23/04/2026
[English Text Below]
ယနေ့မှာတော့ ပါရမီမှ လက်ရှိ ဖွင့်လှစ်ခေါ်ယူလျက်ရှိတဲ့ ပညာရေးအခွင့်အလမ်းများကို မိတ်ဆက်ပေးပါမယ်။
🟡 ပါရမီတက္ကသိုလ်
ပါရမီတက္ကသိုလ်ဟာ ယခုလက်ရှိမှာ ဘွဲ့ကြိုပရိုဂရမ်အတွက် တက္ကသိုလ်ဝင်ခွင့် ခေါ်ယူလျက်ရှိပါတယ်။ ပရိုဂရမ်တွေအနေနဲ့ အောက်ပါ program (၄) ခုကို ရွေးချယ်နိုင်ပါတယ်။
✅ B.A. in Environmental and Sustainability Studies (ESS)
✅ B.A. in Statistics and Data Science (SDS)
✅ B.A. in Philosophy, Politics, and Economics (PPE)
✅ B.A. in Public Health (PH)
တက္ကသိုလ်ပညာရေးမှာ အခြေအနေအမျိုးမျိုးကြောင့် ရပ်တန့်နေရတဲ့ လူငယ်တွေ၊ အထက်တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်ရွေးချယ်နေသူတွေ နှင့် သင့်တင့်မျှတတဲ့ တက္ကသိုလ်စရိတ်ဖြင့် အရည်အသွေးပြည့်မီတဲ့ တက္ကသိုလ်ပညာရေးကို ရှာဖွေနေသူများအတွက် အထူးလျှောက်ထားသင့်တဲ့ ပညာရေး အခွင့်အလမ်း ဖြစ်ပါတယ်။
🔗 တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် - https://www.parami.edu.mm/admissions?fbclid=IwY2xjawRUDDxleHRuA2FlbQIxMABicmlkETF4d0xoZ3QwMnB5VHJ0ZDU5c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHvHDS5dmZnXboLphuxAnaG7HT_wdA5sd-veCpMhomUreOGv4vbpBim45SZvh_aem_Ytz2O_Qr6hOD7XNdbuLJRw
☎️ ပါရမီတက္ကသိုလ်နှင့် ပတ်သက်ပြီး မေးမြန်းသိရှိလိုသည်များ ရှိပါက page messenger မှ သော်လည်းကောင်း၊ [email protected] သို့ email ပေးပို့၍ သော်လည်းကောင်း၊ 09 793030555 သို့ (ရုံးချိန်အတွင်း) ဖုန်းဆက်သွယ်မေးမြန်းခြင်း ဖြင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
_____
🔵 ပါရမီစဥ်ဆက်မပြတ် ပညာရေး
Parami Institute of Continuing Education မှာတော့ Professional career development (အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်ပြင်ဆင်မှု) နှင့် စပ်လျဉ်းတဲ့ paid course (၂) ခု အတွက် သင်တန်းသူ၊ သင်တန်းသားများ ခေါ်ယူလျက်ရှိပါတယ်။
ခေါ်ယူလျက်ရှိတဲ့ အတန်း (၂) တန်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
✅ Research Fundamentals course
✅ Data Science Essentials course
PICE အတန်းတွေဟာ လုပ်ငန်းခွင် ဝင်ရောက်နေသူများ၊ လုပ်ငန်းခွင် ဝင်ဖို့ ပြင်ဆင်နေသူများ၊ အသစ်သစ်သော ပညာရပ် အရည်အချင်းတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုသူများအတွက် ဖြစ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ သင်ကြားရေးနည်းပြများ၊ စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြား ချဉ်းကပ်မှု နှင့်အတူ သင့်တင့်မျှတတဲ့ သင်တန်းကြေးထက် ပိုသာကောင်းမွန်တဲ့ သင်ကြားရေး အတွေ့အကြုံများကို PICE မှာ ရရှိနိုင်ပါတယ်။
🔗 အတန်း (၂) တန်းအတွက် စာရင်းပေးသွင်းရန် - https://docs.google.com/forms/d/e/1FAIpQLSdWj9INekMBADLXOjRvaFyyrzLxfnbCDuU2wT5JXIVQwmBF1g/viewform?fbclid=IwY2xjawRUENdleHRuA2FlbQIxMABicmlkETF4d0xoZ3QwMnB5VHJ0ZDU5c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHi26LfHzs0GuMReXMxZGEDAyVHfL8irp2ZLQxyJFkAuFofcBi1sMqVCA_oDR_aem_nbp0JcZGXGSwXYnCyxrE_g
☎️ ဖွင့်လှစ်လျက်ရှိတဲ့ အတန်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက page messenger မှတစ်ဆင့်ဖြစ်စေ၊ [email protected] သို့ဖြစ်စေ၊ 09778839092 (Viber) မှတဆင့် ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
_____
Today, we would like to introduce the education opportunities currently open at Parami.
