08/05/2024
* JLPT ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကြီးဖြေဆိုရဖို့ နှစ်လနီးပါးလောက်ပဲလိုတော့တယ်။
* ဖြေဆိုသူတိုင်းအောင်မြင်ချင်ကြမှာပါ။
* လုံလောက်တဲ့အချိန်ပေးပြီး စနစ်တကျကျက်မှတ်လေ့ကျင့်ခဲ့ရဲ့လား။
* စာမေးပွဲမေးခွန်းတွေအတွက် အချိန်ကိုက်လေ့ကျင့်ဖို့ အချိန်ရောက်ပြီ။
* မေးခွန်းပုံစံတွေ ဖြေတော့ဖြေကြည့်ပါတယ်၊ Kanji နဲ့ ဝေါဟာရကလည်းအမှတ်မတက်၊ သဒ္ဒါပုံစံတွေကလည်းရောပြီး အဓိပ္ပါယ်ကောက်လွဲလိုလွဲ၊ Reading ကလည်း အချိန်ကမလောက်၊ Listening ကလည်း အောင်မှတ်ဖိုးတောင်ရပါ့မလား စိုးရိမ်နေသူတွေလည်းရှိမှာပေါ့။
* သည်းခံစိတ်ရှည်ခြင်းနဲ့အတူ ...
ဇွဲ၊ လုံလ၊ ဝိရိယနဲ့ ကြိုးစားအားထုတ်ခဲ့ပါတယ် ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး မအောင်မြင်သေးဘူးဆိုရင် အောင်မြင်ခြင်းမှာ လျှို့ဝှက်ချက်တစ်ခုတော့ရှိရမယ်၊ ဘာများဖြစ်လိမ့်မလဲ။
• စာမေးပွဲမေးခွန်းလေ့ကျင့်တဲ့သင်တန်းမဖွင့်သေးဘူးလားလို့ ဖုန်းခဏခဏဆက်မေးတဲ့ ကျောင်းသူကျောင်းသားများအတွက် အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်နဲ့ စနစ်တကျလေ့ကျင့်ပေးတဲ့ ...
N4/N3
JLPT စာမေးပွဲမေးခွန်းလေ့ကျင်ပြင်ဆင်မှု
Exam Preparation Class
မနက်ဖြန် ( May 9, 2024 ) ကြာသာပတေးနေ့ စတင်ဖွင်လှစ်ပါပြီ။
* စာမေးပွဲအတွက်အဓိကအရေးကြီးတဲ့ Kanji၊ ဝေါဟာရ၊ သဒ္ဒါပုံစံတွေကို ပြန်နွေးရင်း စာမေးပွဲမေးခွန်းရဲ့ ပရိယာယ်တွေကိုလေ့လာကြမယ်။
* အချိန်တိုတိုနဲ့ အဖြေမှန်မြန်မြန်ရမဲ့ မေးခွန်းဖြေဆိုနည်းဗျူဟာတွေနဲ့ နမူနာမေးခွန်းတွေ လေ့ကျင့်ကြမယ်။
* မှားတဲ့အပုဒ်တွေပြန်လည်သုံးသပ်၊ မသိတာ မပိုင်သေးတာတွေပြန်လည်ကျက်မှတ်ကြမယ်။
* အချိန်ရသလောက် နမူနာမေးခွန်းတွေ မေးခွန်းဟောင်းတွေ အချိန်နဲ့ကိုက်ပြီး အစုံလေ့ကျင့်မှာ။
* အပါတ်စဉ် တကယ့်စာမေးပွဲကြီးပုံစံတိုင်းဖြေဆိုကြည့်မယ်၊ အမှတ်တွက်မယ်၊ အားနည်းတဲ့အပိုင်းပြန်ကျက်မှတ်၊ အားသာတဲ့အပိုင်း ပိုအားကောင်းအောင်လုပ်ပြီး အမှတ်တွေပိုကောင်းလာအောင် အထပ်ထပ်လေ့ကျင့်ကြမယ်။
Timetable: N4
( In Class ) Mon & Tue
8 am ~ 11:00 am
( Online Class ) Thurs & Fri
6 pm ~ 7:30 pm
Timetable: N3
( In Class ) Sat & Sun
8 am ~ 11:00 am
( Online Class ) Thurs & Fri
7:30 pm ~ 9 pm
* အပြင်သင်တန်းနှင့် online သင်တန်း နှစ်ခုစလုံးတက်ရောက်နိုင်ရမည်။
( နယ်ရပ်ဝေးမှ ကျောင်းသူကျောင်းသားများ၊အပြင်သင်တန်းအချိန်၌ online နှင့် တက်ရောက်နိုင်သည်။ )
* ညစဉ်စာမေးနိုင်ရန် telegram group ဖွဲ့ပေးထားပါမည်။
Sky Okaasan
Language & Vocational
Education Academy
09 26666 0136
Telegram:
274, Sanpya 3rd Street, Sanpya Quarter, Thingangyun Township, Yangon