17/05/2024
MEDIနဲ့ MOU ထိုးထားသော ကျောင်းတွေထဲမှ တစ်ခုဖြစ်သော Ajou University နဲ့ Ajou Motor College မှ May 24ရက်နေ့တွင် မြန်မာနိုင်ငံရှိ ကျောင်းသားများနှင့် လာရောက်တွေ့ဆုံပါမည်✨
Admissions Fair ကိုစိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါ QR codeကို scanဖတ်ပြီး စာရင်းပေးနိုင်ပါတယ်ရှင့်🍁
♦️MEDIမှ ကျောင်းစလျှောက်သည့်အချိန်မှစတင်ကာ visaရပြီး Koreaသို့ရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးသွားပါမည်။ ကျောင်းသို့လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဖုန်းဖြင့်ဆက်သွယ်၍သော်လည်းကောင်းစုံစမ်းမေးမြန်းနိုင်ပါသည်။
📍MEDI Office
_________
Block(1), Room (1002), 10th floor, Golden City Condo, Yankin Road, Yankin Township, Yangon, Myanmar.
☎️ 09 94500 1777
18/12/2023
“Koreaမှာ ပညာတော်သင်သွားဖို့ဆိုရင် မဖြစ်မနေ ပထမဆုံးအဆင့်အနေနဲ့ ပြင်ဆင်ထားသင့်တာက Korean ဘာသာစကားပဲနော် 🇰🇷”
🔰Koreanဘာသာစကားကို အခြေခံကစပြီး စနစ်တကျ လေ့လာချင် သူများအတွက် MEDI မှ
Korean BASIC Offline Classနဲ့ Online Class များကို ဖွင့်လှစ်ပေးလိုက်ပါပြီရှင်။
🔰သင်တန်းကာလ ကြာမြင့်ချိန်ကတော့ ၁လဖြစ်ပြီး ဗျည်း၊သရ၊အသတ်၊ အသံအကူးအပြောင်းများ၊ ဝေါဟာရများ၊ သဒ္ဒါ၊ မိတ်ဆက်စာစုများစသဖြင့် အခြေခံအဆင့်မှာ မဖြစ်မနေသိရှိထားရမှာတွေကို Topik Level 6 ရရှိထားတဲ့ ဆရာမကိုယ်တိုင် သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။
🔰သင်တန်းချိန်တွေအနေနဲ့
Offline : 9:30AM to 11:00AM (Tuesday, Wednesday)
Fees : 45,000 MMK (included Textbook fees)
Online : 1:00PM to 2:30PM
(Thursday, Friday)
Fees : 25,000 MMK (PDF version)
🔰သင်တန်းစတင်မည့်ရက်ကတော့
02.01.2024 (Tuesday)ဖြစ်ပါတယ်ရှင်။
🔰Offlineသင်တန်းကိုတော့ MEDIရဲ့ ရုံးခန်းဖြစ်တဲ့ ရန်ကင်းမြို့နယ်ရှိ Golden City Condoမှာ သင်ကြားသွားမှာဖြစ်ပြီး Onlineသင်တန်းကိုတော့ Zoom Platform မှတဆင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။
ရုံးလိပ်စာ : Block(1), Room (1002), 10th floor, Golden City Condo, Yankin Road, Yankin Township
ဖုန်း : 09 94500 1777
သင်တန်းနဲ့ပတ်သတ်ပြီး အခြားအသေးစိတ်သိရှိလိုပါက အထက်ဖော်ပြပါဖုန်းနံပါတ်အား ရုံးချိန်အတွင်း ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
03/12/2023
“E-7-4 Visa သို့ F2-R Visa ရရှိနိုင်မဲ့ Ajou Motor College”
Ajou Motor College ဟာဆိုရင် Boryeong မြို့ မှာတည်ရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး Language Program အတွက် ကျောင်းလခ ၆လစာသွင်းရုံနဲ့ တက်ရောက်နိုင်မဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်ရှင်။ Motor College ဆိုတဲ့အတိုင်း စက်ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး အထူးပြုလေ့လာလိုသူတွေအတွက် သင့်တော်မဲ့ ကျောင်းတစ်ကျောင်းဆို မမှားပါဘူး။
Language Program ၆လစာအတွက် စုစုပေါင်းကုန်ကျစရိတ်အနေနဲ့
Tuition Fees : ဝမ် ၂၂သိန်း(၆လစာ)
Boarding Expenses : ဝမ်၅သိန်း၆သောင်း (၆လစာ)
Admission Fees : ဝမ် ၆သောင်း
Health Insurance : ဝမ် ၇သောင်း
Total : ဝမ် ၂၈သိန်း ၉သောင်း ကျသင့်မှာ ဖြစ်ပါတယ်ရှင်။
Ajou Motor Collegeမှာ ရွေးချယ်တက်ရောက်နိုင်တဲ့ မေဂျာတွေအနေနဲ့ကတော့
💠 Global Vehicle (E74 or F2R VISA)�💠Automotive Design & Development
💠Global Brand Automotive Service
💠Automobile Tuning
💠Eco-Friendly Mobility
💠Electric Vehicle
💠 Motor Sports စတဲ့ မေဂျာတွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင်။
မေဂျာအတွက် ကျောင်းလခအနေနဲ့ကတော့
Tuition Fees : ဝမ် 6,560,000 (တစ်နှစ်စာ)
Boarding Expenses : ဝမ်560,000(၆လစာ)
Meal Cost for 90 Times : ဝမ်450,000(၆လစာ)
