Biz For you Training Center

Biz For you Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Biz For you Training Center, Education, No. 32, U pho shwe Street , Sayar San North West Word , Bahan Township, Yangon.

Photos from Biz For you Training Center's post 13/07/2022
08/11/2018
03/06/2018

ဒီနေ့ မျှဝေချင်တဲ့အကြောင်းအရာကတော့ ပညာရေးနဲ့ အသက်မွေးဝမ်ကြောင်းချင်နဲ့ပတ်သက်တာလေးကိုဝေမျှချင်ပါတယ်.....
ဘဝမှာ အချိန်က တွက်ကြည့်ရင်တိုတောင်းလွန်းပါတယ်
တိုတောင်လှတဲ့ဘဝမှာ ကျွမ်းကျင်တဲ့ပညာရပ်အသက်မွေးဝမ်းကျောင်ပညာကိုသင်ယူရတာ တိကျတဲ့ရည်ရွယ်ချက်ပန်းတိုင်ကအရေးကြီးပါတယ်
နေစဉ်ကျွန်တော်တို့ဘဝမှာ ရောင်ဝယ်နေရပါတယ်
ဆရာဝန်လဲတတ်ကျွမ်းတဲ့ပညာနဲ့ကျန်မာချင်းဝန်ဆောင်မှုပေးနေရသလို
အင်ဂျင်နီယာလဲ ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ ဝန်ဆောင်မှုပေးနေရတယ်ကုန်သည်လဲကုန်ဆည်ကို ရောင်ချ အသက်မွေးဝမ်းကျောင်းရပါတယ်
ဒီနေ့ဖတ်ဖြစ်တဲ့ ဆယ်တန်အောင်စာရင်ထွက်ပြီး အသက်မွေးဝမ်းကျောင်းပညာအတွက်ရွှေးချယ်မှုနဲ့ပတ်သက်တာကို ဗဟုသုတအနေနဲ့ဖတ်ဖြစ်ပါတယ်
အဲ့ဒီမှာ အရေးကြီးတာတခုပြေားချင်တာက ကိုရွှေးချယ်တဲ့ ပညာရပ် အသက်မွေးဝမ်းကျောင်ပညာကိုတန်ဖိုးထားဖို့ အထင်မဆသးဖို့လိုပါတယ်လို့သတိပြုမိပါတယ်
ကိုရွှေးချယ်မှုကို ကိုတန်ဖိုးမထားရင် ကိုယ့်ကိုယ်ကို တန်ဖိုးမထားရာရောက်ပါတယ်
ဝန်ထမ်းလုပ်လုပ် ကိုပိုင်လုပ်လုပ် မိမိအလုပ်ကိုတန်ဖိုးထားဖို့လိုပါတယ်
မိမိဝါသနာပါရာကို ရွှေးချယ်မိတဲ့သူတွေအဖို ဒီ ကိစ္စ သိပ်စဉ်စားစရာမလိုပါဘူး
အခြေအနေအရ ဝါသနာပါမပါမသေချာပဲရွှေးချယ်မိတဲ့သူတွေမှာ သတိထားရမဲ့ ကိစ္စပါ
ကိုယ်ရွှေချယ်ထားတဲ့အသက်မွေးဝမ်ကျောင်းကိုကိုချစ်အောင်ကြိုးစားပါလိုတိုက်တွန်းချင်ပါတယ်
ပြီတော့ရည်မှန်းထားတာကိုအရောက်သွားပါ
ဘယ်သူဘာပြေားပြေား ကိုယ်ယုံကြည့်မှုကိုရှေ့ဆက်လျောက်ပါ
ဒီနေရာမှာကျွမ်ကျင်စိတ်ချရသူတွေနဲ့လဲတိုင်ပင်ပါ
မိမိ ရွှေးချယ်ထာတဲ့လမ်ကျောင်က ရှိတဲ့စပ်ဆက်တဲ့ပညာရပ်တွေကိုလဲသင်ယူပါ
လမ်းကြောင်းအမြဲးပြောင်းနေရင်လဲ ပြသနာရှိပါတယ် အရမ်းမများဖို့လိုပါတယ်
ဘဝမှာလူတော်တော်များများတက်မြောက်သင့်တဲ့ပညာထဲးမှာ စီမံခန့်ခွဲးမှု
အရောင်အဝယ်နဲ့ ဈေးကွက် ငွေကြေးနဲ့ တခြားသေားအရေးကြီးတဲ့ပညာရပ်တွေရှိပါတယ်
ကျွန်တော်သိတာကိုပဲအဓိကဥပမာပေးရတာပါ
ပညာရပ်တွေသင်ကြားပြီရင်လက်တွေအသုံးချဖို့အချိန်ဆိုတာလိုအပ်ပါတယ်
အဲ့ဒီအချိန်မပေးပဲ ကျွမ်းကျင်ဖို့မဖြစ်နိုင်ပါဘူး
ဒါကြောင့် သင်ယူမှုမပြုခင်စဉ်စားပြီးကြိုတင်လေ့လာဖို့ တကယ်သင်ကြားပြီရင်လဲ အချိန်ပေးပြီလက်တွေ့လုပ်ဆောင်ဖို့အတွက်တိတိကျကျရွှေးချယ်ဖို့ ရွှေချယ်မှုမများဖိုတိုက်တွန်းရတာပါ နောက်တချက်က အချိန်ကလဲသိပ်များများမရဘူးဆိုတာသတိပြုဖိုပါ
နောက်တချက်ကလဝေဖန်ခံနိုင်ရပါမယ်
ဘယ်သူဝေဖန်ဝေဖန် မိမိ ယုံကြည့်မှုအတိုင်ရှေ့ဆက်ပါ
ဒိအတွက် စိတ်ဓာတ်ခိုင်မာမှုလိုပါတယ်
နောက်တချက်မိမိလုပ်ဆောင်ချက်မှန်ကန်ရဲ့လား ဆန်းစစ်ပါ လိုအပ်ပါက မိမိ ရွှေးချယ်ထားတဲ့ လိုင်မှာရှိတဲ့ ကျွမ်းကျင် ယုံကြည်ရတဲ့ ပညာရှင်နဲ့တိုင်ပင်ပါ
ပညာရပ်အနေနဲ့ပေးနိုင်တာကတော့ တွေးခေါ်မှုလိုအပ်တဲ့ ညွန်ကြားမှုတွေကို စာတွေ့ ပေထားချက်ကိုဆက်စပ် တွေခေါ်ပြီ ဆက်လက်သင်ကြားရအုံးမှာပါ လက်တွေ့သင်ယူ လေ့လာရအုံးမှာပါ
စာတွေ့လက်တွေ့လေ့လာသင်ယူမှု့ကိုရပ်ထားလို့မရပါဘူး
စိတ်ပါဝင်စားမှုတကယ်ရှိရင်ထပ်ထပ်လေ့လား ချင်နေပါအုံးမယ်

