The Light of Buddha

The Light of Buddha

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Light of Buddha, Education, vipassina, Yangon.

30/06/2023

သာသနာကွယ်တယ်ဆိုတာ....
သာသနာဆိုတာအဆုံးအမလို့ခေါ်ပါတယ်.ဗုဒ္ဓသာဿနာဆိုတာဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အဆုံးအမလို့ခေါ်ပါတယ်၊ဗုဒ္ဓမြတ်စွာဘုရားရှင်မပွင့်မှီအချိန်ကတည်းက ဒါန၊သီလ၊သမထ ဆိုတာ ရှိခဲ့ပါတယ်။အခြားဘာသာဝင်တွေမှာလည်း ဒါန လှုတန်းခြင်း၊သီလ အကျင့်စောင့်ထိမ်းခြင်းဆိုတာ ရှိပါတယ်။သမထ ပွားများခြင်းကိုတော့ အိန္ဒိယမှာ ကျင့်ကြံ အားထုတ်ကြတာ များတယ်။

ဒီ ဒါန နဲ့ သီလ ၊သမထတွေအတွက် ဗုဒ္ဓ ပွင့်တော်မူခဲ့ရခြင်းမဟုတ်ပါဘူး။ဒါနနဲ့သီလ၊သမထတရားဆိုတာ ဗုဒ္ဓမပွင့်လည်း ရှိခဲ့ပြီးသားဖြစ်ပါတယ်။ဒါနနှင့်သီလတို့၏အမြင့်ဆုံးရောက်ရှိမည့်နေရာဆိုတာ လူ့ဘုံ၊နတ်ဘုံမျှသာ ဖြစ်ပါတယ်။သမထ ကတော့ ဗြဟ္မာဘုံ အထိ ရောက်ပါတယ်။

ဗုဒ္ဓွပွင့်လာရခြင်းအကြောင်းကတော့သတ္တဝါတွေကို သံသရာမှလွှတ်​မြောက်စေဖို့အတွက် ကမ္ဘာပေါင်းများစွာ ပေးဆပ်ကျင့်ကြံပြီး နောက်ဆုံးဘဝမှာ
သဗ္ဗေညုတ ဥာဏ်ဆိုတဲ့ လောက သုံးပါး
အားလုံးကို သိတဲ့ ဗုဒ္ဓအဖြစ်ကို ခြောက်နှစ်နီးပါး
ကျင့်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓပွင့်တော်မူလာရသည့်အကြောင်းအရင်းသည်
လူတွေကို ဒါန္၊သီလ၊သမထတို့နှင့် ဘဝ များစွာမှာ မကျင်လည်စေဘဲ ဝိပဿနာတရားကို အားထုတ်ကျင့်ကြံ၍ သံသရာမှလွှတ်မြောက်ရာ
နိဗ္ဗာန်ကို မဂ္ဂင်ရှစ်ပါးလမ်းစဥ်ဖြင့် ကျင့်ကြံအားထုတ်ပြီး လူ၊နတ်၊ဗြဟ္မာ သတ္တဝါ တွေကို
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ဟောကြားဆုံးမပြသပေးဖို့ ပွင့်တော်မူလာခြင်းဖြစ်ပါတယ်။

သံသရာမှာ ဘယ်ဘုံဘဲ ရောက်ရောက် အိုခြင်း၊နာခြင်း၊သေခြင်းမှမလွှတ်ကင်းနိုင်ပါဘူး။အိုခြင်း၊နာခြင်း၊သေခြင်း ကင်းရာ နိဗ္ဗာန်ကို ဝိပဿနာတရား များအားထုတ်ကျင့်ကြံပြီး မျက်မှောက်ပြုနိုင်မှသာ သံသရာဒုက္ခဆင်းရဲမှလွှတ်မြောက်မယ်လို့ ဗုဒ္ဓက ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါန၊သီလ၊သမထ တရားများသည်ကုသိုလ်ဖြစ်ကြောင်းတရားများ ဖြစ်ပေမဲ့ သံသရာဝဋ်ဆင်းရဲမှ လွှတ်မြောက်ခြင်း တရားများ မဟုတ်ပါဘူး။

ဝိပဿနာ တရားကိုကျင်ကြံအားထုတ်မှသာ သံသရာဒုက္ခဆင်းရဲမှလွှတ်မြှောက်နိုင်မှာဖြစ်ပြီး
ဗုဒ္ဓသာသနာဟုခေါ်ဆိုသော ဗုဒ္ဓအဆုံးအမကို လိုက်နာခြင်း မည်ပေလိမ့်မည်။

သံသရာမှလွှတ်မြောက်ကြောင်းဖြစ်သော ဝိပဿနာတရားကို အားမထုတ်သ၍ အကြင်သူသည် ဗုဒ္ဓသာသနာနှင့်ကြုံတွေ့နေရခြင်း ဟု မဆိုနိုင်တော့ပါ။

ဗုဒ္ဓပွင့်တော်မူလာရခြင်းအကြောင်းရင်းသည် လူနတ်ဗြဟ္မာသတ္တဝါတို့ကို သံသရာမှ လွှတ်မြောက်စေရန်အတွက် ပွင့်တော်မူရခြင်းဖြစ်သောကြောင့်
ဗုဒ္ဓဟောကြားပြသပေးခဲ့သော သံသရာဆင်းရဲမှ
လွှတ်မြောက်ရာဝိပဿနာ တရားကို အားမထုတ်သေးသ၍ ထိုသူသည် သာသနာကွယ်နေတာနှင့် အတူတူပင် ဖြစ်ပါသည်။

ဒါကြောင့်သာသနာကွယ်တယ်ဆို ဗုဒ္ဓတရားတော်အဆုံးအမတွေပျောက်ဆုံးသွားမှသာသနာကွယ်ခြင်းမဟုတ်ဘဲ၊ဗုဒ္ဓအဆုံးအမအတိုင်း သံသရာလွှတ်မြောက်ကြောင်း မဂ္ဂင်ရှစ်ပါးလမ်းစဥ်ဖြင့် ဝိပဿနာ တရားအားမထုတ်သေးသ၍ ဗုဒ္ဓအဆုံးအမတရားများမကွယ်ပျောက်သေးဘဲ......
သာသနာကွယ်နေခြင်းဖြစ်ကြောင်းကို ဓမ္မဒါန အဖြစ် ရေးသားလိုက်ပါသည်။

***ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်ကိုရေးသားခြင်းဖြစ်သောကြောင့် လွတ်လပ်စွာ သဘောထား ကွဲလွှဲနိုင်ပါသည်။***

30.6.2023-09:41 PM

27/05/2022

လူ့သက်တမ်းဆိုတာ...

