High Class

High Class

Share

Grade 5 to Grade 12 စာသင်/စာကျက်ဝိုင်း

24/04/2026

📚 Grade 5 to Grade 12 (Government Course)
English & Mathematics Specialized Classes

✔️ Subject Teacher သီးသန့်ဖြင့်
✔️ Math + English တန်းခွဲတစ်ခုစီ သင်ကြားပေးခြင်း
✔️ Concept နားလည်အောင် အခြေခံခိုင်မာစေခြင်း

🟨 Extra Problems များစွာဖြင့်
Exam ဖြေဆိုရာတွင် အမှတ်ကောင်းရရှိစေရန် လေ့ကျင့်ပေးမည်

🟨 အစိုးရခရိုင်စစ်အတွက်
မေးခွန်းဟောင်း / နမူနာမေးခွန်းများဖြင့် Practice ပြုလုပ်ပေးမည်

🟩 Limited Students (လူဦးရေအကန့်အသတ်ရှိ)
🟩 Effective Learning Environment
🟩 2026 – 2027 စာသင်နှစ်အတွက် ကြိုတင်အပ်နှံနိုင်ပါပြီ

🚀 May 2026 – Class New Intake Open!

📌 လူပြည့်မြန်သောကြောင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ

22/04/2026

ကျောင်းသားကျောင်းသူများ သိစေရန်

ဆရာ/ ဆရာမ က ဘယ်လောက်သင်သင်
ဘယ်လို Plan ပေးပေး ကျောင်းသား/သူက မလုပ်ရင် ဘာမှအရာမထင်ပါဘူး။
ကျူရှင်ဘယ်နှစ်ခုတက်တက်
Guide ဘယ်နှစ်ယောက်ခေါ်ခေါ်
အရာအားလုံး ပလုံပါဘဲ။

Theory တွေသင်တယ်
Notes တွေ ရေးပေးတယ်
Highlight တွေ လုပ်ပေးတယ်
အထပ်ထပ်ရှင်းတယ်
အကြိမ်ကြိမ်ပြောတယ်
ပါးစပ်က အမြှပ်ထွက်အောင်ပြောတယ်
နားထဲဝင်အောင် ဖန်တရာထေပြောတယ်
ဘယ်လိုပြောပြော ဘယ်လောက်ပြောပြော
ဆရာသင်ပြီးလို့ စာအုပ်ပြန်လှန်မကြည့်ရင်
အဲ့ကျောင်းသားက သူနဲ့တန်သလောက်ပဲရမယ်။

ဒီနေ့သင်လိုက်တယ်
အိမ်ရောက်ရင် လွယ်အိတ်မဖွင့် စာအုပ်မလှန်ဘဲ
နောက်နေ့ပြန်လာခါနီးမှ
မနေ့ကလွယ်အိတ်ကောက်လွယ်ခဲ့ရင်
မနေ့ကဟာ ဘယ်လောက်နားလည်ခဲ့ပါစေ
နှလုံးသားမှာ ကြာရှည်မစွဲမြဲဘူး။

ဦးနှောက်နဲ့ နားလည်တာကို
စိတ်မှာစွဲအောင်မလုပ်ရင်
မင်းမှာ ဗလာနတ္ထိ စမ်းမကြည့်နဲ့
အားလုံး သုည Workdone zero ပဲ ရမယ်။

စွဲမြဲအောင် မလေ့လာ
မှတ်မိအောင် မကျက်မှတ်ရင်
မင်းရဲ့ ဉာဏ် မိုးပျံအောင်ကောင်းနေပါစေ
မင်းက အောင်တဲ့အဆင့်မှာ ရပ်သွားမယ်။
မင်းက ဉာဏ်ရည်အားနည်းရင်
ရှုံးတဲ့အဆင့်ကိုရောက်သွားမယ်။

တတ်သည့်ပညာ မလေ့လာ
မကြာမရှည် မေ့တတ်သည်တဲ့။
ဓားလို ခဏခဏ သွေးနေမှ
တုံးမသွားဘဲ ထက်နေမှာ။

ကိုယ်တိုင်ကလည်း Effort ရှိရမယ်။
ဋ္ဌာန်နဲ့ ကရိုဏ်းရှိပေမယ့်
ပယတ်သာမရှိခဲ့ရင် အသံမထွက်ပါဘူး။
စောင်းနဲ့ စောင်းကြိုးရှိပေမယ့်
လက်နဲ့မတီးခတ်ရင် စောင်းသံမထွက်ဘူး။

အလွတ်ကျတ်တာ မကြိုက်ပါတို့
သီအိုရီနားလည်ရင် ရပြီတို့
Own creation နဲ့ နားလည်သလိုရေးမှာတို့မလုပ်နဲ့
Formula အလွတ်ရမှ တွက်လို့ရမယ်
အဲ့တော့ ကျက်ရမယ်။

Theory တွေ Law တွေ မှန်အောင်ရေးရမယ်
Own Sentence ရေးမယ်ဆိုရင်
Pattern မှန်အောင် ရေးနိုင်ရဲ့လား။
ခက်ဆစ်ကို မကျက်ဘဲ ဖတ်ထားတာနဲ့
အလွတ်ချရေးလို့ရမယ်ထင်လား
အမှတ်ရမယ်ထင်လား
ရရင် လုပ်ကြည့်လိုက်လေ။

ပလိုင်းပေါက်နဲ့ ဖားကောက်သလို
ခြင်းကြားနဲ့ ရေသယ်သလိုဖြစ်မယ်
အချိန်ကုန်လူပင်ပန်းတာကလွဲလို့
ကျန်တာ ထွေထွေထူးထူးမရှိဘူး။
ပိုးကြိုးတွေသာ အခွေခွေကုန်မယ်
ဘယ်သောခါမှ စောင်းတီးဖို့တတ်မှာမဟုတ်ဘူး။

အဲ့တော့ မိဘ ဘယ်လောက်ရစေချင်ချင်
ဆရာ / ဆရာမ ဘယ်လောက်နားလည်အောင်သင်သင်
ဆရာ/ ဆရာမ ဘယ်လောက်စေတနာထားထား
ကျောင်းသားမှာ ရချင်စိတ်နဲ့ လုပ်ချင်စိတ်မရှိရင်
မဖြစ်ထွန်းတာသေချာနေပြီမို့လို့
ဘာမှမမျှော်လင့်ပါနဲ့တော့။

Credit: ဆရာကြီးဦးနေမင်းခန့်

17/04/2026

နှစ်သစ် “နှစ်ဆန်းတစ်ရက်"
(မင်္ဂလာ‌နေ့)အခါသမယ မှ စ၍...🙏🙏🙏

ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်း၊
ကံကောင်းခြင်း၊ကြွယ်ဝပြည့်စုံချမ်းသာခြင်း အစရှိတဲ့ ...

