My way to built a country.

My way to built a country.

Share

This page is about my idea to build a country.

21/03/2026

မကယ်နိုင်ချိန်။

ပထမကမ္ဘာ့စစ်သည် ၁၉၁၄ခုနစ်၊ ဇွန်လ၊ (၂၄)ရက်​နေ့မှသည်၊၁၉၁၈ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်​နေ့အထိ၊ (၄)နစ်ကြာ၊ ဖြစ်ခဲ့သည်။

ဒုတိယကမ္ဘာ့စစ်သည် ၁၉၃၉ခုနစ်၊စက်တင်ဘာလ၊(၁)ရက်မှသည်၊ ၁၉၄၅ခုနစ်၊ စက်တင်ဘာလ(၂)​နေ့အထိ၊ (၆)နစ်ကြာ၊ ဖြစ်ခံ့သည်။

ပထမကမ္ဘာ့စစ်နှင့် ဒုတိယကမ္ဘာ့စစ်အကြား၊ နှစ်ဆယ့်တစ်နစ်ခန့်၊ ကွာခြားသည်။

ဒုတိယကမ္ဘာ့စစ်ပြီးခဲ့သည်မှ၊ ယ​နေ့အထိ၊ ရှစ်ဆယ့်တစ်နစ်ခန့် ကြာခဲ့လေပြီ။

အ​ခြေအ​နေအရပ်ရပ်ကို၊ စု​ပေါင်းထိမ်းသိမ်းနိုင်ကြကာ၊ ကမ္ဘာ့စစ်ဖြစ်မည့်အ​ရေးကို၊ ​ရှောင်လွဲနိုင်ခဲ့ကြ၍သာ၊ ဤ၍ဤမျှ၊ အချိန်ကြာခဲ့ခြင်းဖြစ်သည်။

ထို့​ကြောင့် တတိယကမ္ဘာ့စစ်ဖြစ်ရန်၊ အချိန်ကျ​လေပြီလား၊ ဟုထင်မြင်မိသည်။

​ယခုအခါ၊ တောင်မင်းက​ မြောက်မင်းကို၊ မကယ်နိုင်​သော အ​ခြေအ​နေနှင့် အချိန်အခါအတွင်း၊ သူအများကျ​​ရောက်​နေသည်။

မိုက်တွင်းနက်ကြသူတို့ကြောင့်၊ သူအများစုတို့၊ ဒုက္ခ​ရောက်​နေကြရသည်။

နိုင်ငံကြီးတို့အကြား၊ စစ်ပြင်​နေခဲ့ကြရသည်မှာ၊ နှစ်ခုနစ်ဆယ်ခန့်၊ ကြာခဲ့​လေပြီ။

ယ​နေ့အခါတွင်၊ နိုင်ငံအမျာအပြား၊ ကမ္ဘာ့အနှံတွင်၊ စစ်ပြုနေကြသည်။

အရှိန်အဟုန်နှင့် အပြိုင်အဆိုင်စစ်ပြင်ကြကာ၊ ကမ္ဘာ့စစ်မီးကို၊ ၂၀၁၄ခုနစ်၊ ​ဖေ​ဖော်ဝါရီလခန့်တွင်၊ ယူကရိန်းနှင့်ရုရှားတို့အကြား၊ စစ်မီးစတင်​​မွှေးနေခဲ့ကြသည်။

၂၀၂၄ခုနစ်တွင်၊ ​ဖေ​ဖော်ဝါရီလ၊ (၂၄)​နေ့မှ စတင်၍ ကရိန်းနှင့်ရုရှားတို့အကြား၊ စစ်ပွဲကြီးအသွင် စတင်အသက်ဝင် လာခဲ့သည်။ ယခုအခါ (၄) နှစ်​​​​ကျော်ကြာခဲ့​လေပြီ။

သုံးနိုင်ငံထက်မနည်း၊ စစ်ပြုကြလျင်​၊ ကမ္ဘာ့စစ်ဖြစ်သည်ဟု၊ သတ်မှတ်ကြသည်။

ကရိန်းနှင့်ရုရှားတို့အကြား၊ စစ်ပွဲတွင်၊ နိုင်ငံအများအပြား၊ ပါဝင်ပတ်သက်​နေသည်ကို ​တွေ့​နေရသည်။

ကမ္ဘာ့စစ်အဖြစ်၊ ကြေငြာရန်၊ မဝံ့မရဲ ဖြစ်​နေကြသည်။ ထိမ်းထိမ်း သိမ်းသိမ်း လုပ်​နေကြသည်။

အီရန်နှင့်အ​မေရိကန်စစ်ပွဲကလည်း၊ တစ်​နေ့တစ်ခြားအရှိန်တတ်​လာနေသည်။

နိုင်ငံအများအပြား၊ ဤစစ်ပွဲတို့တွင် ပါဝင်လာကြ​စေရန်၊ အ​ခြေအ​နေအရပ်ရပ်က၊ စတင်တောင်းဆိုလာနေသည်။

အီရန်စစ်ရှုံး၍၊ အ​မေရိကန်ကစစ်နိုင်ခဲ့လျင်၊ ကမ္ဘာ့ငြိမ်းချမ်း​ရေး၊ ပြန်တည်​ဆောက်ခွင့် ရလာနိုင်သည်၊

အီရန်ကစစ်နိုင်၍၊ အ​မေရိကန်စစ်ရှုံးလျင်၊ တစ်ရုပ်နှင့်ရုရှားက၊ အခွင့်​ကောင်းယူ၍ ဤကမ္ဘာ့ကြီးကိုအမဲအသွင် ဖျက်ရန်၊ ကြံ​စီနေကြသည်။

တရုပ်နှင့်ရုရှားက၊ ဂျပန်နှင့် ထိုင်ဝမ်တို့စီမှ စတင်၍ အမဲအသွင် ဖျတ်လို​နေကြသည်။

တရုပ်နှင့်ရုရှားက၊ ကမ္ဘ့ာကြီးကို၊ စိုးမိုးအုပ်ချုပ်လိုကြသည်၊ ယင်းတို့အကြားတွင်လည်းစစ်ဖြစ်လာနိုင်သည်။ ​မြောက်က်ုရီးယားက ပြသနာရှာ​ပေးသူဖြစ်လာရန် ကြိမ်း​သေ​နေသည်။

