒါဟာတော်တော်လွဲမှားနေတဲ့
အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာတဲ့
ကလေးဖြစ်နေတာသေချာပါပြီ...

အသက်၂၀ကျော်တဲ့အထိ
ထမင်းခူးပေးရတုန်း...
မိဘမချက်ထားရင် ဘာမှမစားတတ်ဘူး
ဘာလုပ်လုပ်မိဘပါမှလုပ်တတ်တယ်
မိဘပြောမှစလုပ်တယ် ဆိုတာ
ဂုဏ်ယူရမယ့်အရာတွေမဟုတ်ပါဘူး.....

သင့်ကလေးသင့်ကိုလိုအပ်တာထက်ပိုပြီး မှီခိုလွန်းနေတာဟာ
သင့်ကိုချစ်လို့ဆိုတာထက်
သင်သူတို့ကိုမသုံးမကျအောင်
ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့။

'နေရာတကာအမေပါရတယ်'ဆိုတာ
ဂုဏ်ယူစရာစကားမဟုတ်ပါဘူး

ကိစ္စသေးသေးလေးတွေကို
သူကိုယ်တိုင်အစအဆုံးလုပ်တတ်ဖို့
စဉ်းစားတတ်ဖို့ တာဝန်ယူတတ်ဖို့
တဖြေးဖြေးချင်းသင်ပေးပါ...

ဒါမှသာ တဖြေးဖြေးချင်း
လောကရဲ့ပြဿနာတွေကို
သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ
တွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်...

အပြိုင်အဆိုင်ဖွင့်လာကြတဲ့
အမှန်အကန်ကျောင်းတွေရော
အကြံအဖန်ကျောင်းတွေမှာပါ
သူများထက်သာဖို့ငွေတွေအကုန်ခံပြီး
သင်တာလည်းသင်ပါ.....

အရာတော်တော်များများကိုလည်း
ကိုယ်တိုင်သင်ပေးပါ....
ကိစ္စတော်တော်များများကို
သူတို့ကိုယ်တိုင်ဆောင်ရွက်ခိုင်းပါ.....
လူတော်တော်များများနဲ့ထိတွေ့ခိုင်းပါ.....

လောကမှာစာတော်ဖို့လိုအပ်သလို
အကင်းပါးဖို့ လူရည်လည်ဖို့
လူ့အထာနပ်ဖို့နဲ့ သူတို့ကိုယ်သူတို့ဘယ်ကိစ္စမှာမဆို
ယုံကြည်မှုအပြည့်ရှိဖို့လည်း
လိုအပ်တယ်ဆိုတာ သတိပြုပါ...

ကျွန်တော်တို့နိုင်ငံကကျောင်းတွေမှာ
မစဉ်းစားခိုင်းပါဘူး
ဤ သည်မရွေးကျက်ခိုင်းပါတယ်
ဆရာမတွက်နည်းအတိုင်းမတွက်ရင်
အမှတ်မရပါဘူး
ဒါသင် ဒါကျက် ဒါရ ဒါဖြေစနစ်နဲ့
စခန်းသွားခဲ့တာ မျိုးဆက်၂ဆက်မကတော့ပါဘူး

အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်း
လုံးဝပစ်ထားတဲ့မိဘနဲ့
အကုန်လိုက်ကြည့်နေတဲ့မိဘတွေနဲ့သာ
ကြီးပြင်းလာရတော့
လူငယ်တွေရဲ့ခေါင်းထဲမှာ
စဉ်းစားတဲ့ချိန်ဆိုတာ game နှိပ်မှပဲပေါ်လာတဲ့အခြေအနေဖြစ်လာပါတယ်...

နည်းနည်းလေးမေးခွန်းလှည့်လိုက်တာနဲ့
မဖြေတတ်တော့ဘူး...
နည်းနည်းလေးမိဘမပါတာနဲ့
ယုံကြည်မှုမရှိကြတော့တဲ့အထိဖြစ်နေပါတယ်...

ခေါင်းမပါတဲ့လူငယ်တွေကြီးလာခဲ့လို့
တိုင်းပြည်လည်းအခွံပဲကျန်ပါတော့တယ်

စဉ်းစားတတ်တဲ့မျိုးဆက်တစ်ခု
ယုံကြည်မှုအပြည့်ရှိတဲ့မျိုးဆက်တစ်ခု
ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့
မျိုးဆက်တစ်ခုဖန်တီးပေးဖို့
အချိန်တော်တော်တောင်နောက်ကျနေပါပြီ

ဒါကြောင့်
မူကြိုပို့ဖို့ပဲမစဉ်းစားကြပါနဲ့
ကျောင်းကောင်းကောင်းထားဖို့တစ်ခုပဲ
အာရုံမစိုက်ကြပါနဲ့
သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲ
တွန်းအားမပေးပါနဲ့...

သူတို့ဖာသာသူတို့ စဉ်းစားတွေးခေါ်ဖို့
အလှည့်ပေးလိုက်ပါ....
သူတို့တာဝန်သူတို့ယူတတ်ဖို့
သူတို့ဘဝကိုသူတို့အမှန်တကယ်ကျေနပ်ကြဖို့
အခွင့်အရေးပေးလိုက်ပါ...
'ဘာမဆိုငါလုပ်နိုင်တယ် '
'ငါလုပ်တတ်တယ်ဆိုတဲ့'
ယုံကြည်မှုမျိုးကိုသာ ဖန်တီးပေးလိုက်ပါ...

ဒါဟာ
သူတို့အတွက်သင်ပေးနိုင်တဲ့
တစ်ဘဝလုံးစာအကောင်းဆုံးလက်ဆောင်ပါ....

CSI Champion Students Intensive _presents


&

23/05/2019

ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ ...

အင်္ဂလန်ကိုအလည်သွားတော့ အမျိုးသားရဲ့
မိတ်ဆွေတစ်ဦးအိမ်မှာ ကျွန်မတို့တည်းဖြစ်ခဲ့ကြတယ်။

အမျိုးသားရဲ့မိတ်ဆွေက ချာလီလို့ခေါ်ပါတယ်။ အရင်က တရုတ်ကုမ္ပဏီတစ်ခုမှာ အမျိုးသားနဲ့အတူ
တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ချာလီရော
သူ့အမျိုးသမီးကက်သရင်းပါ ကျွန်မတို့ကို
ဖော်ဖော်ရွေရွေကြိုဆိုကြတယ်။

ချာလီတို့ဇနီးမောင်နှံမှာ အသက်(၇)နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ်။ ကောင်လေးက တစ်ခေါင်းလုံးရွှေဝါရောင်ဆံနွှယ်ရှိပြီး
သွက်လက်ချက်ချာပါတယ်။

တရုတ်စကားကို အနည်းအကျဉ်းတတ်ပါတယ်။
ချာလီတို့အိမ်မှာ ကျွန်မတို့တည်းခဲ့တဲ့ရက်အတောအတွင်း သူတို့ဇနီးမောင်နှံရဲ့ သားအပေါ်ထားရှိတဲ့ ချစ်ခြင်း
မေတ္တာတစ်မျိုးက ကျွန်မတို့ကို
နက်နဲတဲ့တွေးတောဆင်ခြင်မှုတွေပေးခဲ့ပါတယ်။

အင်္ဂလိပ်လူမျိုးတွေရဲ့ သားသမီးအပေါ်သွန်သင်ဆုံးမမှု
တွေက ကျွန်မတို့နဲ့မတူကြောင်းကို ချာလီတို့
အိမ်ရောက်သွားတဲ့ ပထမနေ့မှာပဲ
ကျွန်မသတိထားခဲ့မိပါတယ်။

