Infinite Success Educare Centre:i-SEC

Infinite Success Educare Centre:i-SEC

Share

.

Photos from Infinite Success Educare Centre:i-SEC's post 22/04/2026

2026, မတ်လတွင် စစ်ဆေးခဲ့သော
ပြည်တွင်း-၂စုံ+ပြည်ပ-၁စုံ G-12 ဘာသာစုံ
(မေးခွန်း+အဖြေ) စာအုပ်များ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

Myanmar + English + Maths = 9000ကျပ
Chem + Physics + Biology = 9000ကျပ်
Chem + Physics + Economics = 9000ကျပ်
Geography + History + Eco = 9000ကျပ်

အမျိုးအစား - A-4 တိုက်ရိုက် print out
2026, မတ်လတွင် စစ်ဆေးခဲ့သော
ပြည်တွင်း-၂စုံ+ပြည်ပ-၁စုံ G-12 ဘာသာစုံ
(မေးခွန်း+အဖြေ) စာအုပ်များ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

Myanmar + English + Maths = 9000ကျပ်
Chem + Physics + Biology = 9000ကျပ်
Chem + Physics + Economics = 9000ကျပ်
Geography + History + Eco = 9000ကျပ်

အမျိုးအစား - A-4 တိုက်ရိုက် print out

မှတ်ချက် - အများဈေး ၈၀၀၀ ကျပ်
English, Geography, History (ပြည်တွင်း ၂-စုံဘဲရပါမယ်)

ဆက်သွယ်ရန် - Viber -09453200004

မှတ်ချက် - အများဈေး ၈၀၀၀ ကျပ်
English, Geography, History (ပြည်တွင်း ၂-စုံဘဲရပါမယ်)

ဆက်သွယ်ရန် - Viber -09453200004

Photos from Infinite Success Educare Centre:i-SEC's post 18/04/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်
GRADE-10, GRADE-11 & GRADE-12 အတန်းများ စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ

👨‍🏫👩‍🏫 သင်ကြားရေး အတွေ့အကြုံပြည့်၀သော ဝါရင့်ဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် အနီးကပ်သင်ကြားပေးသော ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းဖြစ်ပါသည်။

🏠🏠 နယ်ဝေး ကျောင်းသား၊ ကျောင်းသူများအတွက် ဘော်ဒါဆောင်စီစဉ်ထားရှိပေးပါသည်။

💵 ကျောင်းလ-ခ သင့်တင့်ပြီး လစဉ်သွင်းစနစ်ဖြင့် လက်ခံပေးပါသည်။

🚨🚨 သင်ကြားရေး/သင်ယူမှု ထိရောက်မှုရှိ‌စေရန် ကျောင်းသားဦးရေ ကန့်သတ် လက်ခံပါသဖြင့် အချိန်မီ စာရင်းပေးသွင်းအပ်နှံရန် လိုအပ်ပါသည်။

နေ့တတ်သင်တန်းချိန် (G-12)
နံနက် 9 နာရီ မှ နေ့လည် ၁နာရီထိ တစ်ပတ်(၆)ရက် တက်ရမည်။
၀င်ကြေး - 30000 ကျပ်
သင်တန်းကြေး - 120000 ကျပ်)

အလုပ်တစ်ဖက်ဖြင့် G-12 ဖြေမည့်သူများ
ညနေ့ 6:30 နာရီ မှ 9:00 နာရီထိ တစ်ပတ်(၆)ရက် တက်ရမည်။
၀င်ကြေး - 20000 ကျပ်
သင်တန်းကြေး - 80000 ကျပ်)

သင်တန်းစတင်မည့်အချိန်
2-5-2026(စနေနေ့) ရက်နေ့စမည်။
ကြိုတင်ကျောင်းအပ်လက်ခံနေပါပြီ။ (၂၀ ) ဦးသာလက်ခံပါမည်။

သင်တန်းတည်နေရာ
အမှတ်(၆၁၄),သီရိမြိုင်လမ်းမ၊(၁၃)ရပ်ကွက်၊ လှိုင်မြို့နယ်။ရန်ကုန်တိုင်း

နေ့တတ်ဘော်ဒါနှင့် ဘော်ဒါတတ်
ရောက်လိုသူများ သီးသန့်စုံစမ်းပေးပါရန်

စုံစမ်းရန်
ဆရာရဲလေး(i-SEC)
09-453200004/ 09-450581455/
09-730 27593/ 09-695500030

