27/07/2024
E-lingoရဲ့ နောက်ဆုံးအမှတ်တရ (သို့) Farewell to memories 🍂
ကျွန်တော်တို့ E-lingoဟာ Quality conversation တွေကိုဖန်တီးရင်း အကျိုးရှိတဲ့ ဗဟုသုတတွေကို မျှဝေပေးခဲ့တာ အချိန်တစ်ခုထိရောက်လာပြီဖြစ်ပါတယ်
ဒီလိုဖြတ်သန်းခဲ့ကြတဲ့ အမှတ်တရတွေအပြီးမှာ လာမယ့်စနေနေ့ညကစပြီး E-lingo Conversation Club ကို အပြီးအပိုင်ဖျက်သိမ်းမှာဖြစ်ကြောင်း အသိပေးပါရစေ😢
🍁 ရုတ်တရက်ကြီး မဖျက်သိမ်းလိုက်ချင်တာကြောင့် နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို
အမှတ်တရတွေကို ပြန်လှန်ကြည့်နိုင်ဖို့ participantတွေရဲ့ “Memorable moment” တွေကို နားထောင်ရင်း အတူတူဖြတ်သန်းနိုင်ဖို့ပြင်ဆင်ထားပါတယ်✨
🍂 အမှတ်တရတွေဆိုတာ ကောင်းကောင်းဆိုးဆိုး ရွှေလိုတန်ဖိုးရှိတာမို့ ခွဲခွါရတဲ့အခါလည်း အမှတ်တရတွေအကြောင်းပြောရင်း နှုတ်ဆက်ကြရအောင်ပါ
ဖြတ်ကျော်ခဲ့သမျှအခက်အခဲတွေ၊ ကြည်နူးစရာအခိုက်အတန့်လေးတွေကို သတိရရင်း
ပင်ပန်းရတဲ့ ရက်သတ္တပတ်အပြီးမှာ အပန်းဖြေနိုင်ဖို့ အိုအေစစ်လေးတစ်ခုကို ဖန်တီးထားပါတယ် 🏝️
🚪လူငယ်တွေအချင်းချင်း ရင်ဘက်ချင်းနီးပြီး ကိုယ့်အကြောင်းသူ့အကြောင်းဖလှယ်နိုင်ဖို့
🚪 တခြားလူတွေရဲ့ experience တွေ နားထောင်ရင်း အတွေးအသစ်တွေ ရရှိစေဖို့
🚪 ရင်ထဲမှာသိမ်းထားတဲ့အမှတ်တရတွေကို အပေါ့ပါးဆုံးဖွင့်ချနိုင်အောင် discussion တွေပြင်ထားပေးပါတယ်✨
အပြည့်အဝ supportingပေးပြီး နားထောင်ပေးကြမယ့် faciတွေကလည်း စောင့်မျှော်နေကြတာမို့
ကိုယ့်ရဲ့ core memoryတွေကို လာရောက်ဝေမျှကြရင်း E-lingoရဲ့ နောက်ဆုံးအစီအစဉ်လေးကို လာရောက်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ 🪴✨
Youth Renaissance is inviting you to a scheduled Zoom meeting.
Topic: E-Lingo speaking club
Time: July 27, 2024 07:16 PM Asia/Yangon
https://us06web.zoom.us/j/5431265605?pwd=8v6alNooGNwFt1bZbGvvC940XwMeY7.1
ID: 543 126 5605
Passcode: nJK7X5
Date: 27.7.2024(Saturday)
Time: 7:30 P.M to 9:30 P.M
Content - ND
Graphic- Annics