လူမျိုးဘာသာမရွှေးတစ်နေ့သေရမယ်ဆိုတာသိကြတယ်။ဒါပေမဲ့သေခြင်းတရားကိုဘာကြောင့်မကြောက်ကြလဲ?
ပထမတစ်ချက်ကတော့ ငါမသေနိုင်သေးဘူးလို့ ထင်နေလို့။ဒုတိယအချက်ကတော့သံဝေဂဥာဏ်မဖြစ်သေးလို့။တတိယအချက်ကတော့ သေပြီးရင်
ဘာမှမသိတော့ဘူးလို့ထင်နေလို့ဘဲ။(သေပြီးရင်သိတယ်ဆိုတာနောက်မှရေးသားပါအုံးမည်)

လူ့သက်တမ်းဆိုတာ တစ်ကယ်တွက်ကြည့်ရင်ခဏလေးပါ။လူ့သက်တမ်းကိုမြတ်စွာဘုရားရှင်လက်ထက်မှာသက်တမ်းနှစ်(100)သတ်မှတ်တယ်။မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးချိန်ကစပြီးနှစ်တစ်ရာမှာလူ့သက်တမ်းတစ်နှစ်လျော့တယ်။အခုဘုရားပရိနိဗ္ဗာန်ပြုတာနှစ်ပေါင်း၂၅၀၀ ကျော်ရှိသွားပြီဆိုတော့ လူ့သက်တမ်းက (၇၅)နှစ်သက်တမ်းဖြစ်သွားပြီ။အသက်ကိုကံ၊စိတ်၊ဥတု၊အဟာရကထိမ်းချုပ်ပေးတယ်ဆိုပေမဲ့ဥပစ္ဆဒကကံဆိုတဲ့ကြားဖြတ်ကံဆိုတာရှိတယ်။သူများသတ်လို့ကားတိုက်လို့လေယာဥ်ပျက်ကျလို့အစရှိသဖြင့်ကြားဖြတ်ကံကြောင့်သေနိုင်တယ်။သက်တမ်းအရ(၇၅)နှစ်ဆိုပေမဲ့အချိန်မရွှေးနေရာမရွှေးသေနိုင်တယ်။

ဒီတော့လူ့သက်တမ်းကိုတွက်ကြည့်ရအောင်။
သက်တမ်း၁၀၀ကိုတစ်နှစ်မှာ၃၆၅ရက်နှင့်မြှောက်ရင်ရက်ပေါင်း(၃၆၅၀၀)ဘဲရှိတယ်။အခုလူ့သက်တမ်းက(၇၅)နှစ်ဆိုတော့ ၃၆၅ရက်နှင့်မြှောက်ရင်ရက်ပေါင်း(၂၇၃၇၅)ရက်ဘဲနေရမှာ။သက်တမ်းအရပြောတာနော်။ကြားဖြတ်ကံအရဆို
ဒီနေ့လည်းသေနိုင်တယ်။

အသက်(၅၀)ရှိတဲ့လူတွေဆိုရင်ပေါင်း(၉၁၂၅)ရက်ဘဲနေဖို့ကျန်တော့တယ်။ရက်ပေါင်း၉၀၀၀ ကျော်ဆိုတာ ခဏလေးနော်။ကိုယ်ရောက်နေတဲ့အသက်ကိုကြည့်ပြီးဘယ်လောက်ကျန်သေးလဲတွက်ကြည့်ကြပေါ့။

နည်းနည်းအသက်ပိုရှည်သွားလဲနောက်ဆုံးမှာသေခြင်းတရားနဲ့ဘဲအဆုံးသတ်ရမှာပါ။

ဒါကြောင့်တိုတောင်းလှတဲ့ လူ့ဘဝခဏလေးအတွင်းမှာ လောဘ ဒေါသ မောဟတွေနည်းနိုင်သမျှနည်းအောင်ကြိုးစားအားထုတ်နေထိုင်ရင်း
သေခြင်းတရားကိုဆင်ခြင်ပွားများရင်းသူတော်ကောင်းတရားများအားထုတ်ရင်းနဲ့ကျန်ရှိနေတဲ့အချိန်တွေကို အကျိုးရှိအောင်နေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်....

03/04/2022

အသုဘပို့တယ်ဆိုတာ....

သူငယ်ချင်းတစ်ယောက်ရဲ့အဖေဆုံးလို့ ရေဝေးသုသာန်ကိုလိုက်ပို့တော့ ကားပေါ်မှာပြောတဲ့စကားတွေကြားမိတယ်..
ဒီနေ့ဘာကောင်းလဲ...မနေ့ကမပေါက်ဘူး...မနေ့ကဘောပွဲအောင်လား..အရောင်းအဝယ်တွေမကောင်းဘူး..သားကတော့နိုင်ငံခြားက လစဥ်ငွေပို့ပေးပါတယ်......စသည်ဖြင့်ပေါ့။ကားပေါ်မှာအသုဘ လိုက်ပို့တဲ့သူတွေ ရေဝေးသုသာန်မရောက်မခြင်း အချင်းချင်းပြောလာခဲ့ကြတာတွေ...

ရေဝေးရောက်လို့ကားပေါ်ကဆင်းပြီး အသုဘခန်းမထဲဝင်တော့ ရေဗူးနဲ့ယပ်တောင်လေးတွေယူပြီးနီးစပ်ရာခုံမှာဝင်ထိုင်ကြတယ်..အသုဘ စင်နားတောင်သွားမကြည့်ကြဘူး...တချို့ကတော့အသုဘစင်နားသွားကြည့် သေသူရဲ့မိသားစုဝင်တွေကိုနုတ်ဆက်အားပေးကြတယ်...

နောက်တော့ထုံးစံအတိုင်း အသုဘ ရုပ်အလောင်းကြီးကို မီးသဂြိုတ်စက်ထဲထည့်မည့်အချိန် မိသားစုဝင်တွေအော်ငိုကြ..မူးသူမူး..မေ့သူမေ့ကြပေါ့...ပြီးတော့ လိုက်ပို့တဲ့သူတွေ အားလုံးကိုယ်စီးလာတဲ့ကားပေါ်ပြန်တက်....ကားပြန်ထွက်တော့ကားပေါ်မှာ ဟိုအကြောင်းဒီအကြောင်းတွေပြောပြီး ပြန်ကြ...သံဝေဂပါတဲ့စကားတစ်ခွန်းမှမပါ။(အသုဘပို့တဲ့လူတိုင်းကိုဆိုလိုတာမဟုတ်ပါဘူး..အခုကားပေါ်မှာပါလာတဲ့လူများကိုသတိထားမိပြီး ဒီစာကိုရေးခြင်းဖြစ်ပါတယ်)

တစ်ကယ်တော့ အသုဘ ပို့တယ်ဆိုတာ သေသူအတွက်လား? ကျန်ရစ်သူမိသားစုအတွက်လား? အသုဘလိုက်ပို့သူအတွက်လား?
စဥ်းစားကြည့်ရင် သေသူအတွက် ကျွန်တော်တို့လိုက်ပို့လို့ ဘာမှထူးခြားမလာပါဘူး..ကိုယ်လိုက်ပို့လို့ သူပြန်ရှင်လာမှာမဟုတ်သလို ကိုယ်ကလိုက်ပို့တာလည်း သူမသိနိုင်တော့ပါ...
ဒီတော့ကျန်ရစ်သူမိသားစုအတွက်လားဆိုရင်တော့အနည်းငယ်မျှသက်ဆိုင်တယ်။
သေတဲ့သူပြန်မရှင်လာပေမဲ့ ကိုယ်တွေရဲ့စာနာအားပေးမှု လူမှုရေးကူညီမှုတွေက ကျန်ရစ်သူမိသားစုအတွက် အားအင်တစ်ခုဖြစ်စေတာ အမှန်ဘဲ..

