Ignite education centre

Ignite education centre

Share

Our tuition offers to teach Maths and Science to International school students. We teach from young learners through high school students. Register now!

We have over 5 different curriculums and give the best training needed for pupils.

06/05/2026

🚀 IGCSE ခရီးလမ်းမှာ ထူးချွန်ထက်မြက်ဖို့ Ignite Education Centre နဲ့အတူ အစပျိုးလိုက်ပါ! 💡

✨ IGCSE O Level (Year 10) အတွက် အတန်းသစ်များ လက်ခံနေပါပြီ ✨

မင်္ဂလာပါရှင်။ သားသားမီးမီးတို့ရဲ့ IGCSE O Level ခရီးလမ်းမှာ အောင်မြင်မှုတွေနဲ့အတူ လျှောက်လှမ်းနိုင်ဖို့ Ignite Education Centre ကနေ ကြိုဆိုလိုက်ပါတယ်။ 📝

Year 10 စတက်တော့မယ့် ကျောင်းသား၊ သူများအတွက် Foundation ခိုင်မာစေဖို့နဲ့ CIE Syllabus ကို ကျွမ်းကျင်ပိုင်နိုင်စေဖို့ ကျွန်မတို့ဆီမှာ စနစ်တကျ လေ့လာနိုင်ပါပြီ။

✅ ဘာသာရပ်များ (Subjects Offered):

(1) E.Math
(2)A.Math
(3)Physics
(4) Chemistry
(5) Biology
(6)Accounting
(7) Business
(8) Economics
(9) ICT
(10)Computer Science

✅ သင်ကြားမှုပုံစံ (Learning Options):

ကျောင်းသား/ကျောင်းသူလေးတွေ အဆင်ပြေဆုံးဖြစ်အောင် ပုံစံ (၃) မျိုးနဲ့ စီစဉ်ပေးထားပါတယ် -
🔹 Group Section: (Max 10 students) - အတန်းဖော်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အပြန်အလှန် ဆွေးနွေးသင်ယူနိုင်ပါတယ်။
🔹 Private Section: (Max 5 students) - တစ်ဦးချင်းစီရဲ့ အားနည်းချက်တွေကို အနီးကပ် ကြီးကြပ်ပေးနိုင်တဲ့အတွက် ပိုမိုထိရောက်ပါတယ်။
🔹 One-by-One: သီးသန့် အချိန်ပေးပြီး သင်ယူလိုသူများအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

သားသားမီးမီးတို့ရဲ့ ပညာရေးအနာဂတ်ကို Ignite Education Centre နဲ့အတူ တောက်ပအောင် လက်တွဲကြပါစို့လား✨

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက Page Messenger (or) 📞 09250164214 / 09409881177 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။





30/04/2026

မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ 🙏✨

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) မှာ ကျရောက်သည် "ကဆုန်လပြည့်နေ့" ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးခြားဆုံးနဲ့ အမွန်မြတ်ဆုံး နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။

တို့မြန်မာလူမျိုးတွေ "ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန်ဗုဒ္ဓနေ့" လို့ ဆိုရိုးရှိကြတဲ့အတိုင်း မြတ်စွာဘုရားရှင်ရဲ့ ဘဝဖြစ်စဉ်ထဲက အလွန်ထူးခြားတဲ့ မှတ်တိုင် (၄) ခုဟာ ဒီနေ့မှာ တစ်ိုက်နက်တည်း ဆုံတွေ့ခဲ့တာပါ -

✨ ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်တော် ခံယူတော်မူခြင်း (ဗျာ)
✨ လုမ္ဗိနီသာမော အင်ကြင်းတောမှာ ဖွားမြင်တော်မူခြင်း (ဖွား)
✨ ဗောဓိပင်ရင်းမှာ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားဖြစ်တော်မူခြင်း (ပွင့်)
✨ ကုသိနာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း (စံ)