🟡 Parami University
Parami University is now accepting applications for its undergraduate programs. Applicants can choose from four exciting majors:
✅ B.A. in Environmental and Sustainability Studies (ESS)
✅ B.A. in Statistics and Data Science (SDS)
✅ B.A. in Philosophy, Politics, and Economics (PPE)
✅ B.A. in Public Health (PH)
This is a special opportunity for young people whose education has been interrupted, high school graduates deciding on their next step, and anyone seeking a quality university education at an affordable cost.
🔗 Apply now: https://www.parami.edu.mm/admissions
☎️ For inquiries, reach us via page messenger, email at [email protected], or call 09 793030555 (during office hours).
_____
🔵 Parami Institute of Continuing Education (PICE)
PICE is currently offering two paid courses designed for professional career development:
✅ Research Fundamentals
✅ Data Science Essentials
These courses are perfect for working professionals, those preparing to enter the workforce, or anyone eager to continuously upgrade their skills. With expert instructors, practical learning approaches, and affordable fees, PICE provides a valuable learning experience.
🔗 Register here: https://docs.google.com/forms/d/e/1FAIpQLSdWj9INekMBADLXOjRvaFyyrzLxfnbCDuU2wT5JXIVQwmBF1g/viewform
☎️ For details, contact us via page messenger, email at [email protected], or Viber at 09778839092 (during office hours).
👍❤️ Like and follow our pages to stay updated with opportunities that match your interests.
21/04/2026
🌍 သင့်အနေနဲ့ ပြည်ပအခြေစိုက် ကုမ္ပဏီတစ်ခုမှာ remote အလုပ်လုပ်ချင်သူလား။ ဒါမှမဟုတ် international project တွေမှာ ပါဝင်ချင်သူလား။
နိုင်ငံတကာအဆင့်မြင့် ကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ထမ်းတွေဆီကနေ "task" ပြီးမြောက်ဖို့လောက်ပဲ မမျှော်လင့်ပါဘူး။ သူတို့မျှော်လင့်တာက "problem solving" ပါ။
♦️ Research Fundamentals
ပြဿနာတစ်ခုရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး မှန်ကန်တဲ့ မေးခွန်းထုတ်နိုင်တဲ့ အရည်အချင်း။
♦️ Data Science Essentials
အဲဒီမေးခွန်းအတွက် အဖြေကို အချက်အလက်နဲ့ သက်သေပြနိုင်တဲ့ အရည်အချင်း။
📚 ဒီ အရည်အချင်း နှစ်ခုကို ပိုင်နိုင်ရင် သင်ဟာ "အလုပ်သမား" တစ်ယောက်ကနေ "strategic partner" တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ပြည်ပကုမ္ပဏီတွေ အလိုချင်ဆုံး profile ပါပဲ။ ဒီ combo skill set ကို PICE မှာ တွဲဖက်လေ့လာဖို့ အခုပဲ စာရင်းပေးသွင်းပြီး သင်တန်း အပ်နှံလိုက်ပါ။
🔗 စာရင်းပေးသွင်းရန် - https://docs.google.com/forms/d/e/1FAIpQLSdWj9INekMBADLXOjRvaFyyrzLxfnbCDuU2wT5JXIVQwmBF1g/viewform
_____
🌍 Want to work remotely for an international company? Or be part of global projects?
Top companies don’t just expect employees to finish tasks. What they truly value is problem‑solving.
♦️ Research Fundamentals - The ability to dig into the root of a problem and ask the right questions.
♦️ Data Science Essentials - The skill to back up answers with evidence and data.
Master these two, and you’ll transform from just an “employee” into a strategic partner, the kind of profile international companies are searching for.
📚 Learn this powerful combo skill set at PICE. Enroll now and take your career global!
🔗 Register here: https://docs.google.com/forms/d/e/1FAIpQLSdWj9INekMBADLXOjRvaFyyrzLxfnbCDuU2wT5JXIVQwmBF1g/viewform
☎️ For more information, please contact us via our page messenger, email [email protected], or 09778839092 (Viber).
17/04/2026
ယနေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူး အချိန်အခါမှ စတင်၍ မြန်မာနိုင်ငံအနှံ့အပြားမှ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း နှင့် အလိုရှိရာ တောင်းဆုများ ပြည့်စုံခြင်း၊ ကောင်းမွန်တဲ့ နေ့ရက်များကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်စွမ်း ရှိခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း တောင်းဆုပြုပါတယ်။
_____
On this auspicious occasion of the Myanmar New Year, Parami University extends our heartfelt wishes to all the people of Myanmar. May you be blessed with physical health, mental well-being, peace, and the fulfillment of your wishes. We hope that you are empowered to personally create and cultivate many wonderful days ahead.
09/04/2026
[English Text Below]
Data Science Essentials course ကို တက်ချင်တယ်။
ဒါပေမဲ့ ဘယ်လို သင်ကြားမှာလဲ။ သင်ကြားမှုတွေက ကိုယ်နဲ့ တကယ်ရော ကိုက်ညီပါ့မလား။
ဒီနေ့မှာတော့ Data Science Essentials course ရဲ့ (၈)ပတ်တာ ကာလ သင်ကြားရေးအချိန်အတွင်းမှာ ဘယ်လိုသင်ကြားရေးချဉ်းကပ်မှု ပြုလုပ်သွားမှာလဲဆိုတာကို အကျဉ်းချုံ့ ရှင်းပြပေးသွားပါမယ်။
🗓️ Weeks 1 ~ 2: Foundations of Data Science
ပထမဦးဆုံး (၂) ပတ်ဟာ Data Science နဲ့ ပတ်သက်ပြီး အခြေခံသဘောတရားတွေကို သင်ယူရမှာပါ။ ဒါဟာ Data Science ကို ပထမဦးဆုံးအကြိမ် လေ့လာမယ့်သူတွေအတွက် အစပြုရမယ့် foundation (အခြေခံအုတ်မြစ်) ဖြစ်မှာပါ။
🗓️ Weeks 3 ~ 4: Tools in Action
ဒုတိယ (၂) ပတ်မှာတော့ Data Science နယ်ပယ်မှာ Data Scientist တစ်ဦးအနေနဲ့ လက်တွေ့ အသုံးချရမယ့် tool တွေ၊ software တွေကို သင်ကြားရေးနည်းပြနဲ့ အတူတူ လက်တွေ့ အသုံးပြုရင်း လေ့လာရတော့မှာပါ။ ဒီအပတ်ဟာ လက်တွေ့ကျကျ အသုံးချတတ်ဖို့ လေ့လာရမယ့် အပိုင်းပါ။
🗓️ Weeks 5 ~ 6: Practice & Own Project Portfolio
တတိယ (၂) ပတ်မှာတော့ သင်ဟာ Data Science နဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဗဟုသုတရှိနေပြီး ဖြစ်သလို tool တွေ၊ software တွေကိုလည်း ကောင်းမွန်စွာ အသုံးချတတ်သွားပြီး ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ တကယ့်လက်တွေ့ Data တွေကို အသုံးပြုပြီး သင့်ရဲ့ ပထမဆုံးသော ကိုယ်ပိုင် project တစ်ခုကို လက်တွေ့ လုပ်ဆောင်ပြီး ပြဿနာတွေကို ဖြေရှင်းရတော့မှာပါ။ Begineer အနေနဲ့ စတင်ခဲ့တဲ့ သင်ဟာ တတိယ (၂)ပတ်မှာတော့ အတော်လေး ခရီးရောက်လာပြီ ဖြစ်ပြီး Data Scientist တစ်ဦးကဲ့သို့ စဉ်းစားတွေးခေါ်လာပြီး Data တွေကို အသုံးချတတ်လာခဲ့ပါပြီ။
🗓️ Weeks 7 ~ 8: Project Showcase
နောက်ဆုံး စတုတ္ထ (၂) ပတ်မှာတော့ သင်ဟာ Data Science နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ready ဖြစ်နေပါပြီ။ သင့်မှာ ကိုယ်ပိုင် project တစ်ခု ရှိပါပြီ။ သင့်ကိုယ်ပိုင် project ကိုလည်း လူအများရှေ့ ကောင်းကောင်းရှင်းလင်းပြသဖို့ အဆင်သင့် ရှိနေပါပြီ။ တဆင့်ချင်း သင်ယူမှု၊ လက်တွေ့အသုံးချမှု၊ လက်တွေ့လေ့ကျင့်မှုတွေကနေ သင်ဟာ Data Scientist တစ်ဦး ဖြစ်သွားခဲ့ပါပြီ။ နောက်ပိုင်းမှာ သင့်ရဲ့ စဉ်ဆက်မပြတ် ဆက်လက်လေ့လာမှုတွေကနေတဆင့် သင်ဟာ လုပ်ငန်းခွင်အသုံးချ professional တစ်ဦး ဖြစ်လာဖို့ လမ်းစတစ်ခု ပေါ်ထွန်းခဲ့ပါပြီ။
သင်သိပါသလား။
Data Science ကို အခြေခံကနေ လက်တွေ့အသုံးချနိုင်သည်အထိ တတ်မြောက်၊တတ်ကျွမ်းသွားဖို့ အချိန် (၈) ပတ်ပဲ လိုတာပါ။ သင့်အနေနဲ့ သင်ကြားရေးချဉ်းကပ်မှုကို သဘောကျပြီး၊ အမှန်တကယ် Data Science နယ်ပယ်ကို ဝင်ရောက်ဖို့ အသင့်ဖြစ်နေပြီဆိုရင်တော့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
⚜️ အတန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ
⌛️ သင်တန်းကာလ - ၂၀၂၆ ခုနှစ် ၊ မေလ (၁၆) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့အထိ (၈ ပတ်ကြာ)။
⏰ သင်တန်းအချိန် - အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် ည ၆:၃၀ မှ ၈:၀၀ အထိ)။
💲 သင်တန်းကြေး - မြန်မာငွေ ၃၀၀,၀၀၀ ကျပ် (သုံးသိန်းကျပ်)။
🚨 လျှောက်လွှာပိတ်ရက် - ၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့။
🔗 စာရင်းသွင်းရန် - https://forms.gle/B7L4m8QNGSHWyYfM7
_____
I want to join the Data Science Essentials course.
But how will it be taught? Will the teaching approach really suit me?
Today, let’s briefly explain the teaching approach during the 8‑week period of the Data Science Essentials course.
🗓️ Weeks 1 ~ 2: Foundations of Data Science
The first two weeks will cover the fundamental concepts of Data Science. This serves as the foundation for beginners who are learning Data Science for the very first time.
🗓️ Weeks 3 ~ 4: Tools in Action
In the second two weeks, you’ll learn to use the tools and software that Data Scientists rely on. With guidance from the instructor, you’ll practice applying them hands‑on. This stage is all about practical application.
🗓️ Weeks 5 ~ 6: Practice & Own Project Portfolio
By the third two weeks, you’ll already have solid knowledge of Data Science and be comfortable using the tools and software. Now, you’ll work with real data to carry out your very first personal project, solving problems step by step. From starting as a beginner, you’ll now be thinking like a Data Scientist and applying data effectively.
🗓️ Weeks 7 ~ 8: Project Showcase
In the final two weeks, you’ll be ready to step into the Data Science field. You’ll have your own project and be prepared to present it clearly to an audience. Through step‑by‑step learning, practice, and application, you’ll have become a Data Scientist. From here, your continuous learning will pave the way toward becoming a professional in the workplace.
Did you know?
It only takes (8) weeks to progress from learning the basics of Data Science to applying it in practice. If you like this teaching approach and are truly ready to enter the Data Science field, then register now.
⚜️ Course Details
⌛️ Duration: May 16, 2026 ~ July 5, 2026 (8 weeks)
⏰ Class Time: Every Saturday & Sunday, 6:30 PM – 8:00 PM (Myanmar Standard Time)
💲 Fee: 300,000 MMK
🚨 Application Deadline: May 5, 2026
🔗 Register here: https://forms.gle/B7L4m8QNGSHWyYfM7
☎️ For more information, please contact us via our page messenger, email [email protected], or 09778839092 (Viber).
07/04/2026
[English Text Below]
တက္ကသိုလ်မှာ Dean's list ပါတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အဓိက အားသာချက်က ဘာလဲဆိုတာ သင်သိပါသလား။
သူတို့က ပိုပြီးရှင်းလင်းစွာစဉ်းစားတတ်ကြတယ်၊ ပိုကောင်းတဲ့မေးခွန်းတွေကို မေးတတ်ကြတယ်၊ နောက်ပြီး သုတေသနကို ပိုစနစ်တကျလုပ်တတ်ကြတာပါ။
သင်က assignment တွေကို ဘယ်လို လုပ်နေသလဲ။ စာတမ်းအတွက် ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေကို ရှာဖို့ အခက်အခဲရှိနေသလား၊ ဒါမှမဟုတ် မိမိတို့ရဲ့ အတွေးအမြင်တွေကို တိကျတဲ့ အယူအဆတွေအဖြစ် ပြောင်းလဲဖို့ မသိသေးဘူးဆိုရင် Parami Institute of Continuing Education (PICE) မှ ဖွင့်လှစ်ထားတဲ့ Research Fundamentals အတန်းဟာ သင့်အတွက်ပါပဲ။
သုတေသနနယ်ပယ်ကို စတင်ဝင်ရောက်လာတဲ့ (beginners) များအတွက် နှင့် ပညာရပ်ဆိုင်ရာ သုတေသနနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သုတေသနတွေကို စတင်လုပ်ကိုင််လိုသူ (beginners)များအတွက် ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
🔗 စာရင်းပေးသွင်းရန် - https://docs.google.com/forms/d/e/1FAIpQLSdWj9INekMBADLXOjRvaFyyrzLxfnbCDuU2wT5JXIVQwmBF1g/viewform
☎️ အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊ [email protected] သို့ဖြစ်စေ၊ 09778839092 (Viber) မှတဆင့် ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
_____
Top students don’t just work harder. They think more sharply, question better, and research smarter.
If you’re still guessing your way through assignments, struggling to find credible sources, or unsure how to turn ideas into solid arguments, that’s exactly where this course comes in.
The Research Fundamentals course is built for beginners who want clarity, not confusion. You’ll learn how to ask the right questions, find and evaluate reliable information, and structure your ideas with confidence, whether for academic work or real-world projects.
If you’re ready to stop feeling stuck and start thinking like a researcher, this is your starting point.
🔗 Register now: https://docs.google.com/forms/d/e/1FAIpQLSdWj9INekMBADLXOjRvaFyyrzLxfnbCDuU2wT5JXIVQwmBF1g/viewform
☎️ For more information, please contact us via our page messenger, email [email protected], or 09778839092 (Viber).
03/04/2026
[English Text Below]
🔎 သင့်ရဲ့ Research Proposal ဘာကြောင့် ပယ်ချခံရတာလဲ။
ညဘက် အိပ်ရေးပျက်ခံ၊ အချိန်တွေအများကြီးပေးပြီး သေချာပြင်ဆင်ထားတဲ့ Research Proposal ပယ်ချခံလိုက်ရတဲ့ အချိန်မျိုးကို ကြုံဖူးပါသလား။ "လိုရင်းမရောက်ဘူး"၊ "နည်းစနစ်မကျဘူး" ဆိုတဲ့ မှတ်ချက်တွေနဲ့ အမြဲပြန်လာတတ်လို့ စိတ်ပျက်အားငယ်နေပြီလား။ တကယ်တော့ သင့်ရဲ့ စိတ်ကူးတွေက မကောင်းလို့ မဟုတ်ပါဘူး။
📝 Proposal တွေ အပယ်ခံရတဲ့ ဇာတ်လမ်းရဲ့ အဓိကတရားခံတွေကတော့-
♦️ ခိုင်မာတဲ့ ပြဿနာကို မဖော်ပြနိုင်ခြင်း - သုတေသနပြုလုပ်ဖို့ သင့်တော်တဲ့ Research Problem တစ်ခုကို တိတိကျကျ မချပြနိုင်ခဲ့လို့ပါ။
♦️ Methodology ရွေးချယ်မှု မှားယွင်းခြင်း - Qualitative နဲ့ Quantitative လမ်းကြောင်းတွေထဲက ဘယ်လမ်းကို ရွေးရမလဲဆိုတာ သေသေချာချာ မဝေခွဲနိုင်ခဲ့လို့ပါ။
♦️ ကျင့်ဝတ်ဆိုင်ရာ လိုအပ်ချက်များ - သုတေသနမှာ အရေးကြီးလှတဲ့ Ethical principles တွေကို ထည့်သွင်းစဉ်းစားဖို့ မေ့လျော့သွားလို့ပါ။
♦️ စံချိန်စံညွှန်းမမှီခြင်း - Academic standard နဲ့ အညီ စနစ်တကျ ရေးသားဖို့ အားနည်းနေခဲ့လို့ပဲ ဖြစ်ပါတယ်။
🔏 ဒီလို အခက်အခဲတွေကို အဆုံးသတ်ပြီး သင့်ရဲ့ သုတေသနခရီးလမ်းကို ယုံကြည်မှုရှိရှိ စတင်နိုင်ဖို့ Parami Institute of Continuing Education (PICE) ရဲ့ Research Fundamentals သင်တန်းက အခြေခံကနေစပြီး လက်တွေ့ကျကျ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။
ယခု quarter မှာ နောက်ဆုံး ဖွင့်လှစ်တဲ့ အတန်းဖြစ်လို့ စိတ်ဝင်စားလို့ တက်ရောက်လိုရင် “Enroll” လို့ comment ခဲ့ပါ။
_____
🔎 Why did your research proposal get rejected?
You have a brilliant idea. You spend weeks pouring your energy into a research proposal, only to receive a rejection email. And the feedback comes back as “unclear”, “lacks methodology”, or “not academically sound.”
Here’s the truth: your idea isn't the problem.
📝 Often, proposals get rejected because:
♦️ The Problem is vague - You failed to identify a specific problem to do the research.
♦️ Methodology Mismatch - You aren’t sure whether to use Qualitative or Quantitative approaches.
♦️ Poor Structure - The report doesn’t follow standard academic formatting.t, are overlooked or missing.
♦️ Poor Structure - The report doesn’t follow standard academic formatting.
🔏 To overcome these struggles, the Research Fundamentals Class, offered by Parami Institute of Continuing Education (PICE), is designed specifically to help beginners begin their research journey.
This is the last class opening in this quarter. If you’re interested, comment ‘Enroll’.
31/03/2026
Choose one: Which course would you like to attend in 2026?
A. Research Fundamentals course
B. Data Science Essentials course
Comment it. We’ll send you course details.
29/03/2026
If you had to pick ONE, what would be your career personality?
A. Strategic Thinking 🧠
B. Resilience 💪
C. Authenticity ✨
D. Consistency 🔁
26/03/2026
[English Text Below]
🔍 Data Science နဲ့ Machine Learning ဘာကွာလဲ။
ဒီနယ်ပယ် နှစ်ခုနဲ့ ပတ်သက်ပြီး အခုတလော နေရာတိုင်းလိုလိုမှာ မြင်ဖူး၊ကြားဖူးကြမှာပါ။ ဒါပေမယ့် အခုမှစတင်လေ့လာမယ့်သူတွေအတွက်တော့ ကွာခြားချက်ကို ခွဲခြားရတာ နည်းနည်းတော့ ရှုပ်ထွေးနိုင်ပါတယ်။
🔍 ဒါကို မြင်သာအောင် ဥပမာအနေနဲ့ ကြည့်ကြည့်ရအောင်။
ကုမ္ပဏီတစ်ခုမှာ ရုတ်တရတ် ရောင်းအားတွေ ကျဆင်းလာတယ်ဆိုပါစို့။
သူတို့ဆီမှာ အချက်အလက် (Data) တွေ အများကြီး ရှိပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတဲ့ အဖြေကိုတော့ ရှင်းလင်းစွာ မသိကြပါဘူး။
📊 ဒီနေရာမှာ Data Science ရဲ့ အခန်းကဏ္ဍ ဝင်လာပါတယ်။
Data Scientist တွေဟာ data တွေကို စုဆောင်းတယ်၊ စစ်ဆေးသုံးသပ်တယ်၊ ပြီးတော့ ပုံစံကားချပ်တွေ (visualization) နဲ့ ခွဲခြမ်းစိတ်ဖြာပြီး တိကျတဲ့မေးခွန်းတွေ စတင်မေးမြန်းပါတယ်။
"ဘာတွေ ပြောင်းလဲသွားလဲ။"
"ဘယ်အချိန်မှာ စဖြစ်တာလဲ"
"ဘယ်အချက်တွေ နဲ့ ဘယ်လိုဆက်စပ်နေလဲ” စသဖြင့် ..။
🤖 ထို့နောက်မှာတော့ Machine Learning ရဲ့ အခန်းကဏ္ဍက ဝင်ရောက်လာပါတယ်။
Machine Learning က ဖြစ်ပျက်ခဲ့တာတွေကိုပဲ ရှင်းပြနေတာမဟုတ်ဘဲ နောက်ထပ်တဆင့် တက်သွားပါတယ်။ Data Science ဆီကရတဲ့ အချက်အလက်တွေကို အခြေခံပြီး နောင်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ခန့်မှန်းပေးမယ့် Model တွေကို တည်ဆောက်ပါတယ်။
" လာမယ့်လမှာလည်း အရောင်းတွေ ထပ်ကျနိုင်တယ် "
" ဒီလို ဝယ်ယူသူမျိုးတွေကတော့ ဆက်ရှိနေနိုင်ပြီး၊ ဒီဝယ်ယူသူတွေကတော့ ထွက်သွားနိုင်တယ် ” စသဖြင့်ပေါ့။
🔍 အဆိုပါ ပညာရပ်နှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကို အကျဉ်းချုံ့ရရင် ..
📊 Data Science က ပြဿနာတစ်ခုရဲ့ ဇာတ်ကြောင်းကို ရှင်းပြပေးပါတယ်။ သူက ပိုကျယ်ပြန့်တဲ့ နယ်ပယ်ဖြစ်ပြီး raw data တွေကို စီးပွားရေးကဏ္ဍကနေ အစိုးရအပိုင်းထိ အသုံးဝင်တဲ့အချက်အလက်တွေအဖြစ် ပြောင်းလဲပေးပါတယ်။
🤖 Machine Learning ကတော့ နောင်ဖြစ်လာမယ့် အခြေအနေတွေကို ခန့်မှန်းပေးပါတယ်။ ဥပမာ - social media တွေက သင်ကြိုက်တတ်တာတွေကို အလိုအလျောက် အကြံပေးနေသလိုမျိုးပေါ့။ သူက data တွေကနေတဆင့် အလိုအလျောက် အခြေခံသင်ယူပြီး ခန့်မှန်းချက်တွေ ထုတ်ပေးနိုင်မယ့် algorithms နဲ့ model တွေ တည်ဆောက်တာကို အဓိကအာရုံစိုက်ပါတယ်။
💼 အသက်မွေးဝမ်းကြောင်းအနေနဲ့ကတော့
📊 Data Science - Data Scientist, Data Analyst, Data Engineer, BI Analyst စသဖြင့် ရွေးချယ်နိုင်ပြီး။
🤖 Machine Learning - ML Engineer, AI Engineer, Cloud Engineer, Computational Linguist တို့ အဖြစ် ရွေးချယ်နိုင်ပါတယ်။ နယ်ပယ်နှစ်ခုလုံးဟာ ယနေ့ခေတ်မှာ အလိုအပ်ဆုံး career တွေ ဖြစ်ပါတယ်။
အကယ်၍ သင်ဟာ အဆိုပါ နယ်ပယ်နှစ်ခုကို အခြေခံကနေစပြီး လေ့လာချင်တယ်ဆိုရင်တော့ Parami Institute of Continuing Education (PICE) မှာ Data Science Essential Course အတွက် အတန်းအပ်နိုင်ပါပြီ။
သင်တန်းနှင့် ပတ်သက်တဲ့ အသေးစိတ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
🔗 https://www.facebook.com/share/p/1AuCRFbMia/
သင်ကော ဘယ်အပိုင်းကို ပိုစိတ်ဝင်စားပါသလဲ။
💬 "Data Science လား၊ ဒါမှမဟုတ် Machine Learning လား" comment ခဲ့ပါ။
_____
🔍 Data Science vs. Machine Learning: What’s the Difference?
You’ve probably seen or heard these two terms everywhere lately. But for beginners, distinguishing between them can feel a little confusing.
🔍 Let’s make it clearer with an example.
Imagine a company suddenly experiences a drop in sales. They have tons of data, but they don’t really know why this is happening.
📊 This is where Data Science comes in.
Data Scientists collect, analyze, and visualize the data, then start asking precise questions:
“What changed?”
“When did it start?”
“Which factors are connected?”
🤖 After that, Machine Learning steps in.
Instead of just explaining what happened, Machine Learning goes further. It builds models based on the data to predict what might happen next:
“Sales might drop again next month.”
“These types of customers are likely to stay, while others may leave.”
🔍 In short, here’s the key difference:
📊 Data Science explains the story behind a problem. It’s broader, transforming raw data into useful insights across industries from business to government.
🤖 Machine Learning predicts future outcomes. Think of how social media automatically recommends content you like. It focuses on building algorithms and models that learn from data and generate predictions.
💼 Career paths:
📊 Data Science: Data Scientist, Data Analyst, Data Engineer, BI Analyst
🤖 Machine Learning: ML Engineer, AI Engineer, Cloud Engineer, Computational Linguist
Both fields are among the most in-demand careers today.
If you’d like to start learning from the basics, you can enroll in the Data Science Essential Course at Parami Institute of Continuing Education (PICE).
🔗 Read more details here: https://www.facebook.com/share/p/1AuCRFbMia/
So, which one interests you more?
💬 “Data Science or Machine Learning” share in the comments!
☎️ For more information, please contact us via our page messenger, email [email protected], or 09778839092 (Viber).