လာဘ်လာဘ အပေါင်းနဲ့ ခညောင်းနိုင်ပါစေ စီးပွါးဥစ္စာဒီရေအလားတိုးပွါးကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် ...🙏🙏🙏


#နှစ်သစ်ဆုတောင်း

14/01/2026

2026-27 ပညာသင်နှစ်အတွက် ကြိုတင်အပ်နှံ နိူင်ပါပြီ

High Class Education Centre
(Teaching & Guide)
# 2026-27ပညာသင်နှစ်အတွက်
Grade10 ,Grade11, Grade 12
အတန်းများအတွက်
#စာသင် #စာကျက် #စာမေး #စာစစ်
ဘာသာစုံ သင်ကြား လေ့ကျင့်ပေးသည်။

အခြေခံအားနည်းသူများ အခြေခံမှ စတင် ပြီး အသေးစိတ် သင်ကြားလေ့ကျင့်ပေးပါသည်

ဥာဏ်ရည်မြင့်သူများ ကိုလည်း ထူးချွန် ထက်မြတ်စေရန် ပြင်ပလေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်းများ ကို အကြိမ်ကြိမ်လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပါသည်။

ဘာသာစုံ ၊တစ်ဘာသာချင်း
& အပြီးအစီး
သင်ကြား/လေ့ကျင့်ပေးမည်ဖြစ်ပါသည်။

ဘာသာရပ်တိုင်း၏ ကျက်စာများကို
ရေးကျက်လေ့ကျင့်ပေး၍ တွက်စာများကိုလည်းစာသင်သား ကိုယ်တိုင် စဥ်စားတွေးခေါ် တတ်စေရန် Concept ထိထိမိမိ သင်ကြားပေးပြီး တိကျသေချာစွာ လေ့ကျင့်ပေးမည် ဖြစ်ပါသည်။

📆 Weekly/Monthly Exam Tests များဖြင့်
သင်ခန်းစာများကို အမြဲဖြေဆို လေ့ကျင့်ပေးပါသည်

⏰ သင်ရိုးတစ်ခုလုံး အချိန်မီ ပြီးစီးအောင် အတွေ့အကြုံရင့် ဆရာ/ဆရာမများမှ
သင်ကြားပေးမည်ဖြစ်ပါသည်။

သင်ရိုးသစ် ကိုသေချာနားလည် ကျွမ်းကျင်သော
စာသင်သက် ၂၀ နှစ် နှင့်အထက်ရှိသော ဘာသာရပ်ကျွမ်းကျင် Professional ဆရာ/ဆရာမများမှ သင်ကြား လေ့ကျင့်ပေးပါသည်။

High Clasa Education Centre
No (6), 12th Street (Lowerblock) , Lanmadaw, Yangon
Call us: 09785040469,
Viber no. 09785040469

Photos from High Class's post 09/01/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ ဓာတု‌ဗေဒဘာသာရပ် သိကောင်းစရာ

ဒေါက်တာရဲမြင့်အောင် ပါမောက္ခ(ဌာနမှူး)
ဓာတုဗေဒဌာန၊ရန်ကုန်တက္ကသိုလ်

မင်္ဂလာပါတပည့်တို့။ ဒီကနေ့ဆွေးနွေးမှာကတော့ ၂၀၂၆ ခုနှစ်၊ မတ်လမှာ ကျင်းပမည့် စနစ်သစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ဓာတုဗေဒဘာသာရပ်ကိုဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် အထောက်အကူဖြစ်စေဖို့ မေးခွန်း(၁)စုံကို နမူနာပေး၍ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုမှုကို လေ့လာစေလိုပါတယ်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒမေးခွန်းပုံစံသည် ၂၀၂၄၊ ၂၀၂၅ Grade 12 တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံအတိုင်း-
Section A နဲ့ Section B ဆိုပြီး အပိုင်း ၂ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ Section A မှာ Objective types တွေဖြစ်တဲ့ TRUE/FALSE၊ Fill in the blanks နှင့် Multiple choice questions (MCQs) တို့ကို နံပါတ် ၁ ကနေ နံပါတ် ၃ အထိ ၁ မှတ်တန်မေးခွန်း ၁၀ ပုဒ်စီ မေးထားပါတယ်။ စုစုပေါင်း ၃၀ မှတ်ဖိုး ဖြေဆိုရပါမယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ဓာတုဗေဒဘာသာရပ်ကို မည်မျှကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာထားတာကို စိစစ်တဲ့မေးခွန်းများဖြစ်ပြီး အခန်းအားလုံးနှင့် သက်ဆိုင်တဲ့ မေးခွန်းများဖြစ်ပါတယ်။
Section A မေးခွန်း နံပါတ် ၁ TRUE /FALSE (မှန်/မှား) ရွေးချယ်စေတဲ့မေးခွန်းမှာ T သို့မဟုတ် F လို့ မရေးဘဲ TRUE သို့မဟုတ် FALSE လို့ အပြည့်အစုံရေးမှသာ အမှတ်ရမှာဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၂ Fill in the blanks ဖြေဆိုရာမှာ မေးခွန်းပြန်ကူးစရာမလိုဘဲ ကွက်လပ်တွင် ဖြည့်ရမည့်အဖြေမှန်ကိုသာ မှန်ကန်စွာရေးသားဖြေဆိုရမှာ ဖြစ်ပါတယ်။ စာလုံးပေါင်းမှန်ရမည့်အပြင် အဖြေပြည့်စုံရပါမယ်။ မေးခွန်း နံပါတ် ၃ Multiple choice questions (MCQs) တွင် ဖော်ပြချက် ၄ ခုမှ အဖြေမှန်တစ်ခုသာလျှင် ရွေးချယ် ရမှာဖြစ်ပါတယ်။ အဖြေမှန်တစ်ခုရွေးချယ်ရာတွင် ပေးထားသောအက္ခရာ A, B, C, D မှ အဖြေမှန်တစ်ခု သာလျှင် ရွေးချယ်ရေးပေးရန် ဖြစ်ပါတယ်။ မေးခွန်းစာသားကို ပြန်ကူးရေးရန် မလိုပါ။ အဖြေမှန်တစ်ခုထက် ပိုရေးမိလျှင် အမှတ်မရနိုင်ပါ။
Section B မေးခွန်း နံပါတ် ၄ မှာ ၅ မှတ်တန် Short and Medium Questions ပုဒ်ခွဲ ၅ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ ပုဒ်ခွဲ ၅ ပုဒ်စလုံးကို ဖြေဆိုရမှာဖြစ်ပါတယ်။ ၅ ပုဒ်ထဲက အခန်း(၇) Environmental Chemistry ကို ပုဒ်ခွဲတစ်ခုမှာ OR ခံမေးမှာဖြစ်ပါတယ်။ ဒါကြောင့် ၃၀ မှတ်ဖိုးထဲမှ ၂၅ မှတ်ဖိုးဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၅၊ ၆၊ ၇ မှာ ၅ မှတ်တန် Structured၊ Short and Medium Questions သုံးပုဒ်စီမေးမှာ ဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၅ မှာတော့ Physical Chemistry အပိုင်းကို OR ခံမေးမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမှာလည်း အမှတ် ၂၀ ဖိုးမှာ ၁၅ မှတ်ဖိုး ဖြေရမှာဖြစ်ပါတယ်။ မေးခွန်း နံပါတ် ၆ ၏ ပုဒ်ခွဲတစ်ပုဒ်မှာ Organic Chemistry အပိုင်းကို OR ခံ မေးမှာဖြစ်ပါတယ်။ အဲဒီမှာလည်း အမှတ် ၂၀ ဖိုးမှာ ၁၅ မှတ်ဖိုး ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းနံပါတ် ပုဒ်ခွဲတစ်ခုသည် Inorganic Chemistry အပိုင်းကို OR ခံ မေးထားခြင်းဖြစ်ပါတယ်။ အဲဒီမှာလည်း အမှတ် ၂၀ ဖိုးမှာ ၁၅ မှတ်ဖိုးဖြေရမှာဖြစ်ပါတယ်။ ဒါကြောင့် Section B မှာ စုစုပေါင်း အမှတ် ၉၀ ဖိုးမှ အမှတ် ၇၀ ဖိုး ဖြေဆိုရမှာဖြစ်ပါတယ်။ Section A နှင့် Section B မှာ မေးတဲ့ မေးခွန်းအားလုံးဟာ အခန်းတိုင်းနဲ့ သက်ဆိုင်တာဖြစ်လို့ အခန်း ၈ ခန်းလုံးကို သေသေချာချာ ဖတ်ရှုလေ့လာထားစေလိုပါတယ်။