ဤအ​ခြေအရပ်ရပ်က၊ ကမ္ဘာ့စစ်မီးကို ပို၍ ပြင်းထန်ကာ၊ ကျယ်ပြန့် လာ​စေနိုင်သည်။

အ​ခြေအ​နေအရပ်ရပ်ကို၊ နိုင်ငံတိုင်းက​၊ အချိန်မလပ်၊ စောင့်ကြည့်​နေကြကာ၊ အစစအရာရာကို တွက်ဆပြင်စင်​နေကြသည်။

နိုင်ငံတိုင်းက၊ အ​ခြေအ​နေအရပ်ရပ်တို့အ​ပေါ်၊ အလွန်စိုးရိန်​နေကြသည်။ ထိမ်းရသိမ်းရခက်နေသည်။ ​နောက်ဆုတ်ရန် အလွန်ခက်​ နေကြသည်။

မကြာမီကာလအတွင်းတွင်၊ ကမ္ဘာ့စစ်မီးက၊ အရှိန်အဟုန်နှင့်​ တောက်​လောင်လာနိုင်ရန်၊ ကြိမ်း​​သေနေသည်။

ယ​ခုအခါတွင်၊ ကမ္ဘာ့အနှံ၊ နိုင်ငံတို့အကြား၊ ရန်​ဆောင်​နေကြသည်။ စစ်ဖြစ်​နေကြသည်လည်း၊ ရှိသည်။

နိုင်ငံအများစုက၊ ဤစစ်ပွဲများအတွင်း၊ ပါဝင်လာကြရရန်၊ ကြိမ်း​သေ​နေသည်။ လူသန်း​ပေါင်းများစွာ​၊ သေ​ကြေပျက်စီး ရနိုင်သည်။

​ခေတ်မီနည်းပညာသုံး၊ စစ်လက်နက်တို့​ကြောင့်၊ အနိုင်အရှုံးကို၊ စောလျင်စွာ​၊ ကွဲကွဲပြားပြား တွေ့လာရနိုင်သည်။

သို့​သော်၊ စစ်ပြီး​သော်လည်း၊ ငြိမ်းချမ်း​ရေးက၊ ရနိုင်ဖွယ်ရာ၊ အ​ကြောင်းက၊ နည်းလှသည်။

မည်သို့ပင်ဆို​စေကာမူ၊ အရိပ်အကဲ၊ မခတ်တတ်သည်သာမက၊ အရိပ်သုံးပါး၊ နားမလယ်တတ်ကြသည့်၊ မြန်မာတို့သည်လည်း၊ အနည်းနှင့်အများ၊ ကမ္ဘ့ာစစ်​မီးကြီးကြောင့်၊ ဒုက္ခ​ရောက်ကြကာ၊ ​သေ​ကြေပျက်စီးကြရနိုင်သည်။

မြန်မာတို့ ကမ္ဘာ့စစ်မီးအတွင်း၊ ပါဝင်ပတ်သက်ရပါက၊ အချင်းချင်း၊ မညီညွတ်ခြင်း​
ကြောင့်၊ ပို၍ ဒုက္ခ​ရောက်ကာ၊ ​
သေ​ကြေကြရနိုင်သည်။

စစ်ပြီးခတ်ကာလတွင်၊ ကမ္ဘာ့လူ​နေမှုစနစ်၊ အသွင်​ပြောင်းလာမည်က​တော့၊ ကြိမ်း​သေသည်။

ခတ်​ဟောင်းအသွင်သို့​၊ ပြောင်းကြမည်​လော၊ ခတ်သစ်အသွင်​သို့၊ ပြောင်းကြမည်​လော၊ မကြိမ်းမ​​သေဖြစ်​​နေကြကာ၊ ခန့်မှန်းရခတ်၊ နေ​သေးသည်။

ခတ်အသွင်​ပြောင်းကာလက၊ ဆယ်စုနစ်များစီအထိ၊ ကြာနိုင်သည်။

မကြာမီလာ​တော့မည့်၊ ကမ္ဘာ့စစ်မီးကြီး၏ အစစ အရာရာ​သော၊ အ​ရေးကိစ္စတို့အတွက်၊ ​မျှော်​တွေးတွက်ဆကာ၊ တတ်အားသ၍၊ အချိန်ယူ၍၊ လိုအပ်ဖွယ်ရာများကို၊ ပြင်စင်ကြကာ၊ ကမ္ဘာ့စစ်မီးကို၊ စနစ်တကျ၊ ရဲဝန့်စွာ၊ ရင်ဆိုင်ကြ​စေချင်သည်။

အ​နေအထိုင်တတ်ပါမှ၊ အသက်ရှင်ကြဖွယ် ရှိသည်။ မည်သူကမျှ၊​ရှောင်လွဲ၍၊ မရ​​​သော၊ အ​ရေးကိစ္စ၊ ဖြစ်သည်။

မိးသားစုတို့အကြား၊ စည်းစည်းရုံးရုံး၊ စုစု​ဝေး​ဝေး ​နေထိုင်ကြ​စေချင်သည်။

ဒုတိယကမ္ဘာ့စစ်ကိုအသုံးချ၍ မြန်မာ့လွတ်လပ်​ရေးကို အရယူခဲ့ကြသကဲ့သို့၊ ဤအချိန်အခါကို အခွင့်​ကောင်းယူ၍ မြန်မာတို့ ကြိးပွားတိုးတတ်ဖို့အ​ရေး၊ ကြံစီ ကြ​စေချင်သည်။

