Aye Moh - Edu

Aye Moh - Edu Aye Moh-Edu (English Classes) is here to offer you_

🌲 One-on-one coaching
🌲 Small-group classes
🌲 Writing Video Courses

Tr. Aye Moh 🍀

🩷 Love & Relationship 🩷- လူငယ်တွေကြား ခုတွေ့ ခုကြိုက် ခဏနေ လမ်းခွဲကြတဲ့ ချစ်ခြင်းမျိုးက...📍 **Puppy love**  - Love you s...
25/08/2026

🩷 Love & Relationship 🩷

- လူငယ်တွေကြား ခုတွေ့ ခုကြိုက် ခဏနေ လမ်းခွဲကြတဲ့ ချစ်ခြင်းမျိုးက...
📍 **Puppy love**

- Love you so much. ဆိုတာကို ခပ်ဆန်းဆန်းလေးပြောချင်ရင် ...
📍 **Be head over heels (in love)**

- သူတို့က သိပ်လိုက်တာ...နတ်ဖက်တဲ့စုံတွဲတွေအတိုင်းပဲဆိုရင် ....
📍 **A match made in heaven**

- တစ်ယောက်ယောက်ကို ကြိတ် crush နေရင်တော့...
📍**Have a crush (on someone)**

- ကောင်မလေးကို လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင် ...
📍 **Pop the question**

- ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်သူငယ်ချင်းတွေ၊ အတွဲတွေကတော့ ...
📍**Kiss and make up**

- အခက်အခဲတွေ အတူတူကြုံတွေ့ဖြတ်ကျော်နေကြတယ်ဆိုရင်.....
📍 **On the rocks**

- ဒီတခါတော့ ပြတ်သွားကြလေပြီတဲ့...
📍 **Split up**

- တချို့ကတော့ ပျော်ရွှင်စွာ လက်ထပ်ပေါင်းသင်းကြလေသတည်းပေါ့....
📍**Tie the knot**

- အသေးအမွှားလေးတွေကအစ ငြင်းခုံနေတတ်ကြရင်တော့ ...
📍 **Bicker**
.......

ကဲ .... ပုံထဲက story လေးကို ဖတ်ကြည့်ရအောင်ပါ 📖📖

Ref: New Headway (Upper-inter)

With best wishes,
Tr. Aye Moh
Aye Moh - Edu
Telegram : https://t.me/ayemohedu

🌟 အင်္ဂလိပ်စာအခြေခံမှ Advanced Level ထိ စနစ်တကျ လေ့လာနိုင်မည့် Aye Moh-Edu ရဲ့ English Video Courses များအင်္ဂလိပ်စာ အရေ...
23/08/2026

🌟 အင်္ဂလိပ်စာအခြေခံမှ Advanced Level ထိ စနစ်တကျ လေ့လာနိုင်မည့် Aye Moh-Edu ရဲ့ English Video Courses များ

အင်္ဂလိပ်စာ အရေးစွမ်းရည် (Writing Skill) ကို မိမိ Level အလိုက် ထိရောက်စွာ တိုးတက်စေဖို့ Basic to Pre-Intermediate နဲ့ Intermediate and Above အတန်းများကို ရွေးချယ်တက်ရောက်နိုင်ပါပြီ။

1️⃣ Basic to Pre-Intermediate Level (30-Day Courses)

အခြေခံ Grammar နဲ့ ဝါကျတည်ဆောက်ပုံများကို ရက် ၃၀ ဆက်တိုက် စနစ်တကျ လေ့ကျင့်ချင်သူများအတွက်-

∆ Basic Grammar (30 days)

∆ Sentence Writing (30 days)

နေ့စဉ် ညနေ ၆ နာရီတိုင်း Telegram Private Group မှ Video သင်ခန်းစာများနှင့် Exercise များ လေ့ကျင့်ရမည် (လစဉ် ၁ ရက်နေ့တိုင်း သင်တန်းစပါမည်)။

💰 သင်တန်းကြေး - 60,000 MMK (each course)

🎁 Special Offer - သင်တန်း ၂ခုလုံး အပ်ပါက ၁ သိန်းကျပ် သာ

------------------------------------------

2️⃣ Intermediate & Above Level (Life-Time Courses)

Advanced Grammar နဲ့ sentence style ကို ကျွမ်းကျင်စွာ အမျိုးမျိုးသုံးပြီး Essay ရေးသားမှုအထိ မြှင့်တင်ချင်သူများအတွက်-