တစ်ကယ်တော့အသုဘ ပို့တယ်ဆိုတာ ကိုယ့်အတွက်ပါ။တစ်နေ့ကျငါလည်း ဒီလိုသေရမှာပါလားလို့ သံဝေဂ အသိတွေ သိစေဖို့ အသုဘ ပို့ရတာပါ။အဲ့ဒီလိုမတွေးဘဲ လူမှုရေးအရ လိုက်ပို့တယ်ဆိုရင်တော့ အသုဘ လိုက်ပို့တာ ကိုယ့်အတွက် အကျိုးမရှိနိုင်တော့ဘူး။အသက်မဲ့ပြီးအသုံးမဝင်တော့တဲ့ခန္ဓာကိုယ်ကြီးကိုကြည့်​ပြီးမမြဲခြင်းတရားတွေကိုဆင်ခြင်သုံးသပ်၍ဘယ်အရာမှမမြဲပါလားလို့ သတိလေးတစ်ချက်ဖြစ်ရင်တော်တော်ကုသိုလ်ရပါတယ်။

အသုဘရှု့တယ်ဆိုတာ ဘုရားရှင်လက်ထက်က သီရိမာဆိုတဲ့ ပြည့်တန်ဆာအမျိုးသမီး စျာပနကစခဲ့တယ်လို့ ထင်ပါတယ်။
(သေချာသိသော ရဟန်းရှင်လူ ပုဂ္ဂိုလ်များ လမ်းညွှန်ပေးပါ) ကျွန်တော်မှတ်သားမိသလောက်ဖော်ပြပေးတာဖြစ်ပါတယ်။
သီရိမာဆိုတာ ဂေါတမ ဘုရားရှင်လက်ထက်က အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးပါ။လူပုဂ္ဂိုလ်မဆိုထားနှင့်သဃ်န်းဝတ် ရဟန်းတောင်သီရိမာကို စွဲလမ်းနှစ်သက်တယ်ဆိုတာ ဖတ်ဖူးသိဖူးပါတယ်။သီရိမာဟာပြည့်တန်ဆာဖြစ်ပေမဲ့ ဘုရားရှင်ကို ရိုသေကိုင်းရှိုင်းသူတစ်ယောက်ပါ။သီရိမာဟာ အရွှယ်ကောင်းတုံးမှာ ရောဂါကြောင့် သေဆုံးခဲ့ရတယ်။

သီရိမာသေဆုံးသွားကြောင်းကိုဗိမ္မိသာရ ဘုရင်ကြီးက ဘုရားရှင်ထံအကြောင်းကြားပါတယ်။ဘုရားရှင်က သီရိမာရဲ့အလောင်းကို ချက်ခြင်းမြေမြုပ်သဂြိုတ်ခြင်းမပြုဘဲ (3)ရက် ဒီအတိုင်း ထားရန် ညွှန်ကြားတော်မူတယ်။သီရိမာရဲ့ အသုဘကိုကြည့်ပြီး ကျွတ်တမ်းဝင်နိုင်မည့်ပုဂ္ဂိုလ်များကို ဘုရားရှင်ကမြင်တော်မူသည့်အတွက် သီရိမာ၏အလောင်းကို (၃)ရက်ထားခိုင်းခြင်းဖြစ်တယ်။

(၃)ရက်မြောက်နေ့မှာ ဝိညာဥ်မဲ့နေတဲ့ သီရိမာ ခန္ဓာကိုယ် ဟာ ပုတ်ပွအရည်တွေထွက်ပြီးယခင်ကလှပတဲ့အရည်အဆင်းတွေတစ်ခုမှမရှိတော့ပါဘူး။ပုတ်ပွနေတဲ့ရုပ်အလောင်းနား ကပ်မည့်သူတောင်မရှိတော့ပါဘူး။
(၄)ရက်မြှောက်နေ့ကျတော့ ဘုရားရှင်က ကြွလာပြီး တစ်ချိန်ကသီရိမာကို စွဲလမ်းနှစ်သက်တဲ့သူအများကြီးဘဲရှိတယ်။သီရိမာနဲ့ပျော်ပါးချင်သူတွေအများကြီးဘဲ။သီရိမာနှင့်ပျော်ပါးချင်ရင်အသပြာတစ်ထောင်ပေးပြီးပျော်ပါးကြရတယ်။အခုသီရိမာကို အလကား ပေးမယ်ဆိုရင်တောင် လိုချင်တဲ့သူမရှိတော့ဘူးလို့ ဘုရားရှင်က မမြဲတဲ့တရားတွေဟောကြားပြီး များစွာသော နတ်ဗြဟ္မာနှင့်ရဟန်းရှင်လူတို့ကို ကျွတ်တမ်းဝင်စေခဲ့တယ်။(သီရိမာနှင့်ပက်သက်သည့်အကျယ်ကို ရှာဖွေဖတ်ရှု့စေချင်ပါတယ်။ယခုရေးသည့်အကြောင်းအရာသည် အသုဘ ရှု့ခြင်း ပို့ခြင်းကို အဓိကရေးခြင်းဖြစ်သောကြောင့် သီရိမာအကြောင်းကိုအကျည်းမျှဖော်ပြခြင်းဖြစ်ပါသည်။)

အသုဘကို (၃)ရက်ထားခြင်း အယူအဆဟာ သီရိမာကို အကြောင်းပြုပြီး ဖြစ်လာတယ်လို့ယူဆလို့ရပါတယ်။နောက်ပြီးအသုဘ ရှု့ခြင်းဟာလည်း သီရိမာကို အကြောင်းပြုပြီးဖြစ်လာရတယ်လို့ ယူဆမိပါတယ်။(မိမိယူဆချက်ဖြစ်ပါတယ်)