Student Union Fees : ဝမ်60,000
Insurance : 20,000
Total : ဝမ် 7,881,000 ကျသင့်မှာ ဆိုပေမဲ့
မြန်မာကျောင်းသားတွေအနေနဲ့
🔸 Tuition Fees 10% Scholarship
🔸 အဆောင်ခ ၆လစာကင်းလွတ်ခွင့်
🔸Student Union Fees ကင်းလွတ်ခွင့် တို့ကို
ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ဝမ်စုစုပေါင်း သိန်း 6,374,000 သာ ကျသင့်တော့မှာဖြစ်ပါတယ်ရှင်။
ဒါ့အပြင် Topik Level အလိုက် Scholarship အများအပြားရရှိနိုင်တဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်ရှင်။ ကျောင်းပြီးသွားတဲ့အခါမှာလည်း
🔸 Boryeong မြို့ထဲမှာပဲ အလုပ်လုပ်ကိုင်မယ်ဆိုလျှင် F2-R VISA (ဘွဲ့မရခင်Topik Lvl3 ရှိရန်လိုအပ်)
🔸 တခြားမြို့မှာဆိုရင် E7-4 VISAပါ ရရှိနိုင်မဲ့ အခွင့်အရေးကောင်းတွေ ရှိတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
ကျောင်းမှာ ၂နှစ်မေဂျာတက်ရောက်ပြီး College Degree ယူပြီးတဲ့အချိန်မှာ Bachelor’s Degree ကိုပါ ဆက်လက်တက်ရောက်နိုင်သေးတဲ့ အကြောင်းကိုလည်း Ajouက ပြုလုပ်ခဲ့တဲ့ Admission Fairမှာ ရှင်းပြပေးသွားခဲ့ပါသေးတယ်ရှင်။
ဒီလိုအခွင့်အရေးကောင်းတွေ ရှိနေတဲ့ Ajou Motor College ဟာဆိုရင် ကျောင်းလခလည်း သင့်တင့်ပြီး၊ နောက်ပိုင်း ဗီဇာအတွက်ပါ အဆင်ပြေတာကြောင့် ကျောင်းသား၊ကျောင်းသူများ ရွေးချယ်ဖို့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
MEDIမှ AMCကို တရားဝင် ချိတ်ဆက်ပြီး သွားနိုင်ပြီမို့ လာမဲ့ Intakeတွေမှာ ကိုရီးယားသွားဖို့ ပြင်နေတယ်ဆိုရင်တော့ MEDIကို လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်။
Office : Block(1), Room (1002), 10th floor, Golden City Condo, Yankin Road, Yankin Township, Yangon, Myanmar.
Phone Number : 09 94500 1777
26/11/2023
မနေ့က Lotte Hotelမှာ ပြုလုပ်ခဲ့တဲ့ Ajou University နဲ့ Ajou Motor College တို့ရဲ့ Admission Fair လေးကို MEDIမှလည်း တက်ရောက်ခဲ့ပါတယ်။
ပွဲမှာလည်း တာဝန်ရှိသူ ဆရာ၊ဆရာမတွေနဲ့အတူ အမှတ်တရ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးချင်ပါတယ်ရှင့်။ ဒါ့အပြင် ပွဲမှာ မဲဖောက်ပေးခဲ့တဲ့ Ajou Motor College မှ Admission Fees Cupon နဲ့ ကျောင်းသားများ ကိုယ်တိုင်ပြုလုပ်ဖန်တီးထားတဲ့ ရဟတ်ယာဉ်ရုပ်ပုံငယ်များကိုလည်း MEDIမှ လက်ဆောင်တွေ ရရှိခဲ့ပါသေးတယ်ရှင် ^ ^
Ajou University နဲ့ Ajou Motor Collegeရဲ့ အကြောင်းကို အသေးစိတ်သိရှိချင်တဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ Page Chat Boxမှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင်။
🏢Office
_________
Block(1), Room (1002), 10th floor, Golden City Condo, Yankin Road, Yankin Township, Yangon, Myanmar.
25/11/2023
Ajou University၊ Ajou Motor College တို့မှ တာဝန်ရှိသူ ဆရာ၊ဆရာမများနှင့် MEDIတို့ရဲ့ တွေ့ဆုံမှု Meetingလေးပဲ ဖြစ်ပါတယ်။
Ajou University၊ Ajou Motor College တို့နဲ့ ပတ်သတ်တဲ့ ကျောင်းဝင်ခွင့်များ၊ Scholarship များ အကြောင်းကိုလည်း ဆရာ၊ဆရာမတွေက သေချာရှင်းပြပေးခဲ့ပြီး MEDIမှ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ဒါကြောင့်မို့ မြန်မာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ MEDI မှတဆင့် Ajou University နဲ့ Ajou Motor College တို့ကို တရားဝင် ကျောင်းလျှောက်လို့ရပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးချင်ပါတယ်ရှင်။
Myanmar Education Development Institute (MEDI) မှ သင့်အတွက် ကိုရီးယားပညာတော်သင်သွားဖို့ အခွင့်အရေးတွေကို ယူဆောင်လာပေးတော့မှာမို့ Pageလေးကို Like & Follow လေးတွေ လုပ်ပေးထားဖို့ မမေ့ကြနဲ့နော် ^^
🏢Office
_________
Block(1), Room (1002), 10th floor, Golden City Condo, Yankin Road, Yankin Township, Yangon, Myanmar.