∆ Advanced Grammar for Writing

∆ Essay Writing

Self-paced learning ဖြစ်ပြီး Telegram Group မှ Video များကို တစ်သက်တာ စိတ်ကြိုက် ပြန်ကြည့်နိုင်မည်။ ရေးသားထားသော Writing Exercise များကို သေချာစစ်ဆေးပြီး Direct Feedback ပေးမည်။

💰သင်တန်းကြေး - 80,000 MMK (each course)

🎁 Special Offer - သင်တန်း ၂ခု အပ်ပါက ၁ သိန်းခွဲကျပ် သာ

-------------------------------

📥 သင်တန်းစုံစမ်း/အပ်နှံရန်
Aye Moh-Edu (Page Messenger)
Phone- 0943115607
Telegram - https://t.me/ayemohedu

"didn't dislike" / "isn't unnecessary"  တို့လို double negatives ပုံစံရေးထားတဲ့အသုံးအနှုန်းမျိုးတွေကို မြင်ဖူးကြမှာပါ။ ဒ...
22/08/2026

"didn't dislike" / "isn't unnecessary" တို့လို double negatives ပုံစံရေးထားတဲ့အသုံးအနှုန်းမျိုးတွေကို မြင်ဖူးကြမှာပါ။ ဒီလိုပုံစံရေးတာကို Litotes လို့ ခေါ်ပါတယ်။

🎯 Litotes ဆိုတာ ဘာလဲ

Litotes ဆိုတာက အငြင်းသဘောဆောင်တဲ့စကားလုံး (negative word) နှစ်လုံးကို တွဲပြီး အပြုသဘောဆောင်တဲ့အဓိပ္ပာယ်ကို ဖော်ပြတဲ့ အတတ်ပညာတစ်မျိုးပါ။

ဥပမာ-
- He isn't unfriendly. (သူက မဖော်ရွေတာမဟုတ်)
သူက ဖော်ရွေတယ်။ (He is friendly. အဓိပ္ပာယ်ပါပဲ)
- It's not a bad idea. (မကောင်းတဲ့စိတ်ကူးမဟုတ်)
ဒါက ကောင်းတဲ့စိတ်ကူးပါ။ (It's a good idea.)

🎯 Litotes ကို ဘာကြောင့်သုံးကြတာလဲ

🔺အလေးအနက် မပြောလိုတဲ့အခါ (Understatement)

တိုက်ရိုက် "It's great" လို့ပြောမယ့်အစား "It's not bad." လို့ပြောလိုက်ရင် နည်းနည်းလေး ပိုပြီး လျှော့ပြောရာရောက်ပါတယ်။ ဒီလို လျှော့ပြောတာက စကားပြောတဲ့သူရဲ့ စိတ်ခံစားမှုကို ပိုပြီး နက်နက်နဲနဲ ထင်ဟပ်စေပါတယ်။

🔺 တိုက်ရိုက်မပြောလိုတဲ့အခါ (Less direct, more polite)

လူတစ်ယောက်ရဲ့အိုင်ဒီယာကို "It's a brilliant idea!" လို့ တိုက်ရိုက်ပြောမယ့်အစား "That's not a bad idea." လို့ ပြောလိုက်တာက ပိုပြီး ယဉ်ကျေးတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် တခြားသူရဲ့ ခံစားချက်ကို ထိခိုက်မှုမရှိစေဖို့အတွက်လည်း သုံးကြပါတယ်။

🔺ဟာသဉာဏ်ရွှင်ဖို့ (Irony and Humor)

အထူးသဖြင့် ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို သုံးပြီး ဟာသမြောက်အောင် ပြောလေ့ရှိပါတယ်။
ဥပမာ- ရေခဲတုံးလို အေးနေတဲ့ အခန်းထဲ ရောက်သွားတဲ့အခါ "It's a bit chilly in here" လို့ ပြောမယ့်အစား "It's not exactly warm in here" လို့ ဟာသလုပ်ပြီး ပြောလို့ရပါတယ်။

🎯 ဥပမာတွေ ဆက်လေ့လာကြည့်ပါ။

- This is not unnecessay.
ဒါက လိုအပ်တယ်။ (This is necessary.)
- It wasn't a bad movie.
အဲဒီရုပ်ရှင်က ကောင်းပါတယ်။ (It was a good movie.)
- She's not a poor writer.
သူမက စာရေးကောင်းတယ်။ (She is a good writer.)
- I can't disagree with you.
မင်းပြောတာကို သဘောတူပါတယ်။ (I agree with you.)
- The exam was not easy.
စာမေးပွဲက ခက်တယ်။ (The exam was difficult.)