အပေါ်က ကျွန်တော်ပြောခဲ့သလို အသုဘ ရှု့တယ် အသုဘ ပို့တယ်ဆိုတာ သေသူအတွက်နဲ့ကျန်ရစ်သူမိသားစုအတွက်အဓိကမဟုတ်ဘဲ အသုဘ အလောင်းကြီးကို ရှု့ပြီး မမြဲသောတရား တစ်နေ့မှာငါလည်း ဒီလိုသေပြီး ဒီလိုဖြစ်ရမှာပါလားလို့သတိကပ်နှလုံးသွင်းဆင်ခြင်ပြီး အသုဘ ပို့မယ်ဆိုရင် သံဝေဂတွေ ပွားများလာပြီး နိဗ္ဗာန်ထိ အထှောက်အပံ့ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်အသုဘ ပို့တယ်ဆိုတာ လူမှုရေးအရမဟုတ်ဘဲ မမြဲခြင်းတရားတွေကို အာရုံပြုပြီး
တစ်နေ့ကျ ငါလည်း သူ့လိုသေရမှာပါလားလို့သတိနဲ့ဆင်ခြင်ပြီး အသုဘ ပို့သူ မိမိအတွက်အကျိုးရှိအောင် အသုံးချတတ်ပါစေလို့ ရည်ရွှယ်ပြီး ဒီစာကိုရေးသားလိုက်ရပါတယ်။

16/01/2022

စိတ်ငြိမ်းချမ်းမှု..
လူသားအားလုံးက စိတ်ငြိမ်းချမ်းမှုကို လိုချင်ကြတယ်....
သို့သော်လည်း....
စိတ်ငြိမ်းချမ်းမှုကိုမှားယွင်းစွာရှာဖွေနေကြသော်အချက််၂ချက် ရှိတယ်။

ပထမအချက်ကတော့ငြိမ်းချမ်းမှုအစစ်ကိုသေချာ
စွာ နားမလည်ခြင်းဖြစ်ပြီး...

ဒုတိယအမှားကတော့ထိုငြိမ်းချမ်းမှုကိုတခြားသူထံမှရယူလိုခြင်းဘဲဖြစ်ပါတယ်..။

တစ်ကယ်ငြိမ်းချမ်းမှုအစစ်က ဘာလဲ?
တခြားသူတစ်ယောက်ဆီက ရတဲ့စိတ်ငြိမ်းချမ်းမှုက
အမြဲတမ်းရနိုင်မှာလား?

စဥ်းစားကြည့်ပါ..

23/10/2020

ဗုဒ္ဓက အဆိုးမြင် ဝါဒီ လားဆိုတာ.....

ဘဝဟူသမျှ ဒုက္ခ လို့ ဗုဒ္ဓကဟောကြားလို့ အခြားဘာသာဝင်တွေက ဗုဒ္ဓကို အဆိုးမြင် ဝါဒလို့ ပြောဆိုသတ်မှတ်ကြတယ်။
ဒါဆို ဘုရားရှင်က ချမ်းသာခြင်းအကျိုးတရားတွေ မဟောခဲ့ဘူးလား? ဟောခဲ့ပါတယ်။
ဘဝမှန်သမျှ ဒုက္ခလို့ သတ်မှတ်ထားရင် ဘာကြောင့် ဘဝရဲ့ချမ်းသာခြင်း တရားတွေဟောပြန်လဲ?
တရားတွေက ဆန့်ကျင်ဘက် တွေဖြစ်နေပြီ လို့တွေးလို့ရတယ်။

ဒါပေမဲ့ ဗုဒ္ဓဟောကြားတဲ့ ဒုက္ခဆိုတာ အနိစ္စ ဆိုတဲ့ မမြဲခြင်းတရားကို ဒုက္ခလို့ သတ်မှတ်တော်မူခြင်းဖြစ်တယ်။
ဘဝမှာ သုခ ဆိုတာ မရှိဘူးလို့ ဗုဒ္ဓက မဟောဘူး။လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာစည်းစိမ်တွေ ဗုဒ္ဓဟောကြားခဲ့တယ်။
ဒါပေမဲ့ ထိုစည်းစိမ်တွေက အမြဲရနိုင်လား? မရနိုင်ဘူး။ နောက်ဆုံးသေရင် စွန့်လွှတ်ရမယ်။မမြဲဘူး...
ဒါကြောင့် ဗုဒ္ဓက မမြဲခြင်း တရားတွေကို ဒုက္ခ လို့ဟောကြားခြင်းဖြစ်တယ်။

လူ့ဘဝမှာ လူ့စည်းစိမ် ကာမဂုံ အာရုံတွေ ခံစားရတဲ့အချိန်ဟာ ဘဝရဲ့ သုခ ပါဘဲ။ဒါပေမဲ့ ဒီစည်းစိမ်အာရုံတွေဟာ အမြဲတမ်းမရနိုင်လို့ မမြဲလို့ ဒုက္ခ လို့ သတ်မှတ်ခြင်းဖြစ်တယ်။
စည်းစိမ် ချမ်းသာမှုတွေ မသေခင်အချိန်ထိ မြဲခဲ့ရင်တောင် အာရုံခံစားမှုတွေက မမြဲဘူး။ရထားတဲ့ ခန္ဓာကြီးက မမြဲဘူး။
သေရင် အားလုံးထားခဲ့ရတာ။မသေခင်အချိန်မှာလည်း ဒီခန္ဓာကိုယ်က အညစ်အကြေးတွေကို နေ့စဥ်သန့်ရှင်းပြုလုပ်ပေးနေရခြင်းကလည်း ဒုက္ခဘဲ။
ဒီခန္ဓာကိုယ်ကြီးကို မပြုပြင် မသန့်ရှင်းဘဲထားကြည့်လေ။ခန္ဓာကြီးက အလိုလို မွေးရနံ့တွေ ထွက်လာလား?မထွက်ပါဘူး။
အညစ်အကြေးတွေ မသန့်စင်ဘဲ ထားကြည့် ကိုယ့်အနားဘယ်သူမှကပ်မှာ မဟုတ်ဘူး သေချာတယ်။
ခန္ဓာနဲ့ပက်သက်ပြီး ချမ်းသာမှုမရှိဘူးလား။ရှိတာပေါ့ ကိုယ်နေချင် စားချင် လိုချင်တာတွေ ရတဲ့အချိန် ခံစားရတဲ့အချိန်ဟာ
သုခချမ်းသာဘဲလေ။

ချမ်းသာမှုခံစားရတဲ့ အချိန် သုခဘဲလေ။ဒါပေမဲ့ ထိုချမ်းသာမှုက အမြဲတမ်းမရနိုင်ဘူး။

ဒါကြောင့် ဗုဒ္ဓက ဘဝဆိုတာ ချမ်းသာမှု မရှိဘူးလို့ မဟောဘူး။အဲ့ဒီရလာတဲ့ ချမ်းသာမှုတွေက အမြဲမရှိတဲ့အတွက် မမြဲခြင်းတရားကို ဒုက္ခ လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။

