Tr.Thet : Special Classes

Tr.Thet : Special Classes

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr.Thet : Special Classes, Educational consultant, Yangon.

Tr.Thet on TikTok 25/03/2026

သင်ခန်းစာနှင့်လေ့ကျင့်စရာများ လေ့လာနိုင်ပါတယ်။
Follow my Tiktok Account 💜

Tr.Thet on TikTok .thet1 55 Followers, 41 Following, 271 Likes - Watch awesome short videos created by Tr.Thet

25/03/2026

Grade5(သခ်ျာ) စနစ်သစ်
၁၀ဆ ၊၁၀၀ ဆ၊ ၁၀၀၀ဆ ။
#နွေသုံးလပြတ်သိမှတ်စရာများ
_Maths

11/12/2025

" က ကြီးရေ က မမက ကကြိုးစုံစွာက ပျော်ရွှင်မြူးကြွ ကခုန်ပြီး ဆိုင်းတွေ ဗုံတွေ တီး "

မှ သူငယ်တန်းဖတ်စာ။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
" က ကလေးငယ်ချစ်စဖွယ် "

မှပထမတန်း ဖတ်စာ။

အဲ့ကဗျာတွေ ဘာလို့ကွဲသွားရတာလဲဆိုတာ .....

မေမေတွေ ဒေါ်ဒေါ် ဦးဦးတွေ (တချို့ဆရာဆရာမတွေပါတွေ့ရ ) အိမ်မှာ စာကျက်ပေးတဲ့အခါ

"ငါတို့ တုန်းက က ကလေးငယ်ပဲ သင်တာ ခုမှ ဘာတွေ ရှုပ်နေမှန်းမသိဖူး။ "

" တစ်တန်းတစ်မျိုးနဲ့ ဘာတွေမှန်းမသိဖူး "

ပြောဖူး ကြားဖူးကြမယ်ထင်တယ်။

👉အဲ့ဒါတွေက ......

သူငယ်တန်းက ( ကကြီးရေ က မမက ...)ကဗျာဟာ ကလေးတွေ " က" စာလုံးကို မြင်ရင် " ကကြီး " လို့ အသံထွက်ခေါ်တတ်အောင် သင်ရတဲ့အရွယ်ပါ။

ပထမတန်းကျတော့ (က ကလေးငယ်ချစ်စဖွယ် ) ဆိုပြီး ပြန်သင်ရတာက ဆိုတဲ့အခါ
❌" ကကြီး ကလေးငယ်ချစ်စဖွယ် "❌ လို့ မဆိုရပဲ

✔️"က ကလေးငယ် ချစ်စဖွယ် "✔️လို့ ဆိုစေချင်လို့ပါ။

ထိုနည်းတူ .....
အ၊အာ၊အား သင်ခန်းစမှ စ
ညအခါ လသာသာ ဆိုကြတဲ့အခါ

စနစ်သစ်မှာ ၊ာ ကို မြင်ရင် " အာသံ " ဆိုတာ ကလေးက မှတ်မိနေစေပြီး
ဗျည်း နဲ့ တွဲရင်

ဥပမာ က + ၊ာ =လာ (က အာ/ရေးချ ကာ ) လို့ ဆိုရပါမယ်။

ဒါပေမယ့် ကျောင်းတိုင်းက ကကြီး ရေးချာ ကာ လို့ စာလုံးပေါင်းပဲ အဓိက ထားသင်နေကြတော့ အခုထိ ပြောင်းမရပါဖူး။

ကိုယ့်အထင်ကတော့ နောက်ပိုင်း သရသံ
ျ၊ ြ ၊ိ ၊ီး စသဖြင့် သရ တွေ ပေါင်းပြီး ဆိုတဲ့အခါ ကလေးတွေ မမှတ်မိနိုင်ကြလို့ လို့ အကြောင်းပြပြီး မသင်နိုင်ဖြစ်နေကြတာလို့ထင်ပါတယ် ။

ပြောင်းချင်ရင် အကုန် လူညီ ပြောင်းမှ ရနိုင်မယ်။

🩵 Tr.Thet 🩵

Photos from Tr.Thet : Special Classes's post 26/08/2025

📚ဆရာ /ဆရာမ များလက်ကိုင် ....

