10/12/2021
ဒီနေ့မှာတော့ အိမ်ထဲမှာနေရင်း မိတ်ဆွေတို့အတွက် 🎉အထူးအစီအစဥ်အနေနဲ့ (၅၀၀၀)တန်ဖုန်းဘေလ်လေးတွေ မဲဖောက်ပေးပါမယ်😍
📌ကံစမ်းမဲအစီအစဉ်မှာဘယ်လိုပါဝင်နိုင်မလဲ❔
………………………………………………………………..
1️⃣ Fit with me page(https://www.facebook.com/Fit-with-Me-101331905713578/) လေးကို ✅likeလုပ်ပေးပါ
2️⃣👇🏻အောက်က post လေးကို ✅like & share လုပ်ပေးရပါမယ်။ public နဲ့ share ရမှာနော်
3️⃣ Share ထားတဲ့ post လေးကို ss ရိုက်ပြီး ဒီ post လေးရဲ့အောက်မှာ comments လေးမန့်ပေးရမယ်နော်
🎉ကံထူးသူသုံးဦးကို ညနေ(၅)နာရီမှာ ကြော်ငြာပေးသွားမှာပါ
အားလုံးပဲကံကောင်းကြပါစေ 😉
🤩🤩🤩
Gym လည်းမသွားချင်ဘူး
အစားလည်းမလျော့ချင်ဘူး
အိမ်ထဲကအိမ်ပြင်မထွက်ချင်တဲ့သူတွေအတွက်
ကျွန်တော်တို့ 💁🏻 Fit with me မှ 30 days Challenge class လေးကို
🗓Jan 1 ရက်နေ့မှ စတင် ✅join လို့ရပြီနော်…
အပြင်သွားလေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တာမျိုးတွေကြုံတွေ့နေရပြီဆိုပြီးစိတ်ညစ်စရာမလိုတော့ပါဘူး မိတ်ဆွေတို့ရဲ့ အိမ်ထဲမှာ တစ်ယောက်စာနေရာလွတ်လေးနဲ့ 📲ဖုန်းလေးတစ်လုံးရှိရုံနဲ့တင် Join လို့ရတယ်နော်…
Zoom meeting app ကိုအသုံးပြုပြီး သွားမှာဆိုတော့က ပိုပြီးအဆင်သွားတယ်လို့မထင်မိဘူးလား 😁
ဪ Challenge class ဆိုမှ ဘယ်သူတွေ join သင့်လဲဆိုတာ အရေးကြီးတာပြောဖို့မေ့သွားတယ် 😜
ဘယ်သူတွေ join သင့်လဲဆိုတော့ စိတ်သွားတိုင်းကိုယ်ပါ သွက်လပ်ပေါ့ပါးလန်းဆန်းပြီး အရွယ်တင်နုပျိုမှုတို့အပြင်အသက်ရှည်ကျန်းမာချင်သူတိုင်း join ဖို့အကြံပြုချင်ပါတယ်။ 😊
ကျန်းမာရေးနဲ့ညီညွှတ်စွာ အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် 💁🏻 fit with me မှကြိုဆိုပါတယ်ခင်ဗျာ။🙏🙏🙏
✍️Register လုပ်တာ 🗓28 ရက်နေ့နောက်ဆုံးဆိုတော့ အခုပဲစာရင်းသွင်းလိုက်တော့နော်😉
14/11/2021
အားလုံးပဲမင်္ဂလာပါ 🙋♂️
ဒီနေ့မှာ အဓိကထားပြီးပြောပြသွားချင်တာကတော့ မိတ်ဆွေတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်အလွယ်တကူပြုလုပ်နိုင်ပြီး ကျန်းမာရေးအတွက်အထောက်အကူများစွာဖြစ်စေနိုင်မယ့်အကြောင်းအရာပဲဖြစ်ပါတယ်။😉