ဗုဒ္ဓသည် အဆိုးမြင်ဝါဒီလား အမှန်တရားကိုဟောကြားတာလားဆိုတာတော့ ကိုယ်တိုင်စဥ်းစားဆုံးဖြတ် ယုံကြည်ခွင့်ရှိပါတယ်။

ရတနာ သုံးပါး ဦးထိပ်ထားလျှက်
KST

Photos 14/06/2017

ကန်တော့ပါသေးရဲ့ ဆိုတာ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏကြားနေရတဲ့စကား
တစ်ခုပါ။ဘုန်းကြီးတွေ့လည်း မလှုချင်ရင် ကန်တော့ပါသေးရဲ့
အလှုခံ လာလည်း ကန်တော့ပါသေးရဲ့ သူတောင်းစား လာတောင်းလည်း ကန်တော့ပါသေးရဲ့ဆိုပြီး တချို့က ပါးစပ်ကဘဲပြောတယ်။တချို့ကတော့ လက်အုပ်လေးချီပြီး ကန်တော့ပါသေးရဲ့ ဆိုပြီး အငြင်းဝါကျသုံးပြီး ငြင်းလွှတ်လိုက်ကြတယ်။တကယ်တော့ ကန်တော့ပါသေးရဲ့ဆိုတာ အငြင်းဝါကျ မဟုတ်ဘူး။ရဟန်း ကိုရင် တစ်ပါးပါးကို လက်အုပ်လေး ချီပြီး ကန်တော့ပါသေးရဲ့လို့ပြောတာ မလှုချင်လို့ ငြင်းလိုက်တာဘဲ။
သူတောင်းစား ကို လက်အုပ်ချီပြီး ကန်တော့ပါသေးရဲ့ လို့ပြောတာတော့ လုံးဝမှားသွားပြီ။သူတောင်စား က အကန်တော့ခံ ပုဂ္ဂိုလ်ထဲမှာ မပါဘူး။အနန္တော အနန္တ ၅ ပါးထဲမှာ
သူတောင်းစားမပါဘူး။ကျွန်တော့်ပတ်ဝန်းကျင်မှာ သူတောင်းစားကို လက်အုပ်ချီပြီး ကန်တော့ပါသေးရဲ့ လို့ပြောတဲ့သူ တော်တော်များများ တွေ့ခဲ့ဖူးလို့ ဒီစာကို ရေးလိုက်တာပါ။
တကယ်တော့ ကန်တော့ပါသေးရဲ့ စကားလုံး ဘယ်က ဆင်းသက်ခဲ့လဲ အဖြေကို စပြီး ရှာရပါတယ်။ကျွန်တော် ပရိယတ္တိစာသင်တိုက်က ဦးဇင်း တစ်ပါးကို ကန်တော့ပါသေးရဲ့
စကားလုံး ဘယ်လိုဆင်းသက်ခဲ့လည်း ဆိုတာ မေးခဲ့ဖူးပါတယ်။
တာမွေမြို့ဦး ပရိယတ္တိ စာသင်တိုက်က ဦးဇင်း တစ်းပါးပါ။
ဦးဇင်းက အခုလို ရှင်းပြပါတယ်။
မြတ်စွာဘုရားရှင် လက်ထက်က ရဟန်း တစ်ပါးက အခြားအယူဝါဒကို လက်ခံတဲ့ ပုဏ္ဏား လင်မယားအိမ်ကို နေ့စဉ်ဆွမ်းခံကြွပါတယ်။ဆွမ်းခံကြွတဲ့ အခါတိုင်းလည်း ပုဏ္ဏားကြီးက
ဘာမှမပြော ဘာမှမလောင်းပါဘူး။ဒါပေမဲ့လည်း ရဟန်းကတော့နေ့စဉ်ဆွမ်းခံကြွပါတယ်။တစ်နေ့တော့ ရဟန်းက ဆွမ်းခံကြွပြီး ကျောင်းကို အပြန် လမ်းမှာ ပုဏ္ဏားကြီးနဲ့တွေ့ပါတယ်။ပုဏ္ဏားကြီးက ရဟန်းကို ''အသင်ဒီနေ့လည်း ငါ့အိမ်က ဘာမှမရခဲ့ဘူး မဟုတ်လား'' လို့မေးတော့ ရဟန်းက
''ဒီနေ့တော့ တစ်ခါမရခဲ့ဖူးတာ ရခဲ့ပါတယ် ပုဏ္ဏားကြီး'' လို့ဖြေပြီး ကြွသွားပါတယ်။ရဟန်းကြီးဖြေတာ ပုဏ္ဏားကြီးကြားတော့ သူ့ရဲ့ အိမ်သူ ပုဏ္ဏားမ ကို ဘာတွေလှုလိုက်လဲဆိုပြီး အရမ်းဒေါသထွက်သွားတယ်။အိမ်ကိုချက်ချင်းပြန်ပြီး ပုဏ္ဏားမ ကို မေးတယ်။
'မင်း ဒီနေ့ ရဟန်းကြီးကို ဘာတွေလှုလိုက်လဲ''လို့ ဒေါသတကြီးမေးတော့
ပုဏ္ဏားမ က ''ဘာမှ မလှုလိုက်ပါဘူး'' လို့ပြောတယ်။
ပုဏ္ဏားကြီးက ''ဒါဆို ရဟန်းက တစ်ခါမှမရခဲ့ဖူးတာ ရခဲ့ပါတယ်လို့ ဘာကြောင့်ပြောရတာလဲ''လို့ မေးတော့
ပုဏ္ဏားမက ''ဘာမှမလှုလိုက်ပါဘူး ဒါပေမဲ့ ရဟန်းကြီးကို
လက်အုပ်ချီ ပြီးအရိုအသေတော့ ပေးလိုက်ပါတယ်'' လို့ရှင်းပြတော့ ပုဏ္ဏားကြီးက
''သြော် မြတ်စွာဘုရားရဲ့ သားတော်ရဟန်းတွေဟာ ဘာမှမလှုဘဲ
လက်အုပ်လေး ချီပြီး အရိုအသေ ပြုလိုက်တာကို တောင် တန်ဖိုး
ထားပြီး ပြောတတ်ပါလား'' လို့တွေးကာ နောက်နေ့က စပြီးရဟန်းကြီး ဆွမ်းလောင်းလှုပြီး ဗုဒ္ဓဘာသာဝင်ဖြစ်သွားတယ်လို့ မှတ်သားဖူးတယ်။
လွန်ခဲ့သော ဆယ်နှစ်လောက်ကမေးထားတာ ဆိုတော့ တချို့
နေရာတွေမှာ အရေးအသားတွေမှားချင် မှားပါလိမ့်မယ်။ပြောချုင်တဲ့ အကြောင်းအရာက တူညီပါလိမ့်မယ်။(ဖတ်ဖူးမှတ်ဖူးတဲ့သူများ ရှိရင် ပြန်လည်ရှင်းပြပေးပါ)
ကျွန်တော်ပြောချင်တာက
ကန်တော့ဆွမ်းပါ ဆိုတဲ့စကားဟာ
ဒီအကြောင်းအရာကို အခြေခံပြီး ဆင်းသက်လာတယ်လို့ ယူဆမိပါတယ်။
တကယ်တော့ ရဟန်း တစ်ပါးကို ဘာမှမလောင်းလှုချင် ဘူးဆိုရင် ဒါမှမဟုတ် ဘာမှလောင်းလှုစရာမရှိဘူး ဆိုရင် ကန်တော့ခြင်းကို ဆွမ်းအဖြစ် လောင်းလှုပါတယ်ဆိုပြီး စိတ်မှာ
နှလုံးသွင်းလို့ ကန်တော့ဆွမ်းပါ ဘုရား လို့ဆိုပြီးရိုရိုသေ ပြောရမှာ။ဒါပေမဲ့ လူတွေက ကန်တော့ဆွမ်း ပါဆိုတဲ့ စကားကို
မလှုချင်လို့ အငြင်းဝါကျ အနေနဲ့ သံဃာတော်တွေကို ပြောလိုက်တာတွေ မြင်ရတာတွေ တွေ့တော့ စိတ်မကောင်းဘူး။နောက်ပိုင်းကျတော့ လက်အုပ်လေး ချီပြီး
ကန်တော့ပါသေးရဲ့ ဆိုတဲ့စကားကို အငြင်းဝါကျ အနေနဲ့
တွင်တွင် သုံးပြီး သံဃာတော်တွေရော တောင်းစားတဲ့သူ တွေကိုပါ လက်အုပ်လေး ချီပြီး ပြောနေကြလို့ ဒီစာ ကိုရေးလိုက်တာပါ။ရေးချင်နေတာ ကြာပါပြီ။
ကျွန်တော်ပြောချင်တာက ကန်တော့ဆွမ်းပါဘုရား ဆိုတာ
ကန်တော့ပါသေးရဲ့ဆိုတဲ့ စကားဟာ အငြင်းဝါကျ မဟုတ်ပါဘူး။
ရဟန်းသံဃာ ကို လှုဖို့အဆင်မပြေရင် ကန်တော့ခြင်း ကို ဆွမ်း အဖြစ်လှုဒန်းပါ၏ လို့ စိတ်မှာနှလုံးသွင်းပြီး ရိုသေစွာ ကန်တော့လိုက်ရင် ကုသိုလ်ရပါလိမ့်မယ်။ရဟန်းဆိုတာရတနာ သုံးပါးဆိုတဲ့ အကန်တော့ခံ ပုဂ္ဂိုလ်ထဲမှာပါဝင်ပါတယ်။
သူတောင်းစား ကို လက်အုပ်လေးချီပြီး ကန်တော့ပါသေးရဲ့
ဆိုရင်တော့ ကိုယ်က ဘယ်နေရာ ရောက်သွားပြီလဲ ဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။
တောင်းစားတဲ့သူတွေကို မလှုချင်ရင် သွားပါအုံး ဆိုတဲ့အငြင်းဝါကျ ကိုသာ သုံးပါ။ရဟန်းသံဃာကို လှုဖို့အဆင်မပြေနိုင်ရင် ကန်တော့ဆွမ်းပါဘုရား ကန်တော့ပါတယ်ဘုရား ဆိုပြီး ရိုသေစွာ သုံးတတ်ကြပါစေလို့
ဆန္ဒပြုရင်း…………
ကန်တော့ဆွမ်း ဆိုတာ အငြင်းဝါကျ မဟုတ်ဘူး ဆိုတာ နှလုံးသွင်းတတ်ကြပါစေ။