အဲဒီနေ့က ညစာစားပြီးချိန်မှာ ကက်သရင်းကို ကျွန်မအိမ်မှုကိစ္စကူလုပ်ပါတယ်။ ဒါကို ချာလီတို့က
ဒီအလုပ်တွေ ကျွန်မလုပ်စရာမလိုဘူးလို့ တားပါတယ်။
ဒါဟာ အင်္ဂလိပ်လူမျိုးတွေက ကျွန်မတို့လိုပဲ အားနာတတ်လို့ဖြစ်မယ်လို့ ကျွန်မထင်မိပါတယ်။ ဒါပေမယ့် ကျွန်မအထင်ရော အမြင်ပါလွဲသွားခဲ့ပါတယ်။ ဒီအလုပ်က သူတို့ရဲ့သားလုပ်ရမယ့်အလုပ်ဆိုတာကို ကျွန်မတအံ့တသြသိလိုက်ရပါတယ်။

“သူ ဒီလောက်ငယ်တာ ဒီအလုပ်တွေ သူလုပ်နိုင်ပါ့မလား”လို့ ကျွန်မထူးဆန်းစွာမေးတော့ ကက်သရင်းကရယ်ပြီး
“မအံ့သြပါနဲ့… သားလေး ၂နှစ်အရွယ်လောက်ကတည်းက ပန်းကန်ဆေးနေခဲ့ပါပြီ။ ဒီအလုပ်က သူ့အတွက် ဘာမှမဖြစ်စလောက်လေးပါ” လို့ဆိုတယ်။

“ဘုရားရေ… ၂နှစ်အရွယ်ကလေးက ဒါတွေကိုလုပ်နိုင်တယ်”
လို့ ကျွန်မလွှတ်ခနဲပြောလိုက်မိပါတယ်။
“ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ” ကျွန်မတအံ့တသြ
ဖြစ်နေတဲ့ပုံကို ကက်သရင်းက ထူးဆန်းသလိုပြန်ကြည့်ရင်း
ပြောပါတယ်။

နံဘေးမှာရပ်နေတဲ့ချာလီက ကျွန်မကိုရှင်းပြပါတယ်။
လွန်ခဲ့တဲ့နှစ်တွေမှာ သား ပန်းကန်မဆေးနိုင်သေးတာကို
သူသိပေမယ့် သားကို သူစမ်းသပ်ခွင့်ပေးလိုက်ပါတယ်။

အဲဒီတုန်းက သားဟာ ပန်းကန်ဆေးရင်း တစ်ကိုယ်လုံး
ရွဲရွဲစိုစေခဲ့တဲ့အပြင် ပန်းကန်တွေပါ လုပ်ခွဲခဲ့ပါတယ်။
စိတ်ပျက်လက်ပျက်နဲ့ သားကငိုတော့ ချာလီက သားကို ကိုယ်တိုင်ရေချိုးပေးပြီး အဝတ်အစားတွေလဲပေးလိုက်တယ်။
ပြီးတော့ ပန်းကန်ကိုဘယ်လိုဆေးရမယ်၊ အဝတ်စနဲ့ ဘယ်လိုခြောက်အောင်သုတ်ရမယ်ဆိုတာကို ချာလီကိုယ်တိုင်လုပ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ သားပန်းကန်ဆေးတတ်သွားခဲ့ပါတယ်။

ချာလီရဲ့အတွေးက ရှင်းရှင်းလေးပါ။ ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးရမယ်၊ ကျရှုံးမှုနဲ့ရင်ဆိုင်ရချိန် အောင်မြင်မှုရရှိတဲ့အထိ အမှားတွေကိုအကြိမ်ကြိမ်ပြုပြင်ရမယ်၊
ဒါဟာ တတ်ကျွမ်းမှုကို ထိန်းချုပ်ဖမ်းဆုပ်တတ်ဖို့
ကလေးတွေကို သင်ပြပေးနေတာနဲ့တစ်ပြိုင်နက် လူ့ဘဝရဲ့စိတ်နေစိတ်ထားတစ်ခုကိုပါ
သင်ပြပေးနေတာဖြစ်ပါတယ်။

“ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ” ချာလီတို့
ဇနီးမောင်နှံရဲ့ ကလေးအပေါ်သွန်သင်မှုက
ကျွန်မကိုတုန်လှုပ်စေခဲ့ပါတယ်။ အချိန်တော်တော်များများက
ကျွန်မတို့က စိတ်ရှည်သည်းခံလိုစိတ်နည်းခဲ့ကြတယ်။ ကလေးကိုပေးလုပ်မယ့်အစား ကိုယ်တိုင်ပဲထလုပ်မယ်လို့ပဲ
တွေးကြတယ်။ သတ္တိရှိရှိ ကလေးကိုလက်လွတ်ပြီး
စမ်းသပ်ခိုင်းရဲရမယ်၊ ဘေးအန္တရာယ်မဖြစ်အောင် ကလေးတွေငယ်စဉ်ကတည်းက သင်ယူရမယ်ဆိုတာကို
မိဘ တော်တော်များများလျစ်လျူရှုခဲ့မိကြပါတယ်။

ကလေးတွေက ကျွန်မတို့ရဲ့မျက်စိအောက်မှာ
အမြဲရှိနေကြတာမဟုတ်ပါဘူး။ ရေနွေးပူလောင်တာ၊ ကတ်ကြေးနဲ့ညှပ်မိတာမျိုးက နေ့စဉ်လူနေမှုမှာ
အမြဲကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တွေဖြစ်ပါတယ်။

ချာလီတို့အိမ်မှာ ကျွန်မတို့နေလာခဲ့တဲ့ရက်အတောအတွင်း သူတို့ရဲ့သားလေးဟာ ဘာမဆိုကိုယ်တိုင်လုပ်၊
ကိုယ့်အားကိုယ်ကိုးတာကိုပဲ တွေ့ခဲ့ရပါတယ်။ နေ့တိုင်း သူကိုယ်တိုင်နိုးစက်လုပ်ပြီး အိပ်ရာထတယ်၊
သူကိုယ်တိုင် နွားနို့ထည့် ကြက်ဥကြော်တယ်၊ အားလုံးပြင်ဆင်ပြီးရင်သူကိုယ်တိုင် ကျောင်းကားမှတ်တိုင်မှာ ကျောင်းကားအလာကိုသွားစောင့်တယ်။

ဒါတင်မက အိမ်မှာ ရေပိုက်ပျက်တာ၊ မီးသီးကျွမ်းတာတွေကို သူကိုယ်တိုင်ပြင်နိုင်ခဲ့ပါတယ်။ ကားပြင်တာကိုတောင် သူအချက်အလက်ကျကျပြောနိုင်ခဲ့ပါတယ်။

ချာလီတို့ရဲ့သားနဲ့နှိုင်းယှဉ်ကြည့်ရင် ကျွန်မသားရဲ့
ဘဝနေထိုင်မှုစွမ်းရည်က အဖက်ဖက်မှာ အရမ်းကွဲပြား
ခြားနားတာကို တွေ့လိုက်မိတယ်။ ခါတိုင်းအချိန်တွေမှာ
သားက စမ်းသပ်လုပ်ကြည့်ချင်တယ်ဆိုရင်တောင်
တခြားမိဘအများတွေလိုပဲ ကျွန်မတို့က သူမလုပ်နိုင်မှာကို စိုးရိမ်မိတတ်ခဲ့ကြတယ်။

ကလေးကို ကျရှုံးတဲ့အခွင့်အရေးမပေးရင် ကြီးပြင်းဖို့ကို သူဘယ်လိုသင်ယူနိုင်မှာလဲ။

အင်္ဂလန်က မိတ်ဆွေမိသားစုဆီကနေ ကလေး
သွန်သင်ဆုံးမနည်းကို ကျွန်မသင်ယူနိုင်ခဲ့ရုံမက အရင်တုန်းက သားကိုကျွန်မသွန်သင်ဆုံးမခဲ့တဲ့တာတွေကိုလည်း တွေးတောဆင်ခြင်စရာရခဲ့ပါတယ်။ ကျွန်မတို့က
အိမ်မှုကိစ္စလုပ်ရတာ မောလိုက်တာလို့
အမြဲငြီးတွားခဲ့ကြပါတယ်။

ဒါဟာ ကလေးတွေစမ်းသပ်လုပ်ဆောင်ချင်တဲ့ အခွင့်အရေးတော်တော်များများကို ကျွန်မတို့ တားမြစ်ပိတ်ပင်ခဲ့ကြလို့ပဲလား….