20/03/2026
🔍 Starting your research journey, but feeling a bit lost?
Many new researchers usually struggle with:
‼️ How do I even start a research topic?
‼️ Am I choosing the right method?
‼️ What if my data doesn’t make sense?
‼️ How do I write this in a proper academic way?
That is exactly what our Research Fundamentals Course is here to help you move from confusion to clarity, step by step. If you are interested in joining the Research Fundamentals Course, comment "YES".
18/03/2026
[English Text Below]
Field Research ဆိုတာ စာအုပ်ထဲက အသိပညာတွေထက် လက်တွေ့ကမ္ဘာမှာ တကယ် ဘာတွေဖြစ်နေလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူခြင်းပဲ ဖြစ်ပါတယ်။
သုတေသနပြုသူတွေဟာ လူတွေနဲ့ အခြေအနေတွေကို စာအုပ်တွေ၊ ကိန်းဂဏန်းတွေထဲမှာပဲ ကြည့်မနေဘဲ လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းခွင်နဲ့ သဘာဝနယ်ပယ်တွေထဲအထိ တိုက်ရိုက်သွားရောက်ပြီး လေ့လာစောင့်ကြည့်တာ၊ မေးမြန်းတာနဲ့ အတွေ့အကြုံတွေကို စုဆောင်းကြတာပါ။
ဒီလို Observation (လေ့လာစောင့်ကြည့်ခြင်း)၊ Interview (လူတွေ့မေးမြန်းခြင်း) နဲ့ Survey (စစ်တမ်းကောက်ယူခြင်း) စတဲ့ နည်းလမ်းတွေကတစ်ဆင့် သီအိုရီတွေထဲမှာ မရှိနိုင်တဲ့ လူတွေရဲ့ အမြင်နဲ့ အပြုအမူတွေကို ဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့်လည်း Field Research ကို လူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့နဲ့ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အဓိက အသုံးပြုကြတာပါ။
ဒါပေမဲ့ ထိရောက်တဲ့ သုတေသနတစ်ခုဖြစ်ဖို့ဆိုရင်
✅ မှန်ကန်တဲ့ သုတေသနမေးခွန်းတွေ မေးတတ်ဖို့လိုတယ်။
✅ သင့်တော်တဲ့ နည်းလမ်းတွေကို ရွေးချယ်တတ်ဖို့လိုတယ်။
✅ ရလာတဲ့ အချက်အလက်တွေကို သေချာခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုပါတယ်။
Parami Institute of Continuing Education (PICE) မှာ Research Fundamentals အတန်းအတွက် စာရင်းပေးသွင်းနိုင်ပါပြီ။ သုတေသနနယ်ပယ်ကို စတင်ဝင်ရောက်လာတဲ့ (beginners) များအတွက် နှင့် ပညာရပ်ဆိုင်ရာ သုတေသနနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သုတေသနတွေကို စတင်လုပ်ကိုင််လိုသူ (beginners)များအတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်လို့ သင်လည်း ပါဝင်တက်ရောက်နိုင်ပါတယ်။
🔗 စာရင်းပေးသွင်းရန် - https://forms.gle/vM87SCLG1nosaWSP6
☎️ အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊ [email protected] သို့ဖြစ်စေ၊ 09778839092 (Viber) မှတဆင့် ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
_____
Field research is about learning from the world as it actually happens. Instead of studying people or situations only through books or data sets, researchers go into real environments, such as communities, workplaces, or natural settings, to observe, ask questions, and understand experiences directly.
Methods such as observation, interviews, surveys, or group discussions help researchers capture perspectives and behaviors that may not appear in controlled or theoretical studies. Because of this, field research is widely used to explore social issues, understand communities, and gather insights that can inform real-world decisions.
However, doing field research effectively requires knowing how to ask the right research questions, choose suitable methods, and interpret the data you collect.
You can now register for the Research Fundamentals course at Parami Institute of Continuing Education (PICE). This course is designed for beginners who are just starting to explore the field of research, whether academic or professional. If you are interested in beginning your journey into research, you are welcome to join.
🔗 Register now: https://forms.gle/vM87SCLG1nosaWSP6
☎️ For more information, please contact us via our page messenger, email [email protected], or 09778839092 (Viber).
PICE - Registration Form (May 2026)
Welcome to Parami Institute of Continuing Education (PICE)! At PICE, we believe in lifelong learning. Our Professional and Personal Development Courses are designed to help you grow, gain new skills, and connect with others who share your interests. This form is for registering in our May 2026 cours...