17/04/2026

ဒေါ်အောင်ဆန်းစုကြည် - နေအိမ်အကျယ်ချုပ်ပြောင်းဟုသတင်းထွက်ပေါ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဦးဝင်းမြင့်အား ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

17/04/2026

သင်္ကြန်ကာလလို၊ နှစ်သစ်ကူးလို
အချိန်မျိုးမှာ မိဘဘိုးဘွားတွေကို
ကန်တော့ကြတာဟာ အင်မတန် မင်္ဂလာရှိတဲ့
အလုပ်ပဲ။

ဒါပေမဲ့ ကန်တော့တဲ့အခါမှာ
လက်အုပ်ချီပြီး ဦးချရုံတင် မဟုတ်ဘဲ
ကိုယ့်ရဲ့ စိတ်ထဲမှာပါ ကျေးဇူးတရားကို အမှန်တကယ် သိမြင်နေဖို့ လိုတယ်။

ငါ့ကို လူလားမြောက်အောင်၊ ပညာတတ်အောင်၊ အောင်မြင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဒီကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ခွင့်ရတာဟာ
ငါ့အတွက်တော့ အကြီးမားဆုံးသော
လာဘ်လာဘပဲလို့ နှလုံးသွင်းရမယ်။

မိဘတွေကို ကန်တော့တယ်ဆိုတာ
ကိုယ့်ရဲ့ မာန်မာနတွေကို နှိမ့်ချတာလည်း
ဖြစ်သလို၊ ကိုယ့်ဘဝရဲ့ ကံဇာတာတွေကို ပြန်ပြီး ပြုပြင်တာလည်း ဖြစ်တယ်။

မိဘရဲ့ စိတ်ချမ်းသာမှု၊ မိဘရဲ့ နှုတ်ထွက်
ဆုတောင်းစကားဟာ ဘယ်လို ဂါထာမန္တန်
ထက်မဆို ပိုပြီး စွမ်းပါတယ်။

မိဘတွေကို ကန်တော့တဲ့အခါ သူတို့
လိုအပ်နေတာလေးတွေ ဖြည့်ဆည်းပေးတာ၊
စိတ်ချမ်းသာအောင် ထားတာဟာ
စစ်မှန်တဲ့ ပူဇော်ခြင်းပဲ။

အဲ့ဒီလို ကျေးဇူးသိတတ်တဲ့စိတ်နဲ့
ကန်တော့တဲ့သူဟာ ဘယ်တော့မှ မနိမ့်ကျဘူး။ ဘယ်သွားသွား ဘေးကင်းတယ်၊ အေးချမ်းပြီး အောင်မြင်မှုကိုပဲ ရလိမ့်မယ်။

ဒါကြောင့် နှစ်သစ်မှာ မိဘဘိုးဘွားတွေကို ရိုရိုသေသေနဲ့ အနှစ်သာရရှိရှိ ကန်တော့ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင် အစပြုကြပါ။

(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏

Photos from Infinite Success Educare Centre:i-SEC's post 17/04/2026

.

🙏🙏🙏

အနန္တော အနန္တ ငါးပါး
ခင်ပွန်းကြီး ဆယ်ပါး
ကျေးဇူးရှိခဲ့ဘူးသူများ
မိမိထက် တရက်တမနက်ကြီးသူများအားလုံးကို....

ကာယကံ၊ ဝစီကံ ၊ မနောကံ တပါးပါးနှင့် သိလျှက်၊ မသိလျှက်ကျူးလွန်မိခဲ့သည်ရှိသော် အပြစ်တို့မှကြေပျောက်နိုင်ပါစေကြောင်းနှင့်...

(၃၁) ဘုံ လုံးစုံသောသူတို့ကိုလဲ နှစ်သစ်၌
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ အေးချမ်းကြပါစေကြောင်း၊ ကောင်းကျိုးလိုရာဆန္ဒများနဲ့ တလုံး တဝထဲပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

မြန်မာ့နှစ်သစ် (၁၃၈၈)

Photos from Infinite Success Educare Centre:i-SEC's post 02/04/2026
01/04/2026

G12 အဖြေလွှာတွေအမှတ်ခြစ်နေကြပြီ။သင်္ချာမှာ နံပါတ်တပ်ရင် ၁၀မှတ်အလကားရမယ့် မေးခွန်းerror ကြောင့် နံပါတ်တပ်ခဲ့တဲ့ကလေးတွေအတွက် ပျော်စရာ။
၁၀မှတ်ကြီးများတောင်

