13/06/2023
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
ယာယီတက္ကသိုလ်ကောင်စီ
+
တက်ရောက်ဆဲ ကျောင်းသားကျောင်းသူမှတ်ပုံတင်ရန် ခေါ်ယူခြင်း
(ပထမနှစ်မှ နောက်ဆုံးနှစ်အထိ သင်တန်းနှစ်အားလုံး မှတ်ပုံတင်ရန်)
+
၁။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သည် နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက် နှင့်အတူ ကြားကာလပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိပြီး သင်ကြားရေးသင်တန်းများကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။
+
၂။ ကနဦးအနေဖြင့် ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) နှင့် ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) တို့မှ တက်ရောက်ဆဲ ကျောင်းသားကျောင်းသူများအတွက် ကြားကာလပညာရေးသင်တန်းများကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။
+
၃။ ပထမအကြိမ်ခေါ်ယူမည့် သင်တန်းများကို သင်ယူကြမည့် စစ်ကျွန်ပညာရေးသပိတ်မှောက် CDM ကျောင်းသားကျောင်းသူများသည် သတင်းအချက်အလက်လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် စနစ်တကျ တည်ဆောက်ထားသော MES (Myanmar Education System) တွင် ဦးစွာမှတ်ပုံတင် (Registration) ရန်လိုအပ်မည်ဖြစ်ပါသည်။
+
၄။ ရှေးဦးစွာထိုစနစ်သို့ဝင်ရောက်ရန် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းသားမှတ်ပုံတင်ခြင်းကို အောက်ပါလင့် သို့မဟုတ် ကြေညာချက်ပါ QR Code မှတစ်ဆင့် ( https://shorturl.at/amGQ2 ) စတင်လျှောက်ထားရမည်ဖြစ်ပါသည်။
+
၅။ မှတ်ပုံတင်ခြင်းအချက်အလက်များကို ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ တက္ကသိုလ်မော်ကွန်းတိုက်၊ သတင်းအချက်အလက်ဌာနတွင် လုံခြုံစွာသိမ်းဆည်းထားမည်ဖြစ်ပြီး အချက်အလက်များမပေါက်ကြားစေရန် အထူးစီမံ ဆောင်ရွက်ထားရှိမည် ဖြစ်ပါသည်။ မှတ်ပုံတင်ကျောင်းသားကျောင်းသူများအနေဖြင့် ဆင်တူယိုးမှား လျှောက်လွှာများ မှားယွင်း ဖြည့်သွင်းခြင်းနှင့် အချက်အလက်ပေါက်ကြားခြင်းမှ ကာကွယ်နိုင်ရန် ယခု ကြေညာချက်မှ လင့်ကိုသာ လာရောက်ဖြည့်သွင်းရန် တိုက်တွန်းအပ်ပါသည်။
+
၆။ မှတ်ပုံတင်ကျောင်းသားကျောင်းသူများသည် စစ်ကျွန်ပညာရေးသပိတ်မှောက် CDM ကျောင်းသားကျောင်းသူများ စစ်မှန်ကြောင်း သက်ဆိုင်ရာကျောင်းသားရေးရာဌာန၏ အချက်အလက်စိစစ်စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပြီး မှတ်ပုံတင် ကျောင်းသားကျောင်းသူများတွက် သက်ဆိုင်ရာ ကျောင်းသားအမှတ်နှင့် ဆက်သွယ်ရန် Email များ ဆက်လက် စီစဉ်ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။
+
၇။ သို့ဖြစ်ပါ၍ ကနဦးဖွင့်လှစ်မည့် ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) နှင့် ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) တက်ရောက်ဆဲကျောင်းသားကျောင်းသူများအနေဖြင့် ကြားကာလပညာရေးသင်တန်း စတင်နိုင်ရန်အတွက် မှတ်ပုံတင်ခြင်းကို လျှင်မြန်စွာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
+
ယာယီတက္ကသိုလ်ကောင်စီ
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
08/05/2022
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာကျောင်းသား/ကျောင်းသူများအသင်း
၂၀၂၂ခုနှစ်၊ မေလ ၉ရက်
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ အမည်မည်းစာရင်း အသွင်းခံထားရသော ဆဋ္ဌမနှစ်ကျောင်းသူ မတာတာဝင်းကြိုင်သည် ယခုအခါတွင် စစ်ကောင်စီမှပေးသော အရည်အချင်းမပြည့်ဝသည့် ဘွဲ့လက်မှတ်အား ဂုဏ်သိက္ခာကင်းမဲ့စွာရယူ၍ ၎င်း၏ Facebook စာမျက်နှာပေါ်တွင် အရှက်တရားကင်းမဲ့စွာ ချပြထားသည်ကို တွေ့ရှိရပါသည်။
မိမိတို့အသင်းအနေဖြင့် စစ်ကောင်စီလက်အောက်ရှိ မည်သည့်ဘွဲ့လက်မှတ်တစ်စုံတရာမျှ အသိအမှတ်ပြုလက်ခံမည် မဟုတ်သကဲ့သို့ မည်သည့် ကျွန်သဘောက်ကိုမျှ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၏ ကျောင်းသား/ကျောင်းသူများအဖြစ် ဆက်လက်အသိအမှတ်ပြုနေမည်မဟုတ်ပေ။
သို့ဖြစ်ပါ၍ ထိုသို့သော ကျွန်သဘောက်များအား မိဘပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် လူမှုရေးပြစ်ဒဏ်ပေးရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ကျွန်ုပ်တို့အသင်းအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ၏ သဘောဆန္ဒအတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၂၁ခုနှစ်၊ ဇွန်လ ၂၉ရက် အမည်မည်းစာရင်း ကြေညာခံထားရသူများ
https://m.facebook.com/story.php?story_fbid=944113649706947&id=159668008151519
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာကျောင်းသား/ကျောင်းသူများအသင်း
17/03/2022
" ဘွဲ့မရလည်း အလုပ်ခန့်မယ်'' ဆိုတဲ့ သူတွေ Page Chatbox ကို လာခဲ့ပေးပါ။
ဒီ အစီအစဥ်က ဘွဲ့မရသေးလည်း အလုပ်ခေါ်ချင်တဲ့ ပိုင်ရှင်တွေနဲ့ အလုပ်လိုချင်တဲ့ ကျောင်းသားတွေကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
CDM ကျောင်းသားတွေအနေနဲ့ ကျောင်းလည်းမတက်ဖြစ်တာနဲ့ အလုပ်တွေကို လုပ်ချင်ကြပါတယ်။ဒါပေမယ့် ဘွဲ့ရမှ အလုပ်ခန့်တာကြောင့် သူတို့လေးတွေအတွက်
မျှော်လင့်ချက် မဲ့လျက်ရှိပါတယ်။
ဘွဲ့ထက် အရည်အချင်း လုပ်ရည်ကိုင်ရည်ပဲ ကြည့်ပြီး အလုပ်ခန့်ပါ့မယ် ဆိုတဲ့ အလုပ်ပိုင်ရှင်တွေ အနေနဲ့ Page Chatbox ကို
လာပြီး စာရင်းလေးတင်ထားပေးပါ။
စာရင်းတင်တဲ့အခါ အသေးစိတ်ထက် ယေဘူယျ အချက်အလက်လေးတွေကို ပဲ တင်ထားပေးရင်ရပါပြီ။(အသေးစိတ် CB)
(အချိန်ပိုင်း။အချိန်ပြည့်။အွန်လိုင်းအလုပ်။မြေပြင်အလုပ် အဆင်ပြေရာရပါတယ်။)
ရရှိတဲ့ အလုပ်ခေါ်စာတွေကို စုပြီး CDM ကျောင်းသားတွေ နဲ့ချိတ်ဆက် ပေးမှာ ဖြစ်ပါတယ်။
(လုံခြုံရေးအတွက်လုံးဝတာဝန်ယူပါတယ်)
ပါးစပ်နဲ့ထက် လက်တွေ့ကူညီပေးကြပါ။
Share တစ်ချက်က အတော်အတန်ခရီးရောက်စေပါသည်။
လောလောဆယ်မှာ အလုပ်လျှောက်လွှာများကို လက်မခံသေးပါခင်ဗျ။
အလုပ်ခန့်မယ့် အလုပ်ရှင်တွေကိုပဲ လက်ခံပါသေးတယ်။
(ယခု ဝန်ဆောင်မှုကိုမြန်မာတစ်ပြည်လုံးသို့ ဖြန့်ကျက်မည်ဖြစ်သည်။)
#ကြံဆောင်သမျှအောင်ပါစေ
10/02/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဥ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဥ်
ကြားကာလပညာရေး အစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ကျောင်းသားများကွန်ရက် မှ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်း၍ စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
ကာလတိုသင်ကြားရေး အစီအစဥ်အဖြစ် ဖော်ပြပါ Webinar အားကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
“Power Flow Studies”
ပို့ချမည့်ရက် - ဖေဖော်ဝါရီလ (၁၂) ရက်၊ ၂၀၂၂ ခုနှစ်။ (စနေနေ့)
ပို့ချမည့်အချိန် - မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ။
ဖောင်ပိတ်မည့်ရက် - ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၂ ခုနှစ်။ (သောကြာနေ့)
အသုံးပြုမည့် Platform - Zoom app
ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများအပြင် လျှပ်စစ်စွမ်းအားဆိုင်ရာ ပညာရပ်အား စိတ်ပါဝင်စားသူ မည်သူမဆို Zoom မှတစ်ဆင့် တက်ရောက်နားထောင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းသားအရေအတွက်အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးနိုင်သည့်အတွက် အမှန်တကယ် တက်ရောက်နိုင်မည့်သူများသာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤသင်တန်းအား Electrical Power Students' Network မှ စီစဥ်ခြင်းဖြစ်သည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
ဖောင်တင်ရမည့်link - https://forms.gle/X7jJeBFzMAS8rhDh9
Electrical Power Students' Network page
https://www.facebook.com/Electrical-Power-Students-Network-104804138636099/
Zoom linkများကို Emailမှတစ်ဆင့် ပေးပိုသွားပါမည်။ Email စစ်ရာတွင် Inboxတွင် မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါသည်။
08/02/2022
အားလုံးပဲ မင်္ဂလာပါ
လျှပ်စစ်စွမ်းအားကျောင်းသားများကွန်ရက်မှ ကျောင်းသား၊ကျောင်းသူများ စဉ်ဆက်မပြတ်သင်ကြားနိုင်ရေးအတွက် Webinar တစ်ခုအား
Power Flow Study ခေါင်းစဉ်ဖြင့် သင်ကြားသွားမည်ဖြစ်ပါဖြစ်ပါတယ်။ I BE to VI BE ကျောင်းသားတိုင်း တက်ရောက်နိုင်ပါတယ်။
⏰ဖောင်ပိတ်မည့်ရက် - 11.2.2022(12am)
⏰ သင်တန်းအချိန် - 12.2.2022(10am)
အသုံးပြုမည့် platform - Zoom app
ဖောင်တင်ရမည့်link - https://forms.gle/X7jJeBFzMAS8rhDh9
⚠️⚠️ သင်တန်းသားအရေအတွက် အကန့်အသတ်ဖြင့်သာလက်ခံသင်ကြားပေးနိုင်သည့် အတွက် အမှန်တကယ်သင်တန်းကာလ ပြီးဆုံးသည်အထိတက်ရောက်နိုင်မည့်သူများသာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
❗❗မှတ်ချက် Zoom linkများကို Emailမှတစ်ဆင့်ပေးပို့သွားပါမည်။ Emailစစ်ရာတွင် Inboxတွင်မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါသည်။
#လျှပ်စစ်စွမ်းအားကျောင်းသားများကွန်ရက်
Registration Form For Webinar 4
Webinar Title - "Power Flow Studies" Date - 12/02/2021 (Sunday) Time - 10 am Location - Zoom Meeting
30/01/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဥ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဥ်
ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်ဆောင်ရွက်လျက်ရှိသည်။
Basic Industrial Motor Control
သင်တန်းစတင်မည့်ရက် - ၅.၂.၂၀၂၂ (စနေနေ့)
သင်တန်းကြာချိန် - ၂လခန့်
ကန့်သတ်လူဦးရေ - (၂၀၀) ဦးခန့်။
သင်တန်းအချိန် - အပတ်စဉ် စနေ၊ တနင်္ဂနွေ ( 7pm to 9 pm)
အသုံးပြုမည့် platform - Zoom app
သင်တန်းသားအရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးနိုင်သည့်အတွက် အမှန်တကယ်သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်နိုင်မည့်သူများသာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤသင်တန်းအား Electrical Power Students' Network မှ စီစဥ်ခြင်းဖြစ်သည်။ Course outline အသေးစိတ်ကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။
Course Detail
Course Description - To Study the Basic Electronics devices and Motor Control System
Duration
Contents
Week I – (1) Introduction of Basic Motor Control System
Week II - (2) Principle Operation of DC Motor
Week III - (5) Manual Control of AC Single Phase Induction Motor
Week IV - (8) Magnetic Contactor Based AC Single Phase
Week V - (10) Basic Timer Application
Week VI - (13) Automatic Water Level Control by DOL Starter
Week VII - (15) Basic Parameter Setting of VFD
Week VIII - (17) VFD Based Forward-Reverse Control of AC
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
ဖောင်တင်ရမည့်link - https://forms.gle/NfFQ8atjmtUyRDmKA
ဖောင်ပိတ်မည့်ရက် - ၃၁.၁.၂၀၂၂ (တနင်္လာနေ့)
Electrical Power Students' Network page
https://www.facebook.com/Electrical-Power-Students-Network-104804138636099/
Zoom linkများကို Emailမှတစ်ဆင့် ပေးပိုသွားပါမည်။ Email စစ်ရာတွင် Inboxတွင် မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါသည်။