Grade 12 ဓာတုဗေဒ ပြဋ္ဌာန်းစာအုပ်မှ အခန်း(၈)ခန်းကို ဓာတုဗေဒဘာသာရပ်ရဲ့ အခန်း(၈)ခန်းအားလုံး၏ သဘောတရားများကို နားလည်မှု/တတ်ကျွမ်းမှု/လေ့လာ အားထုတ်မှုတို့ကို စစ်ဆေးထားခြင်းသာလျှင်ဖြစ်ပါတယ်။

အခန်းလိုက်ဖြေဆိုမှုကို ကြည့်ခြင်းအားဖြင့် Chapter 1 Chemical Bonding and Intermolecular Forces သင်ခန်းစာမှ SECTION 1.1 မှ 1.5 အထိ လေ့လာပြီး ဖြေဆိုရသော မေးခွန်းနှင့် အဖြေများသာလျှင် ဖြစ်ပါတယ်။
အက်တမ်များအကြား bond ဖြစ်ပေါ်မှုအပြင် molecular structures and shapes တွေကိုပါ သိရှိနိုင်စေရန် အချက်ကို ဖော်ပြပေးထားပြီး လေ့လာမှတ်သားထားစေလိုပါတယ်။
အဓိကသတိပြုရမှာကတော့ Lewis structure ရေးသားလျှင် unshared paired electrons တွေကို ဖြည့်စွက်ခြင်းအတွက် molecule ရဲ့ element တိုင်းက octet rule ကိုလိုက်နာပြီး ဖြည့်ရမည်ဖြစ်သည် (H ကတော့ 2 electrons ပဲ share လုပ်ပါမယ်)။
Valence Shell Electron Pair Repulsion (VSEPR) theory
VSEPR သီအိုရီအရ shape ကို ခန့်မှန်းဖို့အတွက် – molecule ရဲ့ Lewis’s structure ကို ဆွဲပါ။ Central atom ကို ဝန်းရံနေတဲ့ electron pair ကို ရေတွက်ပါ။ Electron pair ရဲ့ geometry ကို ရှာဖွေပါ။ နောက်ဆုံးအဆင့်မှာ Molecular Shapes ကို ခန့်မှန်းဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။

Chapter 2 Energy Changes in Chemical Reactions မှာ-
စွမ်းအင်ပြောင်းလဲခြင်း၏ သဘောတရားများဖြစ်သော energy transformation, Law of conservation of energy, Chemical energy နှင့်သက်ဆိုင်သည့် သဘောတရားများကို နားလည်ထားမည်ဆိုပါက ဓမ္မဒိဋ္ဌာန်မေးခွန်းနှင့် မေးခွန်းတိုများကို ဖြေဆိုနိုင်မည်ဖြစ်ပါတယ်။ ဓာတ်ပြုခြင်းတစ်ခုမှာ ဓာတ်ပြုပစ္စည်းများနဲ့ ဓာတ်ဖြစ်ပစ္စည်းများရဲ့ chemical energy ခြားနားမှုကနေ စွမ်းအင်ထုတ်လွှတ်ခြင်း၊ စုပ်ယူခြင်းစတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေပါတယ်။
ပြင်ပစွမ်းအင်ပေးဖို့ မလိုအပ်သောဓာတ်ပြုခြင်း၊ ပြင်ပစွမ်းအင်ပေးမှ ဓာတ်ပြုခြင်းဖြစ်ပေါ်ခြင်း ဆိုလိုတာကတော့ spontaneous နှင့် non-spontaneous reaction တို့၏သဘောတရားများ သိရှိထားကြရမယ်။
ဓာတ်ပြုခြင်းဖြစ်ပေါ်နေတဲ့ နယ်ပယ်ကို system (စနစ်)၊ ၎င်းနဲ့ထိစပ်နေတဲ့အရာကို surroundings (ဝန်းကျင်)လို့ သတ်မှတ်ပါတယ်။ Reaction ဖြစ်တဲ့နယ်ပယ် system ကနေ surroundings ဘက်သို့ အပူစီးကူးထုတ်လွှတ်ရင် exothermic reaction လို့ခေါ်ပြီး surroundings ဘက်က အပူကိုစုပ်ယူရင် တစ်နည်းအားဖြင့် အပူပေးရတဲ့ reaction တွေကို endothermic reaction လို့ သတ်မှတ်ကြောင်း သိရှိထားရမှာ ဖြစ်ပါတယ်။
အပူပြောင်းလဲမှုကြောင့် ဓာတ်စည်းပြတ်တောက်ခြင်း၊ ဓာတ်စည်းဖြစ်ပေါ်ခြင်းများနှင့်ဆိုင်သော ပုစ္ဆာများ ဖြေရှင်းတတ်ရန် ပုစ္ဆာ(၁)ပုဒ်ကို ဖော်ပြပေးထားမယ်။ ထိုပုစ္ဆာမျိုး တွက်ချက်တတ်စေရန် လေ့ကျင့်ထားစေလိုပါတယ်။

ဓာတ်ပြုခြင်းများမှာ အပူပြောင်းလဲမှုနှင့်သက်ဆိုင်သော thermochemical equation များကို ရေးနိုင်ရန် လိုအပ်ပါတယ်။

