IGCSE ICT Training

IGCSE  ICT Training

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IGCSE ICT Training, Education, Yangon.

09/05/2025

IGCSE ( Edexcel/CIE) ICT ,Computer Science အတွက်ဆို ဘာမှပူစရာမလို ပေါ့ပေါ့ပါးပါး ဖြေနိုင်ဖို့ ကျွမ်းကျင် ဆရာ/ဆရာမ များနှင့် အတူ လေ့ကျင့်သင်ကြားနိုင်ပါသည်
- PhD (Information Technology) ဘွဲ့ရများဖြင့် ကွန်ပျူတာ/programming နဲ့ပတ်သက်ပီး သင်ကြားရေးအတွေ့အကြုံများစွာရှိသော ဆရာ/ဆရာမ များနှင့် နားလည်သဘောပေါက်အောင် စာမေးပွဲ စနစ်နဲ့အညီ လေ့ကျင့်သင်ကြားပေးပါသည်
- သင်ခန်းစာတခုပီးတိုင်း chapter end test အပြင် past paper practice များနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်
- အတန်းလေးကိုတော့ (Online သိုမဟုတ် In-person) တစ်ယောက်ချင်းစီဖြစ်စေ အဖွဲ့နဲ့ဖြစ်စေ မိမိတို့ အဆင်ပြေရာကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
☎️ဖုန်း - 09795275659 (Viber/Telegram) , 09445548186 (Viber/Telegram)






09/11/2024

Intensive class (ICT) ဖွင့်ပါမည်
May/June 2025 Target class

CIE
Monday - 5:00 to 6:30 PM
Tuesday - 7:30-9:00 PM

EDEXCEL
Monday - 7:00-8:30PM
Wednesday- 4:00-5:30PM

✅ အချိန် လေးလ စာ သင်ကြားမည့် အတန်းဖြစ်သည်
✅ Chapter by Chapter Revision plus past paper practice class ဖြစ်ပါသည်

👉Start Date : 2 December 2024
👉Class Limit : limited seat

05/08/2024

Are you ready to take 2025 May/June Exam Series?
✨ IT subjects (ICT and CS) တွေကို ဖြေဖို့ အဆင်သင့်ဖြစ်နေပီလား
✨လာမယ့် 2025 မှာဖြေမယ်ဆိုရင် ခုချိန်ထဲကစာတွေပီးထားသင့်ပီနော်
✨ Past paper only class မဟုတ်ပါ❌
ဖြေဆိုခါနီး ကျောင်းသား/ကျောင်းသူတိုအတွက် 𝙄𝙣𝙩𝙚𝙣𝙨𝙞𝙫𝙚 𝙀𝙭𝙖𝙢 𝙋𝙧𝙚𝙥𝙖𝙧𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙖𝙨𝙨 ကို PM Training 𝐂𝐞𝐧𝐭𝐫𝐞 တွင် လာမည့် September လ ကစပြီး ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
𝙀𝙭𝙖𝙢 𝙋𝙧𝙚𝙥𝙖𝙧𝙖𝙩𝙞𝙤𝙣 𝘾𝙡𝙖𝙨𝙨 မှာဘယ်လိုတွေသင်ကြားပေးမှာလဲ❓
✔️6 လပြတ်သင်ကြားပေးမှာဖြစ်ခြင်း
✔️အတွေ့အကြုံရှိဆရာကြီး/ဆရာမကြီးများမှအနီးကပ်သင်ကြားပေးခြင်း
✔️စာမေးပွဲဖြေဆိုရာတွင်လိုအပ်သည့် အမှတ်ပေးစည်းမျဉ်း အတွင်းဖြေဆိုနိုင်အောင် သင်ကြားပေးခြင်း
✔️စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိစေရန်အတွက်အနီးကပ် Exam Practices များကိုပါအပတ်စဥ်ထည့်သွင်းသင်ကြားပေးခြင်း စသည့်အချက်များအပြင်
နားမလည်တာတွေကိုလည်း စဥ်ဆက်မပြတ်မေးမြန်းလေ့ကျင့်နိုင်မှာဖြစ်သည့်အတွက် အခုကတည်းကစာရင်းသွင်းထားလိုက်တော့နော် 🥳🤩
International Exam မှာ past paper လုပ်တိုင်း အမှတ်ကောင်းတယ်လို ထင်နေရင်မှားပါတယ် ❌
မေးထားပြီးသားပြန်မေးတာထက် concepts များကို နားလည်မှသာဖြေဆိုနိုင်မှာဖြစ်ပါတယ် ။
📩သင်တန်းအကြောင်း အသေးစိတ် စုံစမ်းမေးမြန်းလိုပါက cb or 09795275659(viber) သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်

01/06/2023

Intensive Class for 2023 November Exam
-EDEXCEL ICT
-Start from 1.7.2023
-Online class
-Every Monday 5:30-7:00PM
-Every Thursday 2:30-4:00PM
-only 10 seats
Contact- ☎️ 09795275659 or cb