Litotes ကို တိုက်ရိုက်ပြောတာထက် ပိုပြီး ယဉ်ကျေးတာ၊ နူးညံ့သိမ်မွေ့တာ၊ ဒါမှမဟုတ် ဟာသနှောတာမျိုးတွေမှာ သုံးလေ့ရှိပါတယ်။
--------------------------------

🍀
Tr. Aye Moh
Aye Moh - Edu

Speaking & Pronunciation တိုးတက်ချင်ပေမယ့် အချိန်မရလို့ သင်တန်းမတက်နိုင်သူတွေ၊ အလုပ်များသူတွေအတွက်အဆင်ပြေအောင် modified ...
17/08/2026

Speaking & Pronunciation တိုးတက်ချင်ပေမယ့် အချိန်မရလို့ သင်တန်းမတက်နိုင်သူတွေ၊ အလုပ်များသူတွေအတွက်အဆင်ပြေအောင် modified လုပ်ထားတဲ့ Shadowing Method လေးကို မျှဝေပေးချင်ပါတယ်။

📌 ပထမဆုံး App လေး တစ်ခုကို download ဆွဲပါ။ App name က "Learn English Listening" ပါ (ပုံမှာပေးထားပါတယ်)။

📌 ဒုတိယအနေနဲ့ App ထဲမှာ ကိုယ့် level ကို ရွေးပြီးဖြစ်ဖြစ်၊ American or British voice ကို ရွေးပြီးဖြစ်ဖြစ် ကိုယ်နားထောင်မယ့်တစ်ပုဒ်ကို ရွေးပါ။ (တစ်ပုဒ်ကို 2 mins or 3 mins ပဲ ကြာပါတယ်)
🔗 နားထောင်မယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး Listening exercise, Transcript, Vocab တွေလည်း ပါပါတယ်။

📌 လေ့ကျင့်ရမယ့်အပိုင်း လာပါပြီ 🤫
(နေ့အလိုက် သတ်မှတ်ပေးထားတဲ့အဆင့်အတိုင်းပဲ ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပေးပါ)

📌Shadowing Method (modified)

ကိုယ်ရွေးထားတဲ့ Listening တစ်ပုဒ်တည်းကိုပဲ.....

☑️ Mon - Listen 5 times
(၅ခေါက်နားထောင်ပါ)

☑️ Tue - Repeat phrase by phrase
(စကားစုလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)

☑️ Wed - Repeat sentence by sentence
စာကြောင်းလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)

☑️ Thu - Repeat after the speaker
(Speaker နဲ့အတူတူ လိုက်ပြောကြည့်ပါ)

☑️ Fri - Record - Analyze - Record
(Listening တစ်ပုဒ်လုံးကို record လုပ်ပြီး ကိုယ့်အသံကို ပြန်ဆန်းစစ်ပါ။ လိုတဲ့နေရာ မှားတဲ့နေရာတွေမှတ်ထားပါ။ နောက်တစ်ခေါက် record ပြန်လုပ်ပါ။)

☑️ Sat - Retell the subject
(Listening အကြောင်းအရာကို ကိုယ်မှတ်မိသလို ကိုယ့်စကားနဲ့ကိုယ် ပြန်ပြောပြီး record လုပ်၊ သိမ်းထားပါ။ တစ်လကြာတဲ့အခါ ကိုယ့်ရဲ့တိုးတက်မှုကို ပြန်တွေ့ရပါလိမ့်မယ်)

☑️ Sun - Relax 🥰

*****************************

You will see your improvement after one month.
But .... 📍Be consistent!!!

Telegram ကနေလည်း စာတွေဖတ်နိုင်ပါတယ် ... https://t.me/ayemohedu

With best wishes,
Tr. Aye Moh
Aye Moh - Edu

08/08/2026

🎯 "used to" နှင့် "be used to"

"used to" နဲ့ "be used to" ဆိုတဲ့ စကားစုနှစ်ခုက ပုံစံချင်းဆင်ပေမဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုပုံချင်း မတူပါဘူး။ ဘယ်လိုကွာခြားလဲ....?

