17/07/2026
တနိုင်ငံလုံး ဘားအံတောင်ကြားမှာပြေးနေကြ / ခရီးတွေသွားနေကြချိန် စုံ/မ တွေလိုက်တွက်နေရတာနဲ့ငါ့မှာတော့ ရန်ကုန်တောင်နပ်မမှန်ချင်တော့ဘူး😭
လိုင်းကားလေးစီးပြီးသွားမယ်လို့စဉ်းစားပြန်တော့ ငါ လိုင်းကားစီးတာနဲ့ ခါးပိုက်နှိုက်ခံရပြီး / တို့ဆေးမိမယ်လို့ ပုံသေတွက်ထားတဲ့မာတာမိခင်က "ရှပ်ပြာရှပ်ပြာနဲ့ အကုန်ပါမှနားအေးမယ်"ဟူသော နိဒါန်းများချီပြီးအစပြုလာပြီ🥴
ပိုက်ဆံရှာရတာပင်ပန်းလို့ချူစားဖို့ကြံလိုက်ပြန်တော့လည်း ကိုယ့်ရဲ့အလုပ်ဖုန်းကို ဆိုင်ဘာညာကြော်ငြာဖုန်းတွေလာတိုင်း "အကိုရေ ညီမတို့ " ဆိုပြီး အစချီလိုက်ကတည်းက ကိုယ့်အသံတုန်းအနေအထားကိုသဘောပေါက်လိုက်ပြီ🤔
အဲ့တော့ ခန္ဓာကိုယ်လေးနဲ့ ချူစားမယ်ကြံပြန်တော့ ငါ့အဖေက ငါ့သမီးကစာသင်ရမှာမဟုတ်ဘူး လက်ဝှေ့ထိုးရမှာတဲ့။ငါ့နှယ် မွေထိုင်းပဲပြေးတက်ရမလို မြန်မာ့လက်ဝှေ့ပဲလေ့လာရတော့မလိုလိုပါဆို😜
သူများတွေလို ပွိုင့်မှာကားချင်းယှဉ်ရပ်ပြီး ဖူးစာဆုံမလားလို့စဉ်းစားခဲ့ဖူးပေမဲ့ ယာဉ်မောင်းလိုင်စင်သာသုံးကဒ်မြောက်ဖြစ်သွားတယ် ပွိုင့်မိရင် ယှဉ်ရပ်ရပါတယ်။ကွန်တိန်နာကားတွေ / အဘကြီးတွေမောင်းတဲ့ကားတွေ / လိုင်းကားကြီးတွေနဲ့ ယာဉ်မောင်းဆရာကြီးတွေက သဘောကောင်းရှာပါတယ် "ဆပ်ပြာခွက်လောက်မောင်းနေပြီးသေချင်လို့လား"ဆိုတဲ့ ပီယဝါစာတွေနဲ့မို့ သူတို့ဆို မျက်လုံးချင်းတောင်မဆုံရဲဘူး😅
လုပ်ငန်းပါတနာသူဌေးတွေကအမျိုးသားတွေတော့(ဘိုးဘိုးကြီးများ)ဟုတ်ပါရဲ့ ငါ့ကို စ ခေါ်ကတည်းက "လုံမလေး"တဲ့ ညည်းအသက်ငယ်ငယ်လေးနဲ့အေ တော်သားပဲဆိုတော့ ကျွန်မက သီပေါမင်းပါတော်မူပြီးသိပ်မကြာခင်ကတည်းက လူဖြစ်လာတာ လို့ စိတ်ထဲကနေအကျယ်ကြီးအော်ပြောပလိုက်တယ်(မျက်နှာကအစွမ်းကုန်ပြုံးထား)🥹
အလုပ်အပ်တဲ့လုပ်ငန်းရှင်ညီမလေးတယောက်က မမကို အိမ်ကမောင်လေးနဲ့သဘောတူတယ်တဲ့ ဘုရားဘုရား အဲ့ညီမလေးက ငါ့တူအကြီးဆုံးကောင်ထက် ၅ နှစ်လောက်ငယ်တယ် သူ့မောင်ဆို ငါ့သားအရွယ်လေးလို့စိတ်ထဲက အော်ပြောမိပြန်တယ်🤐
အဲ့မှာကိုယ့်ဘဝကိုယ်သိဆိုပြီးသီလရှင်ဝတ်မယ်တွေးတော့အကိုလတ်က နင် စိတ်မနိုင်ပဲ သီလရှင်ဝတ်ရင် go to ငရဲပဲတဲ့ 🫠
အမေ့ရှေ့သွားပြီးသမီးမှားတာအမှန်ကရည်းစားလေးထားယောကျာ်းလေးယူလုပ်ခဲ့ရမှာဆိုတော့ ညည်းဘယ်သူကများတားခဲ့ဖူးလို့တုန်း အသက်ကအခုမှဘယ်လောက်ရှိသေးလို့ ဆိုတော့ကား
ဟုတ်ကဲ့ ကျွန်မ အခု goblin ကားထဲက သေမင်းနဲ့စေ့စပ်ထားပြီးပါပြီ။သူ့ဆီလိုက်ခဲ့စေချင်ပေမဲ့ ကျွန်မက မလိုက်သေးလို့ပါ🤣🤣🤣
စာကြွင်း - သူတို့ကျတော့ နေ့တိုင်း Ro ကြတာကြည့်ဦး ဘယ်မှာလဲ တရားမျှတမှု့
ပုံ
ဟန်မေ (ရင်တွင်းဖြစ်စာစုများ)