Photos from IGCSE  ICT Training's post 14/07/2021
13/07/2021

COVID နဲ့ ပတ်သက်ပြီး Volunteer ဆရာဝန်တွေ
လိုင်းပေါ်က အခမဲ့ ကုသပေးနေတဲ့ Page တွေပါ။
သိရှိနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို အလွယ်တကူ မေးမြန်းနိုင်တာမို့ မေးကြပါလို့။

လက်လှမ်းမှီသလောက် တင်ပေးလိုက်ပါတယ်။

🟡 Charity C19 Call Center
https://www.facebook.com/CharityC19CallCenter/
🟡 ကိုယ်စိတ်ကျန်းမာ
https://www.facebook.com/ကိုယ်စိတ်ကျန်းမာ-354766471877471/
🟡 EZ Care
https://www.facebook.com/EZ-Care-101710902113175/
🟡 Online အခမဲ့ ဆေးခန်း
https://www.facebook.com/Online-%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7-%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-101495368869803/
🟡 Better Health
https://www.facebook.com/Better-Health-100797408886064/
🟡 အသက်ရှု လေ့ကျင့်ခန်း သင်ပေးဖို့
https://www.facebook.com/thethninmoe.exercisephysiologist/

Oxygen ရှာနေသူများ
ကိုနှိပ်ကြည့်ပါ။

CREDIT @ လူမှုကွန်ယက်ပေါ်မှ ကူးယူတင်ပြသည်။

Thet Hnin Moe - Exercise Physiologist and Physical Therapist Exercise related knowledge sharing

14/06/2021

📢📢 2022 #𝙄𝙂𝘾𝙎𝙀 𝙚𝙭𝙖𝙢 အတွက် သင်တန်းသစ်များ စတင်လက်ခံပါပြီ!!!
📢📢 1 July 2021 တွင် စတင်သင်ကြားမည် ဖြစ်ပါသည်!!!
💻October/November 2022 - Information and Communication Technology စာမေးပွဲနှင့် Computer Science စာမေးပွဲများ အတွက် သင်တန်းအသစ်များ စတင်လက်ခံနေပါပြီ!!!
💻သင်ခန်းစာတစ်ခုချင်းစီအလိုက် written နှင့် practical test များ စစ်ဆေးပီး ကျောင်းသား/သူများရဲ့ လိုအပ်ချက်များနှင့် တိုးတက်မှုများကို ပြန်လည်ဆွေးနွေးပေးပါသည်။
💻စာမေးပွဲတွင် အခက်အခဲမရှိ ဖြေဆိုနိုင်ရန် Exam Paper များဖြင့် ဖြေဆိုပုံအား စနစ်တကျ လေ့ကျင့်သင်ကြားပေးပါသည်။
✅လက်ရှိအခြေအနေအရ Zoom ဖြင့်သာသင်ကြားမည်ဖြစ်ပါသည်။
✅Section တခုကို ကျောင်းသား/သူ ၃-၅ယောက်သာ လက်ခံသင်ကြားမည်ဖြစ်ပါသည်။
📱ဆက်သွယ်ရန် - 09795275659
 သင်ကြားမှုအတွက် လိုအပ်ချက်များမှာ
💻🖥Laptop or Desktop with internet connection
👨‍🎓👩‍🎓Email Account
✅Section 1 (ICT)
1) Tuesday 11:00 to 12:30 AM
2) Wednesday 11:00 to 12:30 AM
✅Section 2 (ICT)
1) Tuesday 6:00 to 7:30 PM
2) Wednesday 6:00 to 7:30 PM
✅Section 3 (CS)
1) Thursday 6:00 to 7:30 PM
2) Friday 6:00 to 7:30 PM

19/05/2021

‘IGCSE မိတ်ဆက်’

စကားချီး

ကျွန်တော် အင်္ဂလန် ပညာရေးစနစ်နဲ့ ... အထူးသဖြင့် IGCSE စနစ်နဲ့ .... အထူးသဖြင့် Cambridge Assessment International Education နဲ့ အတိုင်းအတာ တစ်ခုအထိ အကျွမ်းတဝင် ရှိပါတယ်။

မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ Cambridge Curriculum ရယ် Cambridge Exams System တွေရယ်ကို နှစ် အတန်ကြာ ဦးစီးဦးဆောင်သူအဖြစ် တာဝန်ယူထားဖူးပြီးတော့

Cambridge က ပေးတဲ့ သင်တန်းတွေ ကွန်ဖရဲန့်စ်တွေ workshop တွေ seminar တွေ ကို အွန်လိုင်းကနေရော အပြင်မှာပါ လေ့လာသင်ယူဖူးသူ၊

အရေအတွက် မနည်းလှတော့တဲ့ ကျောင်းသားတွေ တက္ကသိုလ် ဆက် တက်နိုင်ရေး လမ်းညွှန်ကူညီပေးဖူးသူ၊

စပ်စပ်စပ်စပ် ဝါသနာအရလည်း ထပ်တိုး လေ့လာထားသူ လေ့လာနေသူ တစ်ယောက်အနေနဲ့

မိဘတွေ အမေးများတဲ့ IGCSE အကြောင်း သိကောင်းစရာတချို့ကို

သိလို့ ပြောပါမယ် ...

