YTU Department of Electronic Engineering

YTU Department of Electronic Engineering For some detailed information, please come and inquiry directly to Department.

Congratulations to HoD (EC Dept, YTU), Prof, Dr. Hla Myo Tun who was promoted on 8 January 2021. 🎉
25/01/2021

Congratulations to HoD (EC Dept, YTU), Prof, Dr. Hla Myo Tun who was promoted on 8 January 2021. 🎉

21 January 2021Excursion of some EC, YTU teachers to Industry for Research Project
25/01/2021

21 January 2021

Excursion of some EC, YTU teachers to Industry for Research Project

တပိုင်းလျှပ်ကူးအီလက်ထရွန်းနစ်ပညာရပ်၏ ဆရာတစ်ဆူဖြစ်သော ဆရာကြီးဉီးခိုင်ဉီး၏ သုတေသနလက်ရာတစ်ခုအားမှတ်တမ်းတင်ခြင်း (၂၇-၁၁-၂၀၂၀...
27/11/2020

တပိုင်းလျှပ်ကူးအီလက်ထရွန်းနစ်ပညာရပ်၏ ဆရာတစ်ဆူဖြစ်သော ဆရာကြီးဉီးခိုင်ဉီး၏ သုတေသနလက်ရာတစ်ခုအားမှတ်တမ်းတင်ခြင်း (၂၇-၁၁-၂၀၂၀)

ဆရာကြီးဉီးခိုင်ဉီးသည် သုတေသနလုပ်ငန်းဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်၏ အင်ဂျင်နီယာမဟာဌာနအောက်ရှိ အီလက်ထရွန်းနစ်ဌာနတွင် ၁၉၇၄-၁၉၇၅ တွင် သွားရောက်ခဲ့၍ တပိုင်းလျှပ်ကူးအီလက်ထရွန်းနစ်ပညာရပ်အတွက် သုတေသနတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့နောက် သုတေသနစာတမ်းတစ်စောင်ကို Japanese Journal of Applied Physics (JJAP) တွင် ၁၉၇၅ ခုနှစ်၌ ရေးသားထုတ်ဝေနိုင်ခဲ့ပါသည်။ ထိုစာတမ်းအပြည့်အစုံကို ဖော်ပြပေးထားပါသည်။

Research Paper Title - Photoelectric Effetcs of In2O3-p Si Diodes
Publisher - Japanese Journal of Applied Physics
Volume - 14
Number - 6
Published Year – 1975

ထိုဆရာကြီးဉီးခိုင်ဉီးချခဲ့သော သုတေသနအုတ်မြစ်ကို နောင်လာနောက်သား သုတေသနပညာရှင်များမှ အစဉ်အမြဲခိုင်မာစေနိုင်ရန်အတွက် ဤမှတ်တမ်းဖြင့် ဆရာကြီးအား ဂါရဝပြုမှတ်တမ်းတင်အပ်ပါသည်။

မှတ်တမ်းတင်သူ-
ဒေါက်တာလှမျိုးထွန်း
ပါမောက္ခ/ဌာနမှူး
အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
ရန်ကုန်နည်းပညာတက္ကသိုလ်
ရက်စွဲ။ ၂၇-၁၁-၂၀၂၀

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် နှစ်တစ်ရာပြည့်သက်ကြီးပူဇော်ပွဲ (၁၉၂၀-၂၀၂၀) ကျင်ပရေးကော်မတီမှ ရ...
27/11/2020

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် နှစ်တစ်ရာပြည့်သက်ကြီးပူဇော်ပွဲ (၁၉၂၀-၂၀၂၀) ကျင်ပရေးကော်မတီမှ ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ အင်ဂျင်နီယာမဟာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အသက်(၈၃)နှစ်နှင့်အထက်ရှိသက်ရှိဆရာကြီး၊ ဆရာမကြီးများအတွက် ရန်ကုန်တက္ကသိုလ်မှ ချီးမြှင့်သည့် အလှူငွေပေးအပ်ခြင်းမှတ်တမ်း (၂၇-၁၁-၂၀၂၀)