Author. နိုင်းနိုင်းစနေ
CSI Champion Students Intensive _presents


&

22/05/2019

ကလေးတွေကို ထူးချွန်အောင်
ဟော သည်လို ပြုစု ပျိုးထောင်ပါ . . .

++++++++++++++

၁။ နေ့တိုင်း
အနည်းဆုံး နာရီဝက်ခန့်
သင့်ကလေးနဲ့ အတူ
သူတို့စိတ်ဝင်စားတဲ့
အကြောင်းအရာ တစ်ခုခုကို
ဆွေးနွေး တိုင်ပင်ပါ။

၂။ ကလေးကို ငယ်စဉ်ကစပြီး
သန့်ရှင်းရေး ကို နှစ်သက်ပါစေ။
တစ်ကိုယ်ရည် သန့်ရှင်းရေး
ဂရုပြု နိုင်ပါစေ။

၃။ စိတ်ရှည်ရှည်ထားပြီး
ကလေး၏ စိတ်တွင်းစကားကို
နားထောင်ပေးပါ။
ထောက်ခံအားပေးသည့်
ပုံစံမျိုးဖြင့်
နားထောင်ပေးပါ။

၎။ ကလေးကို
သတိပေးတယ်ဆိုပြီး
အနာဟောင်းကို တုတ်ဖြင့်
ခဏခဏ မဆွပါနှင့်၊
သတိပေးစကား
ခဏခဏ ပြောမိလျင်၊
ကိုယ်ပြောချင်တာပြော၊
သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။

၅။ ကလေး၏ အပြစ်ကိုတွေ့လျင်
လေးလေးနက်နက် ပြောပြပေးပါ။
ဆွေးနွေးပေးပါ။
အပြစ် မှ တစ်ဆင့်
ဖြစ်ပေါ်တတ်သော
နောက်ဆက်တွဲ အကျိုးများကို
ကလေးနားလည်အောင်
ပြောပြပေးပါ။

၆။ မိမိ အကောင်အထည်
မဖေါ်နိုင်ခဲ့သော
မိမိ၏ ရည်ရွယ်ချက်များကို
ကလေးထံမလွှဲပြောင်းပါနှင့်၊
ကိုယ်က ဆရာဝန်မဖြစ်ခဲ့လို့၊
စစ်ဗိုလ်မဖြစ်ခဲ့လို့၊ စသည်ဖြင့်
ကလေးကို
အကောင်အထည်
ဖေါ်ခိုင်းတာမျိုး
လုံးဝရှောင်ကျဉ်ပါ။

ရ။ ကလေးကို
အဖိုးအဖွားအနားမှာ
နှစ်ချီထားတာမျိုး
မပြုလုပ်ပါနှင့်၊
မြေး မှာအနှစ်၊
အနှစ်လွန်လျင် မကောင်းပါ။

၈။ ကလေးကို စိတ်ရှည်ရှည်ဖြင့်
ပုံပြင်စာအုပ် ဖတ်ပြပါ။
ပြန်ပြောပြခိုင်းပါ။
သူ့ အယူအဆလေးတွေကို
မေးကြည့်ပါ။
ထောက်ခံပေးပါ။

၉။ ကလေး၏ အပြုအမူ၊
အပြောအဆို၊ တိုးတက်မူ
စသည်တို့ကို သုံးသပ်ပြီး
နေ့စဉ် ကလေးအတွက်
တိုးတက်နိုင်စရာ
နည်းလမ်းတစ်ခုခု၊
အားပေးနိုင်စရာ
နည်းလမ်းတစ်ခုခု
စဉ်းစားပေးပါ။
အချိန်ကြာလာသည်နှင့်အမျှ
အလွန်ထိရောက်သည်ကို
တွေ့ရှိလာပါလိမ့်မည်။

၁၀။ ကလေးကို
စိတ်ရင်းကောင်း ရှိအောင်
ငယ်စဉ်ကတဲက မွေးမြူပါ။
အကောင်းဆုံးနည်းလမ်းမှာ
ကလေးရှေ့မှာ
မည်သူတစ်ဦးတစ်ယောက်၏
မကောင်းကြောင်းကို
မပြောမိပါစေနှင့်၊

၁၁။ ကလေးကို
ပြုံးတတ်အောင်
သင်ထားပေးပါ။
အလွယ်ကူဆုံး နည်းလမ်းမှာ
ကိုယ်အရင် ပြုံးပါ။

၁၂။ ကလေးကို
လွယ်လွယ် နှင့်
ကတိမပေးပါနှင့်၊
ပေးမိလျင်လည်း
အကောင်အထည်
ရအောင်ဖေါ်ပေးပါ။

၁၃။ ကိုယ့်ကလေး က
ဘယ်ကလေးထက် ညံ့တယ်၊
အားနည်းတယ် စသည်ဖြင့်
မည်သည့်အခါမှ မပြောမိပါစေနှင့်.၊

၁၄။ ကလေးပြီးမြောက်ထားသော
အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို
ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။

၁၅။ ကလေးကို မည်သည့်အခါမှ
မချိန်းချောက်ပါနှင့်၊

၁၆။ လူရှေ့သူရှေ့ မှာ
မည်သည့်အခါမှ
မိမိကလေးကို ဝေဖန်ခြင်း၊
ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။
ကလေး အနေဖြင့်
မိမိကိုယ်မိမိ ယုံကြည်မူ
ထိခိုက်တတ်ပါသည်။

လက်ဦးဆရာ မိဘ များ
သတိရှိနိုင်ကြပါစေခင်ဗျား . . ။

Author. True Man (ဆုတင်မှတ်စု )
CSI Champion Students Intensive _presents


&

21/05/2019

ချစ်ရာမရောက် နှစ်ရာရောက်သွားစေသော လွန်ကဲမူများ (၅)ချက်
==========================================

သားသမီးကို သူများထက် ကောင်းအောင် ထားနိုင်တယ်ဆိုပြီး ဂုဏ်တက်နေကြသူများ………

ကိုယ့်ကလေးကို ထိရင် ဆရာ၊ ဆရာမပါ မကျန် ဆတ်ဆတ်ထိမခံဘူးဟေ့လို့ ကြွေးကြော်နေသူများ………

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားနိုင်တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ………

သားသမီးကို ပိုးမွေးသလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ…………

ကိုယ့်သားသမီးများကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေသလားဆိုတာကို မိဘများ စမ်းစစ်နိုင်ဖို့အတွက် အောက်ပါလွန်ကဲမူများကို ရေးသားလိုက်ပါတယ်။ ဘယ်နှစ်ချက်ငြိနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရအောင်………

၁။ အထူး အခွင့်အရေး ပေးလွန်းခြင်း
-----------------------------------------
အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့်အရေးပေးထားတတ်ပါတယ်။ ဒါသားသားလေးစားဖို့၊ ဒါ မီးမီးတစ်ယောက်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မရအောင် တားဆီးထားပါတယ်။

ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်းပတာ အရေးမကြီးဘူး၊ ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ၊ ဒီလိုမိသားစုအတွင်းမှာရှိတဲ့ ခွင့်ထူးခံ သားသမီးများဟာ အတ္တလွန်ကဲလာမှာဖြစ်ပါတယ်။

သူများကို ကိုယ်ချင်းမစာတတ်တော့ဘူး၊ ဂရုလည်း မစိုက်တတ်တော့ဘူး၊ “ငါမှငါ” ဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။

၂။ အကာအကွယ်လွန်ကဲခြင်း
---------------------------------
တစ်ခုခု မှားလို့ ဖေဖေက ဆုံးမတော့မယ်၊ မေမေက ချက်ချင်းကာဆီးကာဆီးလုပ်တယ်။ မေမေက ဆုံးမတော့မယ်။ ဖိုးဖိုးဖွားဖွားက ချက်ချင်းကာကွယ်ပေးတယ်။