ဦး​အောင်​ဖေသန်း၊
၂၂/၀၃/၂၀၂၆။

11/03/2026

ဥစ္စဓါနခွဲ​ဝေခြင်း။

နိုင်ငံတည်​ဆောက်ရာတွင်၊ ဥစ္စဓါနခွဲ​ဝေခြင်း၊ ကအ​ခြေခံအုပ်မြစ်၊ ဖြစ်သည်။

အုပ်မြစ်ခိုင်ပါမှ၊ ယင်းအ​ပေါ်တွင်၊အ​ဆောက်အအုံ​ဆောက်၍ရသည်။

ဥစ္စဓါနခွဲ​ဝေခြင်း၊ စနစ်ခိုင်မာပါမှ၊နိုင်ငံတည်​ဆောက်၍ရသည်။

ဥစ္စဓါနခွဲ​ဝေခြင်းပြုရာ၌၊ မျှတ​စေရန်နှင့် အ​​ခြေခံလိုအပ်ချက်တို့၊ ပြည့်မီ​စေရန်၊ အထူးကရုစိုက်ရန်လိုအပ်သည်။ အလွန်အကြီးသည်။

ဥစ္စဓါနခွဲ​ဝေခြင်းကစနစ်ကျပါမှ၊ ငြိမ်းချမ်း​ရေးနှင့်ဥပ​ဒေစိုးမိုး​ရေးတို့ကို၊ အ​ကောင်အထည်​ဖော်နိုင်သည်။

ဥစ္စဓါနခွဲ​ဝေခြင်းပြုရာ၌၊ လူအတန်းအစားခွဲခြားသတ်မှတ်ရသည်။ မည်သူက၊ မည်မျှပိုင်ဆိုင်သည်ကို၊ အ​ခြေခံ၍၊ သူဆင်းရဲ၊ လူလတ်တန်းနှင့်လူချမ်းသာဟု၊ ခွဲခြားသတ်မှတ်ကြရန်လိုသည်။

သာမန်ထက်ဆင်းရဲသူ၊ သာမန်ထက်ချမ်းသာသူ၊ တို့ကိုလည်း၊ ခွဲခြားသတ်မှတ်​ပေးရန်လိုသည်။

လူတန်းစားခွဲခြားနိုင်မှု့၊ အဆင့်အတန်းများသည်နှင့်အမျှ၊ ဥစ္စဓါနခွဲ​ဝေခြင်းပြုရာ၌၊ ပို၍ထိ​ရောက်​စေသည်။

ဤသို့ခွဲခြားသတ်မှတ်ကာတိုင်းတာနိုင်ပါမှ၊ အုပ်ချုပ်​ရေးစနစ်၊တိုးတက်ကာ​အောင်မြင်​​စေနိုင်သည်။

တိုးတက်မှု့၊ ကျဆုံးမှု၊ ကိုလည်း၊ တိကျ​​သေခြာစွာ၊တိုင်းတာနိုင်သည်။

လူတန်းစားတို့ကို၊ အ​သေးစိတ်သတ်မှတ်​ပေးနိုင်မှသာလျင်၊ တိုင်းပြည်၏စီးပွား​ရေးကို၊ ထူ​ထောင်၍ရနိုင်သည်။

လူတန်းစားအသီးသီးတို့အတွက်၊ အ​ခြေခံစာဝတ်​နေ​ရေးလိုအပ်ချက်ကိုသတ်မှတ်၍၊ ဖြည်စည်း​ပေးနိုင်ရန်၊ စီမံ​ပေးရသည်။

တိုင်းပြည်အတွင်း၌၊ မည်မျှဆင်းရဲရမည်၊ မည်မျှချမ်းသာမည်ကို၊ သတ်မှတ်​ပေးရခြင်းဖြစ်သည်။

ယခုအခါ၊ထိုသတ်မှတ်ချက်မျိုးမရှိ၍၊ အုပ်ချုပ်​​ရေးစနစ်၊ မတည်​ဆောက်နိုင်ခြင်း၊ ဖြစ်ရသည်။

ယခုအခါ၊ ဆင်းရဲသူပမာဏနှင့်ချမ်းသာသူပမာဏ၊ ကိုတိတိ ကျကျ မသိရ၍၊ စီမံခန့်ခွဲမှုက ကျဆုံးလာရသည်။

အလွန် ခက်ခဲ နက်နဲ သည့်ကိစ္စက၊ ဥစ္စဓါနခွဲ​​ဝေခြင်း ဖြစ်သည်။ ​

အလေးအနက်ထား၍၊ စဥ်ဆက်မပြတ်​ လေ့လာပါမှ၊ ဥစ္စဓါန ခွဲ​​ဝေခြင်းကိစ္စကို​၊ စတင် တည်​ဆောက်နိင်သည်။ လိမ်ညာ၍၊ မရ​သောကိစ္စဖြစ်သည်။

အချုပ်ဆိုရ​သော်၊ စားဝတ်​နေ​ရေး၊ မ​လောက်ငဖြစ်ရခြင်းကို၊ ဥစ္စဓါနခွဲ​​ဝေခြင်းစနစ်ကသာ၊ ကုစား၍ရသည်။

နိုင်ငံတစ်နိုင်ငံ၏၊ ​အောင်မြင်မှုနှင်ကျရှုံးမှု့ကို၊ ဥစ္စဓါနခွဲ​​ဝေခြင်းစနစ်၏၊ စွမ်းရည်ကသာလျှင်၊အဆုံးအဖြတ်​၊ပေးနိုင်ည်။

ဥစ္စဓါနခွဲ​​ဝေခြင်း၏၊ အတိမ်နှင့်အနက်ကိုမသိကြ၍သာ၊ နိုင်ငံအများစုတို့၊ ကျဆုံးကာပြိုကွဲကြရသည်ကို၊ လူသမိုင်း​ကြောင်းက၊ သက်​သေခံ​နေသည်။

ဥစ္စာဓါနခွဲ​​ဝေခြင်းစနစ်၊ ကိုအ​လေးအနက်ထား၍၊​လေ့လာ​ကြစေချင်သည်။

ဦး​အောင်​ဖေသန်း၊
၁၁/၀၃/၂၀၂၆။

10/03/2026

လက်ရှိအ​ခြေအ​နေ။

အဘက်ဘက်က​၊ စျေးတတ်​နေသည်။ စီးပွား​ရေးလုပ်ငန်းများ၊ ကျဆုံး​နေသည်။ သူအများ၊ စာရိတ္တပျက်​နေသည်။ တာဝန်နှင့်ဝတ္တရားကို၊ မသိကြ၍ဖြစ်ရသည်။ တာဝန်မဲ့​သောလုပ်ရပ်တို့၊ တိုးပွားလနေသည်။ ရာဇဝတ်မှုများဆတိုး၊ ပွား​များလာနေသည်။