ဒါကတော့ တစ်ခြားမဟုတ်ပါဘူး မိတ်ဆွေတို့နေ့စဥ်သောက်နေတဲ့ “သောက်ရေ” 🚰 ဖြစ်ပါတယ်။
☺️ဟုတ်ကဲ့ပါ သောက်ရေကိုပုံမှန်သောက်ပေးခြင်းမှ ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို
မပြောပြခင် ကျွန်တော်တို့ ပတ်ဝန်းကျင် အများစုဟာ နေ့စဥ်
ပုံမှန်ရေသောက်ဖို့ကို သတိမေ့နေတတ်ကြပါတယ်။
အခုလိုပြောလို့
တစ်နေ့လုံးရေမသောက်ဖြစ်ကြတာကိုပြောတာမျိုးမဟုတ်ပါဘူးခင်ဗျား
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူအများစုဟာ ရေကိုဆာတဲ့အချိန်လောက်မှ သတိရတတ်ပြီး ရေသောက်တတ်ကြပါတယ်။ ဒီလိုအချိန်ကြာလာတာနဲ့အမျှ လူအများစုဟာ နေ့စဥ်ပုံမှန် ရေသောက်ခြင်းမှရရှိလာမယ့် အကျိုးကျေးဇူးများထက် ရေဆာတဲ့အချိန်မှရေသောက်ရမယ်ဆိုတဲ့အတွေးမျိုးဝင်လာတတ်ကြပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ Fit with me မှ 🥰 မိတ်ဆွေ / ညီအကိုမောင်နှမများအားလုံးအတွက် ရေသောက်ခြင်းမှရရှိလာနိုင်မယ့်အကျိုးကျေးဇူးများ/နေ့စဥ် ရေကိုဘယ်လောက်သောက်ရမလဲ ဆိုတာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျား။
နေ့စဥ်ပုံမှန်ရေသောက်ခြင်းဖြင့်ရရှိလာနိုင်မယ့်အကျိုးကျေးဇူးများကတော့…
1️⃣ ကိုယ်အလေးချိန်လျော့ကျခြင်း
ဟုတ်ကဲ့ပါ မိတ်ဆွေတို့ တစ်နေ့တာအတွက်တစ်ခြားသောက်စရာတွေဖြစ်တဲ့(eg. Coffee,Juice,. .......) တွေနေရာမှာ သောက်ရေကို 12 ရက်တိတိစမ်းသပ်အစားထိုးသောက်ကြည့်ပါ။ 1 ရက်ကို
9 km ပုံမှန်ပြေးလို့ကျတဲ့ weight နဲ့ ညီမျှပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ပင်ပင်ပန်းပန်းမလှုပ်ရှားချင်တဲ့ မိတ်ဆွေများအတွက် ဝိတ်ချဖို့အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။
2️⃣ ကိုယ်ခန္ဓာဇီဝဖြစ်စဥ်များလျင်မြန်စွာဖြစ်ပေါ်ခြင်း
မိတ်ဆွေတို့ မနက်အိပ်ရာထတိုင်းပုံမှန် ရေကို 330 Milliliter သောက်သုံးခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်မှဇီဝဖြစ်စဥ်များ 24% ကို တိုးမြင့်ပေးနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်းသိသိသာသာမြင့်တင်ပေးပါတယ်။
3️⃣ ဦးနှောက်လုပ်ဆောင်မှုအားပိုမိုကောင်းမွန်လာခြင်း
😱😱😱ဒီလောက်တောင်အရေးပါတာလား ???