ဒြပ်ဝတ္ထုပစ္စည်းများ enthalpy တစ်ဖိုးကို တိုက်ရိုက်တိုင်းတာနိုင်ပေမယ့် calorimeter ကို အသုံးပြုပြီး \Delta T တစ်ဖိုးကို တိုင်းတာနိုင်ပါတယ်။ ထိုမှတစ်ဆင့် q = mc\Delta T ညီမျှခြင်းကို အသုံးပြု၍ (Enthalpy Change) ကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ နမူနာဖြေဆိုမှုကို ကြည့်ရှုနိုင်ပါတယ်။
Enthalpy cycle ဆိုင်ရာ ပုစ္ဆာတွေတွက်ချက်ရာမှာ enthalpy change of formation နဲ့ enthalpy change of combustion တို့မတွက်ယူရတဲ့ပုစ္ဆာတွေကိုလည်း စေ့စပ်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ ပုစ္ဆာတွက်ချက်ရာမှာ physical states များ၊ အပူပြောင်းလဲခြင်းဆိုင်ရာသင်္ကေတများနဲ့ units တွေကိုလည်း မှန်ကန်စွာရေးသားနိုင်ဖို့ လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။
Chemical Bond တစ်ခုကိုဖြတ်ဖို့ သို့မဟုတ် chemical bond တစ်ခုဖြစ်ပေါ်ဖို့ လိုအပ်တဲ့စွမ်းအင်ကို bond energy သို့မဟုတ် bond enthalpy လို့ ခေါ်ပါတယ်။ သင်္ကေတကတော့ E ဖြစ်ပါတယ်။ Bond breaking အတွက် E တန်ဖိုးကို plus နဲ့ ဖော်ပြပြီး bond making အတွက် minus နဲ့ ဖော်ပြပါတယ်။ Chemical bond တစ်ခုအတွက် ဓာတ်စည်း ပြတ်တောက်ခြင်းနဲ့ ဖြစ်ပေါ်ခြင်းတို့အတွက် လိုအပ်တဲ့ energy ပမာဏတူညီပြီး လက္ခဏာဆန့်ကျင်ဘက် ဖြစ်ကြောင်း သိရှိရန်လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပုစ္ဆာများ လေ့ကျင့်ထားကြပါ။

Chapter 3 Chemical Kinetics: Rates of Reaction မှာတော့ chemical reaction တစ်ခုမှာ reactant ကနေ product အဖြစ်ပြောင်းလဲတဲ့အခါ နှေးကွေးတဲ့ ပြောင်းလဲမှုရှိသလို မြန်ဆန်တဲ့ပြောင်းလဲမှုလည်းရှိပါတယ်။ ဒီလိုလုပ်ရှားပြောင်းလဲမှုတွေကို အချိန်နဲ့ဆက်စပ်တွက်ချက်ရင် နှုန်းဆိုတာရရှိလာပါတယ်။ Dynamite ပေါက်ကွဲခြင်း၊ အစားအစာများ ပုပ်သိုးခြင်း၊ သံချေးတက်ခြင်း၊ ကျောက်စိုင်ကျောက်သားများ တိုက်စားခံရခြင်းတွေဟာ စက္ကန့်ပိုင်းကနေ နှစ်ကာလအတန်ကြာသည်အထိ အသီးသီးဓာတ်ပြုဖြစ်ပွားကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဓာတ်ပြုနှုန်းနှင့် သက်ဆိုင်သည့် ဥပမာပုစ္ဆာနှင့် လေ့ကျင့်ခန်းများကို တွက်ထားစေလိုသည်။

ရှုထောင့်အမျိုးမျိုးမှ reaction rate ကို တွက်ချက်နိုင်တာမို့ rate ရဲ့ units တွေဟာ mass per time, volume per time, concentration per time ဆိုပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ Rate of reaction ကို သင်္ချာနည်းနဲ့ဖော်ပြရာမှာ reactant ကိုအခြေခံရင် အချိန်နဲ့လိုက်ပြီး concentration လျော့နည်းသွားတာဖြစ်လို့ minus sign နဲ့ ဖော်ပြသလို၊ product ကို အခြေခံရင် အချိန်နဲ့လိုက်ပြီး concentration များလာတာဖြစ်လို့ plus sign နဲ့ ဖော်ပြတာကို သိရှိရမှာဖြစ်ပါတယ်။ Calculation မှာ အထူးသဖြင့် minus sign ကို ထည့်သွင်းတွက်ချက်ရန် လိုအပ်ကြောင်း သိရှိနားလည်ရမယ်။

Chapter 4, Chemical Equilibrium ဓာတ်ပြုမှုမြဲခြင်း ကို လေ့လာလျှင်- အများစုဟာ တစ်ဖက်သွားဓာတ်ပြုခြင်း (one-way process) ဖြစ်စဉ်များဖြစ်ကြပြီး၊ အချို့ကတော့ အပြန်အလှန်ဓာတ်ပြုခြင်း (reversible reaction) တွေ ဖြစ်ကြပါတယ်။ အဲဒီဓာတ်ပြုခြင်းတွေမှာ forward နဲ့ reverse reaction တွေပါဝင်နေပြီး ယင်းဖြစ်စဉ်နှစ်ခုရဲ့ နှုန်းတွေ တူညီသွားတဲ့အခါ မျှခြေ (equilibrium) ကို ရောက်ရှိပါတယ်။ အဲဒီမျှခြေမှာ forward reaction နဲ့ reverse reaction တွေဟာ ရပ်တန့်ခြင်းမရှိဘဲ တူညီတဲ့နှုန်းတွေနဲ့ ဆက်လက်ဖြစ်ပွားနေလို့ dynamic equilibrium လို့ သတ်မှတ်ခေါ်ဝေါ်ပါတယ်။
Reactions တွေရဲ့ physical states တွေအရ တစ်သားတည်းဖြစ်မှုနှင့် တစ်သားတည်းမဟုတ်မှုအခြေ homogeneous နဲ့ heterogeneous equilibria တွေကို သတ်မှတ်ဖော်ပြတတ်ရမယ်။ အပူချိန်၊ ဖိအားနဲ့ ပါဝင်ကိန်းပြောင်းလဲခြင်းတွေက မျှခြေအပေါ် သက်ရောက်မှုများကို ခန့်မှန်းရာမှာ Le Chatelier’s Principle ဟာ အလွန်အသုံးဝင်ပါတယ်။
Concentration effect, Pressure effect or Temperature effect တစ်ခုချင်းစီကို စာမေးပွဲအတွက် လေ့လာထားစေလိုပါတယ်။ သက်ရောက်မှုတစ်ခွအ တွက် ဥပမာများ၊ လေ့ကျင့်ခန်းများနှင့် ဖြေဆိုပုံစံတို့ကို လေ့လာပြီးဖြေဆိုတတ်စေရန် ဖြစ်ပါတယ်။
Le Chatelier’s Principle ကို စက်မှုလုပ်ငန်းတွေမှာ အသုံးပြုခြင်းအတွက် ဥပမာ- ammonia နှင့် methanol production များကို သိရှိစေရန် မျှခြေအနေဖြင့် ဖော်ပြပေးထားသလို အသေးစိတ် သိရှိနားလည်စေလိုပါတယ်။
Homogeneous နဲ့ Heterogeneous equation များအတွက် equilibrium constant K_{eq} တစ်ဖိုးများကို ရေးသားဖော်ပြတတ်ရမယ်။ Chemical equilibrium တစ်ခုရဲ့ မျှခြေကိန်းသေ K_eq ကို molar concentration အားဖြင့် K_c နှင့် gaseous equilibrium အတွက် K_p စသည်ဖြင့် ဖော်ပြပေးတတ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာပုစ္ဆာများကိုလည်း ဖြေရှင်းတွက်ချက်ထားစေလိုပါတယ်။