“ ကလေးပဲ၊ သူဘာနားလည်မှာလဲ၊ သူကြီးလာရင် လိမ်မာမှာပါ။” ဒီလိုကလေးမျိုး ကြီးလာရင် ဘယ်လိုအဆင်ပြေနိုင်မလဲ။ ငယ်ငယ်ကတည်းက အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ ဖေဖေက မှားတယ်ပြောလိုက်၊ မေမေက ကာကွယ်လိုက်၊ မေမေက မှားတယ်ပြောရင် ဖွားဖွားက ကာကွယ်လိုက်နဲ့ ကလေးအတွက် ဘာလုပ်လုပ် အမှန်ချည်းပဲ။

ကလေးကို ဒီလိုပျိုးထောင်ရင် နောင်ကလေးကြီးလာတဲ့အခါ ရာဇ၀တ်မူ ကျူးလွန်တဲ့အထိ လွန်ကဲသွားတတ်ပါတယ်။ ဆင်ခြင်ပါလေ။

၃။ ဂရုစိုက်လွန်ကဲခြင်း
-------------------------
တစ်မိသားစုလုံးက သူ့ကိုဝိုင်းထားတယ်။ သူတစ်ခုခု လုပ်တတ်ပြီဆိုရင် တစ်အိမ်သားလုံးက ၀ိုင်းချီးကျူးတယ်။ လက်ခုပ်တီးပေးတယ်။ ရေဆိုရင်ရေ၊ ထမင်းဆိုရင် ထမင်းချက်ချင်းရှေ့ ရောက်လာတယ်။ စားပြီးရင် ချက်ချင်းသိမ်းဆည်းပေးတဲ့လူရှိတယ်။ ဘာအ၀တ်ဝတ်ချင်သလဲ၊ ပြောလိုက်ရုံနဲ့ ချက်ချင်းအနီးရောက်လာတယ်။

ကလေးကိုယ်တိုင် လက်မပါတဲ့အတိုင်းပဲ။ ဆယ်တန်းဖြေတဲ့ကလေးကို ထမင်းခွံ့ကျွေးတာ ကျွန်တော်မြင်ဖူးတယ်။ ဒီလိုမျိုးကလေးများဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ကြတယ်။ ပြင်ပလောက ရောက်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ခုခုလုပ်ရင် အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ ပညာထူးချွန်လို့ ကျောင်းပြီးသွားရင်လည်း ဘာမှ အရည်အချင်းမရှိသူများဖြစ်တတ်ကြတယ်။

၎။ အလိုလိုက်လွန်ကဲခြင်း
-------------------------------
သူဘာလိုချင်လိုချင်း ၀ယ်ပေးတယ်။ မျက်နာမငယ်အောင်ဆိုပြီး မုန့်ဖိုးအများကြီးပေးတယ်။ ကလေးကလည်း လိုချင်တာအားလုံး ရမှန်းသိတော့ တစ်ခုခု မရရင် ချက်ချင်းဆန္ဒပြတယ်။ အော်ငိုတယ်။ မြေလူးတယ်။ လူကြီးကလည်း ချက်ချင်းဝယ်ပေးလိုက်တယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှ တန်ဖိုးမထားတတ်တော့ဘူး။ ပစ္စည်းကိုလည်း မသိမ်းဆည်းတတ်တော့ဘူး။ ရှောက်ပစ်တယ်။ မေ့လွယ်တယ်။ ပျောက်သွားရင် ထပ်ဝယ်လို့ရမှန်းသိတယ်။ ပိုက်ဆံအသုံးအဖြုန်းကြီးတယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှတန်ဖိုးမထားတတ်တော့ ပျော်ရွှင်မူ ကင်းနေတတ်တယ်။ “ လိုတရ ” ဖြစ်နေတော့ ဘာကိုမှ ကြိုးကြိုးစားစား မလုပ်ချင်တော့ဘူး။ အပင်ပမ်းမခံနိုင်ဘူး။ ဘာကိုမှလည်း တန်ဖိုးမထားတတ်ဘူး၊ အရွယ်သာ တဖြည်းဖြည်းကြီးသွားမယ်။ ဘာမှ မယ်မယ်ရရ အလုပ်ဖြစ်မဲ့ လူစားမျိုး မဟုတ်နိုင်ဘူး။

၅။ အသဲလွန်ကဲခြင်း
------------------------
ကလေးဆိုတာ ဆော့တတ်တဲ့ သဘာဝရှိတယ်။ ထိမိခိုက်မိတတ်တဲ့ သဘာဝရှိတယ်။ ကလေးက ဆော့ရင်းနဲ့ လမ်းဘေးသစ်ပင်တိုက်မိတော့ သစ်ပင်ခုတ်ပစ်ချင်တဲ့ မိဘတွေ့ဖူးပါတယ်။ ကလေးများ ဆော့ကစားရင်းနဲ့ ချော်လဲတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းက ကလေးကိုယ့်ကိုယ်ကို ပြန်ထခိုင်းရပါတယ်။

အဲဒီလိုမဟုတ်ပဲ နည်းနည်းချော်လဲ လိုက်တာနဲ့ လိုက်ထူပေး၊ နည်းနည်း ထိမိရှမိတာနဲ့ ဘေးကို အပြစ်ရှာနေမယ်ဆိုရင် ကလေးကြီးလာရင် ဘာကိုမှ တာဝန်မယူရဲတော့ပါ။ ဒီလို အသဲလွန်မိသားစု မှပေါက်ဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် ပျော့အိနေတတ်တယ်။ နည်းနည်းလေးမှ စိတ်အနောက်မယှက် ခံနိုင်စွမ်းမရှိတတ်ဘူး။

နောင်ကလေးကြီးလာရင် ပညာရှာရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတဲ့နေရာမှာဖြစ်ဖြစ် တစ်ခုခု အခက်အခဲတွေ့သွားရင် နှလန်မထူနိုင်တော့ပါ။ အခက်အခဲ နည်းနည်းလေးတွေ့ရုံနဲ့ ရေးကြီးခွင်ကျယ်လုပ်ပြီး တွန့်ဆုတ်နေပါတော့တယ်။

လူဆိုတာ သဘာဝလောကကြီးအတွင်းမှာရှိတဲ့ သတ္တ၀ါဖြစ်တဲ့အလျှောက် ကလေးကို သူ့အရွယ်နဲ့ သူ့သဘာဝအလျှောက် ကြီးပြင်းစေတာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။

သူငယ်ချင်းဇနီးမောင်နှံ သူတို့ရဲ့ မွေးကင်းစကလေးကို ကျွန်တော်ကို လာပြပါတယ်။ ကလေးငိုရင် ဘယ်လိုလုပ်မလဲလို့လည်း မေးပါတယ်။ ငိုတာလည်း ကလေးကျန်းမာရေးအတွက် ကောင်းတယ်။ အကြာကြီးငိုတာမျိုးမဟုတ်ရင် သင့်တော်တဲ့ အငိုတော့ ခွင့်ပြုရမယ်လို့ ပြန်ပြောလိုက်ပါတယ်။

ထိုနည်းတူပါပဲ၊ ကလေးတွားသွားသင့်တဲ့အချိန်မှာ တွားသွားခွင့်ပေးရမယ်။ လမ်းလျှောက်သင်တဲ့အခါ ချော်လဲခွင့်ပြုရမယ်။ အပြင်မှာ ရောင်းတဲ့ လမ်းလျှောက်လှည်းမျိုးနဲ့ လမ်းလျှောက်သင်စေတာမျိုး မပြုလုပ်သင့်ပါ။ ဒီအကြောင်းတွေကို နောင်မှဆက်တင်ပြမည်။ အသုံးတည့်နိုင်ကြပါစေ။