ဟုတ်ကဲ့ပါကျွန်တော်တို့ ကျန်းမာရေးဗဟုသုတအရကြည့်မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ ဦးနှောက်🧠 ထဲမှာ ရေဓာတ် 75 - 85% ထိပါဝင်နေတဲ့အတွက် ရေဓာတ် ပါဝင်မှုများပြားလွန်းပါတယ်။
ဒါကြောင့် နေ့စဥ် ကိုယ်လုပ်ဆောင်ရမယ့် အရာတွေအပေါ်
အားစိုက်မှု အားကောင်းပါတယ်။
4️⃣ ခန္ဓာကိုယ်မှ အညစ်အကြေးများကိုလျှင်မြန်စွာစွန့်ထုတ်နိုင်ခြင်း
နေ့စဥ်ပုံမှန် ရေသောက်ပေးခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရှိတဲ့ အဆိပ်အတောက်များ၊ မလိုအပ်တဲ့အညစ်အကြေးများကိုဆေးကြောသန့်စင်ပေးပါတယ်။(အထူးသဖြင့် ကျောက်ကပ်ထိခိုက်မှုကို လျော့နည်းစေနိုင်တဲ့အပြင် အရွယ်တင်နုပျိုစေမှုကိုပါအထောက်အကူပြုနိုင်ပါတယ်။
🤔တစ်နေ့ကို ရေဘယ်လောက်သောက်ပေးသင့်ပါသလဲ ⁉️
☺️ဟုတ်ကဲ့ပါ ကျွန်တော်တို့ တစ်ရက်ကို ရေ 3 liter နေ့စဥ်ပုံမှန်သောက်ပေးသင့်ပါတယ်။ အခုလိုနေ့စဥ်ပုံမှန်သောက်ပေးခြင်းအားဖြင့် မိတ်ဆွေတို့အတွက် နှလုံးရောဂါဖြစ်စေမှုကို 41 % လျော့ချပေးနိုင်ပါတယ်။ဒါကြောင့် အသက်ကြီးငယ်မရွေး မိတ်ဆွေတို့အားလုံးအတွက် ရေဆာမှရေသောက်မယ်ဆိုတာထက်နေ့စဥ်ပုံမှန်လေးသောက်ပေးခြင်းဖြင့် ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ။
ကျွန်တော်တို့ 👉🏻Fit with me page မှ မိတ်ဆွေတို့အတွက် နောက်ထပ်နောက်ထပ် အကျိုးရှိစေမယ့်ကျန်းမာရေးအသိပညာဗဟုသုတများစွာတင်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like & share လုပ်ပေးပါဦးနော်။
Weight loss programme, Diet plan, များအတွက်အသေးစိပ်သိရှိလိုပါက page messenger🤳 မှတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ် 📞09788455618 ကိုဆက်သွယ်ခြင်းဖြင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ဗျာ။
09/11/2021
😊ဒီနေ့မှာ မိတ်ဆွေတို့ကိုပြောပြချင်တာက weight loss နဲ့ weight gain စတဲ့ အဆီချခြင်းပဲဖြစ်ဖြစ် ကြွက်သားတည်ဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ် ကျန်းမာရေးနှင့် ညီညွတ်
(Long Term Benefit) စေဖို့အတွက် Substainable nutrition နဲ့ Movement base performance training စတဲ့အချက်နှစ်ချက်ဟာ အလွန်ကိုအရေးပါပါတယ်။
☝️နောက်တစ်ချက်အနေနဲ့ပြောပြချင်တာက ကျန်းကျန်းမာမာနဲ့ စိတ်သွားတိုင်းကိုယ်ပါနေစေဖို့အတွက် Asethetic Goal🎯 ဖြင့် ကိုယ်ခန္ဓာကို အပြောင်းအလဲလုပ်ဖို့ စဥ်းစားနေတဲ့မိတ်ဆွေတို့အတွက်ပြောပြချင်တာကအခုလိုအတွေးမျိုးစတွေးမိပြီဆိုရင်အရင်ဆုံးသတိထားရမယ့်အချက်က Fat ဆိုတဲ့အဆီရာခိုင်နှုန်းပဲဖစ်ပါတယ်ခင်ဗျာ။