Photos from Infinite Success Educare Centre:i-SEC's post 31/03/2026

(🐅)ဖြန့်ထက်ဆိုးသော
(🐃 )ဂိမ်းထက်ဆိုးသော
ငွေကြေးလိမ်လည်မှု

ဟုတ်ပါတယ် (🐅)ဖြန့်ထက််ဆိုးပါတယ်
(🐅)ဖြန့်က တစ်ကြိမ်သာ အလိမ်ခံရတာပါ
(🐃 )ဂိမ်းဆိုတဲ့ စလော့ကလဲ အကောင့်ထဲငွေရှိသလောက်သာ
အလိမ်ခံရတာမို့ မပြောပလောက်တဲ့ အရာတွေပါ

ဆိုတော့ ခင်ဗျားတို့ တွေးပြီ
ဒီလောက်အဆိုးရွားဆုံး ကမ္ဘာကျော်လိမ်လည်မှုတွေထက်ဆိုးသေးလား။ ဒီလောက်ဆိုးရွားတာ ဘယ်လိုမျိုးလဲ ။ ဟုတ်မှ ဟုတ်ရဲ့လား
အပုတ်ချတာလေး စသည်ဖြင့် တွေးစရာပါ။

ဟုတ်ပါတယ် တကယ်ကိုဘဲဆိုးပါတယ်။
(🐅)ဖြန့်ကုမ္ပဏီတွေက နေရာဌာန အတိအကျရှိလို့
ဥပဒေအရ စီစဉ်လို့ရပါတယ်။
(🐃)ဂိမ် ဝက်ဆိုက်သမားတွေက ရသမျှ ကြွယ်ပြလို့
အချိန်မရွေး ထကုတ်လို့ရပါသေးတယ်။

အခုပြောတဲ့ လိမ်လည်မှုကတော့
တည်ထောင်သူကလွဲလို့ ကျန်တဲ့သူတွေအားလုံး
အလိမ်ခံနေရတာပါဘဲ။
အလိမ်ပေါ်မှာဆိုးလို့ အဆင့်ဆင့်လိမ်ရင်းနဲ့
လူအချင်းချင်း လှည့်ပတ်ခြင်း မကင်းရှင်းဖြစ်ကုန်ကြပါတယ်။

ဟုတ်ပြီ
သူတို့ရဲ့ ကုမ္ပဏီကို ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားပါတယ်
နိုင်ငံပေါင်း ၁၃၀ ကျော်မှာ ရုံးခန်းတွေဖွင့်ထားပါတယ်ဆိုပြီး
လူထုကို ချပြပါလိမ့်မယ်။
မှတ်ပုံတင်ထားတာ အတုဆိုပေမယ့်(ဒါကလဲ စစ်ဆေးရခက်ပါတယ်-မှတ်ပုံတင်ထားတာကို) ရုံးခန်းပေါင်း နိုင်ငံ ၁၃၀ ကျော်မှာ
ဖွင့်လှစ်ထားသလားဆိုတော့ ဟုတ်ပါတယ် ဖွင့်ထားပါတယ်။

ဟာ ဒါဆို ဘယ်လိုလိမ်တာလဲ လိမ်တာမဟုတ်ဘူးပေါ့ ပြောမယ်ဆိုရင် ဟိုးး ခနလေးပါ
အဲရုံးခန်းတွေကိုက လိမ်လည်မှုထဲက အကြောင်းတရားတစ်ခုပါ

ကဲ အစကကောက်ရအောင်

ဘယ်ကစလဲဆိုတော့
ထုံးစံအတိုင်း ကြောရိုးကတော့
ရင်းနှင်းမြှုပ်နှံမှုပါဘဲ။ (အဲမှာထဲက လောဘ မကြီးတဲ့သူ အလိမ်မခံရဘူးပေါ့)

ထားပါ
ပထမဆုံး ဘတ် (၃၉၀၀)ရင်းနှီးမြှုပ်နှံသူက တစ်ရက်ကို
ဘတ် (၁၂၀)ရမယ်
ဘတ် (၁၁၀၀၀)ဆိုရင် တစ်ရက် ဘတ် (၃၆၀)ရမယ်
(တပတ်မှာ ၅ ရက် ငွေရမယ်)