📚ကျောင်းသား /ကျောင်းသူတို့အတွက် လေ့ကျင့်ရာ..

Grade 11 မြန်မာစာ ကွက်လပ်ဖြည့်ပါ အမေးအဖြေ အစုံ ကို ရေးသားထားပါတယ်။
(G10 အတွက် ပြုစုရေးသားဆဲ တစ်လအကြာ ထုတ်ဝေပါမည်။)

ပြင်ပတွင် စာအုပ်များစွာ ထုတ်ဝေလျက်ရှိသော်လည်း ခေါင်းစဉ်တိုင်း နှင့် စာမေးပွဲ မေးခွန်းပုံစံမကိုက်ညီခြင်း ၊ မပြည့်စုံခြင်း တို့ကြောင့် ကိုယ်တိုင်ထုတ်ဝေရခြင်းဖြစ်ပါတယ်။

ကိုယ့်လို ဆရာ ဆရာမ များလည်း ...
ထွန်းပေါက်စေမယ့် မိမိ တပည့်များကို
လက်စွဲလေ့ကျင့်စေလိုရာ .....။

မေးခွန်း+အဖြေ အဖုံးရှင်ဖုံး တစ်အုပ် ၁၀၀၀၀ ကျပ်

Ygn မြို့တွင်း COD
Royal + Ninja (prepaid after vroucher out)
ကားဂိတ်တင် ရသောမြို့များ။

Order page cb .
Viber /telegram 09765033099

21/10/2021

baby လေးတို့မေမေရေ...

မိမိတို့ ကလေးလေးတွေ ကြည့်ရတာအားမရဖူး....

သူများကလေးတွေလို စာကို စိတ်မဝင်စားဖူး....

တည်ငြိမ်မှုလဲမရှိဖူး....
ဆိုရင်.....
သူတို့နဲ့တူတူ တနေ့တပုဒ် ကာတွန်းထိုင်ဖတ်ပြပါနော် ။
နားမလည်သေးတဲ့အရွယ်ကတည်းက စာအုပ်တစ်အုပ်ဖွင့်ပြီး...
သူစိတ်ဝင်စားမယ့် အသံ၊ အကြောင်းအရာ တို့ကို ရွေးချယ်ပြီး
ဟန်လုပ်ကာ ဖတ်ပြပေးပါ​ နော်။

ကလေးလဲ တည်ငြိမ်လာမယ်...
မိခင်နဲ့ထိတွေ့ချိန်များလာရင်....
ကလေး နူညံ့လာပါလိမ့်မယ်။

ရော့ ...အင့်ဆိုပြီး ကာတွန်းကိုဖုန်းကနေ ဖွင့်ပြထားလို့မရပါဖူးနော် ။

အချိန်မပေးနိုင်ခဲ့ရင် ညတိုင်း အိပ်ခါနီးလေးတော့ အချိန်ရမယ်ထင်ပါတယ်။

တချိန်ကျ ထူးချွန်နေဖို့....
မျိုးစေ့မှန်မှန် ရှင်သန်လာစေဖို့....
အပန်းမကြီးတဲ့အရာလေးတွေကနေ.... စတင်ထားလိုက်ပါနော် ။
သားသမီးကောင်းရတနာလေးတွေ ဖြစ်လာကြပါစေ။

( Tr.Thet:Classes)

Photos from Tr.Thet : Special Classes's post 29/06/2021

JUST သုံးပုံ သုံးနည်း!

crd: owner of photo!

Photos from Tr.Thet : Special Classes's post 29/06/2021

Baby လေးတို့အတွက်..