💁🏻 ဟုတ်ပါတယ် မိတ်ဆွေတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာရှိသင့်တဲ့အဆီရာခိုင်နှုန်းထက် ပိုပြီးများနေတာဟာကောင်းမွန်တဲ့လက္ခဏာမဟုတ်သလို ရှိသင့်တဲ့အဆီပမာဏထက်ပိုပြီးလျော့နည်းနေခြင်းဟာလည်း ကျန်းမာတဲ့ခန္ဓာကိုယ် ကိုရရှိနိုင်မှာမဟုတ်ပါဘူး။
အဲဒီတော့ဘယ်လိုလုပ်သင့်လဲဆိုတဲ့မိတ်ဆွေတို့အတွက် မိမိတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာရှိသင့်တဲ့အဆီပမာဏ အတိုင်း ရအောင်ကြိုးစားဖို့လိုပါတယ်။
မိတ်ဆွေတို့အလွယ်နားလည်အောင်ပြောပြရမယ်ဆိုရင်
အဆီပမာဏ ပိုလျှံနေတဲ့ မိတ်ဆွေတို့အတွက် အဆီပမာဏကိုလျော့ဖို့
👉🏻 weight loss programm လိုပါတယ်
ရှိသင့်တဲ့ အဆီပမာဏထက်ပိုပြီးလျော့နည်းနေတဲ့ မိတ်ဆွေများအတွက် ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိဖို့အတွက် ဖြည့်စွက်စားသောက်ရမည့်
👉🏻 weight gain programme ကိုဆိုလိုခြင်းဖြစ်ပါတယ်
အခုလို weight gain နဲ့ weight loss programme စတဲ့ မိတ်ဆွေတို့အတွက်ဗဟုသုတရရှိစေရန်ကျန်းမာရေးအသိပညာများကို နောက်ထပ်တင်ပေးသွားဖို့ရှိလို့ page လေးကို like and follow လေးလုပ်ပေးထားပါနော်။🥰
ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet plan များ အလွယ်တကူပြုလုပ်လို့ရမယ့် weight loss programme များအတွက်အသေးစိတ်သိရှိလိုပါက page messenger မှတဆင့်ဆက်သွယ်စုံစမ်းနိုင်သလို 📞09788455618 ကိုဆက်သွယ်ခြင်းဖြင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ…
08/11/2021
အစားအသောက်ရွေးစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။
မိတ်ဆွေတို့အတွက်အလွယ်တကူ ကယ်လိုရီ တွက်ပြီးစားသောက်နိုင်စေဖို့ရည်ရွယ်ချက်ဖြင့်စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ပြီး ကယ်လိုရီတွက်ချက်စားပါ။
ဥပမာ…လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ဒီ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 💪🏻😍
ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ
🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ
🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ
🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ…ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတစ်လုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရှိပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတစ်လုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)
🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)
🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ
(🍺ဘီယာတခွက်ဟာ ထမင်း🍚တစ်ပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
ဟင်းတစ်ခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)
Credit to original writer ✍️
06/11/2021
🎁🎉🎉🎉
အိမ်ထဲမှာနေရင်း တကယ် Weight ချချင်တဲ့သူတွေအတွက် Special Package 🎁🎉🎉🎉 လေးနဲ့ မိတ်ဆက်ပေးပါရစေ 😊
အပြင်လည်းမထွက်ချင် 😏
အစားလည်းအရမ်းမလျှော့နိုင် 😔အိမ်ထဲမှာနေရင်း တကယ် Weight ချချင်တဲ့သူတွေအတွက် ဒီ Special Package လေးအကြောင်း ပြောပြချင်ပါတယ် ☺️
Special package က ဘာထူးခြားမှုရှိလို့လည်း???🤔
👉🏻 ဟုတ်ကဲ့ပါ Client တစ်ယောက်ချင်းစီတိုင်းရဲ့ စားသောက်နေထိုင်ပုံကို စနစ်တကျ take care ပြုလုပ်ပေးနိုင်ခြင်း / ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ပုံစားသောက်နည်း 📜(ဆောင်ရန်✅ရှောင်ရန်❎)
👉🏻 Client တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်းမတူနိုင်ပါဘူး။ဥပမာပြောပြရရင် နွားနို့ကအာဟာရရှိတာမှန်ပေမယ့် တစ်ချို့ သူတွေကမကြိုက်ကြပါဘူး။ ဒါကြောင့် Client တစ်ဦးချင်းစီတိုင်းအတွက် မစားတဲ့အစားအစာ ကိုဖယ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ သီးသန့် Diet plan ရေးဆွဲပေးခြင်း📝။
👉🏻 Client တစ်ဦးချင်းစီတိုင်းအတွက် အဆင်ပြေလွယ်ကူမယ့် exercise training 🏋🏻 များစွာရေးဆွဲပေးခြင်းဖြင့်နားလည်တတ်ကျွမ်းတဲ့ဆရာများရဲ့ Guide လုပ်ပေးခြင်းများစွာပါဝင်ပါတယ်ခင်ဗျာ☺️
👉🏻 Special Package ဆိုပြီး မိတ်ဆွေတို့ထင်ထားသလို စျေးကြီးပေးရတာမျိုးမဟုတ်သလို စျေးပေါပေါနဲ့ဖြစ်သလိုplan လည်းမဟုတ်ပါဘူးနော်။
ဝါသနာကိုအခြေခံပြီး စေတနာအပြည့်အဝ
ဖြင့် မိတ်ဆွေတို့တစ်ဦးချင်းဆီအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပေါ့ပါးသွက်လပ်စွာ စိတ်သွားတိုင်းကိုယ်ပါဖို့အတွက်ကို အဓိကရည်ရွယ်ပြီး diet planတွေ🍱 exercise planတွေ🏃 ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
👉🏻 Healthy Diet plan ဖြစ်တဲ့အတွက် nutrition specialist ဖြစ်တဲ့ trainnerများ......
အနေအထိုင်မှားလို့ ကစားနည်းမမှန်လို့ ထိခိုက်နာကျဥ်မှုများအတွက် (injury) ကင်းအောင် စနစ်တကျသင်ကြားပေးမယ့် နားလည်တတ်ကျွမ်းတဲ့ Rehab trainnerများ....
ယနေ့ ကမ္ဘာမှာခတ်အစားဆုံး trendဖြစ်သည့် Functional training များ (TRX,Kettlebell,Battling Rope,Power Bag) စသည့် training များစွာကိုစနစ်တကျသင်ကြားပြသပေးမယ့် အသိအမှတ်ပြုလက်မှတ်များပိုင်ဆိုင်ထားကြတဲ့ Trainner များ instructor များ Coach များစွာဖြင့် မိတ်ဆွေတို့အတွက် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို လွယ်ကူတဲ့ အားကစားလှုပ်ရှားမှုများ ကျန်းမာညီညွတ်စွာစားသောက်ပုံ နေထိုင်ပုံ တစ်ခုချင်းစီတိုင်းကို စနစ်တကျ ဂရုစိုက်ပေးခြင်းဖြင့် မိတ်ဆွေတို့ရဲ့စိတ်ကူးအိမ်မက်
တွေထဲက body အချိုးအစား ကိုပိုင်ဆိုင်နိုင်ဖို့အတွက်