ဒါကြောင့်လည်း ကဆုန်လပြည့်နေ့ကို "ဗုဒ္ဓနေ့" လို့ ကမ္ဘာအနှံ့က သတ်မှတ်ပူဇော်ကြတာ ဖြစ်ပါတယ်။ ဒီလို နေ့ထူးနေ့မြတ်မှာ မိသားစုတွေနဲ့အတူ ဘုရားကျောင်းကန်သွားရင်း၊ ဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းရင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်ကြပါစေရှင်။ 💦🌳

ကဆုန်လပြည့်နေ့မှစ၍ လူသားအားလုံး ဘေးဘယာဝေးကွာပြီး ငြိမ်းချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Ignite မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🌸🙏




#ကဆုန်လပြည့်နေ့
#ညောင်ရေသွန်းပွဲတော်

30/04/2026

📣 HOLIDAY ANNOUNCEMENT

Dear Students and Parents,
Please be informed that Ignite Education Centre will be closed from April 30, 2026 (Thursday) to May 1, 2026 (Friday) in observance of the Full Moon Day of Kasone and International Workers' Day (May Day).
May this sacred day bring peace, mindfulness, and blessings to you and your family.

ကျောင်းသား ကျောင်းသူများနှင့် မိဘများရှင့်
ယခုလာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) နှင့် မေလ (၁) ရက် (သောကြာနေ့) တို့သည် Ignite Education Center၏ (ကဆုန်လပြည့်နေ့)နှင့်(အလုပ်သမားနေ့)ကျောင်းပိတ်ရက် ဖြစ်ပါသဖြင့် Maths & Science Class များ ပိတ်ပါသည်ရှင်။

နေ့ထူးနေ့မြတ်မှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြပါစေရှင်...

Ignite Education Centre
No.20/4B, Third Floor, A.S Centre Condo, Aung Zay Ya Street, Yankin Township, Yangon.
Phone: 09-250164214
Ignite Education Centre - 2
No.28/C, Second floor, 29th Quarter, Pinlon Road, North Dagon.
Phone: 09-409881177



24/04/2026

သားသားမီးမီးတို့ရဲ့ သိပ္ပံပညာအခြေခံကို အခိုင်အမာ တည်ဆောက်ပေးကြစို့! 🧬✨

ဖေဖေမေမေတို့ရေ…
ကလေးငယ်တွေရဲ့ စူးစမ်းလိုစိတ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ တိုးတက်လာအောင် လမ်းညွှန်ပေးဖို့ အချိန်တန်ပါပြီနော်။

Science ဆိုတာ စာအုပ်ထဲက အလွတ်ကျက်ရမယ့် ဘာသာရပ်တစ်ခုမဟုတ်ဘဲ၊
ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်ပြီး “ဘာကြောင့်လဲ?” “ဘယ်လိုဖြစ်လာတာလဲ?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်အောင် လမ်းပြပေးတဲ့ ဘာသာရပ်တစ်ခုပါ။ 🧪💡

Ignite Education Center မှာ Science ကို ဘာကြောင့် ရွေးချယ်သင်ယူသင့်လဲ? 🤔

✅ Thinking Skills တိုးတက်စေခြင်း
အလွတ်ကျက်သင်ယူမှုမဟုတ်ဘဲ ကိုယ်ပိုင်စဉ်းစားနိုင်စွမ်း၊ မေးခွန်းထုတ်နိုင်စွမ်းတွေကို ပျိုးထောင်ပေးပါတယ်။ 🧠

✅ Group Discussion နဲ့ Active Learning
သူငယ်ချင်းတွေနဲ့အတူ ဆွေးနွေးဖလှယ်ရင်း သင်ယူတာကြောင့် Communication Skills နဲ့ Teamwork Skills တွေပါ တိုးတက်လာမှာပါ။ 🗣️🤝

✅ Curiosity-Based Learning
စူးစမ်းလိုစိတ်ကို အခြေခံပြီး သင်ကြားပေးတာကြောင့် ကလေးတွေကို သဘာဝကျကျ စိတ်ဝင်စားလာစေပါတယ်။ 🌟

🗓️ June လမှာ Grae 3 to Grade 8 အတန်းသစ်များ စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
နေရာကန့်သတ်ထားသောကြောင့် ယခုပဲ စာရင်းသွင်းထားလိုက်ပါနော်!