Author. Thi Ha

CSI Champion Students Intensive _presents


&

20/05/2019

ခေါင်းဆောင်ကောင်း ဖြစ်မယ့်သူတွေ စာဖတ်တယ်
==================================

စာဖတ်တာနဲ့ ခေါင်းဆောင်တာ ဘယ်လိုပတ်သက်သလဲ၊

၁။ လူမှုဆက်ဆံရေး ပိုကောင်းတယ်

သုတေသနအရ စာဖတ်နေတဲ့အချိန်မှာ ဦးနှောက်က ဇာတ်ကောင်တွေနဲ့ စကားပြောကြကြောင်းတွေ့ရတယ်။ စာအုပ်ကိုရက်အတော်ကြာကြာ၊ ပြန် မကြည့်မိတာတောင်မှ၊ ဦးနှောက်ကဇာတ်ကောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေ၊ အတွေ့အကြုံတွေကို ပြန်ပြောင်းသတိရနေတတ်တယ်။ စာအုပ်တွေ (ဝတ္ထု တွေ)ထဲက ဇာတ်ကောင်တွေအများကြီးနဲ့ ဆက်ဆံနေရတော့ ခံစားမှု အရည်အသွေး (emotional intelligence) ထက်မြက်လာပြီး လူတွေနဲ့ ဆက်ဆံနိုင်စွမ်း ပိုရှိလာတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါမှာ၊ ဒီလို လူမှုဆက်ဆံရေး အရည်အသွေးကောင်းမွန်တာဟာ ခေါင်းဆောင် တစ်ယောက်အတွက်၊ အရေးကြီးတယ်။

၂။ ဝေါဟာရ ပိုကြွယ်ဝတယ်

စာဖတ်တဲ့သူဟာ ခံစားချက်တွေကိုလည်း ပီပီပြင်ပြင်ရရှိပြီး သုံးနှုန်း တတ်လာတယ်။ စာဖတ်လေ-ဝေါဟာရတွေကြွယ်လေ။ သူရဲ့ဆန္ဒတွေ၊ အတွေးတွေကို ပိုပြီးဖော်ပြနိုင်စွမ်းရှိတယ်။ ကိုယ်ဖြစ်ချင်တာတွေ ပီပီပြင်ပြင် ပြောနိုင်တယ်။ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကိုဆွဲခေါ်သွားနိုင်တယ်။

၃။ အမြင်မကျဉ်းဘူး၊ ဘက်စုံကြည့်တတ်တယ်

လောကကြီးကို၊ ကိုယ်ကြည့်ချင်တဲ့ တစ်ထောင့်တစ်နေရာကနေ မကြည့် ဘဲ၊ ဘက်ပေါင်းစုံက ကြည့်တတ်တယ်။ စာဖတ်တော့၊ စာအုပ်တွေထဲက၊ နေရာမျိုးစုံကို ရောက်ရတယ်။ လူပေါင်းစုံနဲ့ စကားပြောရတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အမျိုးမျိုးထဲမှာ ဝင်ပါရတယ်။ ဘက်စုံထောင့်စုံက မြင်တွေ့နေရတော့၊ အမြင်မကျဉ်းဘူး။ လောကကြီးဟာ ဖြစ်နိုင်တာတွေ၊ စိန်ခေါ်မှုတွေ အများကြီး ပဲဆိုတာ သဘောပေါက်လာတယ်။

၎။ အပေါင်းအသင်းဆံ့တယ်

ဝေါဟာရတွေအမျိုးမျိုး ရွေးချယ်ပြီး သုံးနှုန်းနိုင်စွမ်းရှိတဲ့သူတွေနဲ့ ဆက်သွယ်ရ၊ ဆက်ဆံရတာကို လူတွေက သဘောကျကြတယ်။ စကားပြော ကြည့်တဲ့အခါ၊ လူတွေကိုပိုပြီး ဂရုစိုက်တတ်ကြောင်း၊ ဗဟုသုတ ကြွယ်ဝ ကြောင်း တွေ့လာရတယ်။ လူတွေက သူတို့နဲ့ သဘောချင်းတိုက်ဆိုင်တဲ့ သူတွေနဲ့၊ ပြောဆိုရဆက်ဆံရတာကို သဘောကျကြတော့ ဒီကနေတစ်ဆင့် ကိုယ်ဖြစ်ချင်တာ၊ ပြောချင်တာတွေကို ဆွဲခေါ်သွားနိုင်တယ်။

၅။ သောကနည်းတယ်

စာဖတ်တာဟာ၊ သောကတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။ လမ်းလျှောက်တာ၊ သီချင်းနားထောင်တာ၊ လက်ဖက်ရည်တစ်ခွက် သောက်တာ မျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မိနစ်အနည်းငယ်အတွင်းမှာ နှလုံးခုန်နှုန်း နှေးသွား ပြီး စိတ်ဖိစီးမှုတွေ လျော့သွားစေနိုင်တယ်။ သောကနည်းပြီး၊ အေးအေးဆေးဆေး ရှိတော့ အကောင်းမြင်တတ်တယ်။ အာရုံစိုက်နိုင်တယ်။

၆။ အတွေးအခေါ်ကောင်းတယ်

စာဖတ်တဲ့သူတွေဟာ၊ ပိုပြီးအတွေးအခေါ် ကောင်းတဲ့သူတွေ ဖြစ်တယ်။ စာဖတ်တော့ ဆင်ခြင်တုံတရား ပိုမြင့်လာတယ်။ ပြဿနာတွေကို ပိုပြီးဖြေရှင်း နိုင်တယ်။ ကိုယ်နဲ့သဘောချင်း မတိုက်ဆိုင်တဲ့ စာတစ်ခုခုကို ဖတ်မိတဲ့အခါ၊ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုနဲ့ ဖန်တီးနိုင်စွမ်းကို ကောင်းကောင်းကြီးအထောက် အကူပြုတယ်။

၇။ အတိတ်ကိုပြန်ပြောင်း သတိရစေတယ်

တစ်ခါတစ်ရံ စာဖတ်တာဟာ မှန်ကြည့်ရတာနဲ့တူတယ်။ ကိုယ်ဘယ်လို လူလဲဆိုတာ၊ ပေါ်လွင်စေတယ်။ တချို့စာအုပ်တွေကို ဖတ်လိုက်တော့၊ ဟိုတုန်းက၊ ကိုယ်သိထားတာတွေကို ပြန်ပြောင်းသတိရစေတယ်။ ကိုယ့် အတွေးတွေကို ပြန်ပြီးစစ်ထုတ် လိုက်သလို ဖြစ်သွားတယ်။ အာရုံတွေ ပိုကောင်းလာတယ်။ အရေးကြီးတဲ့ သဘောတရားတွေကို ပြန်နွှေးပေးသလို ဖြစ်စေတယ်။

၈။ ခွန်အားဖြစ်၊ ရည်ရွယ်ချက် ရှိစေတယ်

စာဖတ်တော့ ပိုပြီးခွန်အားတွေ ပြည့်လာစေတယ်။ အကောင်းမြင်တတ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိတယ်။ အောင်မြင်မှုရစေနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှာဖွေတတ်တယ်။ ထက်မြက်တက်ကြွတဲ့ စိတ်ဓာတ် ကို ဖြစ်စေတယ်။

၉။ အာရုံကောင်းကောင်း စိုက်နိုင်တယ်

အမြဲတမ်း စာဖတ်နေတဲ့၊ စာဖတ်တဲ့သူဟာ အာရုံကောင်းကောင်း စိုက်နိုင်တယ်။ ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေကို အာရုံစိုက်နိုင်တယ်။ စာဖတ်နေတဲ့ သူတွေဟာ၊ ဘေးက အနှောင့်အယှက်တွေကို မကြိုက်ဘူး။ ဖတ်နေတဲ့ စာအုပ်ကို လက်ကမချချင်ဘူး။ ခေါင်းဆောင်တစ်ယောက်အတွက် လည်း၊ ရေရှည်လုပ်ငန်းစဉ်ကို၊ အာရုံစိုက်နိုင်ဖို့ အရေးကြီးပါတယ်။