အသက်မွေးဝမ်းကြောင်လိုဆိုလိုက်ရင်လက်တွေ့သင်ယူမှုပါလို လုံးဝမမေ့သင့်ပါဘူး
ဥပမား စီမံခန့်ခွဲးမှု အရောင်းဈေးကွက်ပညာကိုစာတွေ့ သင်ယူပြီရင်လက်တွေ့သွားလုပ်ဖို့လိုပါတယ် ကျွမ်းကျင်သူရဲ့ကွပ်ကဲးမှုအောက်မှာလုပ်ဆောင်ဖို့မမေ့ပါနဲ့
ကိုယ်ရွှေးချယ်ထားတဲ့ သက်မွေးဝမ်းကြောင်းမှု ပညာရပ် လက်တွေ့သင်ကြားမှုတွေကို တန်ဖိုးထားပြီဆက်လက်သင်ယူနိုင်ပါစေ

Biz for you Training center

28/05/2018

အသေးစား အလတ်စား ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ အတွက်ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတခုကို စနစ်တကျ အစပြုနိုင်ဖို့ Biz For U Training Centre မှ ပြုလုပ်မည့် Empower Your Business Through SYB က သင့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှု တခုဖြစ်စေမှာပါ။

International Labour Organization(ILO) အသိအမှတ်ပြုတဲ့ Certificate လက်မှတ်ကို ပေးအပ်သွားမည်ဖြစ်သည့်အပြင် ပထမဦးဆုံး အပ်နှံသူ ငါးဦးအတွက် ၁၅% Discount ပေးသွားမှာဖြစ်လို့ လူမပြည့်ခင် အမြန်စာရင်းပေးဖို့တော့ လိုမယ်နော်။