သားသားမီးမီးတို့ရဲ့ သိပ္ပံပညာအခြေခံကို ခိုင်မာအောင် ပျိုးထောင်ပေးဖို့
Ignite Education Center မှာ စောင့်ကြိုနေပါတယ်ရှင်။ 🎒✨

📍 Ignite Education Center
📞 09250164214
📞 09409881177

23/04/2026

ဒီနေ့ ဧပြီလ (၂၃) ရက်နေ့လေးကတော့ **"ကမ္ဘာ့စာအုပ်နေ့ (World Book Day)"** ပဲ ဖြစ်ပါတယ်ရှင်။ 📚✨

စာအုပ်တစ်အုပ်ဆိုတာ ကျွန်ုပ်တို့ရဲ့ သားသားမီးမီးလေးတွေအတွက်တော့...
🌱 အိပ်မက်တွေကို စတင်တည်ဆောက်ပေးတဲ့ အခြေခံအုတ်မြစ်၊
🌍 ကမ္ဘာကြီးကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့စေမယ့် ပြတင်းပေါက်၊
💡 အတွေးအခေါ်အသစ်တွေကို ပွင့်သွားစေမယ့် သော့တံလေးတွေပါပဲ။

စာအုပ်ထဲက အသိပညာတွေကတစ်ဆင့် သားသားမီးမီးတို့ရဲ့ အနာဂတ်ကို ပိုမိုလှပအောင် ဖန်တီးပေးဖို့ စာဖတ်တဲ့အလေ့အကျင့်လေး စတင်ပေးကြရအောင်လားခင်ဗျာ? ✨

ဒီနေ့လို အထူးနေ့ရက်မှာ...
"Reading Habit" (စာဖတ်တဲ့အလေ့အကျင့်) တစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်တာဟာ သားသမီးတွေအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ 💛

📌 ဒီနေ့ညတော့ မိဘတွေအနေနဲ့ သားသားမီးမီးတို့နဲ့အတူ စာအုပ်လေးတစ်အုပ်ကို အတူတူဖတ်ရင်း ရင်ခုန်စရာဇာတ်လမ်းလေးတွေကို ဝေမျှကြည့်ကြရအောင်နော်။

"Today a reader, tomorrow a leader." ဆိုတဲ့စကားအတိုင်း...
ဒီနေ့ စာဖတ်တဲ့သူဟာ မနက်ဖြန်ရဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာ အသေအချာပါပဲ။ 📖🌟

မိဘတို့ရေ... ဒီနေ့ရော သားသားမီးမီးတို့နဲ့ ဘယ်စာအုပ်လေးကို အတူတူဖတ်ဖြစ်ကြမှာလဲ? ကွန်မန့်မှာ ပြောပြပေးသွားပါဦးနော်။ 👇😊


#စာဖတ်ခြင်းသည်အသိပညာ၏အရင်းအမြစ်

17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်ဦး ကဆုန်လဆန်း ၂ရက်နေ့တွင် ကျရောက်သော မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးအခါသမယမှာ Ignite Education Centre မှာ တက်ရောက်လျက်ရှိသော ကျောင်းသား/သူများ၊ မိဘများ၊ Ignite မိသားစုဝင်များ နှင့်တကွ ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေကြောင်း Ignite Education Centre မိသားစုမှဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။

ပျော်ရွှင်စရာ နှစ်သစ်ကူးသင်္ကြန်ရက်လေးတွေဖြစ်ပေမယ့် လာမယ့် မေလမှာ IGCSE စာမေးပွဲကြီးကို ရင်ဆိုင်ဖြေဆိုကြမယ့် ကျွန်မတို့ Ignite Education Centerရဲ့ သားသားမီးမီးတွေအတွက်တော့ ဒီအချိန်ဟာ အလွန်အရေးကြီးတဲ့ ကာလလေးတစ်ခုလည်း ဖြစ်ပါတယ်။ 📝💪