ဒီလောက်ထိပြဿနာမရှိသေးဘူး
ဟုတ်တယ်လေ အရင်းက ၁ လခွဲဆိုကျေပြီ
အမြတ်က တသက်လုံးထိုင်စား
လိမ်သွားရင်လဲ ဘာဖြစ်လဲ အရင်းက ရပြီးသားဘဲဟာ
အဲလဲ မဆိုးဘူး

အဆုံးရှုံးလဲ ခံနိုင်သလို နောက်ဆုတ်လို့လဲရတဲ့အခြေအနေ
👇👇👇
ကဲ ပြဿနာက
မက်လောက်စရာ လခနဲ့ ဘဝကို ဝယ်သွားတာဘဲ
ကိုယ့်လိုလူမျိုး ရင်းနှီးမြှုပ်နှံဖို့ ဆယ်ယောက်ရှာပေးရင်
A-10 ပေါ့ အဲဒါဆိုရင် မင်းကို လခ ဘတ် (၄၅၀၀)ပေးလိမ့်မယ်
ရှယ်ဘဲနော် နဲနဲတော့ မက်ချင်လာပြီ
၁၀ ယောက်ရဖို့ကလဲ လွယ်တာကိုး
ဒါနဲ့ဘဲ ဆယ်ယောက်စုပြီး သွင်းလိုက်တဲ့ငွေက ဘတ် (၃၉၀၀၀)
မင်းကို ပေးတဲ့လခက ဘတ် (၄၅၀၀) members တွေကိုပေးတာက
တစ်ရက် ဘတ် (၁၂၀၀)
သူတို့မှာ ဘယ်လောက်ပိုသွားပြီလဲ အချိန်တွေ ဘယ်လောက်ရသွားပြီလဲ တစ်ခုခြင်းတွက်ကြည့်လေ

ဟုတ်ပြီ ဆက်သွားမယ်
မင်းအောက်က ဆယ်ယောက်ကို လခ ၄၅၀၀ ရအောင်မင်းကစည်းရုံးလိုက်ရင် သူလဲ မင်းလို လိုချင်တော့ ဆွယ်လိုက်တာ
AB-20 (members လူ၂၀)ဆိုရင် မင်းလခ ဘတ် (၈၀၀၀)
ABC-80 ဆိုရင် ဘတ် (၁၆၀၀၀)
ABC-200 ဆိုရင် ဘတ် (၃၂၀၀၀)
ABC-500ဆိုရင် ဘတ် (၆၈၀၀၀)

ABC-10000 ဆိုရင်
မင်းရမယ့်လခက ဘတ်(၅)သန်း😳

ကဲ မက်လောက်စရာ မကောင်းဘူးလား
ဒီလောက်ထိအောင် မင်းက ဘာကိုယုံပြီးတော့ ကိုယ်လဲထည့်
မိတ်ဆွေကိုလဲ ဆွယ်တာလဲ မေးရင်

တရားဝင် မှတ်ပုံတင်ထားတယ်ပြောတာရယ်
(သာမန်လူ လက်လှမ်းမမှီသော ရုံးတွေမှာ အထင်ကြီးလောက်စရာ မှတ်ပုံတင်ထားတယ်လို့ ပြောတာ)
ရုံးခန်းတွေ ဖွင့်ထားတာရယ်
(အဲရုံးတွေကို ခုန ပထမဆုံးလခရတဲ့သူတွေကို ငွေထုပ်ပေးပြီး
ရုံးခန်းငှါးခိုင်းတာ ရုံးထိုင်ခိုင်းထားတာ- အဲငွေတွေသည်လဲ
ဘယ်ကငွေလဲဆိုတော့ မင်းဆွယ်လို့ အများထည့်ထားတဲ့ ငွေထဲကတစ်ချို့)
နောက်ပြီး ပွဲတွေလုပ်ခိုင်းမယ် ငွေကို ရေလိုသုံးပြီး
ပရဟိတတွေလုပ်ပြမယ် ဖန်မီတင်တွေလုပ်ခိုင်းမယ်
ကမ္ဘာကျော်တဲ့ ဘောလုံးသမားတွေ သရုပ်ဆောင်တွေထိ
ပါခဲ့တယ်။
(နောက်ဆုံးတော့ တရားခံရှာထားခဲ့တာ )

