07/07/2016
စင်ကာပူနိုင်ငံရှိ Singapore Institute of Management (SIM) တွင်ပညာသင်ကြားလိုသူ ကျောင်းသူ၊ ကျောင်းသားများအတွက် STUDY ABROAD Information Centre မှ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ကြီးများတွင် ပညာရေး ဆွေးနွေးပွဲ ကျင်းပမည်။
--------
စင်ကာပူတွင် ပညာသင်ကြားလိုသူ ကျောင်းသူ၊ ကျောင်းသားများအတွက် STUDY ABROAD Information Centre မှကြီးမှူး ကျင်းပသည့် ပညာရေးဆွေးနွေးပွဲကြီးကို
*** ဇူလိုင်လ (၂၃) ရက်နေ့(စနေနေ့) တွင်
ရန်ကုန်မြို့ (Novotel Hotel,Level 4,Pagan Room ) နှင့်
*** ဇူလိုင်လ (၂၄)ရက်နေ့ (တနင်္ဂနွေနေ့)တွင်
မန္တလေးမြို့ (Sedona Hotel,Amarapura Ballroom) တွင်
*** မနက်(၁၀း၀၀) မှ နေ့လည် (၁၂း၀၀) အထိ
ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ စိတ်ပါဝင်စား၍ ပါဝင် ဆင်နွှဲလိုသူ ကျောင်းသူ၊ ကျောင်းသားများ အနေနှင့် STUDY ABROAD Information Centre တွင်ကြိုတင် စာရင်းပေး သွင်းနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
****
SIM မှာ စီးပွားရေး ဘာသာရပ်ကို စိတ်ပါဝင်စားသူများ အနေနှင့် စီးပွားရေး ဆိုင်ရာ Diploma ဘာသာရပ်များကို (၁၈) လ တက်ရောက်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီဂရီ ရယူနိုင်မည် ဖြစ်ပါသည်။ SIM ၏ Diploma ဘာသာရပ်များတွင် Diploma in Management Studies, Diploma in International Business, Diploma in Banking & Finance, Diploma in Accounting ဘာသာရပ်တို့ကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။ STUDY ABROAD _ SIM ပညာရေး ဆွေးနွေးပွဲတွင် SIM ကျောင်းတာဝန်ခံများမှ ကျောင်းဝင်ခွင့် နှင့် ပတ်သတ်သော အချက်အလက်များ၊ သင်ယူနိုင်သော ဘာသာရပ်များ၊ Partner Universities များအကြောင်း နှင့် ပညာသင်ဆုများ အကြောင်းကိုထည့်သွင်းပြောကြား သွား မည် ဖြစ်ပါသည်။
***
STUDY ABROAD ၏ SIM ပညာရေးဆွေးနွေးပွဲတွင်
ကျောင်းသူ၊ ကျောင်းသားတို့အတွက် Business ဘာသာရပ် အမျိုးအစားစုံလင်စွာကို လေ့လာနိုင်မည် ဖြစ်သည့်အပြင် မိမိတို့ ပညာအရည်အချင်းပေါ်မူတည်ပြီး ညှိနှိုင်းရွေးချယ်နိုင်စေရန် တိုင်ပင် ဆွေးနွေးပေးသွားမည့် အပြင် အလုပ်အကိုင် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေး သွားနိုင်မည် ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် ကျောင်းတက်နေစဉ်အတွင်း ရာနှုန်းပြည့် ပညာသင်ဆု ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင်ကျောင်းလျှောက်ထားရန် ပြင်ဆင်ပုံ အဆင့်ဆင့်ကို သေချာပြောပြ ပေးသွားမည် ဖြစ်ပါသည်။
***
တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်ထားပြီး အမှန်ကန်ဆုံး ပညာရေး လမ်းကြောင်းကိုမှ ရွေးချယ်တက်ရောက်လိုသူများ အတွက် ပညာရေး အခွင့်အလန်းများ ပွင့်လန်းစေရန် ထူးခြားစွာ စီစဉ်ပေးထားပါသည်။ GCE ‘O’ Level၊ IGCSE အောင်မြင်ထားသူများ၊ မြန်မာနိုင်ငံတက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူ ကျောင်းသူ၊ ကျောင်းသားများ၊ NCC Advanced Diploma ရရှိထားသူများ ၊ HND Diploma ရရှိထား သူများ အနေနှင့်လည်း ဆက်လက်သင်ယူနိုင်မည့် အနာဂတ်ပညာရေး လမ်းကြောင်းကိုတိုင်ပင်နိုင် မည်ဖြစ်ပါသည်။ SIM ကျောင်းတွင် အဆင့်မြင့်ပညာရေးကို
သင်ကြားနိုင်သည်သာမက စိတ်ဝင်စားဖွယ်ကောင်းသော အဖွဲ့အစည်းများနှင့် အားကစားပြိုင်ပွဲများကြောင့် ကျောင်းသူ၊ ကျောင်းသားများ သည်University Life အားအပြည့်အဝခံစားရမည်ဖြစ်ပါသည်။
***
အဆိုပါ ပညာရေးပွဲကြီးနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက-STUDY ABROAD Information Centre တိုက်(ဘီ)၊ (၁၅)လွှာ၊ အခန်းအမှတ် (၁၅၀၂)၊ ဒိုင်းမွန်းကွန်ဒို၊ (မေတ္တာဦးဆေးခန်းအနီး)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၉ ၅၁၅၁ ၀၀၈၊ ၀၉ ၇၃ ၂၄၂၄ ၀၄ သို့ ဆက်သွယ် စုံစမ်း မေးမြန်း စာရင်း ပေးသွင်း နိုင်ပြီ ဖြစ်ပါသည်။