✅ "used to"

အတိတ်တုန်းက ပုံမှန်လုပ်ခဲ့ဖူးတဲ့ အလေ့အကျင့်တစ်ခု ဒါမှမဟုတ် အခုလက်ရှိမှာ မဟုတ်တော့တဲ့ အခြေအနေတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။

📌 Subject + used to + Verb (base form)

* I used to play football when I was young.
(ငါ ငယ်ငယ်တုန်းက ဘောလုံးကန်လေ့ရှိတယ်၊ အခုတော့ မကန်တော့ဘူး။)
* He used to live in Yangon.
(သူ ရန်ကုန်မှာ နေခဲ့ဖူးတယ်၊ အခုတော့ မနေတော့ဘူး။)

✅ "be used to"

အကျွမ်းတဝင်ရှိနေပြီဖြစ်တဲ့ အခြေအနေတစ်ခု ဒါမှမဟုတ် အရာတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအခြေအနေကို ကိုယ်က အဆင်ပြေပြေနဲ့ ရင်ဆိုင်နိုင်နေပါပြီ။
"to" နောက်မှာ noun / verb-ing (gerund) လိုက်ရပါမယ်။

📌 Subject + be used to + Noun / Verb-ing

* I am used to getting up early.
(ငါ မနက်စောစောထတာကို အကျင့်ဖြစ်နေပြီ။)

* She is used to the hot weather in Myanmar.
(သူမ မြန်မာနိုင်ငံရဲ့ ရာသီဥတုပူတာကို အသားကျနေပြီ။)

🎯 အနှစ်ချုပ်

* used to + (Verb): အတိတ်က အလေ့အကျင့် (past habit)
* be used to + (Noun/Verb-ing): လက်ရှိမှာ အသားကျနေပြီ (present familiarity)

ဒီလေ့ကျင့်ခန်းလေးကို ဖြေကြည့်ပါ။

Choose the correct answer:

* He (used to / is used to) eat a lot of sweets, but now he eats healthy food.

* I (used to / am used to) working late at night, so it's not a problem for me.

----------------🍀

Tr. Aye Moh
Aye Moh - Edu
https://t.me/ayemohedu

Only one day left 🎁
06/08/2026

Only one day left 🎁

အင်္ဂလိပ်လို စာရေးရတဲ့အခါ_
🪫 Tense 12 မျိုးတော့ သိတယ်၊ သေသေချာချာ ကွဲကွဲပြားပြားမသုံးတတ်ပြန်ဘူး။ သုံးနေကျ tense တွေပဲ ထပ်တလဲလဲသုံးနေမိတယ်။

🪫Sentence တွေက တစ်ခါလာလည်း ဒီထဲကမထွက် simple sentence, simple words တွေပဲဖြစ်နေတယ်။

ဒါတွေကတော့ အင်္ဂလိပ်စာနဲ့ ရေးရ၊ သုံးရတဲ့သူ အများစုရဲ့ အခက်အခဲတွေပါပဲ။

Grammar ခဏခဏ လေ့လာဖူး‌ပေမယ့် Rules + Exercises ပဲ လုပ်ပြီး အဲ့ဒီ Rules ကို တကယ်လက်တွေ့စာရေးတဲ့ဆီ ခေါ်မလာတဲ့အခါ၊ စာကြောင်း Pattern တွေပဲ လေ့လာပြီး အဲ့ဒီ Sentence style တွေကို ကိုယ်ရေးတဲ့စာထဲမှာ နေရာတကျ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ထည့်သုံးဖို့ လေ့ကျင့်မှု (Practice) မလုပ်တဲ့အခါ ဘယ်လောက်ပဲ စာလုပ်တယ်ပြောပြော input ပဲရပြီး output အနေနဲ့ ပြန်မထုတ်နိုင်ပါဘူး။ အဓိကက Practice လိုနေတာပါ။

🎯 အဲ့ဒီ Practice ကို ဒီ Advanced Grammar and General Writing (Video Course) မှာ အများကြီး လေ့ကျင့်ရမှာပါ။ Grammar Rule တစ်ခုပြောပြီးတိုင်း၊ Sentence pattern တစ်ခုရှင်းပြီးတိုင်းမှာ ဒါတွေကို ပြန်သုံးနိုင်ဖို့ writing paragraph လေးတွေ၊ Essay လေးတွေ အိမ်စာအနေနဲ့ အရေးလေ့ကျင့်‌ရတဲ့သင်တန်းပါ။ သင်ကြားမယ့် Course outline ကို အောက်မှာပေးထားပါတယ်။

🎁Advanced Grammar and Writing Practice (Video Lessons)

- Tense ၁၂မျိုး ယှဉ်တွဲလေ့လာထားတဲ့ပုံစံ အနှစ်ချုပ်
- Verb အမျိုးအစားများ
- Adjectives & Adj phrases
- Adverbs & Adv phrases
- Correlative conjunctions
- Infinitive Vs Gerund
- Phrases
- Clauses
- Participles
- Past Modals
- If Conditional & Inversion
- Inversions အမျိုးမျိုး
- Cleft sentences
- Passive Voice (formal)
- Linking words
- Types of Sentences
- Paragraph writing အမျိုးမျိုး

🧭 ပုံမှန်သင်တန်းကြေး - ၇သောင်း
🎁 Special fee (၃သောင်းခွဲ) 🎁
#50% off (Aug 7 အထိ)

စုံစမ်းရန် - Aye Moh-Edu (Page Messenger),
Ph- 09 43115607

-------------------------------
Tr. Aye Moh
B.Ed; M.Ed (YUOE)
Dip in English & Creative writing (YU)
TESOL certified by ASU

Essay စစ်နေရတဲ့အချိန်က လောကကြီးနဲ့ ခဏအဆက်ပြတ်ပြီး စစ်ပြီးသွားတဲ့အချိန်က ကမ္ဘာတစ်ခုကနေ နိုးထလလာသလိုပါပဲ ..... မူးနောက်သွာ...
02/08/2026

Essay စစ်နေရတဲ့အချိန်က လောကကြီးနဲ့ ခဏအဆက်ပြတ်ပြီး စစ်ပြီးသွားတဲ့အချိန်က ကမ္ဘာတစ်ခုကနေ နိုးထလလာသလိုပါပဲ ..... မူးနောက်သွားလို့ပါ 😂

ကိုယ်ပိုင်ကျောင်းက ဘော်ဒါနေ Grade 11 ကျောင်းသားလေးတချို့ကို FCE Course book + Essay writing တွဲသင်ပေးနေတဲ့အတန်းပါ။
ရေးနည်းတွေ သေသေချာချာပြောထားပေမယ့်လည်း Thesis statement မှာ ပြောခဲ့တာ‌နဲ့ Paragraph တွေမှာ ပြန်ရေးတာ ကိုက်ညီမှုမရှိတာတွေ၊ informal words တွေ၊ repetitive words and ideas တွေအပြင် grammar/ spelling/ sentence structure အမှားရေးမိတာတွေ သေချာလိုက်စစ်ရတာ မူးနောက်နေတာပါပဲ။ စစ်လေ တွေ့လေ၊ တွေ့လေ ပြင်လေ...
AI ဖြတ်ညှပ်ကပ်ကလည်း လိုက်ကြည့်ရသေး 😂




အင်္ဂလိပ်လို စာရေးရတဲ့အခါ_🪫 Tense 12 မျိုးတော့ သိတယ်၊ သေသေချာချာ ကွဲကွဲပြားပြားမသုံးတတ်ပြန်ဘူး။ သုံးနေကျ tense တွေပဲ ထပ်...
27/07/2026

အင်္ဂလိပ်လို စာရေးရတဲ့အခါ_
🪫 Tense 12 မျိုးတော့ သိတယ်၊ သေသေချာချာ ကွဲကွဲပြားပြားမသုံးတတ်ပြန်ဘူး။ သုံးနေကျ tense တွေပဲ ထပ်တလဲလဲသုံးနေမိတယ်။

🪫Sentence တွေက တစ်ခါလာလည်း ဒီထဲကမထွက် simple sentence, simple words တွေပဲဖြစ်နေတယ်။

ဒါတွေကတော့ အင်္ဂလိပ်စာနဲ့ ရေးရ၊ သုံးရတဲ့သူ အများစုရဲ့ အခက်အခဲတွေပါပဲ။

Grammar ခဏခဏ လေ့လာဖူး‌ပေမယ့် Rules + Exercises ပဲ လုပ်ပြီး အဲ့ဒီ Rules ကို တကယ်လက်တွေ့စာရေးတဲ့ဆီ ခေါ်မလာတဲ့အခါ၊ စာကြောင်း Pattern တွေပဲ လေ့လာပြီး အဲ့ဒီ Sentence style တွေကို ကိုယ်ရေးတဲ့စာထဲမှာ နေရာတကျ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ထည့်သုံးဖို့ လေ့ကျင့်မှု (Practice) မလုပ်တဲ့အခါ ဘယ်လောက်ပဲ စာလုပ်တယ်ပြောပြော input ပဲရပြီး output အနေနဲ့ ပြန်မထုတ်နိုင်ပါဘူး။ အဓိကက Practice လိုနေတာပါ။

🎯 အဲ့ဒီ Practice ကို ဒီ Advanced Grammar and General Writing (Video Course) မှာ အများကြီး လေ့ကျင့်ရမှာပါ။ Grammar Rule တစ်ခုပြောပြီးတိုင်း၊ Sentence pattern တစ်ခုရှင်းပြီးတိုင်းမှာ ဒါတွေကို ပြန်သုံးနိုင်ဖို့ writing paragraph လေးတွေ၊ Essay လေးတွေ အိမ်စာအနေနဲ့ အရေးလေ့ကျင့်‌ရတဲ့သင်တန်းပါ။ သင်ကြားမယ့် Course outline ကို အောက်မှာပေးထားပါတယ်။

🎁Advanced Grammar and Writing Practice (Video Lessons)

- Tense ၁၂မျိုး ယှဉ်တွဲလေ့လာထားတဲ့ပုံစံ အနှစ်ချုပ်
- Verb အမျိုးအစားများ
- Adjectives & Adj phrases
- Adverbs & Adv phrases
- Correlative conjunctions
- Infinitive Vs Gerund
- Phrases
- Clauses
- Participles
- Past Modals
- If Conditional & Inversion
- Inversions အမျိုးမျိုး
- Cleft sentences
- Passive Voice (formal)
- Linking words
- Types of Sentences
- Paragraph writing အမျိုးမျိုး

🧭 ပုံမှန်သင်တန်းကြေး - ၇သောင်း
🎁 Special fee (၃သောင်းခွဲ) 🎁
#50% off (Aug 7 အထိ)

စုံစမ်းရန် - Aye Moh-Edu (Page Messenger),
Ph- 09 43115607

-------------------------------
Tr. Aye Moh
B.Ed; M.Ed (YUOE)
Dip in English & Creative writing (YU)
TESOL certified by ASU

✅ Figurative Language (Part 3)📌 Hyperbole (အလွန်အမင်းချဲ့ကားပြောခြင်း) Hyperbole ဆိုတာက ကိုယ်ပြောချင်တဲ့ စိတ်ကူးစိတ်သန်း...
21/07/2026

✅ Figurative Language (Part 3)

📌 Hyperbole (အလွန်အမင်းချဲ့ကားပြောခြင်း)

Hyperbole ဆိုတာက ကိုယ်ပြောချင်တဲ့ စိတ်ကူးစိတ်သန်း၊ အချိန်ကာလ၊ ခံစားချက် စတာတွေကို ပိုမိုအလေးအနက်ဖော်ပြပြီး အလွန်အမင်းချဲ့ကားပြောတဲ့ ဥပစာစကားဖြစ်ပါတယ်။

Examples_

- It's going to take a million years to get there!
(ဒီကိုရောက်ဖို့ နှစ်သန်းပေါင်းများစွာ ကြာလိမ့်မယ်။)

- I'm so hungry, I could eat a horse!
(ငါအရမ်းဗိုက်ဆာနေတာ၊ မြင်းတစ်ကောင်ကိုတောင် စားနိုင်တယ်။)

- I'm so tired, I could sleep for a century!
(ငါအရမ်းပင်ပန်းနေတာ၊ ရာစုနှစ်တစ်ခုလုံး အိပ်နိုင်တယ်။)

🍹Common examples_

1. I’m literally freezing to death.
2. He runs faster than the speed of light.
3. This bag weighs a ton.
4. It’s taking forever.
5. I’m dying of laughter.
6. He’s older than the hills.
7. She cried a river.
8. It’s boiling hot outside.
9. I have a ton of homework.
10. That was the worst day of my life.

--------------------------------

✅ Alliteration (အက္ခရာတူအစပြုစကားလုံးများ)

Alliteration ဆိုတာက tongue twisters လိုပါပဲ။ အက္ခရာတူနဲ့စတဲ့ စကားလုံးတွေကို ထပ်တလဲလဲသုံးတဲ့ လျှာခလုတ်တိုက်အောင်ရေးတဲ့နည်းပါ။

Examples_

- Three tired tigers.
(ပင်ပန်းနွမ်းနယ်နေတဲ့ ကျားသုံးကောင်။)

- The silly snake slithered.
(နုံးနယ်တဲ့မြွေဟောက်က လိမ်ခွေသွားတယ်။)

- Giddy goats galloped gracefully.
(ပျော်ရွှင်‌နေတဲ့ဆိတ်‌တွေ ကြော့ကြော့မော့မော့ပြေးလွှား‌နေကြတယ်။)

🍹 Common examples_

1. Peter Piper picked a peck of pickled peppers.
2. She sells seashells by the seashore.
3. Busy buzzing bees.
4. Whispering winds whirled wildly.
5. Big brown bears bellowed boldly.
6. Silly snakes slither silently.
7. The wild winds whipped wildly.

--------------------------

✅ Oxymoron (ဆန့်ကျင်ဘက်စကားလုံးတွဲ)

Oxymoron ဆိုတာက ဆန့်ကျင်ဘက်အဓိပ္ပာယ်ရှိသော စကားလုံးနှစ်လုံးကို တွဲဖက်အသုံးပြုထားသော စကားလုံးအလှဖြစ်ပါတယ်။

Examples_

- After the explosion, there was a deafening silence.
(ကျယ်လောင်တဲ့ပေါက်ကွဲသံအပြီး မထင်မှတ်အောင် တိတ်ဆိတ်သွားတဲ့သဘော)

- Graduating was a bittersweet moment—I was proud but sad to leave my friends.
(ဘွဲ့ရတဲ့နောက်ဆုံးနေ့ဆိုတာ ဂုဏ်ယူစရာကောင်းသလို သူငယ်ချင်းတွေကို ခွဲရတာမို့ ၀မ်းနည်းစရာလည်းကောင်းတတယ်ဆိုတာကို bittersweet လို့ သုံးလိုက်တာပါ)

- After three nights with no sleep, I felt like the living dead.
(၃ ည ဆက်တိုက်မအိပ်တော့ လူက သေမလိုကို ပင်ပန်းနေတယ်ဆိုတဲ့သဘော)

🍹 Common examples

1. That comedian’s routine was seriously funny!

2. Please bring the original copy of your birth certificate.

3. He wore a headset to explore a virtual reality game.

4. She looked clearly confused after hearing the complex instructions.

------------------

အားလုံးပဲ စာရေးတဲ့အခါရော စာဖတ်တဲ့အခါမှာပါ ပိုပြီးလွယ်ကူအဆင်ပြေကြပါစေ။

With love,
Tr. Aye Moh
Aye Moh - Edu

✨ Technology Idioms လေးတွေကို Headway Advanced စာအုပ်ထဲကနေ ထုတ်နုတ်ရှင်းပြပေးထားပါတယ်။ ပုံထဲက စာပိုဒ်လေးကို ဘယ်လောက်နားလ...
18/07/2026

✨ Technology Idioms လေးတွေကို Headway Advanced စာအုပ်ထဲကနေ ထုတ်နုတ်ရှင်းပြပေးထားပါတယ်။ ပုံထဲက စာပိုဒ်လေးကို ဘယ်လောက်နားလည်လဲသိရအောင် အရင်ဖတ်ကြည့်ပါ။ highlight လုပ်ပေးထားတဲ့ idiom တွေကို ဒီပို့စ်မှာ ပြန်ရှင်းပေးထားပါတယ်။ ✨


1. A well-oiled machine - စနစ်တစ်ခုလုံး အချိတ်အဆက်မိမိနဲ့ ချောချောမွေ့မွေ့ လည်ပတ်နေတာ (Highly efficient organization)
📝 စက်ဆီလောင်းထားတဲ့ စက်ပစ္စည်းတစ်ခုလိုပဲ အဟန့်အတားမရှိ အလုပ်ဖြစ်နေတာကို ပြောတာပါ။

2. Fire on all cylinders - စွမ်းဆောင်ရည် အမြင့်ဆုံးအထိ စိုက်ထုတ်ပြီး အရှိန်အဟုန်နဲ့ လုပ်ကိုင်တာ (Operating at maximum capacity)
📝 အင်ဂျင်တစ်ခုရဲ့ ဆလင်ဒါတွေ အကုန်လုံး အလုပ်လုပ်ပြီး စွမ်းအားအပြည့် ထွက်နေတဲ့ ပုံရိပ်ကို မြင်ကြည့်နော်။