ရန်ကုန်နည်းပညာတက္ကသိုလ်၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးထွန်းသည် ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ အင်ဂျင်နီယာမဟာဌာနတွင် လျှပ်စစ်နှင့်အီလက်ထရွန်းနစ်အင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး Faculty of Engineering of Rangoon University (or) Burma Institute of Technology (or) Rangoon Institute of Technology (or) Yangon Institute of Technology (or) Yangon Technological University တွင် တာဝန်ထမ်းဆောင်ခဲ့သော အသက် (၈၃)နှစ်ရှိပြီး သက်ရှိထင်ရှားရှိနေသေးသော ဆရာကြီး(၃)ဉီးတို့၏ အမည်စာရင်းကို (၁၈-၁၁-၂၀၂၀)ရက်နေ့တွင် နှစ်တစ်ရာပြည့်သက်ကြီးပူဇော်ပွဲ (၁၉၂၀-၂၀၂၀) ကျင်ပရေးကော်မတီသို့ တင်ပြခဲ့ပါသည်။ ထိုဆရာကြီး(၃)ဉီးတို့မှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။
(၁) ဉီးမျိုးကြည်
B.Sc.Engg.(Electrical), Rangoon University., M.Phil(Electronic Engineering), BIT
တွဲဘက်ပါမောက္ခ(ငြိမ်း)
(၂) ဉီးခိုင်ဉီး
B.Sc.Engg.(Electrical), Rangoon University., M.Phil(Electronic Engineering), BIT
Research Fellow at Kyoto University
ကထိက(ငြိမ်း)
(၃) ဒေါက်တာဘလွင်
B.Sc.Engg.(Electrical), Rangoon University., Ph.D. (Electrical Power Engineering)( Czechoslovakia)
တွဲဘက်ပါမောက္ခ(ငြိမ်း)
ထိုဆရာကြီး(၃)ဉီးတို့အား ရန်ကုန်တက္ကသိုလ်မှ ချီးမြှင့်သည့် အလှူငွေ(၁၀)သိန်းကျပ်စီ (စုစုပေါင်း သိန်း(၃၀)ကျပ်တိတိ) အား ၂၆-၁၁-၂၀၂၀ ရက်နေ့တွင် ဒေါက်တာလှမျိုးထွန်းမှ လက်ခံရရှိခဲ့ပြီး ၂၇-၁၁-၂၀၂၀ ရက်နေ့တွင် ထိုဆရာကြီး (၃)ဉီးတို့၏ နေအိမ်အရောက်သွားရောက်၍ အလှူငွေ (၁၀)သိန်းကျပ်စီကို လှူဒါန်း၍ ကန်တော့နိုင်ခဲ့ပါသည်။ ထိုဆရာကြီးတို့မှ စတင်ခဲ့သည့် လျှပ်စစ်နှင့်အီလက်ထရွန်းနစ်အင်ဂျင်နီယာ ဘာသာရပ်သည် ထိုဆရာကြီးများနှင့် ၎င်းပုဂ္ဂိုလ်တို့၏ ဆရာကြီးများ မျှော်မှန်းခဲ့သော သုတေသနအခြေပြုသော တက္ကသိုလ်ကြီးအဖြစ် ပေါ်ထွက်လာစေရန်ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် ယနေ့ ရန်ကုန်နည်းပညာတက္ကသိုလ်သည် သုတေသနစင်တာများပေါ်ထွက်လာခြင်း၊ ဓါတ်ခွဲခန်းပစ္စည်းများ ပြည့်စုံလာခြင်းအပေါ် များစွာနှစ်ထောင်းအားရပါကြောင်းနှင့် မျိုးဆက်သစ်ပညာရှင်များမှ စဉ်ဆက်မပြတ်ကြိုးပမ်းသွားကြရန် ထိုဆရာကြီးတို့မှ အမှတ်တရစကားပြောကြားခဲ့ပါသည်။ ဤမှတ်တမ်းသည် နောင်လာနောက်သားများ အစဉ်အမှတ်ရနေစေရန်နှင့် မိမိတို့၏ကျေးဇူးရှင်ဆရာ၊ဆရာမများအပေါ် သိတတ်နားလည်မှုရှိကြနိုင်စေရန် မှတ်တမ်းတင်အပ်ပါသည်။
မှတ်တမ်းတင်သူ-
ဒေါက်တာလှမျိုးထွန်း
ပါမောက္ခ/ဌာနမှူး
အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
ရန်ကုန်နည်းပညာတက္ကသိုလ်
ရက်စွဲ။ ၂၇-၁၁-၂၀၂၀

Date:9th November 2020We have done the donation of Mg Aung Htet Khaing (Fourth Year COE Student) of the Department of El...
09/11/2020

Date:9th November 2020
We have done the donation of Mg Aung Htet Khaing (Fourth Year COE Student) of the Department of Electronic Engineering of Yangon Technological University.
Mg Aung Htet Khaing passed away on Tuesday of 22th October 2020. Our department felt very sad for his dead. We have arranged for the donation on behalf of Mg Aung Htet Khaing. We have listed the place for donation. The first one is at Byue Gone Monastery, the second one is at North Okkalarpa General Hospital and the last one is at Disable Care Center (Kyite Wine). The total amount for his donation is 932000 MM Kyats. The detail list could be found. The recorded photos could also be seen.

“When a deity is summoned” နတ်လူသာဓုခေါ်စေသော်

Recorded by
Prof. Dr. Hla Myo Tun

ရန်ကုန်နည်းပညာတက္ကသိုလ် အီလက်ထရောနစ်အင်/ယာဌာနမိသားစုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပုံရိပ်များ8/8/2020 (Saturday)Photos ...
09/08/2020

ရန်ကုန်နည်းပညာတက္ကသိုလ်
အီလက်ထရောနစ်အင်/ယာဌာနမိသားစု
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပုံရိပ်များ
8/8/2020 (Saturday)
Photos credit

20/04/2020

Hello 👋

👉EC နှင့် Telecom ကျောင်းသားများထဲမှ Matlab ကိုစိတ်ဝင်စားကြတဲ့ ကျောင်းသူကျောင်းသားများအတွက် online class တစ်ခု စီစဉ်ပေးဖြစ်ပါတယ်။

👉သင်ကြားပေးမယ့် outline တွေကတော့
Matlab Fundamental, Matlab Programming, Plotting Graphs, Simulink, Creating GUI with Matlab တို့ဖြစ်ပါတယ်။

👉Lecturer-
ဒေါက်တာဝင်းကေခိုင်(ကထိက၊အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ရန်ကုန်နည်းပညာတက္ကသိုလ်)

👉Date and Time
-Monday,Tuesday,Wednesday
-10 am to 11:30 am

👉23-4-2020(Thursday) မှ စတင် သင်ကြားမည်ဖြစ်ပြီး
ခန့်မှန်းကြာချိန် ၅ ပတ်ခန့်ကြာမြင့်ပါမည်။Python သင်တန်းနှင့် တိုက်နေသောရက်များတွင် MATLAB သင်မည်မဟုတ်သည့်အတွက် သင်တန်း၂ခုလုံး တက်ရောက်မည့် ကျောင်းသားများ အခက်ခဲမရှိနိုင်ပါ။

👉Requirements-
Install Matlab Version 2016 or above in laptop
Install Zoom application

👉တက်ရောက်လိုသောကျောင်းသားများအနေနဲ့ အောက်ပါသက်ဆိုင်ရာ အတန်းကိုယ်စားလှယ်များထံ အမည်နှင့် email address ပေးသွင်း၍ စာရင်းပေးနိုင်ပါသည်။
-First year (EC)- မမေစံပယ်
-First year (Tele)- မအိမ့်ရည်မွန်
-Second year - ကိုရောင်နီလင်းလက်
-Third year - ကိုစောဇာဏီလွင်
-Fourth year - ကိုပြည့်စုံအောင်
-Fifth year - ကိုအောင်ထက်
-Final year - ကိုမြတ်မင်းထွန်း

👉 ကျောင်းသားအရေအတွက် အကန့်အသတ်ရှိသည့်အတွက် EC နှင့် Telecom(YTU) ကျောင်းသားများသာ သင်ကြားပေးနိုင်ပါမည်။

12 February 2020ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုမှကြီးမှူးကျင်းပသော တတိယအကြိမ်မြောက်ဆွမ်းဆန်စိမ်း လောင်းလှူပူဇော...
18/02/2020

12 February 2020
ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုမှကြီးမှူးကျင်းပသော တတိယအကြိမ်မြောက်ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲနှင့် စာရေးတံမဲအလှူပွဲတွင် EC ဌာန မိသားစုများမှ ပါဝင်ဆင်နွှဲနေသော ပုံရိပ်များ

Credit to Dr. Myint Myint Than

"တတိယ အကြိမ် Y.T.U , EC  dept. ဘုံကထိန် ၂၀၁၉ " အမှတ်တရ ပုံရိပ်များPhoto Credit - Dr. Thida Than & Khine Thandar Nyunt Sw...
12/11/2019

"တတိယ အကြိမ် Y.T.U , EC dept. ဘုံကထိန် ၂၀၁၉ " အမှတ်တရ ပုံရိပ်များ

Photo Credit - Dr. Thida Than & Khine Thandar Nyunt Swe

9 Nov 2019 တွင် ကျင်းပပြုလုပ်ခဲ့သော YTU EC Dept 2019 တတိယအကြိမ် ဘုံကထိန် အတွက်် အလှုူရှင် နှင့် အလှူငွေ များ
12/11/2019

9 Nov 2019 တွင် ကျင်းပပြုလုပ်ခဲ့သော YTU EC Dept 2019 တတိယအကြိမ် ဘုံကထိန် အတွက်် အလှုူရှင် နှင့် အလှူငွေ များ

04/11/2019

ဘုံကထိန်၊ ဘုံကထိန် ၊
ဘုံကထိန် ၊ ဘုံကထိန် ။

၂၀၁၇ ခုနှစ်မှစတင်ပြုလုပ်ခဲ့သော Y.T.U, EC dept. ဘုံကထိန် ကို ယခုနှစ် ၂၀၁၉ တွင် တတိယ အကြိမ် အဖြစ် ယခင်နှစ်များ နည်းတူ စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေး အတွက်

​EC CoE 1st batch,
EC CoE 2nd batch,
2018-2019 Academic Year
CoE 1st yr to 6th yr ,
All M.E ,
All Ph.D ,
All Post Grad

ကျောင်းသား ကျောင်းသူ များ အားလုံး နှင့်
EC ကျောင်းသား ကျောင်းသူ ဟောင်းများ အားလုံး
ဝိုင်းဝန်း ကူညီ ကုသိုလ် ရေး အားထုတ်ကြပါရန် အထူးတလည် တိုက်တွန်းနှိုးဆော် ပါသည်။

"ပထမအကြိမ် Y.T.U , EC dept. ဘုံကထိန် ၂၀၁၇ " ကို
ရန်ကုန်တိုင်း ဒေသကြီး ၊ ကော့မှူးမြို့နယ် ၊ နတ်စင်ကုန်း ကျေးရွာ၊ ကျွဲမင်းကုန်းစေတီ ၊
မျှော်တော်ယောင် ဘုန်းကြီး ကျောင်း ဆရာတော် ဦးဓမ္မပီယ၊ ဓမ္မာစရိယ ၊အား အမှူးထား၍ ၄င်း၊

" ဒုတိယ အကြိမ် Y.T.U , EC dept. ဘုံကထိန် ၂၀၁၈ " ကို ပဲခူးတိုင်း ဒေသကြီး ၊ အင်းတကော် မြို့နယ် ၊ ကင်မွန်းခြုံ ကျေးရွာ၊ ဓမ္မာရာမ ရိပ်သာ
ဘုန်းကြီး ကျောင်း ဆရာတော် ဦး ကုမာရ ၊
ဓမ္မာစရိယ ၊အား အမှူးထား၍၄င်း
ကျင်းပ ပြုလုပ် ခဲ့ပြီး ဖြစ်ပါသည်။

ယခု
"တတိယ အကြိမ် Y.T.U , EC dept. ဘုံကထိန် ၂၀၁၉ " ကို
မြောင်းမြမြို့ ၊ ကျွန်းတော ( ၃)ဘုရားချောင်း ရှိ
ဇေယျမင်္ဂလာ ပရိယတ္တိ စာသင်တိုက်ကြီး ၌
9-11-2019 စနေနေ့ တွင်
ကျင်းပပြုလုပ်ပါမည်။

YTU EC Dept မှ ဌာနမှူး ဒေါက်တာ လှမျိုးထွန်း ဦးဆောင် ၍
‌EC ဆရာ ဆရာမ များ နှင့် မိသားစု များ ၊
‌EC ကျောင်းသားကျောင်းသူ များနှင့် မိသားစု များ၊
‌EC ဌာနဝန်ထမ်း နှင့် မိသားစု များ၊
အများပေါင်းစု ကောင်းမှု ကုသိုလ်
"တတိယ အကြိမ် Y.T.U , EC dept. ဘုံကထိန် ၂၀၁၉ " အတွက်

အလှူ ဝတ္တု ငွေ ££ ထည့်ဝင် ရန်
နှင့် ပဒေသာပင် ၊ ကထိန် အရန် အလှူ ပစ္စည်း များ
လှူဒါန်း နိုင်ပါရန်။

ဆက်သွယ်ရမည့် ph no. များမှာ

‌Dr.Hla Myo Tun -095416337 ,

EC dept,YTU - 013-642404 ,

Dr.Win Kay Khaing - 09772954623

Daw Khaing Thandar Nyunt Swe - 09976796003

တို့ဖြစ်ပါသည်။

Address

Technlogical Research Center (TRC) Building, YTU, Gyogone, Insein Road
Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00

Telephone

+9513642404

Alerts

Be the first to know and let us send you an email when YTU Department of Electronic Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share