19/11/2023
■ BETTER TOGETHER ■
````````````````````````````````````
☆ ကျောင်းတိုင်းအောင်မြင်ကြပါစေ
ဒို့ပညာရေးလောကမှာ စာသင်ကျောင်း ၃ မျိုးတွေ့ရပါတယ်။
အဲဒီကျောင်းတွေက...
၁) အစိုးရကတိုက်ရိုက်ကိုင်တွယ်စီမံတဲ့ကျောင်း
၂) အစိုးရမဟုတ်တဲ့အဖွဲ့အစည်းသို့မဟုတ်
ပုဂ္ဂလိကအုပ်ချုပ်စီမံတဲ့ကိုယ်ပိုင်ကျောင်း
၃) နိုင်ငံခြားနဲ့ပူးပေါင်းတည်ထောင်ပြီးကိုယ်တိုင်စီမံအုပ်ချုပ်တဲ့နိုင်ငံတကာစာသင်ကျောင်း-ဟူ၍ ဖြစ်ပါတယ်။
ကျောင်းအားလုံးဟာပညာရေးဝန်ကြီးလက် အောက်ခံဖြစ်ပြီးနိုင်တော်ရဲ့စည်းကမ်းဥပဒေတွေကိုတိကျစွာလိုက်နာရပါတယ်။
□ ဆရာမိဘဟန်ချက်ညီညီ
ဘယ်အမျိုးအစားဝင်ကျောင်းဖြစ်ဖြစ် " ဆရာနဲ့မိဘ" ဟန်ချက်ညီညီပူးပေါင်းပြီးကျောင်းသားများရဲ့စိတ်ဓါတ်နဲ့ပညာ ခေတ်မီစွာဖွံ့ဖြိုးတိုးတက်ဖို့အမြဲအားထုတ်ကြရမယ်။
ဒါကြောင့် " ဆရာမိဘ ဟန်ချက်ညီတဲ့စီမံကိန်းတွေကိုထုတ်ဖော်ရေး " အတွက် ဆရာမိဘ ပူးပေါင်းမှုဆွေးနွေးပွဲလေးတွေ ( Teachers and Parents Collobration Meeting ) ကိုအခါအားလျော်စွာဆောင် ရွက်သွားသင့်ပါတယ်။ဆွေးနွေးပွဲတွေမှာတစ်ကြိမ်နဲ့တစ်ကြိမ်မတူတဲ့တိုးတက်မှုတွေရရှိလာတာကိုတွေ့ရှိရပါတယ်။
ကျောင်းအချို့ဆောင်ရွက်နေကြတာကိုလည်းတွေ့ရပါတယ်။ဝမ်းသာအားရမှုခံစားရပါတယ်။
သို့သော် လေးလေးနက်နက် ထိထိရောက်ရောက် လုပ်ကြဖို့တော့လိုနေပါသေးတယ်။အားပေးပါတယ်။
ဒို့အနေနဲ့ ......
အဲဒီဆွေးနွေပွဲတွေမှာ အောက်ပါအချက် (၁၀)ချက်ကိုမဏ္ဍိုင်ပြုပြီးဆွေးနေးသင့်ကြောင်း အကြံပြုပါတယ်။
■ Main elements to be discussed
1. Roles and Responsibilities of
Teachers
2. Roles and Responsibilities of
Parents
3. Roles and Responsibilities of
Educators
4. Should be a Teacher or an Educator
5. Should be a Teacher-Educator
6. Characteristics and Behaviors of
new generations
7. The importance of Parents and
Teachers Collabaration in Special
Education
8. The effective Strategies of
Parents and Teachers Collabration
9. Sharing General Suggestions, of
Teachers, Parents, and Special
Guests.
10. Feedbacks and responses of both
teachers and parents
☆ ကျောင်းတိုင်းအောင်မြင်ကြပါစေ ☆
Credit:Sayar U Than Soe