3. Light years ahead - နည်းပညာ သို့မဟုတ် စနစ်တစ်ခုက အပြတ်အသတ်ကို သာလွန်ဆန်းသစ်နေတာ (Far more advanced)
📝 အလင်းနှစ် (Light Years) နဲ့ တိုင်းရလောက်အောင် အလှမ်းကွာဝေးပြီး ခေတ်ရှေ့ပြေးနေတာမျိုးပေါ့။

4. Not rocket science - အရမ်းကြီး ဦးနှောက်ခြောက်ခံပြီး စဉ်းစားရလောက်အောင် မခက်ခဲတာ (Not overly complex/Easy to understand)
📝 rocket science ပညာရပ်လိုမျိုး လေ့လာရခက်ခဲတဲ့အရာ မဟုတ်ဘူးလို့ တင်စားတာ။

5. Push the panic button - အခြေအနေတစ်ခုမှာ စိတ်မထိန်းနိုင်ဘဲ အလန့်တကြား တုံ့ပြန်မိတာ (To react to a situation by panicking
📝 ပြဿနာအသေးအမွှားလေးကို အရေးပေါ်ခလုတ် (Panic Button) နှိပ်လိုက်သလို ကယောင်ကတမ်း မဖြစ်ဖို့ ပြောတာ။

6. On the same wavelength - အတွေးအခေါ်ချင်း၊ အမြင်ချင်း တူညီပြီး နားလည်မှု အပြည့်ရှိတာ (To think similarly or agree)
📝 ဖုန်းလှိုင်း၊ ရေဒီယိုလှိုင်း (Wavelength) ချင်း တူနေတော့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရတာ အဆင်ပြေနေတာ။

7. Get your wires crossed - ဆက်သွယ်မှုပိုင်းဆိုင်ရာ လွဲမှားပြီး နားလည်မှုလွဲတာ (Misunderstanding/Miscommunication)
📝 ကြိုးတွေ ရှုပ်ထွေး (Crossed) ကုန်တော့ သတင်းစကားက လွဲချော်သွားတဲ့ သဘောပဲ။

8. Blow a fuse - ဒေါသတကြီး စိတ်ပေါက်ကွဲသွားတာ (To become extremely angry)
📝 လျှပ်စစ်ဓာတ်အား အရမ်းများသွားတဲ့အခါ ဖျူးစ်ပြတ်သွားသလိုပဲ၊ စိတ်တိုလွန်းလို့ ပေါက်ကွဲတာကို ပြောတာ။

9. Reinvent the wheel - အဖြေရှိပြီးသား၊ သက်သေပြပြီးသားအရာကို အချိန်ကုန်ခံပြီး အသစ်ကနေ ပြန်လုပ်တာ (Wasting time creating sth that already exists)
📝 လူသားတွေ တီထွင်ပြီးသား "ဘီး" ကို အစကနေ အသစ်ပြန်လုပ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်မယ်လေ။

10. Throw a spanner in the works - ကောင်းကောင်းလည်ပတ်နေတဲ့ အစီအစဉ်ကို ကြားထဲကနေ နှောင့်ယှက်ဖျက်ဆီးလိုက်တာ (To spoil a plan)
📝 လည်ပတ်နေတဲ့ စက်ပစ္စည်းတွေထဲကို Spanner တစ်ခု ပစ်ထည့်လိုက်ရင် စက်ကြီး ရပ်တန့်သွားသလိုမျိုး ပေါ့။

Advanced ကျောင်းသားတွေအတွက် ဒီလို အင်္ဂလိပ် Metaphor အယူအဆတွေကို တွဲမှတ်ထားရင် Writing နဲ့ Speaking မှာ သုံးတဲ့အခါ သဘာဝ ပိုကျကျ သုံးနိုင်ပါလိမ့်မယ်။

အောက်ကစာပိုဒ်လေးကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ပါ။ ပိုပြီး နားလည်သွားပါလိမ့်မယ်။

-------------------

Tr. Aye Moh


Address

South Okkalapa
Yangon

Alerts

Be the first to know and let us send you an email when Aye Moh - Edu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Aye Moh - Edu:

Shortcuts

Share

Category