Chapter (5) Acid–Base Reactions ဖြစ်ပါတယ်။ Acids and bases theories (၃) ခုကို တင်ပြသွားမှာ ဖြစ်ပါတယ်။ Arrhenius Theory သည် H+ ions နှင့် OH- ions များကို အခြေခံ၍ acid–base ကိုအဓိပ္ပာယ် သတ်မှတ်ထားကြောင်း သိရှိဖို့လိုအပ်ပါတယ်။ Strong acid နဲ့ weak acid ရဲ့ dissociation equation ကို မှန်ကန်စွာ ရေးသားဖော်ပြတတ်ရမှာဖြစ်ပါတယ်။ Brønsted and Lowry Theory အရဆိုလျှင် proton သို့မဟုတ် \text{H}^+ ion ပေးနိုင်မှု၊ လက်ခံနိုင်မှုကို အခြေခံ၍ အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း သိရှိဖို့လိုအပ်ပါတယ်။ Brønsted and Lowry Theory ကို အခြေခံ၍ The concept of conjugated acid–base pairs ကိုလည်း ဥပမာများနှင့် အဓိပ္ပာယ်ရှင်းလင်းတတ်ရန်လိုအပ်ပါတယ်။ Lewis acid–base theory မှာတော့ acid–base အဓိပ္ပာယ်ကို မော်လီကျူး သို့မဟုတ် ions ပေါ်ရှိ \bar{e} pair လက်ခံနိုင်မှု၊ ထုတ်ပေးနိုင်မှု တို့ဖြင့် အဓိပ္ပာယ်သတ်မှတ်ပေးထားပါတယ်။
ရေမော်လီကျူးပြိုကွဲခြင်း နှင့် pH ဖော်ပြချက်မှာ ရေပြိုကွဲမှုဖြစ်စဉ်၊ The ionic product of water constant (K_w) တွက်ထုတ်ခြင်း၊ pH and pOH relationship နှင့် pH scale တို့ကို ရှင်းလင်းစွာဖော်ပြပေးထားပြီး ဆက်စပ်မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုတတ်ရမယ်။ ပုစ္ဆာတွက်ချက်မှုကိုလည်း အဆင့်မကျော်စေရန် သတိပြုစေလိုပါတယ်။

ထို့နောက် acid ပျော်ရည်၊ base ပျော်ရည်တို့၏ပြိုကွဲမှု ionisation အကြောင်းကို လေ့လာမည် ဆိုပါက basicity of an acid နဲ့ acidity of a base သဘောတရားများကို ရှင်းလင်းတင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ Acid ပြိုကွဲလျှင် ပြိုကွဲခြင်းကိန်းသေ K_a နှင့် acid ပြင်းအား ဆက်နွယ်မှု- အလားတူ base ပြိုကွဲလျှင် ပြိုကွဲခြင်းကိန်းသေ K_b ဆက်နွယ်ချက်များကို တိကျစွာဖော်ပြပေးတတ်ရမည် ဖြစ်ပါတယ်။
ဆားအမျိုးအစား (၄) မျိုးဖြစ်တဲ့ strong acid and strong base, strong acid and weak base, weak acid and strong base နှင့် weak acid and weak base တို့ရဲ့ ဆားတွေ ရေသွင်းပြိုကွဲခြင်းဖြစ်တဲ့အခါ pH တန်ဖိုး မတူညီရတဲ့အကြောင်းရင်းတွေကို ဆားနမူနာများနှင့် အကျိုးအကြောင်းဆက်စပ် ဖြေဆိုတတ်ဖို့ လိုအပ်ပါတယ်။
Buffer ပျော်ရည်ဆိုတာက weak acid နှင့် ၎င်း၏ဆားပျော်ရည် သို့မဟုတ် weak base နှင့် ၎င်း၏ ဆားပျော်ရည်တို့ ပါဝင်သောပျော်ရည်အမျိုးအစား ဖြစ်ပါတယ်။ ထိုပျော်ရည်များ၏ ဂုဏ်သတ္တိသည် dilution လုပ်ခြင်း၊ acid သို့မဟုတ် base အနည်းငယ်ထပ်ထည့်ခြင်းဖြင့် pH ပြောင်းလဲမှုကို ဟန့်တားနိုင်စေပါတယ်။ Buffer solution အမျိုးအစား (၂) မျိုးနှင့် ၎င်းတို့၏ pH range ကိုပါ ဖော်ပြပေးထားပါတယ်။ ၎င်းနှင့်ပတ်သက်သော တွက်ချက်မှုများကိုလည်း ပြည့်စုံစွာလေ့ကျင့်ထားသင့်ပါတယ်။

Chapter 6 ကတော့ Transition Elements တွေကို လေ့လာမှာဖြစ်ပါတယ်။
IUPAC definition အရ d-orbitals or subshells များတွင် \bar{e} အပြည့်ဖြည့်ဝင်ထားခြင်း မရှိသော ဒြပ်စင်အက်တမ် သို့မဟုတ် ဓာတ်ဖိုအိုင်းယွန်းများကို ကြားဆက်ဒြပ်စင်များ (transition elements) ဟု သတ်မှတ်နိုင်ပါတယ်။ Transition elements တွေကို s-block နှင့် p-block ကြားတွင် တွေ့ရှိရပြီး d-block elements ဟုလည်း ခေါ်ဆိုပါတယ်။ အလှည့်ကျဇယားတွင် transition elements များကို Series ၃ ခု ခွဲထားသည့်အနက် ပထမ Series ကို လေ့လာသွားမှာဖြစ်ပါတယ်။ ပထမ Series (21Sc – 30Zn တွင် transition elements ၁၀ ခု ပါဝင်ပါတယ်။ ထိုဒြပ်စင် (၁၀) ခုအတွက် အထက်ဖော်ပြပါမေးခွန်း နမူနာအတိုင်း လေ့လာထားစေလိုပါတယ်။

Chapter 7 Chemistry and Green Environment မှာ ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု- ကမ္ဘာ၏လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းမှုတို့ကို လေ့လာမည့် အခန်းဖြစ်ပါတယ်။ ဒါကြောင့် ယခုအခန်းမှာ carbon, nitrogen, phosphorus နှင့် sulphur တွေရဲ့ biogeochemical cycles များကို သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ ၎င်း cycles များအပေါ် human activities တွေရဲ့ သက်ရောက်မှုများအပေါ် နားလည်ထားဖို့လိုအပ်ပါတယ်။ ယနေ့တွေ့ကြုံနေရတဲ့ environmental problems ကို သိရှိထားဖို့ လိုပါတယ်။
ပတ်ဝန်းကျင်မှာတွေ့ကြုံနေရတဲ့ ပြဿနာတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ အမြဲစိမ်းလန်း ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ဖြစ်ပေါ်စေဖို့ ဆောင်ရွက်လိုက်နာသင့်တဲ့ လေ့ကျင့်မှုတွေနဲ့ 7R’s တို့ကို သေချာစွာ သိရှိနားလည်ဖို့လိုအပ်ပါတယ်။ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ heavy metals နဲ့ ယင်းတို့ရဲ့ဒြပ်ပေါင်းတွေဟာ လူသားတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေကို သေချာစွာသိထားရမှာဖြစ်ပါတယ်။
ညစ်ညမ်းစေသောဓာတ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုတို့ကိုလည်း heavy metals (arsenic, cadmium, lead, and mercury) နှင့် ထိုသတ္တုဒြပ်ပေါင်းများက သက်ရောက်နိုင်မှုကို ဖော်ပြ ပေးထားပါတယ်။ ထို့အပြင် ပိုးသတ်ဆေး၊ဓာတ်မြေသြဇာများကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နေမှုများကို ဆွေးနွေးပေးထားပါတယ်။ ပုံနှိပ်စာအုပ်မှာ လေ့လာဖတ်ရှုပြီး မေးခွန်းနှင့်လေ့ကျင့်ခန်းများ ဖြေဆိုထားစေလိုပါတယ်။ မိမိနားလည်ထားသည့် ရှုထောင့်မှလည်းဖြေဆိုနိုင်လျှင် အမှတ်ရရှိနိုင်သည့် အခန်းမျိုးဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အပေါ် အခြားသက်ရောက်နိုင်သော အော်ဂဲနစ်ဓာတု ဓာတ်ကြွင်းများဖြစ်တဲ့ POPs နဲ့ VOCs တို့ကိုလည်း သိရှိနားလည်ထားရမယ်။ သင့်တော်သောဥပမာများနှင့် လူသားတွေရဲ့ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်အပေါ် ၎င်းတို့၏ သက်ရောက်မှုများကို ဖတ်မှတ် နားလည်ထားရမယ်။
သဘာဝနှင့် လူ့ပတ်ဝန်းကျင်များမှ ထွက်ပေါ်လာသော radiation (ဓာတ်ရောင်ခြည်) နှင့် လူ့ပတ်ဝန်းကျင်ရှိ radioactive isotopes တွေရဲ့အသုံးဝင်ပုံ၊ radioactive wastes and radioactivity, radioactive pollutants and pollution များသည် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကြောင့်ဖြစ်စေနိုင်သော ကျန်းမာရေးပြဿနာတွေကို သိရှိနားလည်ထားစေလိုပါတယ်။ နူကလီးယားစွမ်းအင်နှင့် နူကလီးယားလက်နက်များအကြောင်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများကြောင့် လူနှင့်ပတ်ဝန်းကျင်ထိခိုက်မှုများကိုလည်း လေ့လာဖတ်ရှုပြီး မေးခွန်းနှင့် အဖြေကိုညီစေရန် ကြိုးတင်လေ့ကျင့်ထားကြပါ။
စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုခြင်းများကိုလည်း လေ့လာထားစေလိုပါတယ်။ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည်များကို လျှော့ချမှု၊ ကုစားမှုနည်းလမ်းကောင်းများကိုလည်း သုတေသနပြုဆောင်ရွက် နိုင်တယ်ဆိုတာကို သိရှိစေလိုပါတယ်။

အခန်း (၈) ကတော့ Organic Compounds and Macromolecules ဖြစ်ပါတယ်။ ဒီအခန်းမှာ organic compounds တွေဖြစ်တဲ့ ethers, aldehydes, ketones, carboxylic acids, esters, amines နဲ့ amides တွေရဲ့ အမည်ပေးစနစ် (nomenclature) နဲ့ preparations, properties and uses တို့ကို သေချာစွာ လေ့လာသိရှိထားရမှာ ဖြစ်ပါတယ်။ Ethanol မှ အစပြု၍ organic reactions အားလုံးအတွက် summary ကို ဖော်ပြပေးထားပါတယ်။ အော်ဂဲနစ် ဒြပ်ပေါင်း တစ်ခုချင်းစီအတွက် organic reactions များကို အကြိမ်ကြိမ်ရေးသားလေ့ကျင့်ကြပါလို့ တိုက်တွန်းပါတယ်။ စာမေးပွဲဖြေဆိုရာတွင် Reaction အတွက် မေးသောမေးခွန်းများသည် အော်ဂဲနစ်ဓာတ်ပြုခြင်း ရေးမှသာလျှင် အမှတ်ပြည့်ရမည် ဖြစ်ပါတယ်။ အော်ဂဲနစ် ဒြပ်ပေါင်း တစ်ခုချင်းစီအတွက် USES ကိုဖြေဆိုလျှင်လည်း ရောထွေးမှုမရှိဘဲ တိကျစွာဖြေဆို နိုင်ရမည်ဖြစ်ပါတယ်။
ဆက်လက်ပြီး organic compounds တွေရဲ့ functional groups တွေကို chemical test နဲ့ ခွဲခြားတဲ့ reactions များကို ဇယားများနှင့်ဖော်ပြပေးထားပါတယ်။ ထိုဇယားဖော်ပြချက်များကို သေချာစွာလေ့ကျင့် ဖြေဆိုတတ်စေရန် Functional groups များ chemical test equations များနှင့် တွေ့ရှိချက်တို့ကို ရှင်းလင်းစွာ ရေးသားတတ်ဖို့လိုပါတယ်။
Organic compounds များ၏ functional groups တွေကို သတ်မှတ်ပေးနိုင်သော spectroscopic method - လေ့လာဖို့အတွက် ပထမဦးစွာ electromagnetic radiation and electromagnetic spectrum ကို လေ့လာသိရှိထားရမှာ ဖြစ်ပါတယ်။ Electromagnetic radiation ရဲ့ wavelength, frequency တို့နဲ့ energy ဆက်သွယ်ချက်ကို သိရှိနားလည်စေလိုပါတယ်။
Organic compounds တွေရဲ့ functional groups ကို spectroscopic techniques အမျိုးမျိုးနဲ့ ရှာဖွေနိုင်ပါတယ်။ အဲဒီထဲက Infrared spectroscopy ကို လေ့လာရမှာဖြစ်ပြီး IR spectroscopy ရဲ့ principle Molecules နဲ့ IR radiation တို့ interaction ဖြစ်ပေါ်ခြင်း molecules က IR radiation ရဲ့ စွမ်းအင်ကိုစုပ်ယူပြီး molecular vibration ဖြစ်ပေါ်စေခြင်း စသည်တို့ကို လေ့လာမှတ်သားရမည် ဖြစ်ပါတယ် ဖြစ်ပေါ်လာတဲ့ vibrational frequency က bond strength နဲ့ masses အပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ စုပ်ယူလိုက်တဲ့ frequency က molecule မှာရှိတဲ့ ဓာတ်စည်း သို့မဟုတ် groups တွေပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့အတွက် frequency တန်ဖိုးကိုသိရင် functional groups တွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
Molecules တွေရဲ့ IR active နဲ့ IR inactive တို့သည် Molecules များ၏ dipole moment changes ပေါ်မူတည်ပြီး- dipole moment changes ရှိမှသာ IR active dipole moment changes မရှိခဲ့လျှင် IR inactive ဖြစ်ပါတယ်။ ဥပမာ N_2 molecule ဟာ dipole moment changes မရှိတဲ့အတွက် IR inactive ဖြစ်ပါတယ်။ CO molecule ကတော့ dipole moment changes ရှိတဲ့အတွက် IR active ဖြစ်ပါတယ်။
Propanone ရဲ့ IR spectrum ကို လေ့လာတဲ့အခါ C-H နဲ့ C=O functional groups တို့ရဲ့ absorption band တွေကို 2980 \text{ cm}^{-1} နဲ့ 1700 \text{ cm}^{-1} တို့မှာ တွေ့ရှိနိုင်ပါတယ်။
IR spectrum တွေကို လေ့လာရာမှာ ယခုဖော်ပြထားတဲ့ characteristic absorption band နဲ့ band intensity ကို Table မှာပြသပေးထားပါတယ်။ ဒီဇယားကို အသုံးပြု၍ ပုံနှိပ်စာအုပ်တွင်ပါဝင်သော IR spectrum များနှင့် တိုက်ဆိုင်လေ့ကျင့်ထားမည်ဆိုလျှင် functional groups, wavenumber, and band intensity တို့ကို အကျွမ်းတဝင်သိရှိလာနိုင်ပါတယ်။

ဥပမာအားဖြင့် ethanol, ethanoic acid, ethanamine တို့ရဲ့ infrared spectra တွေကို လေ့လာမယ်ဆိုရင် 3400 \text{ cm}^{-1}, 2950 \text{ cm}^{-1} တို့မှာ OH နဲ့ CH stretching vibration ကို တွေ့နိုင်ပါတယ်။ 3200 \text{ cm}^{-1} မှာ acid OH stretching, 2950 \text{ cm}^{-1} မှာ CH stretching, 1700 \text{ cm}^{-1} မှာ C=O stretching တို့ကို တွေ့ရှိမှာဖြစ်ပါတယ်။ Ethanamine ရဲ့ IR spectrum မှာ 3400 \text{ cm}^{-1} မှာ NH stretching, 2900 \text{ cm}^{-1} မှာ CH stretching တို့ကို တွေ့ရှိရမှာဖြစ်ပါတယ်။ OH, C=O ကဲ့သို့ bond polarity မြင့်လျှင် absorption band ရဲ့ intensity လည်း များမှာဖြစ်ပါတယ်။ Hydrogen bond ဖြစ်ပေါ်မှုကြောင့် bond polarity များပြီး absorption band ရဲ့ intensity လည်း မြင့်လာပါတယ်။ Peak ကလည်း broad ဖြစ်မှာဖြစ်ပါတယ်။
Macromolecules မှာတော့ natural and synthetic polymers တွေရဲ့ examples တွေကို သိရှိရမှာဖြစ်ပါတယ်။ Monomers များ ပေါင်းစပ်ပြီး polymerisation ဖြစ်ပေါ်လာပုံကိုလည်း ဖော်ပြပေးထားပါတယ်။ Polymerisation process မှာ addition polymerisation process ကို သိရှိနားလည်ရမှာ ဖြစ်ပါတယ်။ Addition polymers တွေရဲ့ ဂုဏ်သတ္တိများနှင့် အသုံးပြုမှုတွေကိုလည်း သိရှိထားရမှာ ဖြစ်ပါတယ်။ Condensation polymerisation မှာ monomers တွေက အမျိုးမတူတဲ့ functional groups နှစ်မျိုး ပါဝင်ပြီး polymerisation ဖြစ်ပြီးတဲ့အခါ repeated linkage ကိုလည်း သိရှိနားလည်ရမှာဖြစ်ပါတယ်။ အသုံးဝင်ပုံနှင့် ဂုဏ်သတ္တိများကိုလည်း မှတ်သားသိရှိရမှာ ဖြစ်ပါတယ်။
Plastics and environment မှာတော့ ပလတ်စတစ်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာများ၊ ၎င်းတို့ကို လျှော့ကျစေဖို့အတွက် recycling plastics နဲ့ degradable plastics တို့ကို ထုတ်လုပ်သုံးစွဲပြီး ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချဖြေရှင်းနိုင်မည့်နည်းလမ်းများကို သိရှိထားဖို့ လိုအပ်ပါတယ်။ Recycling symbols များကို နားလည်သိရှိဖို့လိုပါတယ်။

Chapter တိုင်းမှာ ပေးထားတဲ့ review questions များ၊ exercises များနှင့် problems များကိုလည်း သေသေချာချာလေ့လာထားဖို့ လိုအပ်ပါတယ်။
၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ Grade 12 Chemistry မေးခွန်းနမူနာပုံစံကို ဖြေဆိုပြထားသည့်အတွက် စာတုဗေဒဘာသာရပ် ဖြေဆိုမှုကို အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။ Chapter တစ်ခုချင်း အလိုက် အကျဉ်းချုပ်လေ့လာမှတ်သားရန်တို့ကိုလည်း ရေးသားတင်ပြထားသည့်အတွက် တပည့်တို့အနေနဲ့ နားလည်သဘောပေါက်ပြီဟု ယူဆပါသည်။ ထို့ကြောင့် chapter တစ်ခုချင်း အသေးစိတ်သေချာစွာလေ့လာဖို့၊ ကျိုးကြောင်းဆက်စပ် တွေးခေါ်တတ်ဖို့ လိုအပ်တဲ့အပြင် ဖတ်စာအုပ်မှာပါတဲ့ပုစ္ဆာတွေ၊ မေးခွန်းတွေကိုပါ လေ့ကျင့်ထားဖို့ လိုပါတယ်။ ထပ်မံသတိပေးလိုတာကတော့ ပုစ္ဆာတွက်တဲ့အခါ လိုအပ်တဲ့နေရာတွေမှာ unit များထည့်ဖို့၊ ပုံသေနည်းများကို ပြည့်စုံအောင်ရေးဖို့၊ သက်ဆိုင်ရာ မေးခွန်းနံပါတ်ကို ဖြေဆိုရာမှာ မှန်ကန်စွာရေးဖော်ပြဖို့ သတိပြုရပါမယ်။

နိဂုံးချုပ်အနေနှင့် ၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဓာတုဗေဒဘာသာရပ်ကို အခက်အခဲမရှိ ကောင်းမွန်မှန်ကန်စွာဖြေဆိုနိုင်ပြီး မိမိကြိုးစားအားထုတ်မှု ရလဒ်ကောင်းများဖြင့် အောင်မြင်မှုရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီမှာပဲရပ်နားလိုက်ပါတယ်။


06/01/2026

2026-27 ပညာသင်နှစ်အတွက် ကြိုတင်အပ်နှံ နိူင်ပါပြီ

High Class Education Centre
(Teaching & Guide)
# 2026-27ပညာသင်နှစ်အတွက်
Grade10 ,Grade11, Grade 12
အတန်းများအတွက်
#စာသင် #စာကျက် #စာမေး #စာစစ်
ဘာသာစုံ သင်ကြား လေ့ကျင့်ပေးသည်။

အခြေခံအားနည်းသူများ အခြေခံမှ စတင် ပြီး အသေးစိတ် သင်ကြားလေ့ကျင့်ပေးပါသည်

ဥာဏ်ရည်မြင့်သူများ ကိုလည်း ထူးချွန် ထက်မြတ်စေရန် ပြင်ပလေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်းများ ကို အကြိမ်ကြိမ်လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပါသည်။

ဘာသာစုံ ၊တစ်ဘာသာချင်း
& အပြီးအစီး
သင်ကြား/လေ့ကျင့်ပေးမည်ဖြစ်ပါသည်။

ဘာသာရပ်တိုင်း၏ ကျက်စာများကို
ရေးကျက်လေ့ကျင့်ပေး၍ တွက်စာများကိုလည်းစာသင်သား ကိုယ်တိုင် စဥ်စားတွေးခေါ် တတ်စေရန် Concept ထိထိမိမိ သင်ကြားပေးပြီး တိကျသေချာစွာ လေ့ကျင့်ပေးမည် ဖြစ်ပါသည်။

📆 Weekly/Monthly Exam Tests များဖြင့်
သင်ခန်းစာများကို အမြဲဖြေဆို လေ့ကျင့်ပေးပါသည်

⏰ သင်ရိုးတစ်ခုလုံး အချိန်မီ ပြီးစီးအောင် အတွေ့အကြုံရင့် ဆရာ/ဆရာမများမှ
သင်ကြားပေးမည်ဖြစ်ပါသည်။

သင်ရိုးသစ် ကိုသေချာနားလည် ကျွမ်းကျင်သော
စာသင်သက် ၂၀ နှစ် နှင့်အထက်ရှိသော ဘာသာရပ်ကျွမ်းကျင် Professional ဆရာ/ဆရာမများမှ သင်ကြား လေ့ကျင့်ပေးပါသည်။

High Clasa Education Centre
No (6), 12th Street (Lowerblock) , Lanmadaw, Yangon
Call us: 09785040469, 095040469
Viber no. 09785040469

Photos from High Class's post 06/01/2026

🎊 Grade 12 – October Series
ကြိုးစားအားထုတ်မှု၏ အောင်မြင်မှုကို
ဆရာမများမှ ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည့် အခိုက်အတန့် ✨

မျှော်မှန်းချက်ရှိရာသို့ ခိုင်မာစွာ လှမ်းလျှောက်နေသော ကျောင်းသား/သူများအား ဂုဏ်ယူပါသည်။

💖 ဆရာမများ၏ လက်ထဲမှ
ကြိုးစားမှုအတွက် ဆုလက်ခံရရှိသည့် အချိန်လေး 🌟
ဒီနေ့ရဲ့အောင်မြင်မှုက မနက်ဖြန်ရဲ့အလင်းရောင်ဖြစ်ပါစေ။

ဆုတောင်းစကား

အနာဂတ်အောင်မြင်မှုများစွာ ဆက်လက်ရရှိပါစေ။

High Class Education Centre (HCEC)
12 လမ်းဝိုင်း

09785040469/095040469

Photos from High Class's post 25/12/2025

2026 Chemistry Journal ထဲက

Acid - Base Reactions သင်ခန်းစာခေါင်းစဉ်

ကျောင်းသားများလေ့လာလို့ရအောင် စုတင်ပေးထားပါတယ်

20/12/2025

2026 ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီး အချိန်ဇယား


Photos from High Class's post 04/12/2025

မြန်မာ ဂုဏ်ထူးထွက်ဖို့ ဘာတွေပြင်ဆင်သင့်?🤔👇🏻

🔺အခန်းစုံ ပိုင်နိုင်ကျွမ်းကျင်ရမည်။

🔺ခက်ဆစ်၊အလကာ်၊အပြောမေးတို များကို တိတိကျကျ ကျက်မှတ်လေ့လာရမည်။

🔺ဓမ္မဓိဌာန်အတွက် စာများများဖတ်ပြီး လေ့ကျင့်ခန်းစာအုပ်များနှင့်လေ့ကျင့်ရမည်။

🔺စကားစပ် အတွက်ရေသည်ပြဇာတ်ကို သေချာဖတ်ပီး ကိုယ်တိုင်ရေးတတ်အောင်လေ့ကျင့်ထားရမည်

🔺မေးရှည်အတွက် ကတော့ မေးခွန်း ပုံစံအမျိုးမျိုး အတွက် ရေးတက်အောင် လေ့ကျင့်ပြင်ဆင်ထားရမည်။

🔺စာစီ၊အဆိုအခြေများအတွက် ရေးကျင့်ရမည်။
( G10/G11 တည်းကသေချာလေ့ကျင့်ထားသောကျောင်းသား/သူ များအတွက် အထူးလေ့ကျင့်ဖို့မလို
တော့ပါ)

High Class Education Centre
09785040469

2026-27 ပညာသင်နှစ်
အတွက်ကျောင်းသားသစ်အပ်လက်ခံနေပါပီ

လူဦးရေအကန့်အသတ်ဖြင့် လက်ခံပေးသွားပါမည်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

https://www.facebook.com/thutabook/

Address


12th Street, Lanmadaw Township
Yangon