ရင်းနှီးမြှုပ်နှံသူ (၁)သိန်းပြည့်ဖို့လွယ်လွယ်လေး
(၁)သိန်းဆိုရင် ၃၉၀၀ ရင်းနှီးမြှုပ်နှံတာရှိသလို
(၁၁၀၀၀)လဲ ရှိတယ် ။
လောဘနဲ့ ထည့်ရင်း ဘတ်သောင်းဂဏန်းက လူတိုင်းထည့်တော့
သူတို့စီမှာ ဘတ်ကို (1 )ဘီလီယံလောက်ဖြစ်တော့
ကြိုက်တဲ့ပွဲ ကြိုက်သလို အယုံသွင်းလို့ရတဲ့ အနေ့အထား။

ဆိုတော့ ရုံးတွေလဲ ရှိပြီ
မင်းတို့ကိုလဲ လခတွေပေးပြီး ရုံးထိုင်ခိုင်းမယ်
ကမ္ဘာကျော်တဲ့ထိ ပွဲတွေလုပ်ခိုင်းမယ်
အားလုံးကို ကိုယ့်ငွေနဲ့ကိုယ့်ကို ပြန်ခိုင်းသွားတာ
ဘယ်သူက စီစဉ်တာလဲ (မသိ)
ဘယ်သူက ခိုင်းတာလဲ(မသိ)
ဝက်ဆိုက်တစ်ခုက ညွှန်ကြားသမျှ လုပ်ရတယ်
အဆင်ပြေသလားဆိုတော့ ပြေတာပေါ့
ပြေအောင်စီစဉ်ထားတာဘဲဟာ

ကောင်းပြီ ဘယ်လိုလုပ်ငန်းမို့ ဒီလောက်ပေးနိုင်တာလဲ
သံသယဝင်ရင် ပြောနေကြစကားက
မီဒီယာ မှာ ရင်းနှီးမြှုပ်နှံမှုပေါ့ ။
ကမ္ဘာ့အချမ်းသာဆုံး အီလွန်မတ်တောင်
မပေးနိုင်တဲ့ငွေ ဘာလိုပေးလဲ မစဉ်းစားကြဘူး။

ကဲ စာရှည်တယ် ဘယ်လိုလိမ်တာလဲဆိုရင်
အစထဲက စပြီးလိမ်တာလို့ ပြောရမယ်
လိမ်တာ ဘယ်လိုသိရမလဲဆိုရင် ဝက်ဆိုက်ပိတ်ပြီးဒိုးတဲ့နေ့မှသိရမယ်။
ဘယ်တော့ ဒိုးမှာလဲဆိုတော့
Memberတွေ ဝင်လာတာ တဖြေးဖြေး ကျဲလာပြီ ပါးလာပြီဆိုရင်
ငွေလွှဲအဆင်မပြေတာ ဘာညာ အကြောင်းပြပြီး
ပြေးဖို့ ဟန်ပြင််နေပြီ
မကြာခင် ဝက်ဆိုက်ပိတ်လိုက်ရော။
မင်းတို့ ဘယ်ကိုလိုက်မှာလဲ
ဘယ်သူတည်ထောင်တာလဲ
အခြေဆိုက်ရုံးက ဘယ်မှာလဲ ဘယ်သူမှမသိဘူး။
တဆင့်စကားနဲ့ လုပ်ခဲ့တဲ့အရာတွေလေ။

အပေါ်မှာ ပြောခဲ့တာတွေထက် ဘာလိုဆိုးလဲမေးရင်
အခုလိမ်လည်မှုကို A-30 သို့မဟုတ် ABC -80 လောက်ဆိုရင်
စပြီးသိကြပြီ
အဲအချိန်မှာ လခတွေ ယူထားတဲ့သူက
ထွက်လိုက်ရင် အောက်ကလူတွေ သိမှာဆိုးလို့
Member တွေ ထပ်ခေါ်ရင်း ခေါ်ရင်းနဲ့ အလိမ်ပေါ် အလိမ်ဆင့်လို့
ပိုပြီးကြောက်စရာကောင်းတာဘဲ။

တကယ်လဲ ဝက်ဆိုက်ပိတ်လိုက်ရော
ရင်းနှီးမြှုပ်နှံမှု ဘတ် (1)ဘီလီယံ မှာ ခေါင်းဆောင်တွေရလိုက်တာက (1)မီလီယံ မပြည်ဘူး။
အောက်က မကျေနပ်သူတွေကိုလဲ ဘယ်လိုမှ မရော်နိုင်ဘူး။

