E-Life English Language Centre

E-Life English Language Centre Please learn and enjoy in English Life!

Your answer is...... ?
07/06/2020

Your answer is...... ?

30/08/2019
26/08/2019
Wear decent clothes when visiting religious sites....
26/11/2015

Wear decent clothes when visiting religious sites....

Adverbs of frequency==================ပုံမှာ Adverb တွေရဲ့ ကြိမ်ဖန်များစွာ အသုံးပေါ်မူတည်ပြီး ခွဲခြားပြထားတာပါ။***Adverb...
26/07/2015

Adverbs of frequency
==================
ပုံမှာ Adverb တွေရဲ့ ကြိမ်ဖန်များစွာ အသုံးပေါ်မူတည်ပြီး ခွဲခြားပြထားတာပါ။
***Adverb တွေဟာ ပုံမှန်အားဖြင့် Subject နဲ့ main verb ကြားထဲမှာ ထားနိုင်ပါတယ်။
ဥပမာ- I often go
*** verb to be နဲ့ ဆိုရင်တော့ နောက်မှာထားနိုင်ပါတယ်။
ဥပမာ- He’s always late.
ချွင်းချက်- (၁) sometimes နဲ့ usually ကိုတော့ စာကြောင်းရှေ့နဲ့နောက်မှာ ထားနိုင်ပါတယ်။
ဥပမာ- Sometimes, I’m late.
ချွင်းချက်- (၂) Never နဲ့ always ကိုတော့ စာကြောင်းရှေ့နဲ့နောက် ထားလို့မရပါဘူး။
……………………………။…………………………
E-life English Language Centre

HAPPY FATHER DAY!!!
21/06/2015

HAPPY FATHER DAY!!!

The umbrella of Shwedagon pagoda..........Ref: The Map of Shwedagon
21/06/2015

The umbrella of Shwedagon pagoda..........
Ref: The Map of Shwedagon

06/06/2015

“မြန်မာ့ပညာရေးထဲမှ အင်္ဂလိပ်စာ”
=====================

၃ ရက်လောက်ပဲ ရှိပါသေးတယ်။ မန်နေဂျာဆိုတော့ လာလျှောက်တဲ့ လူငယ်လေးတစ်ယောက်ကို အင်တာဗျုးမိပါတယ်။ လူငယ်လေးက personality, movitation, Attitude ကလည်း အားလုံး မဆိုးပါဘူး၊ လက်ခံနိုင်စရာ ရှိပါတယ်။ အတွေ့အကြုံ အနည်းငယ်ရှိတဲ့အတွက် အဆင်ပြေလောက်စရာ ရှိပါတယ်။ ဟိုတယ်ရဲ့ ဧည့်ကြိုဌာနအပိုင်းမှာ လာလျှောက်တာဖြစ်လို့ ဒါလေးပြီးရင်တော့ ခန့်လိုက်တော့မယ်လို့ သုံးသပ်ပြီး စကားတစ်ခွန်းပြောလိုက်ပါတယ်။

“ကဲ သားရေ ဒီအလုပ်သဘောက နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတာ မင်းသိပါတယ်။ ပြီးတော့ ဒီဟိုတယ်မှာလည်း နိုင်ငံခြားသားချည်းပဲရှိတာဆိုတော့ မင်းရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို အကဲခတ်ချင်လို့ပါ။ ဒီတော့ ကိုယ့်အကြောင်းလေးရယ်၊ အတွေ့အကြုံလေးရယ် ဘာလို့ဒီကိုလာလျှောက်တယ်ဆိုတာလေးရယ်တို့ကို နည်းနည်းပါးပါး ပြောကြည့်ပါဦး” လို့ပြောမိတယ်။

လူငယ်က ခဏတော့ အို့တို့အန်းတန်းဖြစ်သွားတယ်။ ပြီးတော့မှ…
“အဲဒီလိုတော့ ကျွန်တော်မပြောတတ်ဘူး၊ သူတို့ပြောရင်တော့ နားလည်ပါတယ်” တဲ့။
“သားရယ် အများကြီး မဟုတ်ပါဘူး၊ တတ်သလောက်ပေါ့။ အဆင်ပြေသလို ပြောပြပါလား။ ဒါမှ မင်းဘယ်လောက်ပြောနိုင်သလဲဆိုတာ သိရမှာလေ။ နည်းနည်းလေးဖြစ်ဖြစ်ပေါ့ကွာ” လို့ထပ်ပြောတော့လည်း မရဘူးပဲ မျက်နှာပြုံးပြုံးလေးနဲ့ အားနာဟန်ပုံစံနဲ့ ပြောပါတယ်။

ခက်တာက သူ့ရဲ့ CV ထဲမှာ သူ့ရဲ့ ဘွဲ့လက်မှတ်က အင်္ဂလိပ်စာ ဘွဲ့ရနဲ့။ ဒါ့ကြောင့် မဟုတ်သေးဘူးဆိုပြီး သူ့ကို “မင်းဘွဲ့က အင်္ဂလိပ်စာနဲ့ ဘွဲ့ရထားတာလေ၊ ဆိုတော့ နည်းနည်းတော့ ရရမှာပေါ့ မဟုတ်ဘူးလား” လို့ ပြောတော့ “အဲဒါက ကျွန်တော် ဒီလိုပဲ သူများဆီကကူးပြီး assignment တင်ပြီးရတာပါ” လို့ ခပ်ရယ်ကျဲကျဲနဲ့ ပြောပါတယ်။ လက်မှတ်ကြည့်လိုက်တော့ အဝေးသင်တက္ကသိုလ် တဲ့။…………….
………………….
ဒီကောင်လေးကိုတော့ နှမြောစွာနဲ့ပဲ အလုပ်မခန့်ဖြစ်လိုက်ပါဘူး။
ဘေးက HR မန်နေဂျာကိုလည်း ပြောလိုက်ပါတယ်။ “ဆောရီးဗျာ ကျွန်တော်လည်း ခန့်ချင်ပါတယ် ဒါပေမယ့် မဖြစ်နိုင်ဘူးဗျာ” လို့။

ကျွန်တော်က လူငယ်တစ်ယောက် အလုပ်မရခြင်းထက် လူငယ်တွေအားလုံးရဲ့ ဘဝတွေကို နှမြောစွာနဲ့ ဝမ်းနည်းနေမိပါတယ်။

မြန်မာ့ပညာရေးမှာ အင်္ဂလိပ်စာကို သူငယ်တန်း ABCD က စသင်ရင် ၁၀တန်း အထိဆိုရင် ၁၁နှစ်၊ တက္ကသိုလ်မှာ နောက်ထပ် ၄နှစ်ဆိုတော့ ပေါင်း ၁၅နှစ်။ အဲဒီ ၁၅နှစ် သင်လာတဲ့ အင်္ဂလိပ်စာကို ၁၀မိနစ်လောက်ရှိတဲ့ အင်တာဗျုးမှာ မပြောနိုင်လို့ လူငယ်လေးတစ်ယောက် အလုပ်မရတာ ကလေးအပြစ် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ အခြားဘွဲ့ရထားတဲ့ သူတွေမှာလည်း သူရထားတဲ့ ဘာသာရပ်မှာ သူဘာမှ မသိပါဘူး……….။
………………………………
အောင်ငြိမ်းချမ်း (5.6.15)
(Founder of E-life English Language Centre)

06/06/2015

Address

Room 404, Malikha Garden Housing, Bawamyint, Thingangyun
Yangon

Telephone

09 430 96 556

Website

Alerts

Be the first to know and let us send you an email when E-Life English Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share