သိတာ ပြောပါမယ်။

သိပြီးသားဆိုရင် ... ကိုယ်နဲ့ မဆိုင်တဲ့ အကြောင်းအရာ ဖြစ်နေရင် စာလည်း ရှည်လို့ ကျော်သွားကြပါ ခင်ဗျား။

----------------------------------------------------------------

📌 1) GCE ‘N’/ GCE ‘O’/ GCE ‘A’/ GCSE/ IGCSE/ International GCSE ဘာတွေလဲ ... ဘာကွာလဲ ???

GCE ‘N’ ဆိုတာက မြန်မာပြည်မှာ မရှိတဲ့ စင်္ကာပူက စနစ် ပါ။ GCE ‘O’ ရဲ့ အောက် တစ်ဆင့် ပါ။ GCE ‘N’ ပြီးရင် စင်္ကာပူက (စက်မှုလက်မှု အထက်တန်းကျောင်းလိုမျိုး) Polytechnics ကျောင်းတွေ တက်လို့ရပါတယ်။ သက်မွေးသင်တန်းကျောင်းတွေ တက်ပြီး ကျွမ်းကျင်လုပ်သားအဖြစ် လုပ်ငန်းခွင် ဝင်လိုသူတို့အတွက် GCE ‘O’ လောက်အထိ challenging မဖြစ်တဲ့ ပညာရေး အဆင့် တစ်ခုပါ။

GCE ‘O’ က အင်္ဂလန်မှာ တစ်ချိန်က ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တဲ့ ... ၁၆နှစ်အရွယ် ဆယ်တန်းအဆင့် ကျောင်းသားများအရွယ်အထိ မသင်မနေရ အခမဲ့ပညာရေးစနစ် အဆုံးမှာ စစ်မေးတဲ့ စာမေးပွဲစနစ် ဖြစ်ပြီး အခုအချိန် နိုင်ငံတချို့ နေရာတချို့မှာ စစ်ဆေးနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ GCE ‘O’ အစား GCSE စာမေးပွဲကို တွင်တွင်ကျယ်ကျယ် ပြောင်းလဲ စစ်ဆေး အဆင့်သတ်မှတ်ပေးနေပါတယ်။

GCE ‘O’ နဲ့ GCSE အကြား ကွာခြားချက်က မပြောပလောက်ပါ ... အတူတူပဲလို့ သတ်မှတ်ပါတယ်။ GCSE က အစားထိုး ဝင်လာတယ် ဆိုပါစို့။

GCE ‘O’ ဆိုတာက General Certificate of Education – Ordinary Level

GCSE ဆိုတာက General Certificate of Secondary Education

နာမည်၊ သဘောတရား၊ စစ်ဆေးသတ်မှတ်ပုံ၊ အမှတ်စာရင်း ထုတ်ပြန်ပုံ၊ ရွေးစရာ ဘာသာရပ် အနည်းအများ စတာတွေ နည်းနည်း ကွာပေမယ့် ဒီ နှစ်ခုက level တူပါတယ်။ GCE ‘O’ က ကိုယ့်နိုင်ငံအတွက် ကိုယ် သီးသန့် ပုံစံပြောင်း စစ်မေးတာတွေ ရှိတယ်။ စင်္ကာပူ GCE ‘O’ က အထင်ရှားဆုံး အချက်ပါ။

အင်္ဂလန်မှာ GCSE စ ကျင့်သုံးချိန်မှာ Cambridge Assessment International Education အဖွဲ့အစည်းက GCSE နဲ့ ပုံစံ ဆင်တူနဲ့ နိုင်ငံတကာ စစ်မေးမှု စံသတ်မှတ်မှု စနစ် အနေနဲ့ IGCSE ဆိုပြီး နာမည် မှတ်ပုံတင်လိုက်ပါတယ်။ IGCSE ရဲ့ အရှည်က International General Certificate of Secondary Education … GCSE ရဲ့ အင်တာနေရှင်နယ် ဗားရှင်း ပေါ့လေ။ IGCSE ဆိုတဲ့ နာမည်ကို Cambridge က မှတ်ပုံတင်ထားပြီး ဖြစ်တဲ့အတွက် အခြားသော ပညာရေး အဖွဲ့အစည်းတွေက IGCSE ဆိုတဲ့ နာမည်ကို သူတို့ရဲ့ စာမေးပွဲတွေမှာ သုံးခွင့် မရှိတော့ပါဘူး ... အဲဒါကြောင့် ဥပမာအားဖြင့် အင်္ဂလန်ရဲ့ အခြား နာမည်ကျော် ပညာရေးအဖွဲ့အစည်းကြီး ဖြစ်တဲ့ Pearson EdExcel ရဲ့ အလားတူ စာမေးပွဲ နာမည်က International GCSE ပါ။ ကုလားကြီးနဲ့ အရာကြီး ... အတူတူပါပဲ။ သို့သော် Cambridge က စစ်တာကိုမှသာ IGCSE လို့ ခေါ်ခွင့် ရှိပါတယ်။