special package 🎁🎉🎉🎉ကို join ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 😊👍🏻
အသေးစိတ်သိရှိလိုပါက page messenger 🤳မှတစ်ဆင့်မေးမြန်းစုံစမ်းလို့ရသလို 📞09788455618 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
05/11/2021
ဒီနေ့မှာကျွန်တော်တို့မိတ်ဆွေအများအတွက် Diet plan နဲ့ပတ်သက်ပြီး ဆိုးကျိုးကောင်းကျိုးများကိုလေ့လာတွေ့ရှိရသလောက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ 😊
📣 ပထမဦးဆုံး Diet plan ဆိုတာဘာအတွက်စားတာလဲ❔🤔
👉🏻 Diet လုပ်တယ်ဆိုတာကို မိတ်ဆွေတို့အလွယ်တကူမြင်အောင်ပြောပြရမယ်ဆိုရင် ကျွန်တော်တို့နေ့စဥ်ပုံမှန်စားသောက်နေတဲ့ အစားအစာတွေထဲကမှ ပါဝင်တဲ့အဆီပမာဏကိုအနည်းဆုံးဖြစ်အောင်ရွေးပြီးစားတာမျိုးကို Diet လုပ်တယ်လို့သတ်မှတ်ကြပါတယ် ။ အများစုက Diet ဆိုတာနဲ့အစားရှောင်တာမျိုး ညစာမစားတာမျိုးကိုပဲအရင်ဆုံးပြေးမြင်တတ်ကြပါတယ်။ 😊
📣 Diet လုပ်တာတော့ဟုတ်ပါပြီ ဘယ်အချိန်အထိ Diet လုပ်နေရမှာလဲ လုပ်နိုင်ပါ့မလား??????(diet လုပ်လို့ဝိတ်ကျနိုင်ပါ့မလာ)❔ 🤔
👉🏻 ဒီမှာပြောပြချင်တာက Diet ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
Healthy diet နဲ့ Dirty diet ဆိုပြီး ရှိတတ်ကြပါတယ်။ တစ်ချို့သောမိတ်ဆွေများဟာ Diet လုပ်နေတယ်ဆိုပေမယ့် တကယ်တမ်း Dirty diet ဘက်ကိုရောက်နေတတ်ကြပါတယ်။
💁🏻 ဟုတ်ကဲ့ပါ Dirty diet ဆိုတာဘာလဲ ဆိုတဲ့မိတ်ဆွေများအတွက်ပြောပြချင်တာက ခန္ဓာကိုယ်အလေးချိန် ဝိတ်အမြန်ချချင်ဇောနဲ့ လိုတာထက်ပိုပြီးအစားရှောင်တာမျိုး အစားမစားတော့ဘဲ အရည်တွေပဲသောက်တာမျိုး (Detox water) . ဒီနေ့ အစားရှောင်နောက်နေ့ပြန်စား စတဲ့အချက်အလက်တွေကို Dirty diet လို့ ကျွန်တော်သတ်မှတ်ပါတယ်။
📣 ဒါဆို Healthy diet ကရော❔🤔
👉🏻 ဟုတ်ကဲ့ပါ တကယ်တော့ Diet ဆိုတာက ကျန်းမာရေးနှင့်ညီညွတ်သော အသားဓာတ်, အသီးအရွက်,အဆီ သင့်တင့်မျှတစွာတွဲဖက်စားသုံးခြင်းဟာ Healthy diet ပဲဖြစ်ပါတယ်။
အခုလိုကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရပြည့်ဝစွာ Healthy diet ကိုပုံမှန်စားသုံးလို့ဆိုးကျိုးမဖြစ်စေပါဘူး။
Diet လုပ်ရင် တကယ်ရောဝိတ်ကျလို့လားဆိုရင် ကျွန်တေယ်ပြောပြချင်တာက Diet လုပ်တယ်ဆိုတာက ဝိတ်ကျခြင်းဝိတ်တင်ခြင်းနှစ်မျိုးစလုံးအတွက်အကောင်းဆုံးအထောက်အကူဖြစ်စေမှာအသေချာပါ။
ဝိတ်ချဖို့စဥ်းစားနေတဲ့မိတ်ဆွေများအတွက်တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီထက် 500 ကယ်လိုရီ လျော့စားပြီး workout 🏋🏻 လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရုံဖြင့် မိတ်ဆွေတို့လိုချင်တဲ့ body အချိုးအစားကိုအလွယ်တကူပိုင်ဆိုင်နိုင်ပါတယ်ခင်ဗျားးး။ 😊🙏💪🏻