အားလုံးဟာ တောက်ခေါက်ပြီး ကျန်ခဲ့ပါလိမ့်မယ်။

ဘယ်သူတွေလိမ်တာလဲ မေးရင်
ရုံးတွေမှာ ပွဲတွေလုပ်ခဲ့သူတွေသာ တရားခံအဖြစ်ကျန်ခဲ့တာ
အလိမ်လဲ ခံရသေး တရားခံလဲ ဖြစ်ရသေး။

အခုဆိုရင် ထိုင်းရောက်မြန်မာတွေ အများကြီး ရင်းနှီးမြှုပ်နှံပြီးကြပြီ။
မြန်မာပြည်က တစ်ချို့လဲ ရင်းနှီးမြှုပ်နှံနေပြီ
သံဃာတွေရော ပါနေပြီ။

အခြေအနေကတော့ ရုန်းထွက်လို့ မရတော့ဘူးလို့ထင်ပါတယ်။
နောက်လူတွေ ပါမသွားအောင် ဖြန့်ဝေအသိပေးဖို့နဲ့
အမှားကို ဆက်မလုပ်ကြဖို့ မေတ္တာရပ်ခံရင်း

သူတို့ဝက်ဆိုက် 👇
www.pgmpy.com

Fb Team ကိုလဲ ဤစာကို မပိတ်ပင်ဖို့
မေတ္တာရပ်ခံပါတယ်။

အားလုံးအတွက် ပေးဆပ်ခြင်းများစွာနဲ့
ညီကိုနှစ်ပါး တိုင်ပင်ပြီးရေးလိုက်ပါတယ်။

Ashin Thue Nan Da (ခ) ဘုန်း သု
Ashin Thaw Par Ka
ဗုဒ္ဓရင်ခွင်-ဓမ္မသဘင်

29/03/2026

ဆရာမများသတိ

ဒီကာလမှာ မဖြစ်မနေ ခိုးရ လုရ ယက်ရတော့မယ်ဆိုရင် ဆိုင်ကယ်တွေ ဘာတွေ ညာတွေကို မလုပ်ဘူး၊ ဆွဲကြိုးပဲ ဖြတ်ပြေးမယ်၊ ဒါတောင်မှ ကျောင်းဆရာမတွေရဲ့ ဆွဲကြိုးကိုပဲ သီးသန့်လုမယ်၊ အဲဒါ အလွယ်ဆုံးပဲ၊

သူတို့က အပြင်ကိုလည်း အရှည်ကြီး ထုတ်ဝတ်တယ်၊ လမ်းသွားရင်လည်း ရင်ဖုံးနဲ့ ထမီကို ကြပ်ထုတ် တင်းရင်းနေအောင် ဆွဲဝတ်ပြီး လက်တစ်ဖက်က ဆွဲခြင်း၊ တစ်ဖက်က ထီး သို့မဟုတ် ယပ်တောင် ကိုင်ထားပြီး ဘေးဘီကိုလည်း ကြည့်တာ မဟုတ်ဘူး၊ အော်ရုံအပြင် ဘာမှ သိပ်လှုပ်ရှားနိုင်တာ မဟုတ်ဘူး၊

နောက်ပြီး ဆိုင်ကယ်နဲ့ဆို ခါးကိုကော့ တင်ကိုကောက်ပြီး ဆိုင်ကယ် လက်ကိုင်ကို လက်ကြီးနှစ်ဖက် တောင့်တန်းနေအောင် ကိုင်ပြီး ဆိုဒ်အပြည့်နဲ့ အသားကုန် ဖြတ်သတ်မောင်းတာ၊ ထော်လာဂျီတောင် ကပ်ပြီး ကျော်ရင်ကျော်တာ၊ အိုက်တင် ပျက်မှာစိုးလို့ အသက်တောင် နှမြောကြတာ မဟုတ်ဘူး၊

ဆွဲကြိုးကို လက်နဲ့ ချိတ်မိတာနဲ့ ကိုယ်က ပြေးစရာ မလိုဘူး၊ သူ့အရှိန်နဲ့သူ သုံးဖာလုံလောက် ရောက်နေပြီ၊ ဘေးဘီ မကြည့်တော့ ဘယ်သူ ဖြတ်လိုက်မှန်းတောင် သိမှာ မဟုတ်ဘူး၊ ကိုယ့်ဖာသာ ဖြတ်တဲ့နေရာ ရပ်နေရုံနဲ့ လွတ်တယ်...