GCE ‘A’ ကတော့ IGCSE/ International GCSE/ GCSE/ GCE ‘O’ တစ်ခုခု ပြီးထားသူများ ဆက် တက်ကြတဲ့ အထက်တန်း တက္ကသိုလ်ဝင်တန်းအဆင့် Advanced Level ပါ။

မြန်မာပြည်မှာ တစ်ချိန်က GCE ‘O’ ဖြေကြသူတွေက အင်္ဂလန်နိုင်ငံသားတို့ ဖြေရတဲ့ စာမေးပွဲကို ဒီကနေ ဖြေရတာ ဖြစ်ပြီး တချို့သော မေးခွန်းတွေက အင်္ဂလန်ကို အခြေခံလို့ ဘာသာရပ် သိရုံတင်မက အင်္ဂလန် ရဲ့ ပထဝီ သမိုင်း ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုပါ အကျွမ်းတဝင် ရှိဖို့ လိုနိုင်ပါတယ်။ အခုခေတ် ဖြေကြတဲ့ IGCSE တွေက နိုင်ငံတကာကို ရည်ရွယ် ပြင်ဆင်ထားတာကြောင့် အင်္ဂလန် အခြေအနေကိုကို အခြေခံတဲ့ မေးခွန်းမျိုး မဟုတ်တော့ပါဘူး။ ပို အဆင်ပြေတယ် ပြောရမှာပါ။

ရန်ကုန် British Council ကနေတဆင့် IGCSE ရော International GCSE ပါ ဖြေလို့ ရပါတယ်။ မန္တလေးမှာတော့ International GCSE ပဲ BC မှာ ဖြေလို့ရပြီး IGCSE ကတော့ သက်ဆိုင်ရာ Cambridge ကျောင်းတေွမှာပဲ ဖြေလို့ရပါသေးတယိ။

--------------------------------------------------------------------------
📌 2) IGCSE ပြီးရင် တက္ကသိုလ် တက်လို့ ရလား ???

ယေဘုယျအားဖြင့် မရသေးပါ။

GCE ‘A’ နှစ်နှစ် ဆက် တက်ပြီးမှ ... ဒါမှမဟုတ် Foundation/ Bridging Course တစ်ခုခု တက်ပြီးမှ တက္ကသိုလ် တက်လို့ ရပါတယ်။

အမေရိကန်၊ ကနေဒါ နဲ့ တောင်အမေရိက က နိုင်ငံအချို့မှာတော့ IGCSE ငါးဘာသာကို စာမေးပွဲ တစ်ကြိမ်တည်းနဲ့ ဖြေပြီး အောင်ထားသူတွေကို ကွန်မြူနီတီ ကောလိပ်တွေ နဲ့ တချို့တချို့သော ကောလိပ်တွေမှာ တိုက်ရိုက် ပေး တက်ပါတယ်။ တခြား နိုင်ငံတွေမှာလည်း အဲလို အမေရိကန် စနစ် ရှိရင် IGCSE ငါးဘာသာနဲ့ တက်လို့ ရတာ ရှိနိုင်ပါတယ်။

အမေရိကန် ရဲ့ ထိပ်တန်း တက္ကသိုလ်တွေ တက်ချင်တာဆိုရင် IGCSE ပြီးရုံနဲ့ မရပါ။

*** အဓိက ကွာခြားချက် ... အမေရိကန် ကနေဒါ တက္ကသိုလ်တွေကို ကောလိပ် နှစ်နှစ်အပြီးမှာ ဆက် တက်နိုင်ပြီး စုစုပေါင်း လေးနှစ် တက်ပြီး ဘွဲ့ ရပါတယ်။ အင်္ဂလန် သြစတေးလျ တက္ကသိုလ်တွေက စုစုပေါင်း သုံးနှစ် တက်ရင် ဘွဲ့ရပါတယ်။ ဘွဲ့ရဖို့ ပညာသင်ကာလ တစ်နှစ် ကွာပါတယ်။ ***

-------------------------------------------------------------------

📌 3) IGCSE ဘယ်နှစ်ဘာသာ ဖြေရမလဲ ???

အပေါ်မှာ ပြောခဲ့သလိုပဲ IGCSE ငါးဘာသာ ဖြေဖူးရင် တချို့တချို့ ကောလိပ်တွေ တက်လို့ရတာမို့ အနည်းဆုံး ငါးဘာသာ ဖြေဖို့ အကြံပြုပါတယ်။ ဖြစ်နိုင်ရင် ခုနစ်ဘာသာ ဖြေကြဖို့ တိုက်တွန်းပါတယ်။ ဆယ့်တစ်ဘာသာအထိ ဖြေတဲ့ ကျောင်းသား ကြုံဖူးပါတယ်။ ဆယ့်လေးဘာသာအထိ ဖြေသူအကြောင်း ကြားဖူးပါတယ်။

-------------------------------------------------------------------

📌 4) ဘယ် ဘာသာရပ်တွေ ဖြေရမလဲ ???