အတာရေစင်နဲ့အတူ စိတ်အပန်း‌ေဖြရင်း၊ စာမေးပွဲအတွက် ပြင်ဆင်မှုတွေကိုလည်း အကောင်းဆုံး ကြိုးစားအားထုတ်နိုင်ကြပါစေရှင်။ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့အတွက်လည်း ဆက်လက်ကြိုးစားသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ သားတို့၊ သမီးတို့ရဲ့ ကြိုးစားမှုတိုင်းမှာ အလိုချင်ဆုံး ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်စေဖို့ Ignite မှလည်း အပြည့်အဝ ပံ့ပိုးပေးလျက်ရှိနေပါတယ်။ ✨

ကျောင်းသား၊ကျောင်းသူများအားလုံး နှစ်သစ်မှာ အရာရာတိုင်း အဆင်ပြေချောမွေ့ပြီး စိတ်ကူးထားတဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ထပ်မံ ဆု‌မွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ။ 🙏






05/04/2026

🌟 တစ်ဦးချင်းစီရဲ့ အားနည်းချက်ကို ဂရုစိုက်ပေးတဲ့ IGCSE Year 10 အထူးတန်းမှာ အခုပဲ စာရင်းပေးသွင်းလိုက်ပါ! 👨‍🏫✨ 🌟

မိဘတို့ရေ…
သားသားမီးမီးတို့ရဲ့ IGCSE Final Exam နီးလာပြီဆိုတော့ စိုးရိမ်မှုတွေ ဖြစ်နေကြမှာပါနော်။ 🧐
အထူးသဖြင့် Year-10 အဆင့်မှာ အခြေခံအုတ်မြစ်ခိုင်မာဖို့ အရမ်းအရေးကြီးပြီး
E.Math လို ဘာသာရပ်တွေဆိုရင် လေ့ကျင့်မှုမရှိဘဲ မအောင်မြင်နိုင်ပါဘူး။
ဒါကြောင့် Ignite Education Centre မှာတော့
စာသင်ခန်းထဲမှာ သင်ခန်းစာရှင်းပြပေးရုံသာမကဘဲ
“Exam ကို တကယ်ရင်ဆိုင်နိုင်အောင်” အထူးလေ့ကျင့်ပေးနေပါတယ်။ 👩‍🏫👨‍🏫

📌 ကျွန်ုပ်တို့ရဲ့ အထူးအစီအစဉ်များ
✅ Exam ခန်းထဲမှာ စိတ်မလှုပ်ရှားဘဲ ဖြေဆိုနိုင်စေဖို့ IGCSE Final Exam Pattern အတိုင်း Mock Test များ လစဉ် စစ်ပေး ခြင်း
✅ Exam Pattern ကို ကျွမ်းကျင်လာစေဖို့ Past Papers အခြေခံ လက်တွေ့လေ့ကျင့်ခန်းများဖြင့် စစ်ပေးခြင်း
✅ Individual Feedback & Guidance system ဖြင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက် အားသာချက်ကို သေချာစောင့်ကြည့်ပြီး၊ အားနည်းတဲ့နေရာလေးတွေကို တစ်ဦးချင်းစီ အထူးပြန်လည်ရှင်းပြပေးခြင်း

🎯 ဒီလိုတွေ စီစဥ◌်ပေးလိုက်တဲ့ အတွက် Result က
စာမေးပွဲကို မကြောက်တော့ဘဲ
ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးဖြေဆိုနိုင်မှာ ဖြစ်ပါတယ် 💯

👉 မိဘတို့ရဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး သားသားမီးမီးတို့ရဲ့ ပညာရေးခရီးလမ်းကို Ignite Education Centre က အတူတူ လမ်းပြပေးနေပါတယ် 💙
📩 သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Page Messenger မှာဖြစ်စေ၊ ဖုန်းနံပါတ် [09-250 164217 / 09409881177] ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 📞





01/04/2026

IGCSE O Level Chemistry ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွမ်းကျင်ချင်ပါသလား? 🎓🌟

Chemistry ဆိုတာ ကျက်မှတ်ရမယ့် Formula တွေ၊ Equation တွေချည်းပဲ မဟုတ်ပါဘူး။ 🤩🤩🤩
အခြေခံသဘောတရားတွေကို သေချာနားလည်သဘောပေါက်သွားတဲ့အခါ အလွန်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။😊😊

Ignite Education Centre မှာဆိုရင်တော့ Chemistry ကို ပျင်းစရာကောင်းတဲ့ ဘာသာရပ်တစ်ခုအဖြစ် မသင်ကြားဘဲ နားလည်လွယ်တဲ့ သင်ရိုးတွေ၊ စိတ်လှုပ်ရှားစရာ လက်တွေ့စမ်းသပ်မှုတွေနဲ့ အတူ Professional တီချယ်တွေနဲ့ပါ ပေါင်းစပ်သင်ကြားပေးလျက်ရှိပါတယ်။

ဒီနေ့အတန်းမှာဆိုရင်လည်း Chemistry ရဲ့ အရေးပါတဲ့ အခြေခံသင်ခန်းစာတစ်ခုဖြစ်တဲ့ Dissolving ပျော်ဝင်ခြင်း သဘောတရားကို ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင် လက်တွေ့စမ်းသပ်လေ့လာခဲ့ကြပါတယ်။ စာတွေ့သဘောတရားတွေကို လက်တွေ့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ သင်ခန်းစာတွေကို ပိုမိုမှတ်မိလွယ်ပြီး ပညာရပ်အပေါ် စိတ်ဝင်စားမှု တိုးပွားလာစေပါတယ်။

စာတွေ့သက်သက်သာမကဘဲ လက်တွေ့စမ်းသပ်မှုတွေနဲ့ပါ ထိထိရောက်ရောက် ပေါင်းစပ်သင်ယူချင်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် IGCSE O Level Chemistry အတန်းသစ်များကို ယခုပဲ စုံစမ်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။

Ignite education centre

27/03/2026

🌟 Congratulations! သားသားမီးမီးတို့ရေ 🌟

Term 2 စာမေးပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ပြီး ထူးချွန်တဲ့ ရမှတ်ကောင်းများနဲ့ အောင်မြင်ခဲ့ကြတဲ့ Ignite Education Centre ရဲ့ ချစ်စရာကလေးလေးတွေကို မြင်ရတော့ Tr တို့အနေနဲ့ အရမ်းပီတိဖြစ်ရပါတယ်ရှင်။ ✨

နေ့စဉ်တိုးတက်လာတဲ့ သင်ယူမှုလမ်းကြောင်းပေါ်မှာ စိတ်ဓာတ်တက်ကြွစွာနဲ့ အမြဲကြိုးစားနေကြတဲ့ သားသားမီးမီးတို့ကို Tr တို့က အထူးဂုဏ်ယူချီးကျူးလိုက်ပါတယ်။ 👏🎓

ဒီအောင်မြင်မှုတွေဟာ ကလေးတို့အတွက် အနာဂတ်ကို ခိုင်မာစေမယ့် ပထမခြေလှမ်းကောင်းများဖြစ်ပြီး နောက်တစ်ဆင့်ပိုမိုမြင့်မားတဲ့ ရလဒ်တွေ ရရှိနိုင်ဖို့ Tr တို့နဲ့အတူ ဆက်လက်ကြိုးစားသွားကြမယ်နော်။ 🚀

သားသားမီးမီးတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို Trတို့တွေနဲ့အတူ အမြဲတမ်းပံ့ပိုးပေးနေကြတဲ့ သားသား မီးမီးတို့ရဲ့ ဖေဖေ မေမေများအားလုံးကိုလည်း ကျွန်မတို့ Ignite Education Centreမိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏❤️