၁ဝ။ အချိန်ကို စီမံခန့်ခွဲတတ်တယ်

စာဖတ်ဝါသနာပါတဲ့ သူတစ်ယောက်အတွက်၊ ဘယ်အချိန်၊ ဘယ်နေရာမဆို၊ စာဖတ်လို့ရတယ်။ ပျင်းရိနေဖို့ စောင့်ဆိုင်းနေဖို့မလိုဘဲ၊ စာဖတ်နိုင်တယ်။ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချပြီး အလုပ်တွင်အောင်လုပ်နိုင်တယ်။ တစ်မိနစ်မျှအချိန်မဖြုန်းဘဲ စာဖတ်ရင်း တန်ဖိုးရှိရှိအချိန်ကို အသုံးချနိုင်တယ်။ ခေါင်းဆောင်တစ်ယောက်အတွက်၊ တစ်မိနစ်တိုင်းဟာ အရေးကြီးတယ်။ သူတို့ရဲ့ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ တစ်မိနစ်တိုင်း အရေးကြီးတယ်ဆိုတာ၊ ခေါင်းဆောင်တွေက သဘောပေါက်တယ်။ ။

Author. ခင်မောင်ညို(ဘောဂဗေဒ)

CSI Champion Students Intensive _presents


&

Photos from MBA Myanmar Business Academy's post 14/05/2019

CSI (11) Days to go
ချန်ပီယုံသင်တန်းဖွင့်ဖို့ (၁၁) ရက်သာ လိုပါတော့တယ်
Champion Student Intensive @ Yangon
Call: 09 4200 93041

04/05/2019

ကလေးကို အားပေးအားမြောက်ပြုသော မိဘလက်သုံးစကားများ
++++++++++++++++++++++++++++++++++++++++++

က။ ကလေးကို တိုးတက်စိတ် ဖြစ်ပေါ်စေသောစကားများ

ကလေးများ မိမိကိုယ်မိမိ တိုးတက်ချင်စိတ်ဖြစ်ပြီဆိုရင် မိဘများအနေနဲ့ မိမိကလေးကို ကူညီရတာ တော်တော် လွယ်ကူသွားပါပြီ။ အောက်ပါစကားများဟာ ကလေးများကို တိုးတက်စိတ်ဖြစ်ပေါ်စေချင်တဲ့ စကားများဖြစ်တယ်။ မိဘများ ပြောပေးပါ။ စိတ်ပါလက်ပါ ပြောပေးပါ။သားသား သုံးထားပေမဲ့ သမီးအတွက်လည်း အတူတူ ဖြစ်ပါတယ်။

၁။ သားအင်မတန်ထူးချွန်တဲ့လူ ဖြစ်လာမှာပဲ
၂။ သား မကြောက်နဲ့၊ သားလုပ်နိုင်တယ်။
၃။ ဒီနေ့အခြေအနေက မနေ့ရထက် ကောင်းရင်ပြီးတာပဲ သား
၎။ သမီးလေးတစ်ယောက် ရှိတာ ဖေဖေမေမေအတွက် ကောင်းလိုက်တာ
၅။ မင်းဟာ အရမ်းဥာဏ်ကောင်းတဲ့ လူလေးပဲ။ နည်းနည်းလေး ဂရုစိုက်လိုက်ရင် တစ်ခါတည်းတိုးတက်သွားမှာ။
၆။ သမီးဘ၀မှာ သမီးက အောင်မြင်တဲ့ လူဖြစ်မှာပဲ။

ခ။ ကလေးကို ယုံကြည်မူ ဖြစ်ပေါ်စေတဲ့ စကားလုံးများ

ကိုယ့်ကိုကို ယုံကြည်မူဆိုတာ ကလေးတိုးတက်မူ အတွက်တွန်းအားဖြစ်ပါတယ်။ ကလေးတိုးတက်စေတဲ့ အရင်းအမြစ်လည်းဖြစ်တယ်။ မိဘများအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်မိမိ ပျိုးထောင်မူ ကို အထူးဂရုစိုက် ပျိုးထောင်ပေးဖို့ လိုပါလိမ့်မယ်။ အောက်ပါစကားများ ကို အချိန်သင့်ရင်သင့်သလို ကလေးများကို ပြောပေးခြင်းအားဖြင့် ကလေးရဲ့ ယုံကြည်မူကို တိုးတက်စေပါတယ်။

၁။ ကလေး မင်းလုံးဝ မညံ့ပါဘူး
၂။ ကလေး မင်းထူးချွန်နေဆဲပါပဲ
၃။ ကိုယ့်ကိုကို ပြောလိုက်စမ်းသား ငါလုပ်နိုင်တယ်လို့….
၎။ သားဒီဘက်ပိုင်းမှာ ရှိတဲ့ ပါရမီကို ဖေဖေမေမေ တအားအားကျတာပဲ
၅။ သားကိုယ့်ယုံကြည်မူကို ပြန်ရှာတွေ့လိမ့်မယ်လို့ ဖေဖေမေမေ လုံးဝယုံကြည်တယ်။
၆။ သားကြီးလာရင် အရမ်းအောင်မြင်မှာ၊ ကြိုးစားထားပါ သား
ရ။ ထပ်စမ်းကြည့်လိုက်…သား ၊ ပါဝင်ခြင်းဟာ အနိင်အရူံးထက် အရေးကြီးတယ်။

ဂ။ ကလေး ကျောင်းစာဘက်မှာ ပိုမိုထူးချွန်စေသော စကားလုံးများ

ကလေးဘ၀တစ်ခုလုံးအတွက် ကျောင်းသားဘ၀မှာ စာမှန်မှန်ကြိုးစားဖို့လည်း အထူးအရေးကြီးလှပါတယ်။ ကလေးကိုယ်တိုင် စာတော်ချင်တဲ့စိတ်ကို မွေးဖွားပေးရမဲ့ အပြင် လေ့လာတဲ့ နည်းလမ်းဟာလည်း အရေးကြီးပါတယ်။

၁။ ဘာမဆို အစီအစဉ် ရှိသင့်တယ် သား၊ စာကြိုးစားတာလည်း အတူတူ ပါပဲ။
၂။ အချိန်ကိုတန်ဖိုးထားပါ။ ဘ၀ကိုတန်ဖိုးထားတာနဲ့ အတူတူပါပဲ။
၃။ သေသေချာချာ ထပ်စဉ်းစားလိုက်ပါအုံး သား
၎။ မေးခွန်း တစ်ခုမေးကြည့် သားကို ဆုပေးမယ်။
၅။ ကိုယ့်အတွေးခေါ် နဲ့ ဆုံးဖြတ်ကြည့်
၆။ အိမ်စာပြီးသွားရင် ဆော့ရတာ ပိုလွတ်လပ်ပြီး ပိုလည်းပျော်စရာကောင်းတယ် သား
ရ။ ကြိုးသာကြိုးစားပါ။ နောက်တခါ အဆင်ပြေသွားပါလိမ့်မယ်။

ဃ။ ကလေးကို အကျင်းစာရိတ္တ ပိုမိုကောင်းမွန်စေသော စကားလုံးများ

ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် အကျင့်စာရိတ္တ ချို့ယွင်းရင်တော့ ထူးချွန်လေ သူများကို ဒုက္ခပေးလေ ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ အကျင့်စာရိတ္တကောင်းမွန်အောင် ငယ်စဉ်ကတဲ ကပျိုးထောင်ပေးရမှာဖြစ်ပါတယ်။

၁။ စာရိတ္တကောင်းမွန်ခြင်းဟာ စာမေးပွဲရမှတ်ထက် အရေးကြီးတယ်။
၂။ ရိုးသားခြင်းဟာ စာရိတ္တအားလုံးရဲ့ အခြေခံဖြစ်တယ်။
၃။ ရှင်ပြိုင်ခြင်းကြားက တရားမျှတမူဟာ တန်ဖိုးအရှိဆုံးပါ။
၎။ ဘာလုပ်လုပ် ကိုယ်စိတ်နဲ့ နိုင်ကြည့်ရတယ်။
၅။ ကျေးဇူးတင်တတ်ရတယ်။
၆။ သားက မိဘကို ဂရုတစိုက်ပြုတတ်တာ ဖေဖေမေမေ အရမ်းကျေနပ်တယ်။
ရ။ သား..သူများကိုကိုယ်ချင်းစာတတ်တာ ဖေဖေမေမေ အရမ်းဂုဏ်ယူတယ်။
ဂ။ ယဉ်ကျေးတဲ့ ကလေးဖြစ်စေချင်တယ် သား။

င။ ကလေး ကိုယ့်ကိုကို အားကိုးရပ်တည်တတ် စေတဲ့ စကားလုံးများ

လူတစ်ဦးတစ်ယောက် အောင်မြင်ခြင်းဟာ ကိုယ့်ခြေထောက် အပေါ် ရပ်တည်တတ်မူ ကိုယ့်ကို ကို အားကိုးတတ်မူ ဟာ အင့်မတန်အရေးကြီးပါတယ်။ မိဘများရဲ့ အချစ်လွန်ကဲမူ၊ အကာအကွယ် လွန်ကဲမူတို့ကြောင့် ကလေးများ မိမိကိုယ်မိမိ ရပ်တည်နိုင်သော အရည်အချင်းများ အားနည်းနေတတ်ပါတယ်။ ကလေးများကို အဆိုပါ အရည်အချင်းများ ရရှိအောင် အောက်ပါစကားများ အသုံးပြုပေးပါ။

၁။ မင်းလုပ်ချင်တဲ့ အလုပ် ကိုယ့်ကိုကို ဆုံးဖြတ်ကြည့်၊
၂။ ကိုယ့်ကိုကိုသွားလုပ်ကြည့်၊ သူများကို အားမကိုးနဲ့
၃။ ကိုယ့်ကိုကို လေ့ကျင့်ကြည့်လို့ ရပါတယ်။
၎။ လမ်းဆိုတာ ကိုယ့်ကိုကို ရွေးသင့်တယ်။ ပြီးရင်တာဝန်ယူရဲရတယ်။
၅။ သတ္တိရှိရှိလုပ်ကြည့်စမ်းပါ။
၆။ ကိုယ့်ကိုကို နိုင်အောင်အရင်ထိန်းသိမ်းနိုင်ပါမှ အနာဂတ်အတွက်သေချာမှာ
ရ။ ကိုယ့်ပြသနာ ကိုယ်ရှင်း
ဂ။ ချော်လဲသွားပြီ။ အားငယ်စရာမရှိဘူး၊ ပြန်ထနိုင်ဖို့ လိုတယ်။
၉။ ကိုယ့်ကိုကို ပိုက်ဆံသွားသွင့်းကြည့်၊ ဖေဖေမေမေ ဘေးမှာရှိနေမယ်။

စ။ ကလေး အလုပ်ကိုနှစ်သက်လာအောင် မိဘပြောဆိုသော စကားလုံးများ

ဒီနေရာမှာ ကလေးနဲ့ဆိုင်တဲ့အလုပ်ကို ဆိုလိုတာပါ။ နိုင်ငံခြားမှာ ကလေးတွေကို အိမ်မူအလုပ်တွေကို ကလေးများ ကို ခွဲတမ်းချပေးတာကို တွေ့ဖူးပါတယ်။ ဥပမာ ကိုယ့်အိပ်ယာ ကိုယ်သိမ်းဆည်းတတ်တဲ့အပြင်၊ အိမ်သန့်ရှင်းရေး၊ မီးဖိုချောင်သန့်ရှင်းရေး စသည်ဖြင့် ကလေးများကို စောစော လေ့ကျင့်နိုင်လေလေ၊ စောစော အကျိုးရှိလေဖြစ်ပါတယ်။
၁။ အလုပ်ဟူသမျှုဂုဏ်ရှိစွ
၂။ များများ လုပ်ရင် ကျွမ်းသွားတာပဲ
၃။ ဘယ်သူမဆို အစဆိုရင် ဒီလိုပါပဲ
၎။ သား ကိုယ့်တာဝန်ကိုယ်ပြီးအာင်လုပ်ဖို့လိုတယ်။
၅။ အလုပ်တစ်ခု ပြီးမြောက်သွားတဲ့ ပျော်ရွှင်မူကို ခံစားတတ်အောင်ကျိုးစားကြည့်ပါ။

ဆ။ အမှားတစ်ခုခု ပြုမိလျင် အမှန်ပြုပြင်အောင် အားပေးသော စကားလုံးများ

လူတိုင်းလူတိုင်း တစ်ခါ မဟုတ်တစ်ခါတော့ အမှားတစ်ခုခု တော့ ပြုမိတတ်ကြပါတယ်။ မိဘများအနေနဲ့ ကလေးရဲ့ အမှားကို ဘယ်လိုသဘောထားမလဲ၊ ဘယ်လိုပြုပြင်ပေးမလဲ။ ဆူမယ်ဆဲမယ်။ ရိုက်နက်မယ်။ စသည်တို့အားလုံးဟာ ကလေးတွေ ပုန်ကန်စိတ်ကို မွေးထုတ်ပေးတာနဲ့ တူတူပါပဲ။ အောက်ပါစကားလုံးများကိုလေ့လာကြည့်ပါ။

၁။ ဘယ်တော့အခါမှ မုသားမပြောသင့်ဘူး
၂။ လူတိုင်းလူတိုင်းဆီကနေ သင်ယူစရာတွေရှိတယ်။
၃။ ကိုယ့်စိတ်ကို ကိုယ်နိုင်အောင်ထိန်းတတ်ရတယ်။
၎။ ကိုယ့်ကိုကို ထိန်းသိမ်းတတ်ခြင်းဟာ ယဉ်ကျေးခြင်းတစ်မျိုးပဲ။
၅။ ဆဲတယ်ဆိုတာ ရှက်စရာကောင်းတဲ့ အပြုအမူ ပါ။
၆။ စိတ်ရှည်မှ ဘာလုပ်လုပ် အောင်မြင်မှာ စသည်တို့ ဖြစ်ပါတယ်။

Ref: Wechat
Author. SayaAungKoLatt
CSI Champion Students Intensive _presents


&

Photos from Champion Camp's post 11/04/2019

🎯 သင့်ကလေးရဲ့ ကျောင်းပိတ်ရက်ကို တန်ဖိုးရှိရှိ ကုန်ဆုံးစေချင်ပါသလား?
🔥CHAMPION Student Intensive 🔥
ကျောင်းသား/သူတိုင်းဟာ ချန်ပီယံလေးများပါ” သင်တန်း
Yangon - May 25-26, 2019
👩(NLP Base Students Development Training)🧑

2019 အတွက် ဒုတိယအကြိမ် ရန်ကုန်မြို့မှာ ဖွင့်လှစ်မယ့် ကျောင်းသား၊ ကျောင်းသူများအတွက် အမြဲအမှတ်ရနေမယ့် သင်တန်းလေးတစ်ခု

သားကပြောရခက်တယ်..........ဂိမ်းဘဲဆော့နေတာဘဲ...ဘယ်လိုဆုံးမရင် ကောင်းမလဲ???
သမီးလေး ကိုယ့်ကိုကိုယ်အားကိုးတတ်တဲ့ အလေ့အကျင့်တွေ ရစေချင်တယ်.........ဘယ်လို လမ်းညွှန်ပေးရင်ကောင်းမလဲ???
ကလေးကို စာတော်စေချင်တယ်....ဘယ်သင်တန်းတက်ခိုင်းရင်ကောင်းမလဲ???
ဆို တဲ့မိဘများအတွက်.....

မိမိကလေးကို လူတော်လူကောင်း ဖြစ်စေမည့် သင်တန်း၊
စာတော်စေမည့်သင်တန်း၊ ထူးချွန်စေမည့် သင်တန်း၊
ကျောင်းသား၊ ကျောင်းသူလေးများအတွက် အကောင်းဆုံးနဲ့
အထိရောက်ဆုံးသင်တန်းလေးတစ်ခုအဖြစ် ပြုလုပ်ကျင်းပသွားမှာဖြစ်လို့ အမြန်စာရင်းပေးသွင်းဖို့တော့ လိုမယ်နော်....

(ယခုသင်တန်းဟာ MBA သင်တန်းကျောင်း၏ ကျောင်းသားမိဘများ အကြိုက်ဆုံး သင်တန်းတစ်ခုဖြစ်ပြီး၊ ကျောင်းသားများအတွက် ရလဒ်အကောင်းဆုံးသင်တန်းတစ်ခုလည်းဖြစ်ပါတယ်)
=====================================

🥇ဘာတွေသင်ပေးမှာလဲ 🏆 What you'll learn 🇲🇲

DAY-1 (Transformation Day)
🥇အကြောက်တရား ကျော်လွှားနည်းများ
🥇မိမိကိုယ်ကို ယုံကြည်လာစေမည့် နည်းလမ်းများ
🥇သွက်လက်တက်ကြွပြီး ကလေးများ၏ ဆက်ဆံရေးနှင့် ဥာဏ်ရည်ဖွံ့ဖြိုးစေမည့် နည်းလမ်းများ
🥇 မကောင်းသော တန်ဖိုး၊ ယုံကြည်ချက်နှင့် အမြင်များကို အကောင်းဘက်သို့ပြောင်းလဲသည့် နည်းစနစ်များ
🥇 ကောင်းသော အကျင့်သစ်တည်ဆောက်ခြင်းနည်းပညာများ
🥇 အချိန်ဆွဲတတ်သောအကျင့်များကိုဖျောက်ပေးမည့် နည်းလမ်းများ
🥇လူအများရှေ့တွင် စကားပြောနည်းများ

DAY-2 (Value Adding Day)
🏆 ထူးချွန်မှု ဥပဒေသ (၅)ရပ်
🏆 ဘဝရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
🏆 မြန်နှုန်းမြင့် စာကျက်နည်းများ
🏆 မှတ်ဥာဏ်တိုးတက်အောင်လုပ်သော နည်းလမ်းများ
🏆 စဉ်စားခြင်း နည်းပညာဖြင့် မြန်ဆန်စွာ ဆုံးဖြတ်ချက်ချမှတ်ခြင်း နည်းစနစ်များ
🏆 Mind Mapping, Vision Board
🏆 Critical/Creative Thinking 💭 & V.A.K Learning System
🏆 21st Century Learning skills 🔍 and much more.............
စတဲ့ အထူးသင်ခန်းစာပေါင်းများစွာပါဝင်တဲ့ CHAMPION သင်တန်းကို အခုပဲ စာရင်းပေးသွင်း လိုက်ပါ။
📞 09 4200 93041, 09 764 764 105

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
(ရန်ကုန်) // Yangon
🗓 နေ့ရက် ။ May 25-26, 2019
⌚️ အချိန် ။ နံနက် (၉) နာရီ မှ ညနေ (၆) နာရီ အထိ
🏡 နေရာ ။ Pentagon Training Hall, ကြည့်မြင်တိုင်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

⚠Nay not live at this event.
All event dates and locations can change. Please check MBA Myanmar Business Academy for the latest information.

သင်တန်းကြေး
💰💰💰💰💰💰💰💰💰💰💰💰💰💰
✅ ပုံမှန် သင်တန်းကြေး - ၁၉၅, ၀၀၀/- ကျပ်

👉 အထူး အစီအစဉ် အနေဖြင့် -
💸 ပထမဆုံးအပ်နှံသူ (၂၀)ဦးအတွက် ၈၅,၀၀၀/ကျပ်သာကျသင့်ပါမည်။
💸 အပ်နှံသူလူဦးရေ (၂၀)ကျော်လွန်ပါက ၁၂၀,၀၀၀/ကျပ်
💸 သူငယ်ချင်း (သို့မဟုတ်) မောင်နှမ ၂ ယောက် တစ်ပြိုင်တည်းအပ်နှံပါက တစ်ဦးလျှင် ၉၅,၀၀၀/ ကျပ်သာ။
💸 ဘော်ဒါဆောင် ကျူရှင်များမှ ငါးဦးနှင့်အထက် စုပေါင်းအပ်နှံပါက တစ်ဦးလျှင် ၈၅,၀၀၀/ကျပ်မျှသာ။

💸 မေလ (၂၃) နောက်ပိုင်းမှ အပ်နှံပါက
✅ ပုံမှန် သင်တန်းကြေး - ၁၉၅, ၀၀၀/- ကျပ် ဖြင့်သာပေးသွင်းရပါမည်။
==================================
(လူကြီးမင်းတို့ အနေဖြင့် အချိန်ကုန် သက်သာစေရန်)
🏧 အောက်ပါ ဘဏ်အကောင့်များသို့ ငွေလွှဲ အပ်နှံနိုင်ပါသည်။
Holder Name: U NAYZAW TUN
KBZ Bank : 045 301 045 021 36301
CB Bank : 0087600 10000 5169
AYA Bank : 0004 2010 1221 4054
==========================
⚠ Seats are very limited, please contact now for registration.
သင်တန်းသားဦးရေ ကန့်သတ်ထားသည့်အတွက် အခုပဲဆက်သွယ်ပြီး အမြန်စာရင်းပေးသွင်းလိုက်ပါ။

(ရုံးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံချင်တယ်ဆိုရင်တော့)
🏡 MBA Office ။ ။ MBA Myanmar Business Academy
(MBA သင်တန်းကျောင်း၊ အမှတ် (913)၊ C.ဆောင်၊ မုဒိတာကွန်ဒို၊ အလယ်ဗဟိုလမ်း၊ မရမ်းကုန်း၊ ရန်ကုန်။ သို့ လာရောက်၍ သင်တန်း အပ်နှံနိုင်ပါသည်) 📞 09 4200 93041, 09 764 764 105
=====================================

သင်တန်းပြီးဆုံးပါက MBA Myanmar Business Academy မှ
✔️ #သင်တန်းဆင်းလက်မှတ် Certificate ပေးအပ်ပါမည်။
✔️ Services: ☕ ( ကော်ဖီ၊ အအေး ၊ မုန့် ၊ workbook၊ color pens စသည်ဖြင့် အပြည့်အစုံ ပါဝင်မည် ဖြစ်ပါသည်) 📚🖍☕🥗🍔🍏🥛

ဆွေးနွေး ပို့ချမည့် သူများ
=================================
♻️ Your Speakers & Lead-Trainer Profile

ဒေါ်မေပုလဲသွယ် @ May Pearl Thwe (Speaker)
💼 Founder & Training Executive
Smile Education Training Institute
Vice President at Myanmar United States Friendship Association

လင်းရိပ်တာရာ @ Linyeik Taryar (Speaker)
💼 Principal at MBA Myanmar Business Academy
Lecture | Storyteller | Writer
SIYB Certified Trainer, M.A (University of Kelaniya)

ဖြိုးသူရဌေး @ Phyo Thura Htay (Speaker)
💼 Member of the U.S. Ambassador’s Youth Council
Activist, TEDx Speaker

သုတရဲမိုး @ Thuta Ye Moe (Speaker)
💼 The Whole Burma First, 2017
၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ပထမဆုရှင်

နေဇော်ထွန်း @ Nayzaw Tun (Lead Trainer)
💼CEO at MBA Myanmar Business Academy
Author | Speaker | Edutainer
Life & Business Coach
Producer at Champion Students Intensive
Lead Trainer at Power to Transformation
MPPS & Train the Trainer programs
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🎯 Speakers (၄) ဦးမှ တစ်ဦးလျှင် ၁-၂ နာရီ ခန့် အသီးသီးပို့ချပေးမှာဖြစ်ပြီး၊ ကျန်သော အချိန်များတွင် Nayzaw Tun (Lead Trainer) မှ ဦးဆောင် ပို့ချပေး မှာဖြစ်ပါတယ်။

ဆက်သွယ်အပ်နှံရန်
☎️☎️☎️☎️☎️☎️
09 4200 93041
09 764 764 105
099 7733 9292

MBA Myanmar Business Academy
YOUR LEARNING PARTNERS

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Middle Baho Road
Yangon
11062