ပြောရ ခက်ပါတယ်။

ဘာ ဝါသနာ ပါတာလဲ ... ဘာ ဆက် သင်ယူချင်တာလဲ ... ဘယ်လို အလုပ်မျိုး တချိန်ချိန်လုပ်ချင်တာလဲ ဆိုတာပေါ် အတိုင်းအတာတစ်ခုထိ မူတည်ပါမယ် ။

Cambridge IGCSE ကို အခြေခံ ပြောရရင် ဘာသာရပ်ပေါင်း ၇၀ လောက် ရွေးစရာ ရှိပါတယ်။ ဘာသာစကားက သုံးဆယ်လောက် ရွေးစရာ ရှိပါတယ်။

အကြမ်းအားဖြင့်
က) ဆေးတက္ကသိုလ် ဆေးပညာ နှီးနွယ် တက္ကသိုလ်တွေဆို Biology, Chemistry မပါမဖြစ်
ခ) အင်ဂျင်နီယာ တက္ကသိုလ်တွေဆို Physics, Additional Maths မပါမဖြစ်
ဂ) သတင်းအချက်အလက်ဆိုင်ရာ ကွန်ပြူတာ နည်းပညာ တက္ကသိုလ်တွေဆို ICT, Physics မပါမဖြစ်
ဃ) ဗိသုကာ Architecture, Product Design, Interior Design စတာတွေဆို Art and Design ကိုပါ တွဲယူထားသင့်
င) စီးပွားရေး နဲ့ နွယ်တာ လေ့လာလိုသူတို့အဖို့ Business မပါမဖြစ် … Economics လည်း တွဲ ယူထားသင့်
စတာတွေ အကြံပေးပါတယ်။

ကျောင်းချိန်ပြင်ပ လေ့လာပြီး ထပ်တိုးယူနိုင်သူများအတွက် ကျောင်းတိုင်းမှာ မသင်ရင်တောင် ပြင်ဆင်နိုင်တဲ့ ဘာသာရပ် အချို့က Travel and Tourism, Accounting, Physical Education, Music, Environmental Management, Sociology စတာတွေကိုလည်း သင်ယူနိုင်ပြီး စာမေးပွဲ ဖြေဆိုနိုင်ပါသေးတယ်။ သက်ဆိုင်ရာ ကျောင်းတွေမှာ ညှိနှိုင်းကြည့်ပြီး အဆင်ပြေရင် ကျောင်းချိန်ပြင်ပ လေ့လာနိုင်ပါတယ်။

ကျောင်းတွေအလိုက် ကျောင်းသား စိတ်ဝင်စားမှုအလိုက် အချို့ ဘာသာရပ်တွေ မသင်မနေရ ဖြစ်ပြီး တချို့ ဘာသာတွေက ရွေးချယ်စရာ ဖြစ်ပါမယ်။ ကိုယ်နဲ့ အဆင်အပြေဆုံး ဘာသာရပ်အတွဲကို သေချာ ပြင်ဆင် ရွေးချယ်သင့်ပါတယ်။

*** ဘယ် ဘာသာရပ် မှ ကျောင်းသားတိုင်း မယူမနေရ မဖြေမနေရ သတ်မှတ်ချက် မရှိပါ။ ***

ကိုယ် စိတ်ဝင်စားရာ၊ ကိုယ်ရွေးချယ်မယ့် အသက်မွေးဝမ်းကြောင်း နဲ့ ကိုက်ညီမှာကို ရွေးပါ

-------------------------------------------------------------------

📌 5) ‌Cambridge ICE ဆိုတာ ဘာလဲ???

‌ကျွန်တော်တို့ ကျောင်း မှာတော့ ‌Cambridge ICE ကို ရွေးချယ်စရာ ဦးတည်ချက် အဖြစ် သင်ကြားပေးပါတယ်။

Cambridge ICE ဆိုတာ တကယ်တမ်းတော့ Cambridge IGCSE ရဲ့ group award ပါ။ Cambridge IGCSE ဖြေသူတွေအတွက် အထူး စပယ်ရှယ် ထပ်တိုးလက်ဆောင် ဆိုပါစို့။ ဒီ လက်မှတ် လိုချင်ရင် IGCSE ခုနစ်ဘာသာ (အနည်းဆုံး) ဖြေပြီး အနည်းဆုံး ဘာသာရပ်တိုင်း C နဲ့အထက် ရပြီး အောင်ဖို့ လိုပါတယ်။ ခုနစ်ဘာသာကို အုပ်စု ငါးစုစလုံးက ပါအောင် ရွေးရပါတယ်။

📚 Group I: Languages ဘာသာစကား
ဒီအုပ်စုကနေ အနည်းဆုံး နှစ်ခု ရွေးရပါမယ်။ အင်္ဂလိပ် ဘာသာစကား အပြင် နောက်ထပ် ဘာသာစကား တစ်ခု ထပ် ရွေးရပါတယ်။ ဥပမာအားဖြင့် တရုတ်၊ ဂျပန်၊ စပိန်၊ ဂျာမန် စသည်ဖြင့် ရွေးစရာတွေ ရှိပါမယ်။