မသိသေးသည့်သူများအား သိနားလည်စေရန် စေတနာဖြင့်
ရေးသားပါသည်။

Photos 25/02/2017

ဗုဒၶဘာသာဆိုတာ။
ဗုဒၶသရဏံ ဂစၧာမိ
ဓမၼံသရဏံ ဂစၧာမိ
သံဃံသရဏံ ဂစၦာမိ
သရဏဂုံ ၃ ပါးကို စိတ်ထဲမှာ အမှန်တကယ်ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ပါ၏
လို့ ၃ ကြိမ်တိုင်တိုင်ရွှတ်ဆိုပြီးလျှင် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဘာသာစစ်စစ်တော့မဖြစ်သေးပါဘူး။
မြတ်စွာဘုရားရှင်တို့ပွင့်တော်မူရတဲ့ အကြောင်းရင်းက လူတွေဗုဒ္ဓဘာသာဝင်
ဖြစ်ဖို့ သက်သက်ပွင့်တော်မူလာရခြင်းမဟုတ်ပါဘူး။သတ္တဝါတွေဘဝသံသရာ ဝဋ်ဆင်းရဲအပေါင်းမှလွတ်ကင်းရာ မြတ်နိဗ္ဗာန်ကိုရရှိအောင် လမ်းညွှန်ပြသပေးဖို့
ပွင့်တော်မူရခြင်းဖြစ်ပါတယ်။
သာမာန်ဗုဒ္ဓဘာသာဝင်တွေက ကုသိုလ်ရေးကိုအလေးပေးပြုလုပ်ပြီး ဘဝသံသရာမှာ
လူချမ်းသာ နတ်ချမ်းသာ စည်းစိမ်တွေခံစားဖို့ဆုတောင်းကြပါတယ်။ကုသိုလ်ကောင်းမှုကတော့ဘာသာတိုင်းမှာ
ရှိပါတယ်။ဗုဒ္ဓဘာသာဝင်ဖြစ်မှကောင်းမှုကုသိုလ်ပြုလုပ်နိုင်တာမဟုတ်ပါဘူး။
ဗုဒ္ဓဘာသာရဲ့အဓိက အရေးကြီးတဲ့အချက်က ထို ကုသိုလ် အကုသိုလ် အလုပ်တွေကိုအမြှစ်က မကျန်အောင်မဂ္ဂင် ၈ ပါးလမ်းစဉ်ဖြင့် ဖြတ်ပြီးထာဝရအေးချမ်းရာမြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ဘဲဖြစ်ပါတယ်။
ဘာသာအားလုံးထဲမှာ ကျင့်စဉ်ပါသော တစ်ခုတည်းသောဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ယုံကြည်မှုတစ်ခုတည်း သက်သက်နဲ့ရေခဲတုံးကြီးက ပူမလာနိုင်ပါဘူးတဲ့။
အကျဉ်းမျှရေးသားခြင်းဖြစ်ပါတယ်။
ဒါကြောင့်ဗုဒ္ဒဘာသာဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်ရုံသက်သက်မဟုတ်ဘဲ ဘဝသံသရာ
ဝဋ်ဆင်းရဲ အပေါင်းမှ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်ကို ကျင့်ကြံအားထုတ်မျက်မှောက်ပြုနိုင်မှသာ ဗုဒ္ဓဘာသာ ဖြစ်ရကျိုးနပ်ပါလိမ့်မယ်လို့
ဆန္ဒပြုရေးသားလိုက်ရပါတတယ်။