(အိမ်က အဒေါ်နဲ့ မိန်းမ ဆရာမနှစ်ယောက်ကို သြဝါဒ ခြွေရတာ မောလွန်းလို့ ပိုစ့်တင်ရေးသည်။)

ချစ်တဲ့
ဝေကြီး (ဆရာမလင်)

#ကိုကြီးဝေ

27/03/2026

ခင်​ဗျားတို့ အောက်ခြေ ဝန်ထမ်း အများစုရဲ့ ထမင်းချိုင့်လေးတွေကို ဖွင့်ကြည့်ဖူးလား၊ ဘယ်မြင်ဖူးကြမလဲ၊ ယောက်ကျားလေးတွေဆိုရင် ထမင်းချိုင့်တောင် မယူဘဲ အပြီးစားလာတယ်ဆိုပြီး အဆာခံကြတယ်လေ၊ မိန်းကလေးတွေကလည်း ဘယ်ပြလိမ့်မလဲ၊ ပညာတတ် ဘွဲ့ရ ဝန်ထမ်း​ဗျ၊ ယူနီဖောင်းကို မီးပူကျိုးနေအောင် ထိုးပြီး စမတ်ကျကျနဲ့ နိုင်ငံ့ဝန်ထမ်း လုပ်နေတာ​ဗျ၊

သူတို့ အိမ်မှာ ဘယ်လိုနေလဲ၊ ဘယ်လိုစားလဲ သိကြလား၊ စွမ်းရည်မြှင့် သင်တန်းကို ​ဗူးရွက်တစ်ခွက်တည်း၊ ခရမ်းချဥ်သီးသုပ်တစ်ခွက်တည်း၊ ကြက်ဥငံပြာရည်ကြော် တစ်ခွက်တည်းနဲ့ လာမြှင့်နေရတဲ့ သူတွေကို မြင်ဖူးလား၊ ဝန်ထမ်း ၈၀ ရာခိုင်နှုန်းက မသေရုံ စားနေရတာကို သိကြရဲ့လား၊ စားရတာလည်း မတင်းတိမ်၊ ဝတ်ရတာလည်း မချောမွေ့၊ နေရတာလည်း မလုံခြုံတဲ့ ဝန်ထမ်းတွေနဲ့ နိုင်ငံကို ဘယ်လို တည်ဆောက်ကြမလဲ၊

ဘယ်အစိုးရတက်တက် နိုင်ငံကို ပဲ့ကိုင်မောင်းနှင်နေတာက ဝန်ထမ်းပဲ၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ်၊ ဝန်ထမ်း တောက်ပြောင်မှ နိုင်ငံတောက်ပြောင်မယ်၊ ဂွင်ကောင်းတဲ့ စုန်းပြူးဝန်ထမ်း အနည်းငယ်ကိုပဲ မကြည့်နဲ့၊ သန်းနဲ့ချီတဲ့ ဝန်ထမ်းတွေရဲ့အခြေခံကို မြင်အောင်ကြည့်၊ ဘယ်သူမဆို ငတ်လာရင် မရှက်ဘူး၊ မရှက်တော့ အဂတိ နွယ်မိမယ်၊ အဂတိ နွယ်မိရင် မူးယစ်ဆေးလိုပဲ၊ ငွေအရသာကို မက်မောသွားကြမယ်၊

ဂွင်ကောင်းနေတဲ့ ဝန်ထမ်း လက်တစ်ဆုပ်စာကို မြင်နေရတဲ့ အခြားဝန်ထမ်းတွေလည်း စိတ်ဓာတ် ယိုင်နဲ့လာလိမ့်မယ်၊ စိတ်ဓာတ်ခိုင်မာလွန်းလို့သာ ပေလုပ်နေကြရတာ၊ မလုပ်ချင်ရင် ထွက်ပေါ့​ဗျာလို့ အောက်တန်းစား လမ်းဘေးစကားမျိုး မပြောနဲ့၊ ဝန်ထမ်း တစ်ယောက်ချင်းစီတိုင်းအတွက် ပြောနေတာ မဟုတ်ဘူး၊ နိုင်ငံအတွက် ပြောနေတာ၊ သူတို့လည်း အပြင်အလုပ် ကုပ်မိတာနဲ့ ထွက်မဲ့သူ တဝက်လောက် မကဘူး၊

