17/04/2025
Here is a first draft on how to use debris for reconstruction: https://g-network.ch/myanmar/debry-us-in/ We are happy to hear your feedback!
Myanmar - G-Network AG
Welcome to the Myanmar Reconstruction Network Why this network exists How to get started In response to the devastating earthquake in Myanmar, this platform was…
06/05/2019
Project Enabling:
CAS Strategisches Projektmanagement im Bauwesen I+II
In diesem CAS-Programm lernen die Teilnehmenden Projekte unter Berücksichtigung der übergeordnete...
29/01/2018
The Intensive Course in Site Management 2018 ၏ သင်တန်းကာလမှာ
6th Course ကို 6.2.18မှ 2.3.18
အပတ်စဉ် Tue to Fri
(3:00 pm to 7:30 pm)
Site Engineer များအတွက်လုပ်ငန်းခွင်စီမံခန့်ခွဲခြင်း
Site Engineer တစ်ယောက်အတွက် စီမံကိန်းတစ်ခုအားအဆင်ပြေချောမွေ့စွာပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်များစွာတာဝန်ရှိပါသည်။ထို့ကြောင့်Site Engineer တစ်ယောက်အတွက် ဆောက်လုပ်ရေးစီမံကိန်းများအားသေချာတိကျစွာစီမံခန့်ခွဲနိုင်သောအရည်အချင်းကောင်းများပိုင်ဆိုင်ထားရန် အရေးကြီးပါသည်။သင်တန်း၏အဓိကရည်ရွယ်ချက်မှာ မိမိတာဝန်ယူထားသော လုပ်ငန်းခွင်စီမံကိန်းတစ်ခုလုံးအား မည်သို့အောင်မြင်အောင်တာဝန်ယူလုပ်ဆောင်ရွက်နိုင်စေရမည်ကို ရည်ရွယ်ကာသင်ကြားပေးလိုသောကြောင့်ဖြစ်ပါသည်။
နေရာ
အမှတ်(၅)၊စေတနာလမ်း၊(၈)ရပ်ကွက်၊လှည်းတန်း၊ကမာရွတ်။ဖုန်း : 09 797118811 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
အဖွဲ့အစည်း
The Intensive Course in Project Managementကိုဆွစ်ဇာလန်နိုင်ငံThink- and Do-Tanks မှ ဖွင့်လှစ်ခြင်းဖြစ်သည်။
G-Network AG ၏ အသေးစိတ်အချက်အလက်ကို
email : [email protected] နှင့်
homepage : www.g-network.ch/en တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဤသင်တန်းကိုSite Engineer များအတွက်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
25/10/2017
