25/09/2026
✨ Singapore Maths Teacher Training Mandalay ✨
စာရင်းပေးသွင်းပြီးကြသော ဆရာ၊ ဆရာမများအတွက် မေတ္တာရပ်ခံချက်နှင့် အသိပေးအချက်အလက်များ
မန္တလေးမြို့မှ ဖေဖေ၊ မေမေများနှင့် ဆရာ၊ ဆရာမများအတွက် နှစ် (၃၀) ကျော် အတွေ့အကြုံရှိ Teacher Su ကိုယ်တိုင် လက်တွေ့လမ်းပြသင်ကြားပေးမည့် ဤအထူးအခွင့်အရေးအတွက် စာရင်းပေးသွင်းပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ယခုအခါ သတ်မှတ်လူဦးရေ ပြည့်သွားပြီဖြစ်ပါသဖြင့် စာရင်းပေးသွင်းခြင်းကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။ 🚫📝
တက်ရောက်ခွင့် ရရှိထားကြသော ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းကာလအတွင်း အဆင်ပြေချောမွေ့စေရန် အောက်ပါအချက်လေးများကို ကူညီဖြည့်ဆည်း ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်-
📅 ရက်စွဲ (Date): 26.9.2026 / 27.9.2026
⏰ အချိန် (Time): မနက် ၈ နာရီခွဲ ညနေ ၅:၃၀ နာရီအထိ
📍 နေရာ (Venue): Sakura Princess Hotel, Mandalay
👜 ယူဆောင်လာပေးကြပါရန် ပစ္စည်းများ:
မှတ်စုစာအုပ်
ဘောပင်
ခဲဖျက်
ပေတံ
ရေဘူး / ရေ
အနွေးထည်
💡 လိုက်နာဆောင်ရွက်ပေးရန် မေတ္တာရပ်ခံချက်များ
နေ့လည်စာ အပါအဝင် အစားအသောက်များကို မိမိတို့ဖက်မှ အဆင်ပြေသလို စီစဉ်လာကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
သင်တန်းကို အေးချမ်းစွာ တက်ရောက်နိုင်ရန်အတွက် ပေါ့ပါးပြီး သပ်ရပ်သည့် ဝတ်စုံလေးများ ဝတ်ဆင်လာကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါတယ်ရှင်။
သင်တန်းအချိန်ကို တိကျစွာ စတင်နိုင်ရန် အနည်းငယ်စောပြီး ကြွရောက်ပေးကြပါရန်လည်း ဖိတ်ခေါ်အပ်ပါတယ်ရှင်။
အခုလိုနားလည်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်။ Teacher SU နှင့် မနက်ဖြန် September 26/27 မှာဆုံတွေ့ကြဖို့ Ready ပြင်ထားကျပါရှင့်။