📚 Group II: Humanities and Social Sciences လူမှုရေးသိပ္ပံ
Economics, History, Sociology, Global Perspectives, Environmental Management, Development Studies အစရှိတဲ့ လူမှုရေးသိပ္ပံ ဘာသာရပ်တွေထဲက အနည်းဆုံး တစ်ခု ရွေးရပါမယ်။

📚 Group III: Sciences သိပ်ပံ
Physics, Chemistry, Biology, Combined Science, Coordinated Science, Environmental Management အစရှိတဲ့ သိပ္ပံ ဘာသာရပ်တွေထဲက အနည်းဆုံး တစ်ခု ရွေးရပါမယ်။

📚 Group IV: Mathematics သင်္ချာ
ရိုးရိုး သင်္ချာ (ကျောင်းသားတိုင်း ယူသင့်) Additional Maths စိတ်ကြိုက် သင်္ချာ စတာတွေထဲက အနည်းဆုံး တစ်ခု ရွေးချယ်ရပါမယ်။

📚 Group V: Creative and Professional သက်မွေးပညာရပ်များ
Business Studies, ICT, Art and Design, Music, Physical Education, Environmental Management, Travel and Tourism, Accounting စတဲ့ သက်မွေး ဘာသာရပ်တွေထဲကလည်း တစ်ခု မပါမဖြစ် ရွေးရပါမယ်။

‌Cambridge ICE အထူးလက်ဆောင် လက်မှတ် မရ ရအောင် ဖြေရမယ် မဆိုလိုပါ။ သိပ္ပံချည်း သီးသန့် လေ့လာလိုသူ၊ လူမှုရေးဘာသာတွေကိုသာ သီးသန့် လေ့လာလိုသူ၊ ဘာသာစကား နောက်ထပ် အသစ် တစ်ခု မသင်ယူလိုသူ၊ ခုနစ်ဘာသာထိ မပြင်ဆင်လိုသူ စသည် စသည် အကြောင်းကြောင်းကြောင့် ‌Cambridge ICE မယူသူတွေလည်း အများစု ပါ။

ကျောင်း အနေနဲ့ကတော့ ‌Cambridge ICE ရနိုင်သည်အထိ ပြင်ဆင် သင်ကြားပေးပါတယ်။

-------------------------------------------------------------------

📌 6) ရွေးစရာ နှစ်မျိုးလုံး စိတ်ဝင်စားနေတာ ... နှစ်ခုလုံး သင်ချင်တာ ဘယ်လိုလုပ်ရပါ့မလဲ ???

ကျောင်းတွေမှာ ကျောင်းချိန်အတွင်းမှာ ရွေးစရာ elective course နှစ်ခုလုံး တစ်ပြိုင်နက် သင်ချင်ရင်တော့ မလွယ်လှပါ။ ကျောင်းတွေ အနေနဲ့ကတော့ အပေါ် နံပတ်လေးမှာ ပြောထားခဲ့သော လုပ်ငန်းခွင်ရွေးချယ်မှု တက္ကသိုလ် ရွေးချယ်မှုပေါ် အခြေခံတဲ့ ရွေးစရာ elective course သတ်မှတ် သင်ကြားကြရမှာပါ။

လူတစ်ယောက်က စီးပွားရေး ရော ဓာတုဗေဒ ရော တစ်ပြိုင်နက် စိတ်ဝင်စားခွင့် မရှိဘူးလား မေးလာရင် ရှိပါတယ် ... တစ်ဘာသာကို ကျောင်းချိန်ပြင်ပ လေ့လာဖို့တော့ လိုပါလိမ့်မယ်။ မတစ်ထောင်သားတိုင်း တစ်ယောက်မကျန် နဲ့ ကိုက်ညီမယ့် ရွေးစရာကိုတော့ ကျောင်းတိုင်းမှာ သင်ပေး စီစဉ်ပေးဖို့ ခက်နိုင်ပါလိမ့်မယ်။ ကျောင်းချိန်ပြင်ပ မှာ ကျောင်းကတဆင့် ဖြစ်စေ ဆက် လေ့လာပြီး စာမေးပွဲ ဖြေဆိုဖို့ သက်ဆိုင်ရာ စာစစ်ဌာနတွေ ကျောင်းတွေနဲ့ ချိတ်ဆက် တိုင်ပင် ပြီး စီစဉ်နိုင်ပါတယ်။

ကိုယ့်အားကိုယ်ကိုး self-study နဲ့ လေ့လာသင်ယူကြသူ ကျောင်းသားတွေ နှစ်တိုင်းမှာ ကြုံဖူးပါတယ်။ ကျောင်းဘက်ကလည်း ဖြစ်နိုင်တဲ့ ဘောင် အတွင်းက‌နေ နိုင်သ‌လောက် ပံ့ပိုးအားပေးကြပါတယ်။

ကိုယ့်အားကိုယ်ကိုး self-study လုပ်တဲ့ကျောင်းသားမျိုးကို လိုလိုလားလား ကူညီပေးတဲ့ ကျောင်း၊ ဆရာဆရာမတွေချည်းပါ။

-------------------------------------------------------------------

📌 7) ICE Award ရရင် ဘာတွေ ကွာမလဲ ???