လူတိုင်း အောင်မြင်ချင်ကြပါတယ်။ အဘက်ဘက်ကပြည့်စုံတဲ့လူတစ်ယောက်ကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်ဖူးပြီး သူ့လိုဖြစ်ချင်လိုက်တာဆိုတဲ့ အားကျစိတ် လူတော်တော်များများခံစားဖူးကြမှာပါ.။ဒီသဘောတရားကိုပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ စီးပွားရေး အဆင်ပြေနေတဲ့လူကိုမြင်ရင် ဒီလူကံကောင်းလိုက်တာဆိုပြီး အားကျတတ်ကြပါတယ်။ငါလည်းဒီလူလို ဝင်ငွေကောင်းရင် ကောင်းမယ်ဆိုပြီးအများစုတွေးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလူဟာ ဒီလိုအောင်မြင်အောင်ဘယ်လောက်များ ပေးဆပ်ခဲ့ရလဲဆိုတာကိုတော့ သိပ်မတွေးဖြစ်ကြပါဘူး။ဒါဟာအရမ်းအရေးကြီးတဲ့အချက်ပါ။တကယ်သာသူ့လိုအောင်မြင်အဆင်ပြေချင်တယ်ဆိုရင် သူဘယ်လိုတွေများပေးဆပ်ခဲ့ရလဲ အချိန်ဘယ်လောက်ယူခဲ့ရလဲ ဆိုပြီးစဉ်းစားတွေးခေါ်သင့်တယ်လို့ကျွန်တောထင်ပါတယ်။အောင်မြင်မှုတစ်ခုဟာ လွယ်လွယ်နဲ့ဘယ်တော့မှမရနိုင်ပါဘူး။ထိုက်တန်တဲ့ပေးဆပ်မှုဆိုတာတော့နေရာတိုင်းမှာရှိနေပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံး ကိုယ့်ပတ်ဝန်းကျင်ကလူတစ်ဦးတစ်ယောက်ယောက်ကိုအားကျမိခဲ့ရင် ထိုလူဘယ်လိုမျိုးစတင်ခဲ့တာလဲဆိုတာအရင်တွေးပြီး ကျွန်တော်တို့လဲအတုယူသင့်တဟ်လို့ထင်ပါတယ်။အမှားပါသွားရင်ခွင့်လွှတ်ပြီးဖတ်ပေးစေချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်။
19/10/2017
သေသပ်လှပပြီး ကြာရှည်အသုံးခံတဲ့ အရည်အသွေးမြင့်ခေါင်မိုးတစ်ခု ဖြစ်ဖို့ ဘယ်အရာတွေအဓိက လိုအပ်တယ်လို့ သင်တို့ထင်ပါသလဲ? ကျွန်ုပ်တို့နေထိုင်ရာသဘာဝပတ်ဝန်းကျင်မှာ ပိုလျှံနေတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ထိုကဲ့သို့အရည်အသွေးမြင့်တဲ့ထုတ်ကုန်မျိုးထုတ်လုပ်လို့ရနိုင်တယ်လို့ သင်တို့ထင်ပါသလား။ကျွန်တော်တို့ G-Network.AG မှထိုကဲ့သို့ထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးဖို့ ရည်ရွယ်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ Project ကိုစိတ်ပါဝင်စားသူများ ဝေဖန်အကြံပေးလိုသူများ ကျွန်တော်တို့နှင့်ပူးပေါင်းပါဝင်လိုပါကလည်း လာရောက် မေးမြန်းနိုင်ပါတယ်လို့သတင်းကောင်းလေးပေးပါရစေ။
photos from google.
16/10/2017
ကျေးလက်ဒေသက ဆင်းရဲတဲ့ လူတွေနေထိုင်တဲ့ အိမ်လေးတွေ အမြောက်အများစုဟာ ဖျင်တဲအိမ်လေးတွေပဲဖြစ်ပါတယ် ။
နေလုံ မိုးလုံခံနိုင်တယ်ဆိုရုံလေးမျှသာဖြစ်ပြီး ဖြစ်သလိုနေထိုင်နေရတာပါ။ ယင်းကဲ့သို့ အိမ်အများစုကို အဆင့်မှီအိမ်ငယ်လေးတွေ တည်ဆောက်နိုင်ဖို့ အတွက် ပမာဏအနည်းငယ်နဲ့ တည်ဆောက်ထုတ်လုပ်နိုင်ဖို့ အတွက်စိတ်ကူးရှိပါတယ် ။ လူကြီးမင်းတို့ အနေနဲ့ လည်းစိတ်ပါဝင်စားမည်ဆိုပါက G-Network AG သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ။
12/10/2017
တစ်ကိုယ်ရည်တစ်ကာယသမားများအတွက်