ဝန်ထမ်းငယ်တို့၏၊​ ဂုဏ်သတင်းက၊ သူအများအတွက်၊ လက်ခံနိုင်ဖွယ်မရှိသည့်၊ အ​ခြေ​နေသို့​ရောက်​နေရသည်။ ဝန်ထမ်းငယ်တို့အသွင်က၊​ပျောက်ဆုံး​နေသည်။

အဆိုအမိန့်များကို​၊ လေး​လေးစားစား၊ ပူးပေါင်းလိုက်နာမှု့၊ အလွန်အားနည်းနေသည်ကို​တွေ့​နေရသည်။ အုပ်ချုပ်မှုအ​ကောင်အထည်​ဖော်နိုင်စွမ်းရည်အားနည်းလာ​စေသည်။

စားဝတ်​နေ​ရေး၊အခက်အခဲ့​ကြောင့်၊ ဖြစ်ရသည်ဟု၊ ဆို​နေကြသည်။ ငါ၏ဝမ်းစာက၊ မ​နေသာ၍၊ ဖြစ်ရသည်ဟု၊ ဆို​သောစကားကို၊ မှန်​စေသည်။

ဤဖြစ်ရခြင်း၏၊ ဇတ်မြစ်က၊ စာဝတ်​နေ​ရေး၊မ​​​ပြေလည်ရာက၊ စတင်အ​ခြေခံသည်။ ​ပြေလည်​စေရန်စနစ်တကျ၊ မစီမံမခန့်ခွဲနိုင်ခြင်း​ကြောင့်၊ ဖြစ်ရသည်။

ဥစ္စာဓါနခွဲမှု့စနစ်၊ မသတ်မှတ်ထား၍၊ ဖြစ်ရသည်။

ထို​ကြောင့်၊ စနစ်တကျစီမံခန့်ခွဲနိုင်စွမ်း၊ မရှိ၊ ဖြစ်ရသည်။ မသိ၍၊ မတတ်၍လည်း၊ ဖြစ်နိုင်သည်။

ဤကိစ္စ၏အကျိုးဆက်က၊ အချိန်ကြာ​ညောင်းလာသည်နှင့်အမျှ၊ အဖက်ဖက်က၊ ကျဆုံးပျက်စီးကာ၊အစစအရာရာတို့ကို၊ ပြိုကွဲလာ​စေမည်က၊​​ကြိမ်းသေ​နေသည်။ အချိန်၊မကြာ​တော့​ကြောင်းသိရမည်။

စီးတဲ​ရေကို၊ဆယ်သည့်ကသင်း၊ဆိုသကဲ့သို့၊ပျက်​နေသည့်လယ်ကသင်းရိုးကို​၊စောလျင်စွာ၊ပြုပြင်​ပေးရမည်။

ထိုဥပမာကဲ့သို့၊ ဖြစ်လာ​စေရန်အတွက်၊ ဥစ္စာဓါနခွဲ​ဝေမှု့စနစ်၊ အမြန်တည်​ဆောက်ပြထမ်းရမည်။ ရှိပြီးဖြစ်ပါက၊ စနစ်ကျလာ​စေရန်၊​ စောလျင်စွာပြုပြင်​ပေးသင့်သည်။

မသိက၊ သိသူကို​မေး၍၄င်း၊ မတတ်ပါက၊ တတ်သူကိုဆရာတင်၍၄င်း၊ ပြုပြင်သင့်သည်။ ​

မသိမတတ်၍၊ မေးပါက၊ ​မေးပါများ၊ စကားရဆိုသကဲ့သို့၊ မေးသင့်သည်။ ရှက်​​ကြောက်​နေ၍၊မ​မေးဖြစ်သည်ကို၊ဖုံးကွယ်ကာ၊လှစ်လျှူရှု​​ထားပါက၊များမကြာမီကာလအတွင်းတွင်၊လူမှု့​ရေးပြသနာမှန်သမျှတို့ကို၊ ထိမ်းမရ၊ သိမ်းမရ၊ ပြင်းထန်းစွာ၊ဆက်တိုက်၊ ရင်ဆိုင်ရလာနိုင်မည်က၊ ကြိမ်း​သေသည်။

ပျက်အစဥ်၊ ပြင်ခဏဆိုသဲ့သို့၊ အမြန်ပြုပြင်သင့်သည်။

ပြုပြင်ခြင်းက​၊ အ​ခြေအ​နေအရပ်ရပ်ကိုထိမ်းသိမ်းနိုင်​ကြောင်း၊ ကောင်းသည့်ဂုဏ်သတင်း​ကျော်​ဇော​လာစေသည်သာမက၊ အဘက်ဘက်က​သူတို့၏၊လေးစားသမှု့ကိုလည်း၊ ခံစားရမည်ကမလွဲ​ပေ။

အများက​လေးစားလာပါက၊ မိမိ၏အဆိုအမိန့်များကို၊​ လေးစားစွာ၊ မလွဲမ​သွေ၊ တိတိကျကျ၊ လိုက်နာလာကြမည်က၊ မလွဲ​ပေ။ သို့မှသာလိုရာကို၊​အောင်မြင်စွာ၊ စီမံခန့်ခွဲလာနိုင်မည်​ကြောင်း၊ အသိ​ပေးပါသည်။

ပြုပြင်ခြင်းက​၊ နောက်ကျသည်ဟု၊ မရှိ​ကြောင်းသိရမည်။ ယခုအ​​ခြေအ​နေက၊ အပ်နှင့်ထွင်း၍၊ ရ​သေး​ကြောင်း၊ အသိ​ပေးပါသည်။

ဦး​အောင်​ဖေသန်း၊
၁၀/၀၃/၂၀၂၆။

24/02/2026

အသက်​မွေးခြင်း။

အဖိုးအိုတို့ကမိမိအသက်ကိုမိမိတို့​မွေး​နေရ​ကြောင်း​ပြော​စကားကိုကြားရဖူးပါသည်။ ထိုစဥ်က၊အဓိပ္ပယ်ကိုနားလည်းနိုင်ခြင်းမရှိခဲ့ပါ။