ဘယ်လိုလုပ်ငန်း လုပ်ရမလဲ ဆိုတဲ့ Business Idea မရှိသေးတဲ့ အခြေအနေတခုကနေ လုပ်ငန်းတခုကို လက်တွေ့ချက်ချင်း စပြီး အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေဖိ လက်တွေ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေ တက်သင့်သလဲ ?
တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေတဲ့လူငယ်တွေ
စီးပွားရေးအတွေးအမြင်အသစ်တွေ ရရှိလိုတဲ့ လူကြီးလူငယ်မရွေး
Company ဝန်ထမ်းဘဝမှ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ကြိုးစားနေသူများ IDEA အသစ်များရရှိရန်
ကိုယ်ပိုင်လုပ်ငန်းတခုကို အစပြုဖို့ စတင်စဉ်းစားနေတဲ့သူတွေ
တနိုင်တပိုင် စီးပွားရေးမှ စနစ်တကျ လုပ်ငန်းချဲ့ထွင်လိုသော ကိုယ်ပိုင်လုပ်ငန်းရှင်များ
NGO ဝန်ထမ်းများ နှင့် အစိုးရဝန်ထမ်းများ
အချိန်ပိုင်း အလုပ်လုပ်နေသော လူငယ်များ
ကိုယ့်ထူးကိုယ်ချွန်ရပ်တည်ချင်သော လူငယ်များ

ဘာတွေ သင်မှာလဲ?
STRATEGIC MARKETING PLAN
လုပ်ငန်းများအတွက် တန်ဖိုးရှိသော Loyal Customers များရရှိအောင် Marketing Strategy ရေးဆွဲနည်း

FIELD SURVEY
ဈေးကွက်ထဲကို ကွင်းဆင်းလေ့လာခြင်း

PREPARING BUSINESS PLAN
စီးပွားရေး အစီအစဉ်တခုကို ပြင်ဆင်ခြင်း

COSTING PLAN
လုပ်ငန်း၏ ကုန်ကျစရိတ်များကို တွက်ချက်နည်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်းပညာ

FINANCIAL PLAN
ငွေကြေးဆိုင်ရာ အစီအစဉ်ရေးဆွဲခြင်း

ORGANIZATION STRUCTURE AND MANAGEMENT
အဖွဲ့အစည်း တည်ဆောက်ပုံ နှင့် စီမံအုပ်ချုပ်မှု

GREENING YOUR BUSINESS
ကမ္ဘာမြေစိမ်းလန်းရေး နှင့် သဟဇာတဖြစ်သော စီးပွားရေး အစီအမံ

START UP CAPITAL
လိုအပ်သော အစပြု ရင်းနှီးမတည်ငွေ တွက်ချက်ခြင်း

အထက်ပါ ဘာသာရပ်တွေကို မြင်သာထင်ရှားသော ရိုးရှင်းပြီး နားလည်ရလွယ်ကူသော သင်ကြားရေးနည်းစနစ်များနှင့် အတွေ့အကြုံရှိသော သင်တန်းဆရာ ဆရာမများမှ ပို့ချသွားမှာ ဖြစ်ပါတယ်။

သင်ပေးရတဲ့အချိန် နဲ့ သင်တန်းကြေးထက်ပိုထိုက်တန်တဲ့
စဉ်းစားတွေးခေါပုံများ
လုပ်ငန်းနယ်ပယ်စုံမှသူများ နှင့် အတွေ့အကြုံဖလှယ်ခြင်းများ
လက်တွေ့ကွင်းဆင်းခြင်း အတွေ့အကြုံများ
အတွေ့အကြုံရှိ စီးပွားရေးလုပ်ငန်းများနှင့်
တွေ့ဆုံဆွေးနွေးကာ သင့်လုပ်ငန်းအတွက် အကြံပြုချက်များ ရရှိနိုင်မှာဖြစ်ပါတယ်။