🏠 ရေချိုးခန်း ရော အိမ်သာရော အိပ်ယာတစ်ခုရော တစ်ခြားတကယ်အသုံးလို မည့် အရာတွေပါဝင် ပြီး functional ဖြစ်စေမည့် အသင့်ဆောက်ပြီးသားအိမ်တစ်လုံးအတွက် ။အိမ်ခြံမြေဈေးနှုန်းတွေမြင့်တက်နေချိန်တစ်ယောက်တည်း သမားများအတွက် ကိုယ်ပိုင်အိမ်တစ်လုံး ရဲ့အကျယ်အဝန်းကို
9ft x 9ft ဆိုရင် လူကြီးတို့အနေနဲ့ တန်ဖိုးဘယ်လောက်ရှိသင့်တယ်လို့ခန့်မှန်းထားပါသလဲ။
G-Network AG
10/10/2017
အိမ်တစ်လုံးကိုပြီးပြည့်စုံအောင် တည်ဆောက်မယ်ဆိုရင် နည်းစနစ်အားလုံးကို စနစ်ကျကျတည်ဆောက်ဖို့ ကအရေးကြီးပါတယ်။ ကိုယ်ပိုင်အိမ်တစ်လုံးသာမက အထပ်မြင့်တိုက်တွေမှာ အထပ်တိုင်း အထပ်တိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ ရာနည်းစနစ်တွေရှိပါတယ် ။ အောက်ခြေ မြေကြီးကနေ အပေါ်ဆုံးခေါင်မိုးအထိ ထိန်းသိမ်း ဂရုစိုက်ရမယ့်အပိုင်းတွေကို ဗဟုသုတအနေနဲ့ အောက်ပါပုံလေးနဲ့ အတူ ဖော်ပြပေးလိုက်ပါတယ် ။ အကယ်၍ လူကြီးမင်းတို့ အနေနဲ့ အကြံညာဏ် အကူအညီရယူလိုပါက ကျွန်ုပ်တို့  G-Network ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ် ။
09/10/2017
လူသားတစ်ယောက်ဖြစ်လာတာနဲ့ ရှေ့ဆက်အသက်ရှင်ရရဖို့ကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရတာပါပဲ။လူတိုင်းလူတိုင်းပညာသင်ရမယ့်အရွယ်မှာ ကိုယ်ဝါသနာပါရာဘာသာရပ်တစ်ခုစီကိုရွေးချယ်ပြီး ကိုယ့်ဘဝရှေ့ရေးအတွက်အသုံးချကြရတာပါပဲ.ပညာရပ်ဆိုတဲ့နေရာမှာကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားတွေကိုပဲဆိုလိုတာမဟုတ်ပါဘူး ကျောင်းမနေပေမယ့် အတတ်ပညာတစ်ခုခုကိုတတ်မြောက်ပြီး ဘဝရှေ့ရေးအတွက်ရုန်းကန်နေကြသူတွေလည်းတူတူပါပဲ။လူသားတိုင်းအသက်ရှင်ရပ်တည်ဖို့အတွက်အတတ်ပညာသာမက အသိပညာဟာလည်းတကယ်ကိုလိုအပ်ပါတယ်။အတတ်ပညာတတ်မြောက်ပြီး အသိပညာမရှိသူဟာ ဆားမပါတဲ့ဟင်းလိုပါပဲ ပေါ့ပျက်ပျက်နိုင်တယ်လို့ကျွန်တော်ထင်မိတယ်။ကျွန်တော်တို့ခုခေတ်လူငယ်တော်တော်များများကို လေ့လာပြီးပြောရမယ်ဆိုရင် စူးစမ်းလိုစိတ်ရှိပြီး ဥာဏ်ကောင်းကြပါတယ်။နည်းပညာအရလည်းတိုးတက်နေတဲ့အတွက် သင်ယူတတ်မြောက်ချင်စိတ်တစ်ခုသာရှိနေမယ်ဆိုရင် အရာရာအဆင်ပြေမှာပါ။ဘယ်အရာမဆိုလွယ်လွယ်နဲ့တတ်မြောက်တယ်ဆိုတာမရှိပါဘူး.ပညာရပ်တစ်ခုတတ်မြောက်ဖို့အတွက် ထိုက်သင့်တဲ့အချိန်တစ်ခုကိုတော့ကျွန်တော်တို့ပေးဆပ်ရတာပါပဲ ဒါကြောင့်စိတ်ရှည်ရှည်ထားဖို့လိုပါတယ် ပျင်းရိငြီးငွေ့နေမယ်ဆိုရင်တော့ ပန်းတိုင်ဆိုတာ အဝေးကြီးမှာပဲရှိနေမှာပါ ကျွန်တော်ပြောတာတွေထဲမှာ အမှားပါသွားရင်လည်းသည်းခံပြီး ဖတ်ပေးစေချင်ပါတယ် ကျေးဇူးတင်ပါတဟ်ခင်ဗျာ။