26/03/2026

𝙃𝙊𝙇𝙄𝘿𝘼𝙔 𝘼𝙉𝙉𝙊𝙐𝙉𝘾𝙀𝙈𝙀𝙉𝙏 📣
Dear Students and Parents,
Please be informed that Ignite Education Centre will be closed on Friday, 27 March 2026 in observance of Armed Forces Day.
Therefore, there will be no Ignite Maths & Science classes.
We wish you a meaningful holiday as we honor to the fallen heroes who dedicated their lives to our nation
ကျောင်းသား ကျောင်းသူများနှင့် မိဘများရှင့်
ယခုလာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက် (သောကြာ) နေ့သည် (၇၉) ကြိမ်မြောက် တပ်မတော်နေ့ ကျောင်းပိတ်ရက် ဖြစ်ပါသဖြင့် Ignite Maths & Science Class များ ပိတ်ပါသည်ရှင်။

Ignite Education Centre
No.20/4B, Third Floor, A.S Centre Condo, Aung Zay Ya Street, Yankin Township, Yangon.
Phone: 09-250164214
Ignite Education Centre - 2
No.28/C, Second floor, 29th Quarter, Pinlon Road, North Dagon.
Phone: 09-409881177



14/03/2026

🎉 Happy π (Pi) Day! 🥧🔢

င်္သချာပညာကို စိတ်ဝင်စားတဲ့ လူအများအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်တဲ့ π (Pi) ရဲ့ အထူးနေ့ရက်ကို ရောက်ရှိလာပါပြီ။

💡 သိပြီးကြပါပြီလား?

စက်ဝိုင်းတစ်ခုရဲ့ အဝန်း (Circumference) ကို အချင်း (Diameter) နဲ့ စားလိုက်တဲ့အခါ အမြဲတမ်းရတဲ့ တန်ဖိုး π (Pi) ဟာ 3.14159... လို့ အဆုံးမရှိ ဆက်လက်တိုးချဲ့နေတဲ့ ကိန်းဂဏန်းပါ။

π (Pi)ရဲ့ တန်ဖိုးဟာ 3.14159… လို့ အဆုံးမရှိ တဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။

ဒါကြောင့်ပဲ မတ်လ ၁၄ ရက် (3.14) ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ Pi Day အဖြစ် သတ်မှတ်ကျင်းပကြတာပါ။

သင်္ချာပါရမီရှင် အဲလ်ဘတ် အိုင်းစတိုင်းရဲ့ မွေးနေ့ဟာလည်း မတ်လ ၁၄ ရက်နေ့ (Pi Day) မှာပဲ ကျရောက်ပါတယ် ။

သင်္ချာဆိုတာ အလွတ်ကျက်တာမဟုတ်ဘဲ သဘောတရားတွေကို နားလည်ပြီး ခံစားတတ်ဖို့ပါ။ ဒီလိုလှပတဲ့ ကိန်းဂဏန်းတွေရဲ့ အဓိပ္ပါယ်ကို အတူတူရှာဖွေချင်တယ်ဆိုရင်တော့...
✨ Ignite Education Centre မှာ သင့်ကလေးတွေကို ပျော်ရွှင်စွာ သင်္ချာတွေးခေါ်တတ်အောင် လေ့ကျင့်ပေးဖို့ အဆင်သင့်ပါ။

📚 သင်္ချာကို

အလွတ်ကျက်စရာမလိုဘဲ

Concept နဲ့ နားလည်အောင်

ပျော်ရွှင်စွာ သင်ယူချင်တယ်ဆိုရင်တော့…

✨ Ignite Education Centre မှာ
သင်္ချာရဲ့ လှပတဲ့ သဘောတရားတွေကို Trတို့နဲ့အတူတူ လေ့လာကြရအောင်။

မတ်လ ၁၄ ရက် (3.14) မှာ ကျရောက်တဲ့ Pi Day အထူးနေ့မှာ
အဆုံးမရှိ ဆက်သွားနေတဲ့ π ကိန်းဂဏန်းလိုပဲ
မကုန်ခမ်းနိုင်တဲ့ သင်္ချာပညာရပ်နဲ့ သက်ဆိုင်သော ဗဟုသုတတွေကို ဆက်လက်ရှာဖွေသင်ယူနိုင်ကြပါစေ။

Happy Pi Day to all math lovers! 🥧🔢

📍 Ignite education centre

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 20/4B, Third Floor, As Center Condo, Aung Zeya Road, Yankin Township
Yangon
01

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00