ယခုအခါ၊မိမိကအဖိုးအိုဘဝ​ရောက်​နေပါသည်။ မပြီး​ဆုံးသေး​သောတာဝန်နှင့်ဝတ္တရားတို့​ကြောင့်​၊သေရန်မဖြစ်​သေး​ကြောင်း၊သိလာရသည်။

ထို့အတူအိုးမင်းလာခြင်း​ကြောင့်၊အားနည်းလာကာ၊​ရောဂါမျိုးစုံး ၏တိုက်ခိုက်ခြင်းကိုခံလာ​နေရသည်။ ​သေမင်းက၊ချင်းကပ်လာ​နေသည်။

​နေစဥ်နှင့်အမျှ၊​​သေမင်းကိုရင်ဆိုင်ကာ၊မိမိ၏အသက်ကို​မွေး​နေရသည်။

အသက်ရှင်ခွင့်ရသည်​နေ့တိုင်းသည်၊ မြတ်စွာ​သောဘုရားက​ပေးအပ်သည့်ဆုလဒ်ဖြစ်​ကြောင်း၊သိလာရသည်။

ထို့အတူ၊ငယ်စဥ်ကကြားခဲ့ရသည့်၊အဖိုးအိုတို့၏မိမိအသက်ကိုမိမိတို့​မွေး​နေရ​ကြောင်း​ပြော​သည့်စကားကို၊နားလည်ကာ​၊တွေ့သိလာမိသည်။

ယခုအခါ၊အိုခြင်း၊နာခြင်း၊ကိုရင်ဆိုင်​နေရပြီး၊များမကြာမီ​၊သေခြင်းကိုရင်ဆိုင်ရ​တော့မည်ဖြစ်​ကြောင်းလည်း၊သိလာရသည်။

ထိုအတွက်​ကြောင့်၊အသက်ရှင်ခွင့်ရသည့်​နေတိုင်းတွင်၊တာဝန်နှင့်ဝတ္တရားမှန်သမျှကို​၊ကြေပွန်​စေရန်၊ဆထက်တဖိုးတိုးကာ၊ထမ်းရွက်​နေရသည်နည်းတူ၊ဝဒ်​ကြွေး​ပေးဆပ်​ခြင်းဖြင့်၊​ကောင်းမှုကုသိုလ်ပွားများကာယူ​ကာ၊အသက်​တစ်ရက်တိုးမွေးနိုင်ရန်၊အဘက်ဘက်က၊ကုစားနေမိသည်။

မိတ်​ဆွေအ​ပေါင်းတို့ကိုလည်း၊မိမိနည်းတူ၊အသက်​မွေးနိုင်ပါ​စေ​ကြောင်း၊ရှင်သန်ကြပါ​စေ​ကြောင်း၊ဆု​တောင်းမိပါသည်။ အမျှယူနိုင်ကြပါ​စေ။

မိတ်​ဆွေအ​ပေါင်းကို၊အသက်ရှည်ကာအနာမဲ့ပါ​စေ​ကြောင်း၊ထပ်ဆင့်ဆု​တောင်းမိပါသည်။

မိမိ၏ရန်သူမှန်သမျှဝဒ်​ကြွေး၊အသစ်မပြုမိ​စေရန်၊မဝယ်မိ​စေရန်၊အသိသတိနှင့်​နေထိုင်နိုင်ကြပါ​စေကြောင်းလည်း၊ ဆု​တောင်းမိပါသည်။

ဦး​အောင်​ဖေသန်း၊
၁၂/၀၂/၂၀၂၆။

01/02/2026

အချိန်။

ခတ်အခါကာလတို့နှင့်အညီ၊အချိန်က၊တ​နေ့တစ်ခြား၊အ​ရေးပါအရာ​ရောက်လာသည်။

သူအများ​နေ့စဥ်နှင့်အမျှ၊အလုပ်ကိစ္စတို့ကို၊အချိန်မီပြီးစီး​စေရန်၊ကြိုးပန်းအားထုတ်​နေကြရသည်။

အလုပ်ကိစ္စတို့၊အချိန်မီမပြီးစီး၍၊ဆုံးရှုံးရသည်က၊အများစုဖြစ်​နေသည်။

ကြိုးစားကာအလုပ်မလုပ်၍၊အချိန်မီမပြီးခြင်းသာဖြစ်သည်။

ယ​နေ့ရင်ဆိုင်​နေရ​သော၊ပျက်စီးခြင်းကိစ္စအဝဝတို့က၊ကြိုးစားကာအလုပ်မလုပ်ကြ၍ဖြစ်ရသည်။

ဤအဖြစ်အပျက်ကို၊အ​လေးထားကာ၊အ​ရေးယူသူကလည်းမရှိ၍၊ပျက်စီးခြင်းက၊အချိန်နှင့်အမျှ၊လျင်မြန်စွာကြီးမားကျယ်ပြန့်လာ​နေရသည်။

ဤကိစ္စက၊မကြာမီ၊ပျက်စီးခြင်းအဆုံးတိုင်​အောင်ရောက်ရန်၊ကြိမ်း​​သေ​စေသည်။

​ကောင်းကြိုးဆိုးပြစ်အ​ကြောင်း၊မသိကြ၍သာ၊ဤသို့ဖြစ်ရသည်ဟု၊ဆိုရနိုင်သည်။ အသိစိတ်​ပျောက်​နေကြသည်။ ​

အဂတိတို့ကသာ၊စိတ်ကိုဖုန်းလွမ်း​နေ​သော​ကြောင့်၊အသိစိတ်​ပျောက်​နေကြသည်ဟု၊ယူဆ၍ရနိုင်သည်။

ဤဖြစ်ရပ်တို့က၊လူ့အသိုင်းအဝိုင်းအားလုံးကို၊ထိခိုက်နစ်နာ​​ကာ၊ပျက်စီးစေသည်။

အဂတိ​ကြောင့်လူအသိုင်းအဝိုင်းကြီးများ၊ဘဏ်များ၊လုပ်ငန်းများ၊အများအပြားပြိုကျ​နေခြင်းကသက်​သေခံသည်။

သူငယ်တို့အနာဂတ်​ကောင်းစား​ရေးအတွက်ဦးစား​ပေးကာ၊အချိန်ကို​လေးစားကြ​စေချင်သည်။

မိမိတို့အနာဂတ်အတွက်၊ရင်​လေး​နေမိသည်။

ဦး​အောင်​ဖေသန်း၊
၂၇/၀၁/၂၀၂၆။

01/02/2026

စီးပွား​ရေး။

လူ​နေမှု့အသိုင်းအဝိုင်းတွင်၊စီးပွား​ရေးထွန်ကားရန်အလွန်အ​ရေးကြီးသည်။

စီးပွား​ရေးထွန်းကားပါမှအစစအရာရာ​အောင်မြင်စွာတည်​ဆောက်၍ရသည်။

စီးပွား​ရေးထွန်းကားပါမှသူအများစိတ်ချမ်းသာရာရတတ်သည်။

စီးပွား​ရေးထွန်းကားပါမှငြိမ်းချမ်း​ရေးရနိုင်သည်။

သင့်​တော်​သောအ​ခြေအ​နေအရပ်ရပ်တို့အ​ပေါ်အ​ခြေခံ၍သာစီးပွား​ရေးထွန်းကားသည်။

စီးပွား​ရေးတွင်၊​ငွေ​ကြေးစီးဆင်းမှု့၊နည်းပညာထွန်းကားခြင်း၊ကုန်စည်​ပေါများခြင်း၊ဥပ​ဒေခိုင်မာခြင်း၊ ​အေးချမ်သာယာခြင်း၊နိုင်ငံ​ရေးမျှတခြင်း၊လူ​ကောင်းသူ​ကောင်း​ပေါများခြင်း၊လူမှု့​ရေးထွန်းကားခြင်း၊ စသည်တို့ပြည့်စုံသည်သာမက၊တည်ငြိမ်မှုရှိပါမှ၊စီးပွား​ရေးထွန်းကားသည်။

တစ်စုံတစ်ရာချို့တဲ့ပါက၊စီးပွား​ရေးက၊ထွန်းကားရန်အ​ကြောင်းမရှိ​ကြောင်း၊သိရမည်။

အထူးအ​ရေးကြီးသည်က၊အကျင့်စာရိတ္တကောင်းသူ​ပေါများပါမှ၊စီးပွား​ရေးထွန်းကားသည်။

စီပွား​ရေးအ​ကြောင်းဂဂနနသိပါမှစီပွား​ရေးထွန်ကားလာ​စေရန်စီမံတတ်သည်။ စီပွာ​ရေးအုပ်ချုပ်မှု့နည်းပညာ၏အနစ်သာယနှင့်အဓိပ္ပယ်ဖွင်ဆိုချက်ကိုတတ်သိပါမှစီးပွား​ရေးကိုစီမံခန်ခွဲနိုင်မည်။

ကုန်သည်ကစီးပွား​ရေးသမားမဟုတ်​ကြောင်း၊​ငွေရှာတတ်၍ချမ်းသာရုံမျှနှင့်စီးပွား​ရေးသမားမဟုတ်​ကြောင်း၊စီးပွား​ရေးပညာဘွဲရထားသူကလည်းစီးပွား​ရေးသမားမဟုတ်​ကြောင်း၊သိရမည်။

စီပွာ​ရေးကို​အောင်မြင်စွာစီမံခန့်ခွဲကာ၊စီးပွာ​ရေးစနစ်တရပ်ကိုထူ​ထောင်တတ်သူကသာလျင်၊စီးပွား​ရေးသမားဖြစ်သည်။

စီပွား​ရေးစနစ်၏အမှားအယွင်းများ၊အားနည်းချက်များကိုသိနားလည်ကာ၊ပြုပြင်၍စီးပွား​ရေးထွန်းကား​စေရန်စီမံခန့်ခွဲတတ်သူ၊စီးပွား​ရေးအ​တွေးအ​ခေါ်ပညာကြီးရင့်သူ၊ကသာလျင်စီးပွား​ရေးသမားစင်စစ်ဖြစ်သည်။

စီးပွာ​ရေးကိစ္စကိုလိမ်ညာ၍ကိုင်တွယ်မရ​ကြောင်း၊သိရမည်။

စိးပွာ​ရေးသမားကသာလျင်စီးပွား​ရေးအ​ကြောင်းသက်​သေထူနိုင်သည်။

စီးပွား​ရေးမျိုးဗီဇရှိသူနှင့်နည်းပညာရှင်သည်သာလျင်စိးပွား​ရေးသမား​တော်ကြီးဖြစ်နိုင်ရန်အ​ကြောင်းရှိသည်။ အတုအစစ်ခွဲခြားတတ်ဖို့​တော့လိုသည်။

​ငွေ​ကြေးစနစ်နှင့်လူ​နေမှု့စနစ်ကို​ပေါင်းစီးထားရသည်က၊စီးပွား​ရေးစနစ်ဖြစ်သည်။

စီးပွာ​ရေး​အောင်မြင်ကာထွန်းကားပါမှအစစအရာရာ​အောင်မြင်စွာတိုးတတ်နိုင်သည်။

ဦး​အောင်​ဖေသန်း၊
၀၂/၀၂/၂၀၂၆။

17/01/2026

ကွာခြားချက်။

သူချမ်းသာနှင့်သူဆင်းရဲတို့အကြားအဓိကကွာခြားချက်သည်၊စိတ်ဓါတ်၊စာရိတ္တ၊ဝရိယ၊ပညာနှင့်သစ္စာတို့ဖြစ်သည်။

စိတ်ဓါတ်ဆိုသည်က၊​မွေးရာပါဗီဇကိစ္စဖြစ်​သော်လည်း၊​ကောင်းလာ​စေရန်​လေ့ကျင့်သင်ကြား​ပေးရ​သောကိစ္စဖြစ်သည်။

စာရိတ္တဆိုသည့်က​၊ကောင်း​​မွန်စွာကျင့်ကြံအားထုတ်​တတ်သောကိုယ်ကျင့်တရားဖြစ်သည်။

ဝရိယဆိုသည်က​​၊စောလျင်စွာဇွဲလုံးလစိုက်ထုတ်မှု့ဖြစ်သည်။

ပညာဆိုသည်က​လေ့ကျင့်သင်ကြားခြင်းကိုခံယူကာ၊
ကျင့်ကြံရ​သောကိစ္စဖြစ်သည်။

သစ္စာဆိုသည်က၊ ​တာဝန်နှင့်ဝတ္တရားစောင့်သိခြင်းဖြစ်သည်။

သူချမ်းသာဆိုသည်က၊စာရိတ္တ​ကောင်းသူ၊ဝိရိယ​ကောင်းသူ၊သစ္စာ​စောင့်သိတတ်သူဖြစ်သည်သာမက၊အဘက်ဘက်ကကိုယ်စိတ်နှစ်ပါးချမ်းသာ၀ရာ​ရောက်​နေသူ၊ဖြစ်သည်။

သူဆင်းရဲဆိုသည်က၊စာရိတ္တမ​ကောင်းသူ၊ဝရိယမရှိသူ၊သစ္စာမ​စောင့်တတ်သူဖြစ်သည်သာမက၊အဘက်ဘက်က၊ကိုယ်စိတ်နှစ်ပါးဆင်းရဲကာဒုက္ခ​ရောက်​နေသူဖြစ်သည်။

သူဆင်းရဲတို့၊စိုးမိုး​သောအသိုင်းအဝိုင်းတွင်ငြိမ်းချမ်းသည်မရှိအစဥ်ရန်ပြုနေ​ရလေ့ရှိသည်၊တိုးတက်ရသည်မရှိ၊ကျဆုံးရသည်ကများ​​နေတတ်သည်။

သူချမ်းသာတို့စိုးမိုး​သောအသိုင်းအဝိုင်းတွင်၊အစဥ်​အေးချမ်း​သာယာနေတတ်သည်၊ကျဆုံးရသည်မရှိ၊အစဥ်အမြဲတိုးတတ်​နေတတ်သည်။

ဤကွာခြားချက်က၊သဘာဝတရား၊ဖြစ်သည်။ ထူးခြားသည်က၊ပြုပြင်၍ရ​သည့်၊သဘာဝတရား
ဖြစ်သည်။

ဤကွာခြားချက်တို့ကိုပြုပြင်ကြ​စေချင်သည်။

ဦး​အောင်​ဖေသန်း၊
၁၄/၀၁/၂၀၂၆။

14/01/2026

စိတ်ဓါတ်။

လူ​ကောင်းသူ​ကောင်းတို့၏၊သ​ဘောထားမြင့်မြတ်​သောစိတ်ဓါတ်နှင့်စာနာတရားကိုကျင့်သုံးနိုင်ခြင်းက​၊အစစအရာရာကို၊အကြွင်းမရှိ၊အောင်မြင်​စေနိုင်သည်။

ဦး​အောင်​ဖေသန်း၊
၁၄/၀၂/၂၀၂၅။

11/01/2026

ကိုင်တွယ်ခြင်း။

​နေ့တဒူဝရင်ဆိုင်ကြုံ​တွေ့​နေရ​သောကိစ္စမှန်သမျှတို့အတွက်၊ မလွဲမ​သွေ​မဖြစ်မ​နေ၊ အချိန်မဆိုင်းပြုရသည့်ကိစ္စဖြစ်သည်။

မည်သည့်အရာကိုမဆို၊ကိုင်တွယ်ခြင်းပြုရာ၌၊ အစစအရာရာအလုံစုံကို၊ချိန်ဆတက်ရန်နှင့်​သင့်​တော်​သောနည်းစနစ်ရွေးချယ်၍သုံးတတ်ရန်လိုသည်။

ကိုင်တွယ်ခြင်းပြုကြရာ၌၊ဥဏ်ပညာနှင့်အ​တွေ့အကြုံ၊အနည်းနှင့်အများ၊တို့အ​ပေါ်မူတည်၍အမှားနှင့်အမှန်​အချိုးကျပေါ်​ပေါက်ရသည်။

အမှားနှင့်အမှန်အချိုးအစားတို့အ​ပေါ်မူတည်၍အကျိုးဆက်တို့ကိုရင်ဆိုင်​ဖြေရှင်းရသည်။

​​ဖြေရှင်းရာတွင်နည်းစနစ်ကျပါမှ​အောင်နိုင်သည်။

ယ​နေ့ရင်ဆိုင်​နေရ​သောအ​ကောင်းအဆိုးကိစ္စမှန်သမျှသည်၊ ကိုင်တွယ်ခြင်း၏နောက်ဆက်တွဲအကျိုး​ကျေးဇူးများဖြစ်သည်။ သင်၏ဘဝသမိုင်းက၊မှတ်တမ်းတင်ကာသက်​သေခံ​စေသည်။

ဘဝသမိုင်းကို၊အချိန်မီပြင်တတ်ဖို့လိုသည်။ ပြင်ခွင့်ရသူတို့က၊အလွန်ကံ​ကောင်းကြသူများ၊အမြင်မှန်ရကြသူများတို့သာဖြစ်သည်။

ပြင်ခွင့်ရနိုင်သည့်အချိန်က၊အကန့်အသတ်တိတိကျကျရှိသည်။

တစ်ဦးအားနှင့်​ပြင်၍မရပါက၊ အများအားနှင့်ပြင်​သော်ရနိုင်သည်။ ​စေတနာမှန်ဖို့သာလိုသည်။

ဦး​အောင်​ဖေသန်း၊
၁၁/၀၁/၂၀၂၆။

30/12/2025

သက်ကြီးစကား။

ခတ်​ရေစီး​ကြောင်းနှင့်အတူ၊အသက်ကြီးလာသည်နှင့်အမျှ၊အ​တွေ့အကြုံများလာရသည်။ အ​တွေးအ​ခေါ်များရင့်ကျက်လာရသည်။ ​တွေ့တတ်မြင်တတ်လာရသည်။ ​တွေး​ခေါ်​မျှော်မြင်တတ်လာသည်။ ​သာမန်ထက်ပို၍တွေ့ထိခံစားလာတတ်သည်။ အချိန်ကိုတန်ဖိုးထားတတ်လာကြသည်။ ချိန်တွယ်လာတတ်သည်။ တည်ငြိမ်လာကြသည်။ အနည်းနှင့်အများ​နောင်တရ​နေကြသည်။

သက်ကြီးတို့ကသူငယ်တို့ကိုအမှားနည်း​စေရန်၊သွန်သင်လိုကြသည်။ ခက်ရသည်က၊ ဆယ်စုမကအသက်ကွာခြားသူတို့အကြား၊တစ်ဦးကိုတစ်ဦကနားလည်နိုင်စွမ်းမရှိခြင်းဖြစ်သည်။

ထို့​ကြောင့်သာ၊သက်ငယ်တို့ကသက်ကြီးသူတို့စကားကိုနား​ထောင်နိုင်စွမ်းမရှိဖြစ်ရသည်။ ထို့ကြောင့်သာ
သူငယ်တို့အမှားကြူးလွန်​နေကြခြင်းဖြစ်သည်။

သက်ကြီးစကားတို့တန်ဖိုးမရှိ၊အလဟသ၊ဖြစ်ရသည်။

ပညာဥဏ်ရည်မြင့်​သောသက်ငယ်တို့ကသာသက်ကြီးစကားတို့ကိုနာခံကာ၊သင်ယူတတ်​မြောက်လာကြသည်။ ထိုသူငယ်တို့ကလုပ်ရပ်အများစုက၊အမှားနည်းကာအောင်မြင်မှုများတတ်ကြသည်။

အချုပ်ဆိုရ​သော်၊​အေးချမ်းသာယာ​သောအသိုင်းအဝန်းတခုကိုတည်​ဆောက်နိုင်​ရေးအတွက်၊ပညာဥဏ်ရည်မြင့်​သောသက်ငယ်တို့အများအပြားရရှိလာ​စေရန်၊အ​ခြေခံပညာ​ရေးစနစ်ကိုအထူးကရုစိုက်ကာထူ​ထောင်သင့်သည်။

လူအသိုင်းအဝန်းတို့တွင်၊ပညာ​ရေးအဆင့်အတန်းနိမ့်ကျသူများ၍သာ၊အစစအရာရာမတည်မငြိမ်ဖြစ်ကာကျဆုံးရတတ်သည်။

ဤဖြစ်ရပ်ကိုကုစားရန်အတွက်၊သက်ကြီးစကားကိုြကားနာတတ်​စေရန်၊ လူငယ်တို့၏ပညာသင်ကြား​ရေးစနစ်ကိုအထူးကရုစိုက်ကာထိမ်း​ကျောင်းသင့်သည်။

အရွယ်​ရောက်ပြီးသူများအတွက်မူ၊ သက်ကြီးတို့၏သင်ကြားမှုကို​လေးစာစွာနာခံမှတ်ယူတတ်လာ​စေရန်၊အထူးကြပ်မှတ်​ပေးရမည်။

ဤဖြစ်ရပ်တို့အတွက်သမိုင်း​ကြောင်းကသက်​သေခံသည်။

ဦး​အောင်​ဖေသန်း၊
၃၀/၁၂/၂၀၂၅။

26/12/2025

အခွင့်အ​ရေး။

အ​ခြေအ​နေအရပ်ရပ်တို့အ​ပေါ်အ​ခြေခံ၍ဖြစ်​ပေါ်လာသည့်ကိစ္စရပ်ကိုဆိုသည်။ အခွင့်အ​ရေးကအမျိုးမျိုးရှိသည်။ အချိန်အမျှဖြစ်​ပေါ်​ပြောင်းလဲ​နေတတ်သည်။ အခွင့်အ​ရေးကိုဥဏ်ရည်မြင့်မားသူ၊ကြည့်တတ်မြင်တတ်သူ၊နှင့်အခွင့်အ​ရေးကို​စောင့်​​မျှော်​နေသူတို့ကသာ၊​တွေ့တတ်ယူတတ်ကြသည်။

ကိုးနဝင်း​ကြေသူတို့ကသာ၊အခွင့်အ​ရေးကို​တွေ့မြင်သုံးသပ်ကာအသုံးချတတ်သည်။ ဥဏ်နလုပ်ရပ်သာဖြစ်သည်။

အခွင့်အ​ရေးကိုဖန်တည်းတတ်ရန်ကြိုးစားကြသကဲ့သို့၊​ဖျောက်ဖျက်ပစ်ရန်ကြိုးစားကြသည်လည်းရှိသည်။

ဖြစ်​ပေါ်လာ​သောအခွင့်အ​ရေးကိုပြုပြင်နိုင်ခြင်းကဖန်တည်းခြင်း (သို့မဟုတ်) ဖျောက်ဖျက်ခြင်း၊ဟုမည်သည်။

အခွင့်အ​ရေးက​ပျောက်သွားသည်ဟုမရှိ။

အခွင့်အ​ရေးကအမြဲရှိသည်။ မြင်တတ်၊လုပ်တတ်၊သုံးတတ်၊ဖို့သာလိုသည်။

အခွင့်အ​ရေးသည်လူတိုင်းအတွက်မဟုတ်​ကြောင်းသိရမည်။ အခွင့်အ​ရေးနှင့်သင့်တော်​​သောသူတို့အတွက်သာဖြစ်​ကြောင်းသိရမည်။ ထိုသူတို့ကသာအခွင့်အ​ရေးကိုအသုံးချနိုင်ကြသည်။ ကံဆောင်၍ရနိုင်သည်ကိုဆိုခြင်းဖြစ်သည်။

ကံဆိုသည်က၊အခွင့်အ​ရေးနှင့်တိုက်ရိုက်ဆက်သွယ်​နေသည်။ ကံဆိုသည်က​အောင်မြင်ရခြင်း၏အ​​ကြောင်းရင်းဖြစ်သည်။

ဦး​အောင်​ဖေသန်း၊
၂၆/၁၂/၂၀၂၅။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Botataung 3rd Lane
Yangon