စီဒီအမ်ကို မအံ့သြနဲ့၊ မက်လောက်စရာ မရှိတဲ့ နေရာမို့ အလွယ် စွန့်ပစ်လိုက်ကြတာပဲ၊ အခုကာလမှာ ပိုဆိုးတယ်၊ စီဒီအမ်နဲ့ ရောပြီး အထင်မခံနိုင်လို့ ဇွဲနဲ့ တွန်းလုပ်နေကြတဲ့ ဝန်ထမ်းတွေမှ တပုံကြီးပဲ၊ ဘယ်လောက် နိုင်ငံကို တာဝန်ကြေကြသလဲဆိုတာ မြင်ကြလား၊ ဒီလိုလူမျိုးတွေကို မကြာခင် ဆုံးရှုံးကြလိမ့်မယ်၊ ခေတ်အဆက်ဆက် အစိုးရဆိုတဲ့ ကောင်စားတွေရဲ့ ခေါင်းထဲမှာ ရှိနေတာက မယောင်ရာဆီလူး ကိစ္စတွေချည်းပဲ၊

နိုင်ငံအတွက် တကယ် တည်ဆောက်ရမှာက ​ဝမ်းဝ ကြွေးကင်းပြီး စိတ်ဓာတ်ခွန်အားမြင့်တဲ့ ဝန်ထမ်းထုကို တည်ဆောက်ဖို့ပဲ၊ ကိုယ်တစ်ခါ ရေးဖူးသလိုပေါ့၊ ဟောဒီ မြန်မာပြည်မှာ ဝန်ထမ်းဆိုတာ တန်ဖိုးနည်း လူ့စွမ်းအား အရင်းအမြစ်ပဲလို့၊ တန်ဖိုးနည်းရင် စျေးပေါမယ်၊ စျေးပေါရင် ကွာလတီ မကောင်းဘူး၊ နိုင်ငံကို တည်ဆောက်ချင်ရင် ဝန်ထမ်းထုကို အရင်တည်ဆောက်ပါ...

Photos from Infinite Success Educare Centre:i-SEC's post 26/03/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်
GRADE-10, GRADE-11 & GRADE-12 အတန်းများ စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ

👨‍🏫👩‍🏫 သင်ကြားရေး အတွေ့အကြုံပြည့်၀သော ဝါရင့်ဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် အနီးကပ်သင်ကြားပေးသော ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းဖြစ်ပါသည်။

🏠🏠 နယ်ဝေး ကျောင်းသား၊ ကျောင်းသူများအတွက် ဘော်ဒါဆောင်စီစဉ်ထားရှိပေးပါသည်။

💵 ကျောင်းလ-ခ သင့်တင့်ပြီး လစဉ်သွင်းစနစ်ဖြင့် လက်ခံပေးပါသည်။

🚨🚨 သင်ကြားရေး/သင်ယူမှု ထိရောက်မှုရှိ‌စေရန် ကျောင်းသားဦးရေ ကန့်သတ် လက်ခံပါသဖြင့် အချိန်မီ စာရင်းပေးသွင်းအပ်နှံရန် လိုအပ်ပါသည်။

နေ့တတ်သင်တန်းချိန် (G-12)
နံနက် 9 နာရီ မှ နေ့လည် ၁နာရီထိ တစ်ပတ်(၆)ရက် တက်ရမည်။
၀င်ကြေး - 30000 ကျပ်
သင်တန်းကြေး - 120000 ကျပ်)

အလုပ်တစ်ဖက်ဖြင့် G-12 ဖြေမည့်သူများ
ညနေ့ 6:30 နာရီ မှ 9:00 နာရီထိ တစ်ပတ်(၆)ရက် တက်ရမည်။
၀င်ကြေး - 20000 ကျပ်
သင်တန်းကြေး - 80000 ကျပ်)

သင်တန်းစတင်မည့်အချိန်
2-4-2026(ကြာသပတေးနေ့) ရက်နေ့စမည်။
ကြိုတင်ကျောင်းအပ်လက်ခံနေပါပြီ။ (၂၀ ) ဦးသာလက်ခံပါမည်။

သင်တန်းတည်နေရာ
အမှတ်(၆၁၄),သီရိမြိုင်လမ်းမ၊(၁၃)ရပ်ကွက်၊ လှိုင်မြို့နယ်။ရန်ကုန်တိုင်း

နေ့တတ်ဘော်ဒါနှင့် ဘော်ဒါတတ်
ရောက်လိုသူများ သီးသန့်စုံစမ်းပေးပါရန်

စုံစမ်းရန်
ဆရာရဲလေး(i-SEC)
09-453200004/ 09-450581455/
09-730 27593/ 09-695500030

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 614 , Thiri Myaing Street
Yangon