22/06/2021

* အလယ်တန်းအဆင့် *
အချိုး အချိုးတူ

အချိုးသင်ခန်းစာကိုတော်တော်များများ လည်ကြပါတယ် ။
သူက လူပိန်းနည်း ၃ချက်တွက်နည်းလဲ ဟုတ်သလို ...
တိုက်ရိုက်အချိုး ပြောင်းပြန်အချိုးကိုလဲ နည်းနဲ့ မှတ်ရပါသေးတယ် !

အချိုးမှာ
👉တိုက်ရိုက်အချိုး နဲ့
👉ပြောင်းပြန်အချိုး
ဆိုပြီး ရှိပါတယ် ..
ခု စနစ်သစ်မှာ ခုကိန်းတွက်နည်းဆိုပြီး သပ်သပ်ခွဲ ထွက်တဲ့ ပုစ္ဆာလဲ ပါပါတယ် ။

တိုက်ရိုက်အချိုးဆိုတာ
ပေးထားတဲ့ အမျိုးအစားအလိုက်
တဖက်ကတိုးရင် တဖက်ကလဲ လိုက်များတာ ...
တဖက်က နည်းရင် တဖက်ကလဲ လျော့သွားတာ ...
ကိုဆိုလိုပါတယ် ...
eg: အရေအတွက်နဲ့ ငွေတန်ဖိုး
ပစ္စည်းများများဝယ်ရင် ပေးငွေ ပိုများလာတာမျိုး ..
အဲ့လို ပုစ္ဆာ မျိုးတွေကို တိုက်ရိုက် အချိုးပုစ္ဆာ လို့​ခေါ်ပါတယ် ။

အဲ့လိုခွဲတတ်ရုံနဲ့ မ​ပြီးသေးပါ။
တွက်ဖို့ စဥ်းစားရပါတယ်။
အနည်းလို အများစားချေလို မျိုးနဲ့ စဥ်းစားလို့မရပါဖူး။
တွက်နည်းကတော့ ပုစ္ဆာနဲ့တကွ ပြောရပါမယ် ။

ပုံစံတွက် ၁။
လှလှသည် စာအုပ် ၁၀အုပ်ကို ၅၀၀၀ နှင့် ဝယ်လာသည် ။စာအုပ် ၁၅အုပ် ဝယ်လျှင် မည်မျှကျမည်နည်း။

စာအုပ် : ငွေတန်ဖိုး
10 အုပ် : 5000ကျပ်
15 အုပ် : ?
= 5000×15/ 10
=7500 ကျပ်ပါ
တိုက်ရိုက်အချိုးဆို 15/ 10 ရေးပြီး
ပြောင်းပြန်အချိုးသာဆိုရင် 10/ 15 လို့ ရေးရပါမယ် ။

အဲ့ဒီ တစ်ခု သာ ကွာခြားပါတယ် ။
ပြောင်းပြန်အချိုး တွေကတော့
သွားနှုန်း နဲ့ ကြာချိန်
အလုပ်သမားနဲ့ အလုပ်ချိန်
စသဖြင့် စဥ်းစားနိုင်ပါစေ။

အချိုးတူ' : : '
အချိုး နှစ်ခု တူညီစွာ ရတဲ့ အချိုးတွေကို အချိုးတူလို့ခေါ်ပါတယ်။

eg: 15/20=3/4
21/28=3/4
ဒါဆို 15/20 : : 21/28 လို့ရေးနိုင်ပါတယ်။

Tr.Thet : Special Classes

20/06/2021

သို့ ...

ချစ်ရပါသော မူလတန်းသင်
တီချယ်များ ...