Photos 26/12/2016

ဗုဒ္ဓဆိုတာ။
ဗုဒ္ဓ ဆိုတာ ကမ္ဘာပေါင်းများစွာ ၁၀ ပါးသောပါရမီ ကိုဖြည့်ကျင့်ပြီး ဆရာမကူ ဆရာမရှိဘဲ အလုံးစုံကို သိတော်မူသော် သဗ္ဗေညုတ ဥာဏ်တော်ရရှိပြီး
ဘုရားအဖြစ်သို့ရောက်ရှိတော်မူသော်ပုဂ္ဂိုလ်ကို ဗုဒ္ဓဟု
ခေါ်သည်။
ဗုဒ္ဓဖြစ်ဖို့ အတွက် ပညာဓိကပုဂ္ဂိုလ်ကလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်။
သဒ္ဒါဓိက ပုဂ္ဂိုလ်က ရှစ်သင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်။
ဝီရိယဓိက ပုဂ္ဂိုလ်က ၁၆သင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတယ်။
ပွင့်တော်မူခဲ့သောသက်ရှိမြတ်စွာဘုရားရှင်ထံရှေ့မှောက်မှာ ဘုရားဖြစ်မယ်ဆိုတဲ့ ဗျာဒိတ်တော် ရပြီးမှ အထက်ပါအတိုင်းကျင့်ကြံအားထုတ်ပါရမီဖြည့်ပြီး ဘုရားအဖြစ်သို့ရောက်ရှိတော်မူရတယ်။
နောင်ပွင့်တော်မူမည့် အရိမေတ္တိယ ဘုရားရှင်က ဂေါတမမြတ်စွာဘုရားရှင်ထက် ဗျာဒိတ်ရတာစောတယ်။ဒါပေမဲ့
ဂေါတမ မြတ်စွာဘုရားရှင်က ပညာဓိကဖြစ်လို့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဘဲပါရမီဖြည့်ကျင့်ရပြီး ဘုရားအရင်
ဖြစ်တော်မူခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ကမ္ဘာပေါင်းများစွာပါရမီဖြည့်ကျင့်ခဲ့ပြီး ဆရာမကူဘဲ
သစ္စာလေးပါးမြတ်တရားကို သိတော်မူ၍ ဘုရားအဖြစ်သို့ရောက်သော် ပုဂ္ဂိုလ်အား
ဗုဒ္ဓ ဟုခေါ်တော်မူအပ်၏။

**သိနားလည်သော ရဟန်းရှင်လူပုဂ္ဂိုလ်များ အမှားများပါခဲ့ပါက လမ်းညွှန်ပြသ ဆုံးမပြုပြင်ပေးပါ။**

27/08/2015

ငြိမ်းချမ်းရေး ဆိုတာ။
စစ်ပွဲတွေကြောင့် လူသားတွေမငြိမ်းချမ်းတာ
လား?ဒါဆို စစ်ပွဲတွေမရှိတဲ့နေရာမှာ နေတဲ့လူသားတွေက ငြိမ်းချမ်းနေသလား?
တစ်ကမ္ဘ္ဘ္ဘာလုံးမှာရှိတဲ့ လက်နက်တွေအားလုံး
ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုရင်တောင်
်ငြိမ်းချမ်းရေးဆိုတာဖြစ်မလာနိုင်ပါဘူး။
စစ်မှန်တဲ့ငြိမ်းချမ်းမှုအစစ်က လူသားတွေရဲ့
စိတ်မှာဘဲရှိပါတယ်။
လူမျိုးစွဲ နိုင်ငံစွဲ ဘာသာစွဲ အယူဝါဒအစွဲ
တွေများစွာနဲ့ လူသားတွေမှာ ငြိမ်းချမ်းမှု
ဆိုတာ နားလည်ရအခက်ဆုံး ပုစ္ဆာ တစ်ပုဒ်
လိုပါဘဲ။
သူမှန်လား ငါမှန်လား ဆိုတဲ့ အကြောင်းအရာ ကိုမစဉ်းစားဘဲ
သူမှားတယ် ငါမှန်တယ် ဆိုတဲ့ အဖြေ ကို
ထုတ်နေကြတာ ဟာငြိမ်းချမ်းမှုက သွယ်ဖယ်နေတဲ့ အတွေးအခေါ်မှားတွေပါဘဲ။
သင်လည်းသင့်ရဲ့ အယူဝါဒ ကိုမစွှန့်လွှတ်
နိုင်သလို ကျွန်တော်လည်း ကျွန်တော့် အယူ
ဝါဒ ကိုမစွှန့်လွှတ်နိုင်ပါဘူး။
အယူဝါဒ မတူညီဘူး ဆိုကတည်းက သင်နဲ့
ကျွန်တော်ငြိမ်းချမ်းမှု တည်ဆောက်ဖို့
ခက်ခဲသွားပါပြီ။
ဒါပေမဲ့ သင့်အယူဝါဒတွေထဲက လူသားအကျိုးပြုမဲ့အရာတွေကိုလုပ်ဆောင်
သင့်သလို ကျွန်တော့်အယူဝါဒတွေထဲက
လူသားအကျိုးပြုမဲ့အရာတွေကိုလုပ်ဆောင်
မယ်ဆိုရင် သင်နဲ့ ကျွန်တော်ဟာရန်သူတွေ
မဖြစ်နိုင်တော့ပါဘူး။
အယူဝါဒတစ်ခုတည်းအောက်မှာ လူသားအားလုံးကိုသွတ်သွင်းဖို့ကြိုးစားနေမယ်ဆိုရင် တော့ မည့်သည့်ဘာသာဝင်
ဖြစ်ပါစေ မှားယွင်းသော ကြိုးစားအားထုတ်
မှုတစ်ခုပါဘဲ။
ဘာကြောင့်လဲဆိုရင် လူသားအားလုံး
မွေးဖွားလာစဉ်ကတည်းက မတူညီတဲ့
အမြင်တွေ အကြိုက်တွေ အယူအဆ တွေနဲ့မွေးဖွားလာခဲ့ကြတာပါ။
လူတိုင်း နယူတန် မဖြစ်နိုင်သလို
နယူတန်ကလည်း အိုင်းစတိုင်း မဖြစ်နိုင်ပါဘူး။
မွေးလာစဉ်ကတည်းက ပင်ကိုယ်အရည်အချင်းကွာခြားမှုဆိုတာ
ပါလာပြီးသားဖြစ်ပါတယ်။တ
ပင်ကိုယ်အရည်အချင်းကွာခြားမှုကြောင့်
အတွေးအခေါ်ကွာခြားမှုတွေဖြစ်ပေါ်လာ
တယ်။အတွေးအခေါ်ကွားခြားမှုကြောင့်
အယူအဆ ကွဲပြားလာကြတယ်။အယူအဆ
ကွာခြားမှုကြောင့်မတူညီတဲ့ဝါဒတွေပေါ်
ပေါက်လာရတယ်။

ဒီတော့ အယူဝါဒတစ်ခုတည်းကိုလူသားအားလုံး
လက်ခံနိုင်မှငြိမ်းချမ်းမှုဆိုတာရလာနိုင်မယ်။
အယူဝါဒ တစ်ခုတည်းကိုလက်ခံနိုင်ဖို့
အယူအဆ တွေတူရတော့မယ်။အယူအဆ
တွေတူဖို့အတွေးအခေါ်တွေတူရမယ်။
အတွေးအခေါ်တွေတူဖို့ပင်ကိုယ်အရည်အချင်းတွေတူရတော့မယ်။ပင်ကိုယ်အရည်အချင်းတွေတူညီကြမယ်ဆိုရင် လူတိုင်း
အိုင်းစတိုင်းဖြစ်မယ်။လူတိုင်းBill Gate
ဖြစ်သွားမှာပေါ့။
မဖြစ်နိုင်ပါဘူး။အယူဝါဒအစွဲတွေမတူညီတဲ့
အတွက်ငြိမ်းချမ်းရေးဆိုတာ ဖြစ်မလာနိုင်ပါ
ဘူး။လက်နက်တွေအားလုံးဖျက်ဆီးပစ်
လိုက်ရင်လည်း အယူဝါဒတွေနဲ့တိုက်ခိုက်နေကြအုံးမှာဘဲ။
ကမ္ဘာပေါ်မှာအဓိကဘာသာကြီး(၄)ခုရှိပါ
တယ်။
လူသားတွေအားလုံးကိုငြိမ်းချမ်းမှု
အစစ်အမှန်ု
ပေးနိုင်တာက ဘယ်ဘာသာလဲ.?
ငြိမ်းချမ်းမှုရဲ့ အဓိကရန်သူဟာ
ဘယ်သူလဲ.?
တစ်ကယ်ငြိမ်းချမ်းမှုအစစ်အမှန်ဆိုတာ
ဘာလဲ?
ငြိမ်းချမ်းမှု ကိုဘယ်လိုရှာရမလဲ?
ငြိမ်းချမ်းမှု ဆိုတာဘယ်နေရာမှာရှိလဲ,?
ဘာသာဝင်တိုင်းကတော့ မိမိတို့ကိုးကွယ်တဲ့
ဘုရားရှင်ကသာ
အေးချမ်းမှုပေးနိုင်တယ်လို့
ဖြေဆိုကြမှာပါ။
ဒီတော့ အပေါ်ကမေးခွန်းတွေကို တိကျ
သေချာစွာဖြေရှင်းနိုင်ဖို့လိုလာပါပြီ။
ငြိမ်းချမ်းမှုဆိုတာ လူသားတိုင်းအလိုချင်ဆုံးသောတောင့်တ
တဲ့ဆန္ဒတစ်ခုပါ။
ဒီအဖြေတွေကိုနားလည်နိုင်ဖို့အတွက်
အပေါ်မှာကျွန်တော်ရေးခဲ့တဲ့
ပင်ကိုယ်အရည်အချင်းနဲ့အတွေးအခေါ်
တွေလိုအပ်လာပါပြီ။
မေးခွန်းတွေအတွက်အဖြေဆိုတာရှိပြီးသား
ပါ။
အဲဒီအဖြေကိုသင်မတွေ့နိုင်သေးတာဘဲဖြစ်လိမ့်မယ်။
အနုမြူဆိုတာအိုင်းစတိုင်းမွေးမှပေါ်လာတဲ့
အရာမဟုတ်ပါဘူး။နဂိုရှိတရားပါ။
နဂိုရှိတဲ့အရာကို အိုင်းစတိုင်းရဲ့
ပင်ကိုယ်အရည်အချင်းတွေနဲ့ရှာဖွေတွေ့
ရှိခဲ့တာပါ။
ငြိမ်းချမ်းမှုဆိုတာလည်းနဂိုရှိတရားပါ။
အဲဒီနဂိုရှိတဲ့တရားကဘယ်နားမှာလဲ?




08/08/2015

The Light of Buddha Page မှ ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်တဲ.ဗုဒ္ဓရဲ.
အဆုံးအမများကိုရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်၊မြတ်စွာဘုရားရှင်ရဲ.
တရားတော်များဟာစ၊လယ်၊ဆုံး(၃)ပါးနဲ.ပြည်.စုံပြီး၊မြတ်စွာဘုရားရှင်ဟော ကြားခဲ.သောတရားများကိုလိုက်နာကျင်.သုံးပါကလောကီ၊လောကုတ္တရာ(၂)
ဖြာအတွက်စစ်မှန်သောချမ်းသာအစစ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှစစ်မှန်သောထေရ၀ါဒဗုဒ္ဓဘာသာဘာသာဝင်များဖြစ်လာအောင်ရည်ရွှယ်ပြီးဒီPageကိုတည်ထောင်ခဲ.တာဖြစ်ပါတယ်။သံသရာဆင်းရဲဒုက္ခမှလွှတ်မြောက်အောင်ပထမဆုံးဒုက္ခအစစ်အမှန်ကိုသိရှိနားလည်ရပါမယ်။ဒုက္ခအစစ်ကိုမသိရင်သုခအစစ်ကိုလည်းမသိနိုင်ပါဘူး။ရွှေအတုအစစ်ကို မခွဲခြားနိုင်တဲ.လူတစ်ယောက်ဟာ မိမိမှာရှိတဲ.ရွှေကိုအတုအစစ်မှန်းမသိရင်
ရောင်းချချိန်မှာ၊သို.မဟုတ်ေ၇ွှအစစ်ကိုခွဲခြားနိုင်တဲ.သူရှေ့မှာအရှက်တကွဲ
အကျိုးနည်းဖြစ်စေပါတယ်။ဒုက္ခ အစစ်ကိုကောင်းစွာမသိတဲ.သူဟာလည်း
သံသရာမှာတ၀ဲလည်လည်ဖြစ်ပြီးချမ်းသာအစစ်နဲ.လွှဲချော်နေမှာဖြစ်ပါတယ်။
စစ်မှန်တဲ.မြတ်စွာဘုရားရှင်ရဲ.တရားတော်တွေကိုလိုက်နာကျင့်ကြံအားထုတ်
ပြီး ချမ်းသာအစစ်အမှန်ဖြစ်သောမဂ်ဖိုလ်နိဗ္ဗာန်သို.တက်လှမ်းနိုင်ကြပါစေ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Vipassina
Yangon