သင်ကြားပို့ချမည့် သင်ကြားရေးနည်းစနစ်များ
ACTIVE TRAINING METHODS
DIFFERENT TRAINING MATERIALA
ICE-BREAK ACTIVITIES
PRESENTATIONS
LECTURES
ROLE PLAYS
BRAIN STORMING
GROUP WORK
CASE STUDIES

ဘယ်သူတွေသင်မှာလဲ?
ဒေါ်ဇင်မေကျော်
B.Pharm (University of Pharmacy) 2004
M.B.A (Yangon Institute of Economics) 2011
Diploma in Global English
More than 5 years experience in Training and Development field in Pharmaceutical Industry
QA & Training Manager at AA Medical Products Limited
ILO Certified SIYB Trainer

ဦးစံလင်းထွန်း
LL.B (Bachelor of Law)
Diploma in Business Management (Sanderland college,UK)
Diploma in Leadership (Global Gate Way University , USA)
Diploma in Psychology (Alison, Ireland)
Certificate in Marketing Strategy
Certificate in Marketing Business
Certificate in Marketing English
Advance Cetificate in Personal Psychology
Advance Apply Cetificate in Pharmacetical Management
AA Medical Product Limited
Mega life science LTD
Medi Myanmar Group Limited
Vimal Company Limited
RVK Meditech Limited (Pyin Oo Lwin , MPF Factory)

သင်တန်းချိန်
9:00 AM – 5:00 PM
3th June 2018 (Sunday) မှစတင်၍ တစ်ပတ်တစ်ရက်နှုန်းဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း 17th(Sunday) နေ့အထိ ၃ရက်တိတိ သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။

သင်တန်းကြေး
၇၀၀၀၀ ကျပ်တည်းဖြင့် တက်ရောက်နိုင်ပါပြီ။

ဆက်သွယ်ရန် ဖုန်းနံပါတ်
09964200398
09971348648

သင်တန်းခန်းမ
တိုက်အမှတ် ၁၆၆(ခ) အခန်း8B , စမ်းချောင်းလမ်း၊
မြေနီကုန်း City Mart ဘေး မြစံပယ် စားသောက်ဆိုင် အပေါ်ထပ်၊
(ဓါတ်လှေကားနံပါတ်၇ သို့နှိပ်ပါ)

Photos from Biz For you Training Center's post 30/04/2018

Biz for you Training center သို့တက်ရောက်လိုသေားသင်တန်းသားများခင်ဗျာ သင်တန်း ရက် အတိအကျ ထွက်ပါပြီခင်ဗျာ သင်တန်အပ်စတင်လက်ခံပါပြီ

20/04/2018

CV နဲ့  Resume ဘာကွာခြားသလဲ

ကျွန်တော်တို့ တွေ့ နေရတဲ့ အလုပ်ခေါ်စာတွေ မှာ တစ်ခါ တစ်ရံ CV နဲ့ လျှောက်ခိုင်းပြီး တစ်ခါ တစ်ရံ Resume နဲ့ လျှောက်ခိုင်းတာမျိုး တွေ့ ရပါတယ်..လူတော်တော်များများကတော CV နဲ့  Resume ကို တူတူလို့ ထင်ပြီး တင်လိုက်ကြတာပါပဲ ..ကျွန်တော်လည်း အဲ့လို မျိုး တင်ခဲ့မိတာ တော်တော်များပါတယ်..အယင်ကဆို နားလည်ထားတာက CV ဆိုတာ British usage, Resume ဆိုတာ US usage ဆိုပြီးတောင် ထင်ထားမိတာပါ။
အခုနောက်ပိုင်းကျမှ CV နဲ့  Resume မတူတာကို ပိုပြီးနားလည်လာပါတယ်…. CV နဲ့  Resume မှာ ကွဲပြားခြားနား ချက်တော်တော် ရှိပါတယ်..တူမလို ထင်ရပေမယ့် တကယ်တော့ မတူပါဘူး…

CURRICULUM VITAE သို့  ‘CV’

CV ဆိုတာ Latin စကားအရ “Course of Life” လို့ ဖွင့် ဆိုထားပါတယ်…. သူ က Professional documentation တစ်ခုဖြစ်ပြီး သူ့ အထဲမှာ CV ပိုင်ရှင် ရဲ့  အချက်အလက် အသေးစိပ်ပါပါတယ်… ပုံမှန် ပြည့်စုံတဲ့ CV တစ်ခုမှာ CV ပိုင်ရှင်ရဲ့ ပညာရေး၊ သင်ကြားရေး အတွေ့ အကြုံ၊ သုတေသနအတွေ့ အကြုံ၊ စာတမ်းပြုစုထားမှု၊ စာတမ်း တင်ပြထားမှု၊ ဆု၊ ဘွဲ့ ထူး များ ရရှိထားမှု၊ scholarship ထောက်ပံ့ခံရမှု စတဲ့အသေးစိပ်အချက်အလက်များပါပါတယ်…သင့် အနေနဲ့ Linkedin profile ကို သုံးပါက သတိထားမိမှာပါ… Linkedin ရဲ့  format က CV format ကို ယူထားတာပါ။

RESUME ခေါ် ‘Résumé’

လူတော်တော်များများက resume လို့ ဆိုလိုက်ယင် CV လို့ ထင်ကြပါတယ်… အခုနောက်ပိုင်း company တော်တော် များများ ရဲ့  HR သမားတွေက Resume စတိုင်နဲ့ ရေးထားတဲ့ အလုပ်လျှောက်လွာတွေကို ပိုပြီးသဘောကျလာပါတယ်..
Resume မှာ ပါဝင်တာကတော့ သင့်ရဲ့ လုပ်ငန်းအတွေ့ အကြုံ များ ၊ ကျွမ်းကျင်မှုများ၊ လျှောက်မည့် အလုပ်နဲ့ ကိုက်ညီမယ့် လုပ်ဆောင်နိုင်ရည်များ စသည်တို့ ပါဝင်ပါတယ်… သူ့ ကို ကြည့်လိုက်တာ နဲ့  သင့် ရဲ့ အရည်အချင်း ကျွမ်းကျင်မှုများနဲ့ လျှောက်တဲ့ အလုပ်ကိုက်ညီမှု ရှိမရှိကို သိနိုင်ပါတယ်…
အဓိကကွာခြားချက်များ
အဓိကကွာခြားချက်များကို သိထားခြင်းဖြင့် အလုပ်ခေါ်စာကိုကြည့်ပြီး ဘာကို တင်သင့်လဲ ဆိုတာ သိရှိလာမှာပါ။

CV အသုံးပြုရမည့် နေရာများ

CV ရဲ့ သဘောသဘာဝအရ အသေးစိပ်ကျမှုကို ဦးစားပေးပါတယ်… အဲ့ဒါဆို CV ကို အဓိက လိုတဲ့အလုပ်တွေက ပညာရေးနဲ့ ဆိုင်တဲ့ အလုပ်တွေ များတတ်ပါတယ်..ဥပမာ professor တစ်ယောက် က university တစ်ခုမှာ လျှောက်မယ်ဆိုယင် သူ့ ရဲ့  education life တစ်လျှောက် အလုပ် လုပ်နေတဲ့ ကာလတစ်လျှောက် ဘာ သုတေသနတွေ လုပ်ခဲ့လဲ…ဘာ ဆုတွေ ရခဲ့လဲ..ဘယ်ကျောင်းတွေမှာလုပ်ခဲ့လဲဆိုတဲ့ အသေးစိပ်အချက်အလက်တွေ လိုအပ်ပါတယ်..
ကျောင်းအလုပ်တွေအပြင် CV ကို အတောင်းများတဲ့ လုပ်ငန်းတွေကတော့ မိမိရဲ့ နောက်ကြောင်းကို အသေးစိပ် သိဖို့ ရာလိုအပ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်..ဥပမာ တပ်မတော်အရာရှိ၊ ရေနံတွင်း အင်ဂျင်နီယာ၊ အစိုးရ အရာရှိ။ စသည်တို့ ပါ။
အလားတူ စကော်လာရှစ်တော်တော်များများနဲ့ ကျောင်းဝင်ခွင့်တော်တော်များများက CV ကို တောင်းလေ့ ရှိပါတယ်…
Resume ကတော့ အလုပ် ရှာသူတော်တော်များများ အတွက် မရှိမဖြစ် ရှိရမယ့် အရာပဲဖြစ်ပါတယ်.. Resume မှာ သင့် ရဲ့  ပညာအရည်အချင်းပါမယ်… အလုပ် အတွေ့ အကြုံပါမယ်… အဲ့ဒီ ပညာအရည်အချင်းနဲ့ အတွေ့ အကြုံကို ဖော်ပြရာမှာ ရှိသမျှ ပညာ အရည်အချင်း အတွေ့ အကြုံများကို ဖော်ပြစရာမလိုပါ။ ကိုယ်လျှောက်မယ့်အလုပ်နဲ့ ကိုက်ညီတဲ့အရာများကို သာ ဖော်ပြရပါမယ်….အလုပ်လျှောက်သူတော်တော်များများကို Resume ကို သေချာ မရေးကြပါဘူး…အလုပ် အမျိုးအစားပေါ်မူတည်ပြီးကိုယ့်ရဲ့  resume က ပြောင်းလဲ မှု ရှိရမှာပါ…အခုအခါမှာ Resume ကို profit ကော non-profit အဖွဲ့ အစည်းတွေမှာ တော်တော် များများ သုံးလာကြပါတယ်…အလုပ်ရှင်တွေအနေ နဲ့ လဲ Resume ကို ပိုပြီး တောင်းဆိုလာကြပါတယ်..
အောက်မှာ ဖော်ပြထားတာတွေကတော့ CV နဲ့ Resume မှာ ပါဝင်ရမယ့် အချက်တွေပါပဲ။

CV တစ်ခုနဲ့ တစ်ခု ဖွဲ့ စည်း တည်ဆောက်ပုံကွာခြားတတ်ပါတယ်။ ဒါပေမယ့် အဓိက ပါဝင်ရမယ် အချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

1. Name and contact information (အမည်နှင့် ဆက်သွယ်ရန်လိပ်စာ)
2. Areas of interest (မိမိ စိတ်ဝင်စားသော လုပ်ငန်းနယ်ပယ်)
3. Education, Thesis and Dissertations (ပညာအရည်အချင်း၊ စာတမ်းပြုစုထားပါက ပြုစုထားသော စာတမ်း)
4. Grants, Honors and Awards (ရရှိခဲ့ဘူးသော ဆုများ၊ ဘွဲ့ ထူးများ)
5. Publications and presentations (ဖြန့် ချည် ခဲ့ဘူးသော စာတမ်းများ)
6. Employments and Experience till date. (လုပ်ခဲ့သော အလုပ်အကိုင်များနှင့် အတွေ့ အကြုံများ)
7. Scholarly and Professional memberships (မင်ဘာ ၀င်ရောက်ထားသော အသင်းအဖွဲ့ များ)
8. References and Citations (though very rare) (အပေါ်မှ အချက်များကို ထောက်ခံပေးနိုင်တဲ့ အချက်အလက်များ)

Resure မှာဆိုယင်တော့ CV ကဲ့သို့ အသေးစိပ် ဖော်ပြခြင်း မျိုး သိပ်မရှိတတ်ပါဘူး။ Resume တစ်ခု မှာ ပါသင့်တဲ့အချက်တွေကို အောက်မှာဖော်ပြထားပါတယ်။

1. Name and contact information (အမည်နှင့် ဆက်သွယ်ရန်လိပ်စာ)
2. Education (ပညာ အရည်အချင်း)
3. Work experiences (လုပ်ငန်း အတွေ့ အကြုံ)
4. Relevant skills and expertise (လျှောက်မည့် အလုပ်အကိုင်နှင့် ပက်သက်သော ကျွမ်းကျင်ပိုင်နိုင်မှု)

ကိုဟိန်း (Prospect Myanmar)
www.facebook.com/prospectmyanmar

Idehen Kelly Osahen ရဲ့  Differences between CV and Resume မှ ကိုးကားထားပါသည်။

Paws Gabar - ပေါတို့ရဲ့ကမ္ဘာ Paws Media
Commercial contact: 09457177622

19/04/2018

Biz for you Training Center သို့ တက်ရောက်လိုသူများအနေဖြင့် ယခုpage ကိုlike and share ပါက သင်တန်းကြေ ၁၀% Discount ရရှိမှာဖြစ်ပါတယ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


No. 32, U Pho Shwe Street , Sayar San North West Word , Bahan Township
Yangon
098