KG,G1,G2,G3 ထိ စာမေးပွဲ မရှိတဲ့အတွက် ကလေးအားလုံးဟာ အေးအေးလူလူ ပညာသင်နေကြရတာ အလွန် ချစ်ဖို့ကောင်းကြပါတယ်။

သို့သော်
စာမေး စာကျက် စာဖြေ စနစ်ကို လေ့ကျင့်ပေးကြပါ။
စာမေးပွဲဆိုတာ အရည်အချင်းစစ်တာဖြစ်ပြီး ... စာမေးပွဲဖြေနိုင်မှ ပညာတတ်မတတ် ကိုယ့်ကိုယ် လေ့လာနိုင်ကြောင်း သင်ပေးရပါမယ်။

စာမေးပွဲဆိုတာကြီးကို
​ပြုန်းခနဲ G4 မှာ စဖြေရပီဆိုတော့..
အစမပြုခဲ့ရင် ကလေးတွေ သေရာပါ ထိ စာကြောက်သွားပါတယ်။

မိဘသဘောထားအရ..
အချိန်အခြေနေအရ ..
အကြောင်းအရာတခုခုအရ ..
စာမေးပွဲကို မိတ်မဆက်နိုင်ခဲ့ရင်တောင် ...

ဖတ်စာအုပ်ထဲပါသော
စာလုံးပေါင်း ရွေးချယ်ခြင်း
စာကျက်ခြင်း
စာမေးခြင်း
အလွတ် ပြန်ဆိုခိုင်းခြင်းတို့ကို စာသင်ရင်း လေ့ကျင့်ပေးပါ။

နောင်တချိန်ရင်ဆိုင်ရမယ့်ဒုက္ခကို ကြိုတင် ဖြေလျော့ပေးပါ!

ချစ်လှစွာသော
Tr.Thet : Special Classes

19/06/2021

မူလတန်း အလယ်တန်း
သားသားမီးမီးတွေ အတွက် အခက်ဆုံးအပိုင်းက
Verb form , word form ပါ

ပီတာလူးဆိုတာ အဲ့ဒီ Que တွေကို ဖြေနည်းသင်တဲ့ ကျူရှင်ပါ
အကြောင်းအရင်းတခုခုကြောင့်
မတက်ဖြစ်လို့ ခက်ခဲနေတဲ့သူတွေကို
ဒီပိုစ့်က အနည်းအကျဥ်းကူညီနိုင်ဖို့ မျော်လင့်ပါတယ်။

📚 Word form 📚

✍word form ဆိုတာနဲ့ ဘယ်အပိုင်းကိုဖြေရမလဲ တန်းသိနေသင့်ပါတယ်
Adjective ,Adverb ,Noun ကို မေးတယ်ဆိုတာ မြင်ရပါမယ်။
(. .) ထဲမှာ ပေးထားမယ့် စာလုံးရဲ့
Adj,adv,N တွေကိုတော့ ကြိုကျက်ထားရမှာပေါ့နော် ။

Meaning တွေ ကျက်ပီးရုံနဲ့မဖြေနိုင်ပါဖူး...
မေးခွန်းမှာ adj , adv , N ဘယ်ဟာထည့်ရမလဲ စဥ်းစားရပါအုံးမယ်။

အမေးအများဆုံး စဥ်းစားနည်းတွေကတော့ ...
1. a, an, the နောက်မှာ Noun

2. Preposition တွေနောက်မှာ Noun

3. Noun ရဲ့ရှေ့ Adj
(Noun ၂လုံးထပ် Adj ထည့်။
ထည့်ရမယ့်ကွက်လပ်မှာ ..သူ့ နောက်မှာ Noun စာလုံးပါနေရင် Adj ပြောင်းပေးတာကိုပြောတာပါ ။)

4. am, is ,are ,was,were နောက်မှာ Adj

5. Very နောက်မှာ Adj

6. ကွက်လပ် ရှေ့ /နောက် Verb ရှိရင်
Adv ထည့်

7. စာကြောင်းအဆုံး Adv ထည့်

ဒါကအမေးအများဆုံးပါပဲ ။

Verb form ကို နောက် post တွင် ဆက်ရှူစားပါရှင် !

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon