Emotion Education Centre

Emotion Education Centre

Share

You can learn English ,Chinese, Japanese & Computer at one place

23/12/2025

ဂျပန်မှာ အများပြည်သူသုံးရထား
ဘတ်စကား စီးချိန်
တဲ့အခါ
ဖုန်းကို အသံကျယ်လောင်စွာ
အသုံး မပြုသင့်ဘူး

ကျောင်း တို့ အလုပ်တို့ကနေ ပင်ပန်းလာတော့
အနားယူနေကြတော့
ဖုန်းသံ လျော့ထားကြတယ်

ဖုန်းနဲ့ ပတ်သက်တာလေး
လေ့လာမယ်

充電器
Juun denki
じゅうでんき - အားသွင်းကိရိယာ
အားသွင်းခေါင်း အားသွင်းကြိုး
電器
လျှပ်စစ်ကိရိယာ

マナーモード Silent mode
manner mode
Katakana က ကိုယ့်ကိုဖတ်ကြည့်
ဒါမှ တတ်လာမှာ
အဆုံးမှာ d ရှိရင်ဒို သံထွက်

充電が切れた
Juunden ga kireta
じゅうでん が きれた- ဖုန်းအားကုန်ပြီ

၁၄။ 電波 が 悪い
Denpa ga warui
でんぱ が わるい - ဖုန်းလိုင်းမကောင်းဘူး

メッセージ を 送ります
おくります မက်ဆေ့ပို့လိုက်မယ်

スクショ を 撮る
とる- Screenshot

写真を撮る
しゃしんをとるဓါတ်ပုံရိုက်တဲ့
とるပဲ







Online classes
Zoom classes
Fb group
Viber classes

23/12/2025

Learn Japanese

1.すきです
Suki desu
ကြိုက်တယ်

2.きらいです
Kirai desu
မုန်းတယ် မနှစ်သက်ဘူး

3.ほしいです
Hoshii desu
လိုချင်တယ်







Online classes
Zoom classes
Fb group
Viber classes

23/12/2025

Learn Japanese

1.Ohayou gozai masu
おはようございます
Good morning

2.konnichiwa
こんにちは
Good afternoon

3. Konbanwa
こんばんは
Good evening

4. Oyasu minasai
おやすみなさい
Good night

5. Sayou nara
さようなら
Good bye







Online classes
Zoom classes
Fb group
Viber classes

လှည်ကူးမြို့နယ်မှာရှိတဲ့
Baby Myanmar playground
ကို အလည်သွား

ဝင်ကြေး တယောက် ၁၂၀၀၀

ရန်ကုန်ကနေ ၂နာရီနီးပါးသွားရ

23/12/2025

သိထားသင့်တဲ့မြန်မာနိုင်ငံကပတ်စ်ပိုစ့်(၉)မျိုး
အကြောင်း

PV = Visit Passport
တခြားနိုင်ငံသို့သွားရောက်လည်ပတ်သည့်နိုင်ငံသားများအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

PJ = Job Passport
တခြားနိုင်ငံသို့တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သည့်နိုင်ငံသားများအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

PE = Education Passport
တခြားနိုင်ငံသို့ပညာတော်သင်ကျောင်းသွားတတ်မည့်နိုင်ငံသားများအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

PS = Seaman Passport
တခြားနိုင်ငံသို့ပင်လယ်ခရီးဖြင့်သွားရောက်အလုပ်လုပ်ကိုင်သည့်နိုင်ငံသားများအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

PB = Business Passport
တခြားနိုင်ငံသို့စီးပွါးရေးအရသွားရောက်လုပ်ကိုင်မည့်သူများအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

PR = Religious Passport
တခြးနိုင်ငံသို့ဘာသာရေးအရသွားရောက်မည့်ပုဂိုုလ်များအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

PT = Dependent Passport
တခြားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့်ခင်ပွန်း/ဇနီးများနှင့်လိုက်ပါနေထိုင်သောမှီခိုနိုင်ငံသားများကိုင်ဆောင်သောပတ်စ်ပိုစ့်။

PD = Diplomatic Passport
တခြားနိုင်ငံသို့သံတမန်ရေးရာကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

PO = Official Passport
တခြားနိုင်ငံသို့အရာအရှိ/နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအတွက်ထုတ်ပေးသောပတ်စ်ပိုစ့်။

Credit to original

#EmotionEducationCentre







Online classes
Zoom classes
Fb group
Viber classes

22/12/2025
16/12/2025

Is College or University Necessary?

အတိုချုပ်ဖြေမယ်ဆိုရင် လိုအပ်တယ်။
အရှည်ချုပ်ဖြေမယ်ဆိုရင် မလိုအပ်ပါဘူး။

Howdy! 🤠 I get asked this question a lot since I didn’t go to a university and I wrote it in both Burmese and English because I think it’s important for my fellow Burmese friends 🙆🏻‍♂️.

Also, I am just sharing my experience, not a suggestion.

အခုခေတ်စီးပွါးရေးတင်းကျပ်နေတဲ့အချိန်မှာ လူငယ်​တွေ က ကျောင်းဆက်တက်ဖို့အတွက် စဉ်းစားရခက်​နေပါတယ်။ အဲ့တော့​ သေချာပြန်စဉ်းစားရရင် လူတွေက ကျောင်းသွားတာရဲ့ အဓိကရည်ရွယ်ချက်က ကိုယ့်လေ့လာထားတဲ့ နယ်ပယ်နဲ့ ဆိုင်တဲ့ အလုပ်တစ်ခု ရဖို့ ဖြစ်ပါတယ်။ Degree တစ်ခုက အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်ပေမယ့် အလုပ်ရမယ်ဆိုတဲ့ အာမခံတော့ မပေးနိုင်ပါဘူး။

ကျွန်တော်က University ကိုမသွားသေးပါဘူး။ သာမန် ကောလိပ် Associate Degree သာ ရရှိထားပေမယ့် white-collar corporate job တစ်ခုကို ရရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ လူတချို့က University ကိုသွားပြီး Bachelor Degree အတွက် ဒေါ်လာ ၁၀၀,၀၀၀ ကျော် သုံးပြီးပါလည်း အလုပ်ရမယ်ဆိုတဲ့ အာမခံ မရှိသေးပါဘူး။ ဒီအချက်က အလုပ်ဈေးကွက်မှာ Degree ထက် လက်တွေ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံကို ပိုမိုတန်ဖိုးထားတယ် ဆိုတာကို ပြသပါတယ်။

ဒါကြောင့် ကိုယ့်နယ်ပယ်မှာ အိပ်မက်အလုပ်ကို ရပြီးသားဖြစ်နေပြီဆိုရင် အလုပ်နဲ့ မဆိုင်တဲ့ ဒီဂရီတစ်ခုအတွက် ပိုက်ဆံထပ်သုံးသင့်လား ဆိုတာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။

ဒါပေမယ့် အလုပ်ရပြီဆိုတာနဲ့ သင်ယူမှုကို ရပ်သင့်တာ မဟုတ်ပါဘူး။ နည်းပညာတွေ၊ အလုပ်ပုံစံတွေ ပြောင်းလဲနေတဲ့ခေတ်မှာ ဆက်လက်လေ့လာနေခြင်းက မဖြစ်မနေလိုအပ်ပါတယ်။

အဆုံးသတ်ရရင် ကျောင်းမတက်နိုင်လို့လဲ စိတ်ညစ်စရာမလိုပါဘူး။ University/College ဟာ လမ်းကြောင်းတစ်ခုသာ ဖြစ်ပြီး အရေးအကြီးဆုံးကတော့ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ နဲ့ ဆက်လက်လေ့လာလိုစိတ် ဖြစ်ပါတယ်။ ကျောင်းတက်​နေတဲ့လူ​တွေအ​နေနဲ့လဲ စာတတ်ဖို့ထက် networking ကိုအာရုံစိုက်ဖို့ အကြံ​ပေးချင်ပါတယ်။

The main reason people go to college is to get a job related to their field. A degree offers structure, credentials, and access to opportunities, but it does not guarantee employment.

I graduated with an associate degree and secured a white-collar corporate job through experience and skills, while many others spend over $100,000 on a bachelor’s degree with no job guarantee. This raises an important question: if someone has already achieved their dream job in their field, what is the point of paying more money for school purely for a title?

That said, learning should never stop. Having a job does not mean growth is finished. Continuous learning through work, mentorship, self-study, or training is essential to stay relevant and improve professionally.

College is one path, not the destination. What ultimately matters is skills, experience, and the commitment to keep learning, with or without a degree.

Credit to
ဟိန်းဝင်းကျော်







Online classes
Zoom classes
Fb group
Viber classes

Photos from Emotion Education Centre's post 13/12/2025

နိုင်ငံခြားထွက်မယ့်သူတွေ
ဒီအေဂျင်စီတွေက
ပိတ်သိမ်းခံရပြီးသား

ကိုယ်အပ်ထားတဲ့ အေဂျင်စီက

အဲ့ထဲပါမပါ စစ်ကြည့်







Online classes
Zoom classes
Fb group
Viber classes

Photo Credit

10/12/2025

ဂျပန်စာကျက်ပါကျက်ပါ
ဆို ကောင်းကောင်းစာမကျက်ရင်

ဂျပန်ရောက်တဲ့အခါ
ဒီလိုဖြစ်နေမယ်နော်







Online classes
Zoom classes
Fb group
Viber classes

Photo Credit

10/12/2025

Learn English

Vegetables

ဟင်းသီးဟင်းရွက်
အခေါ်အဝေါ်
လေ့လာကြမယ်






Online classes
Zoom classes
Fb group
Viber classes

09/12/2025

စိတ်ဖိစီးမှုတွေများနေလျှင်

ဒီနေ့ခေတ်မှာတော့ စိတ်ဖိစီးမှုဆိုတာ လူတိုင်း နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အရာတစ်ခုလို တောင် ဖြစ်နေပါပြီ။

ဘဝမှာ အမျိုး မျိုးသောဖိအားတွေကြောင့် လူကောစိတ်ကော ပင်ပန်းနေကြရတယ်။ အလုပ်၊ ကျောင်း၊ မိသားစု၊ ငွေကြေး ဒါမှမဟုတ် လက်ရှိ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေ များပြား လာတဲ့အခါ ကိုယ်ရောစိတ်ပါ ကျန်းမာရေး ထိခိုက် လာနိုင်ပါတယ်။
ဆိုတော့ စိတ်ဖိစီးမှုတွေကိုလျော့ချဖို့ အကောင်း
ဆုံးနည်းလမ်းလေးတွေကို ပြန်လည်မျှဝေ ပေးလိုပါတယ်။

၁။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ အိပ်ချိန် မှန်အောင်ဂရုစိုက်ပါ။ အရွယ်ရောက်သူ တစ်ဦးအတွက် တစ်ညကို ၇-၈ နာရီ အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝခြင်းက စိတ်ခံစားချက် ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါ တယ်။
အစားအသောက်ကို မျှတစွာ စားသောက်ပါ။ သကြားဓာတ်များတဲ့ အစားအစာတွေနဲ့ ကဖိန်း ဓာတ်တွေကို လျှော့ချပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ အများကြီး စားပေးပါ။

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။ နေ့စဉ် မိနစ် ၃၀ လောက် လမ်းလျှောက်တာ၊ ယောဂကျင့်တာ (သို့) ကိုယ်လက်လှုပ်ရှားမှု လုပ်တာက စိတ်ဖိစီးမှုကိုဖြစ် စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ပါ။ ဘာကြောင့် ဖိစီးနေတာလဲဆိုတာကို စာအုပ်ထဲ မှာ ချရေးပြီး ထိန်းချုပ်နိုင်တဲ့အရာ နဲ့ မထိန်းချုပ်နိုင်တဲ့အရာ ဆိုပြီး ခွဲခြားလိုက်ပါ။

ထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် အစီအစဉ်ဆွဲ ပြီး ဖြေရှင်းဖို့လိုအပ်သလို မထိန်းချုပ်နိုင်တဲ့ အရာတွေကိုတော့ လက်ခံပြီး လွှတ်ချတတ်အောင် ကြိုးစားကြည့်ပါ။

၃။ နားနေချိန် သတ်မှတ်ပါ။ အလုပ်များနေတဲ့ကြားကနေ ကိုယ့်အတွက် အနားယူချိန်ကို သတ်သတ်မှတ်မှတ် ဖန်တီးပါ။ ကိုယ့်ဝါသနာပါတာလေးတွေကိုလည်း လုပ်ကြည့် ပါ။
တရားထိုင်ခြင်း (Meditation) သို့မဟုတ် အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ပါ။

၄။ လူမှုဆက်ဆံရေးကို အားကောင်းစေပါ။ ယုံကြည်ရတဲ့မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ စကားပြောပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖွင့်ဟ ပြောဆိုခြင်းက စိတ်သက်သာရာရစေပြီး မှုတွေသက်သာစေပါတယ်။

၅။ အချိန်ကို စီမံခန့်ခွဲပါ။ လုပ်စရာရှိတာတွေကို စီစဉ်ပါ။ အရေးကြီးတာ ကို အရင်လုပ်ပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ အလုပ် ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ဖို့လိုတာကို လုပ်ပါ။ ကိုယ်မတတ်နိုင်တဲ့အရာတွေ ကိုယ်မလုပ်
ချင်တဲ့အရာတွေကို "မလုပ်နိုင်ဘူး" လို့ပြောပါ။ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းထက်ပိုတဲ့ တာဝန်တွေကိုမယူဖြစ်အာင်ကြိုးစားပါ

credit to original




05/11/2025

အသက်ရလာရင် မင်းဆင်ခြင်နော်..သူငယ်ချင်း"

သူငယ်ချင်းရေ
တို့တတွေ
အမေအရွယ်..အဖေအရွယ်
အဖိုးအရွယ်.အဖွားအရွယ်
ရောက်လာကြပြီနော်
..
မင်းသိမလားပဲ
မင်းပင်ပန်းနေတာ
မင်းစိတ်မထားတတ်လို့ ဆိုတာ..
.
တို့သူငယ်ချင်းထဲက
နိုင်ငံခြားသားတွေဆို
သူတို့သားသမီးတွေ
၁၈နှစ်မတိုင်ခင်
ငုံထား မျိုထားမတတ်
သဲသဲလှုပ်ချစ်ကြ
လိုတာအကုန်ပံ့ပိုးကြပြီး
၁၈ နှစ်ပြည့်တာနဲ့
သူ့အတောင်နဲ့ သူပျံဖို့
လောကကြီးထဲ ပြစ်ချလိုက်ကြတာ
မိဘရိပ်ခိုနေရင်ပဲ သူတို့ဆီမှာ ရှက်စရာ..
..
တို့တတွေကတော့
သားသမီးတွေကို
သေတဲ့အထိ
သားပိုက်ကောင်လို
ဗိုက်ထဲထဲ့ထားချင်ကြတာ
နေရာတကာ
ပိုင်စိုးချယ်လှယ်ထားချင်ကြတာ
ဝတ်တာစားတာ ကအစ
အလှပြင်တာ
ကျောင်းမှာ ဘာသာတွဲရွေးတာအလယ်
အိမ်ထောင်ပြုတာ အဆုံး
ကိုယ်ရွေးပေးရမယ်ချည်း ထင်နေတာ
မိဘတို့ဝတ္တရားဆိုတာ
နေရာတကာ မဟုတ်တာ
နားမလည်ကြဘူး
...
မင်းသိလား..ဒါက
ကိုယ့်မီးတောက် ကိုယ်မွှေးကြတာနော်.
မင်းကလေးဟာ
မင်းသွေးပေမဲ့
သူ့ဘဝသူပိုင်တဲ့
လူသားတစ်ယောက်လေ
သူ့ကိုများ မင်းအထင်မကြီးလို့လား
နေရာမပေးမိတာလား
ကိုယ့်အတ္တနဲ့ကိုယ် ပိတ်မိနေတာလား
..
သူငယ်ချင်းရေ
ကလေးတွေကို
လမ်းပြပေးပါ
လမ်းမပိတ်ပါနဲ့
ဆွေးနွေးပေးပါ
မကြိမ်းမောင်းပါနဲ့
မင်းလူငယ်ဘဝက
မိဘကို ဘယ်လိုတွေးခဲ့သလဲ
သူတို့အတွေးကို
နားလည်ပေးလိုက်ပါ
အတ္တကြီးတဲ့အမေ
အတ္တကြီးတဲ့အဖေလို့
ကလေးတွေစိတ်ထဲ
မတွေးမိစေနဲ့

ကျန်းမာအောင် နေပါ
အိပ်ရေး ဝ ဝ အိပ်
တလောကလုံးကို
မင်းမပိုင်ရင်တောင်
မင်းကိုယ်မင်းတော့ ပိုင်တယ်မို့လား
မျက်မှောင်ကြီးတွန့်မထားနဲ့
နဲနဲပြုံးလိုက်..

လိမ္မာတဲ့ သားသမီး ကို
ရထားတဲ့ သူငယ်ချင်းတို့ရေ
အနီးက
သားသမီးကို လှစ်လျှူရှူပြီး
အဝေးက သားသမီးကို
တမ်းတပြနေတာတွေတော့
ရပ်လိုက်နော်
ကိုယ့်ကိုပြုစုရတာမှာ
အရမ်း
မခက်ခဲစေနဲ့
ကိုယ်ဇီဇာကြောင်လွန်း
ခက်ထန်လွန်း
ပြုစုရ ခက်လွန်းလို့
ကလေးတွေ ကြိတိမငိုရပါစေနဲ့ကွယ်

တခန်းတနား
ထမင်းစားတာတွေလျှော့

အစားအသောက်
ချေးများတာတွေလျှော့
နေရာတကာ ဝင်မပါနဲ့
ချစ်စရာ စကားလုံးလေးတွေ
များများပြောကွယ်
ကလေးတွေကို
နားချိန်ပေး
သူကလေးတွေ
လွတ်လပ်ပါစေ
သူငယ်ချင်းတွေနဲ့နေပါစေ
ခဏခဏ ခရီးထွက်ခိုင်း
မင်းဆွဲထားလွန်းရင်
ကြိုးတွေ ပြတ်ထွက်ကုန်လိုက်မယ်
.
လှေနံဓားထစ်တွေ
စွဲကိုင်မထားနဲ့
ကိုယ့်စိတ်ကြိုက် တွေ
ကလေးတွေက
မိဘမို့
လုပ်ပေးတိုင်း
မခိုင်းရဘူးနော်
လျှူတာတန်းတာဖြစ်နေပါစေ
ကိုယ်လိုချင်တိုင်းမခိုင်းရဘူးနော်
ဟိုသားသမီး လိုတာကို
ဒီသားသမီးက ဖြည့်လိုက်စမ်းဆိုတာ
မင်းအမှားတွေ
ကလေးပုခုံးပေါ်
ပြစ်မတင်လိုက်ပါနဲ့
လိုင်းပေါ်မှာ
မိဘနွံနစ်နေတဲ့ကလေးတွေ
ငိုလိုက်​ကြတာ
သနားပါတယ်ဟယ်
...
တို့သူငယ်ချင်းတချို့
လူအိုရုံတွေမှာ ရောက်နေကြတယ်တဲ့..
ထမင်းနပ်မှန်အောင်စားရဖို့
အိပ်ချင်လဲ နိုးပေးရတယ်
အဝတ်အစား
ချောင်ချောင်ချိချိနေချင်ပေမဲ့
သပ်သပ်ရပ်ရပ်
သတ်မှတ်ချက်နဲ့
ဝတ်ရတယ်
မထိုင်ချင်လဲ ထိုင်နေပေးရတယ်
မစားချင်တာလဲ ကြိတ်မှိတ်စားရတယ်
မိသားစုနဲ့
အပြင်လောကကို
ငေးမောအားကျနေရတယ်
ကိုယ့်ကိုကိုယ် မပိုင်တဲ့ဘဝနဲ့
ဟိုလူ့ကြောက်ရ
ဒီလူ့ ရှိန် ရ နဲ့
ကိုယ်တော့
လူအိုရုံမှာ
နေရတဲ့ဘဝရောက်မှာ
သိပ်ကြောက်တာပဲ

ကိုယ့်အနားက လူတွေနဲ့
တဲ့အောင်ပေါင်းပါ
သင့်မြတ်အောင်နေပါ
ချစ်သူကို မနိုင်စားပါနဲ့
မုန်းသူကို စိတ်ထဲမထားပါနဲ့
အပြစ်တင်တတ်တဲ့လူနား
ဘယ်သူမှ မနေချင်ဘူးနော်
ခဏခဏ ပါးစပ်စေ့ထား..
.
ကိုယ်တို့ရဲ့
နောက်ဆုံးအချိန်မှာ
လှပတဲ့ ပန်းခင်းလေး
စိုက်ခဲ့ရအောင်ပါ
နောင်အခွင့်ရခဲ့ရင်
ပန်းမွှေးမွှေးတွေကြား
တို့ အတူ
လမ်းလျှောက်ကြမယ်..လေ..

Credit to
စပယ်






Online classes
Zoom classes
Fb group
Viber classes




05/11/2025

အလုပ်လျှောက်ထားပြီး
အင်တာဗျူးလာပါ
ပြောခဲ့ရင် နားလည်အောင်

အင်တာဗျူးကိုတရုတ်လိုဘယ်လိုပြောလဲ
ဂျပန်လိုရော








Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 25, Mahar Bawga Street , Myanigone , In Front Of Dagon Centre
Yangon
11191

Opening Hours

Monday 09:00 - 19:30
Tuesday 09:00 - 19:30
Wednesday 09:00 - 19:30
Thursday 09:00 - 19:30
Friday 09:00 - 19:30
Saturday 09:00 - 18:30