ပညာရေး အပြောင်းအလဲ တစ်ခုကြောင့် ICE Award ဆိုတာ ပေါ်လာတာပါ။

အမေရိကန် ပညာရေးစနစ်မှာကတော့ စာမေးပွဲ သက်သက်ထက် ကျောင်းသားတွေကို ဘက်စုံတိုးတက်တာ လိုလားပါတယ်။ ကျောင်းသားတွေကို သိပ္ပံသက်သက် လူမှုရေးသက်သက် သင်ယူတာထက် ဘက်ပေါင်းစုံက သင်စေချင်ပါတယ်။ ကျောင်းချိန်ပြင်ပ လှုပ်ရှားဆောင်ရွက်မှု Extracurricular Activities ဘယ်လောက်လုပ်သလဲ ဆိုတာနဲ့လည်း တိုင်းတာပါတယ်။

အင်္ဂလန်စနစ်မှာ Cambridge International အပါအဝင်က မူလတုန်းက စာမေးပွဲစစ်မေးမှု ကို ဦးစားပေးပါတယ်။

စနစ်ပြောင်းတာနဲ့အမျှ Cambridge International ကလည်း အရင်နာမည် Cambridge International Examination (CIE) အဖြစ်ကနေ Cambridge Assessment International Education (CAIE) အဖြစ် ပြောင်းသွားသလို သူတို့ရဲ့ စနစ်လည်း ပြောင်းလာတာပါ။

အမေရိကန် ပညာရေးစနစ်၊ IB Diploma စနစ်တို့နဲ့ လိုက်လျောညီထွေ ပို ဖြစ်တဲ့ ဘက်စုံ ပညာရေး ဖြစ်အောင် ပြောင်းလဲတဲ့ အနေနဲ့ CIE Award ပေါ်လာတာပါ။

Cambridge ICE အထူးလက်ဆောင် လက်မှတ် ရထားသူဆိုတာ ဘက်စုံ သင်ယူဖူးသူအဖြစ် အမေရိကန် က သတ်မှတ်ပြီး သူတို့ရဲ့ အထက်တန်း ပြီးသူနဲ့ အတူတူ အဖြစ် သတ်မှတ်တာမျိုးတွေ ရှိပါတယ်။

တစ်လမ်းသွား မဟုတ်ဘူး ဆိုတဲ့ အားသာချက် က အဓိက ဆိုရမှာပါ။

နောက်တစ်ဆင့် A Levels မှာလည်း အခု ICE လိုပဲ AICE Diploma ဆိုပြီး ပေးပါတယ်။

Ranking အကောင်းဆုံး တက္ကသိုလ်တွေ လျှောက်ဖို့အတွက် အများကြီး အထောက်အကူ ပြုပါတယ်။

ဘာသာစကား နောက်တစ်ခု ပို တတ်သွားတာကိုက မနည်းလှတဲ့ အမြတ် ပဲလေ။

Credit sayar Kyaw Moe Aung

06/02/2021

မြန်မာပြည်ကို အဆက်သွယ်ရတဲ့သူတွေ ဒီစာကို sms ကနေရော ဖုန်းကနေရော ဖြန့်ပေးပါ။ မနက်ဖြန် တကယ်ဆော်တော့မယ် ကြားတယ်။ စစ်သားတွေနဲ့ ရဲတွေနဲ့ကိုလည်း လူစားထိုးထားပြီးပြီတဲ့။ ဒီချိန် facebook ကပဲ share နေရင် မြန်မာ local ကိုရောက်မှာမဟုတ်လို့ phone နဲ့ sms နဲ့ ဖြန့်ပေးပါ ဆက်သွယ်လို့ရတဲ့နေရာတွေကို .. အရေးကြီးပါတယ် ကူပါဦး
————————————————————-

⁃ ပထမကတော့ မျက်နှာဖုံးတပ်ဖို့ဘဲ ၊ mask လည်းရတယ်, fully face mask ဖြစ်လဲရတယ်။
⁃ ဒုတိယက wallet သယ်ချင်သယ်နိုင်ပေမယ့် wallet ထဲ ကိုယ်ရေးအချက်အလက်နဲ့ဆိုင်တဲ့ မှတ်ပုံတင်၊ ကားလိုင်စင်၊ ကျောင်းသားကဒ်၊ဘဏ်ကဒ် အကုန်တနေရာမှာထားခဲ့ပါ။ ထွက်ပြေးလို့ ပြုတ်ကျချန်ခဲ့ရင် နောက်ယောင်ခံလို့ရတယ်။
⁃ တတိယက mobile SIM card အပိုတစ်စုံဖြစ်နိုင်ရင် ဆောင်သွားပါ။ communication ပျက်ရင် အဲ့ဒါနဲ့ ဆက်သွယ်ရမှာ အချင်းချင်း
⁃ ကိုယ်ချီတက်မယ့် route ကြောင်းကို သေချာအောင်လေ့လာပါ။ start point နဲ့ end point ကိုချမှတ်ပါ။ တခုခုဖြစ်ရင် ဘယ်နေရာကိုထွက်ပြေးမလဲ ဘယ်နေရာမှာ ပုန်းမလဲဆိုတာကြိုရှာထားပါ။ ခွဲပြေးပါ။ အသိအိမ်ဆွေမျိုးအိမ်တွေ မြို့နယ်မတူရင် ပိုကောင်းမယ်။
⁃ နောက်တချက်က အကုန်ပြန်ဆက်သွယ်လို့ရမယ့်နေရာ ကြို Plan ထားစေချင်တယ်
⁃ နောက်တခု ဆန္ဒပြတဲ့ အုပ်စုကို အိမ်ထဲကနေဘဲ အခြေအနေတွေကို communicate လုပ်ပေးနိုင်မယ့် လူလိူတယ်၊ လူ အယောက် ၂၀ ပါရင် ၂ ယောက်လောက်က coordination လုပ်ဖို့တာဝန်ယူပါ သပိတ်ထဲလိုက်သွားစရာမလိုဘူး။ အိမ်မှာ၊ နေရာတခုမှာဘဲ ထိုင်ပြီး coordinations လုပ်ပေးရုံဘဲ မြေပြင်အခြေအနေတွေကို တခုခုဆို တခြားအုပ်စူကို သတင်းပို့တဲ့ team.

အဓိက တော့ ဒါကြီးက မပြီးမချင်းလုပ်ရမယ့် အရာအဲ့တော့ အစောထဲက ကိုယ့်ဖက်ကတယောက်မှပါသွားလို့မဖြစ်ဘူး။

01/01/2021

Introduction to Computer Programming Training (16 hours)
------------------------------------------------------------------
==> အခုလို ကျောင်းတွေနားထားတဲ့ အချိန်လေးမှာ ၁၀တန်းအောင်ထားတဲ့သူပဲဖြစ်ဖြစ် ကွန်ပျူတာ programming ကို စိတ်ဝင်စားတဲ့သူပဲဖြစ်ဖြစ် တက်သင့်ပါတယ်
==> သင်ပေးမယ့်အကြောင်းအရာလေးတွေကတော့
==> Programming ဆိုတာဘာလဲ?
==> Programming ကို လေ့လာဖို့ဘာတွေလိုအပ်သလဲ?
==> Object Oriented Programming ဆိုတာဘာလဲ?
==>ဘယ် programming language ကို လေ့လာသင့်သလဲ?

Programming language တွေရဲ့ syntax တွေကို အခြေခံမှစပီး နားလည်သည်အထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကြေးကတော့ 10000 mmk ပါ

မတက်မချင်း စိတ်ကျေနပ်မှု မရမချင်း သင်ပေးပါတယ်
Register လုပ်ချင်ရင်တော့ message box ကနေ နာမည်ရယ် email ရယ်ပေးပို့ပီး လုပ်လို့ရပါတယ်
09795275659 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်

14/06/2020

* 2021 တွင်ဖြေဆိုကြမည့် IGCSE and CIE ကျောင်းသားများအတွက် တန်းခွဲအသစ်များ ပြန်လည်ဖွင့်လှစ်ပါမည်

*2020 October/ November IGCSE ICT ဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အနီးကပ် တန်းခွဲအသစ်များလည်း စတင်ပါပြီ

👉အတန်း၁တန်းလျှင် ကျောင်သား ၅ဦးသာလက်ခံသင်ကြားပေးပါမည်

*တစ်ဦးချင်းစီ သင်ယူချင်သည့် ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း သီးသန့်သင်ကြားပေးနေပါသည်။

*Study Guide လိုအပ်သော သူများအတွက်လည်း လာရောက် သင်ကြားပေးနေပါသည်။

*ဆရာမများ၏ စိတ်ရှည်စွာသင်ကြားနိုင်မှု အလွတ်မှတ်ရန်မလိုပဲ သေချာစွာတတ်ကျွမ်းမှုဖြင့် Practical paper ၂ခုလုံးကို ဖြေဆိုနိုင်ဖို့

*Theory ကိုနားလည်စွာဖြင့် ကျက်မှတ်ဖြေဆိုနိုင်ချင်ရင်တော့ IGCSE ICT Training မှ ဆရာမများနှင့် ခုပင် လေ့ကျင့်ကြပါစို့နော်။ 👌

⏲ Section 1 (For Oct/Nov Exam)
Monday 5:00pm to 6:30 pm
Tuesday 5:00pm to 6:30 pm
Wednesday 5:00pm to 6:30 pm
Thursday 5:00pm to 6:30 pm

⏲ Section 2 (For 2021)
Friday 5:00pm to 6:30 pm
Saturday 5:00pm to 6:30 pm

⏲ Section 3 (For 2021)
Saturday 3:00pm to 4:30pm
Sunday 3:00pm to 4:30pm

* အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 😊
📱09795275659
📱09261781102

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon