Rainbow Art Studio

Rainbow Art Studio ဆရာပန်းချီတို့မောင်နှံနှင့်အတူ
ကလေးများပန်းချီရေးဆွဲရာနေရာလေး

22/08/2026

Rainbow လေးတွေရဲ့
ကမ္ဘာငယ်လေး

 #လူကြီးများအတွက်ကျောင်းစာတွေနဲ့အချိန်ပေးခဲ့ရတဲ့ရက်သတ္တပတ်အပြီးပိတ်ရက်လေးတွေမှာစိတ်ထွက်ပေါက်လေးအဖြစ်ကလေးတွေအတွက်Rainbow ...
22/08/2026

#လူကြီးများအတွက်
ကျောင်းစာတွေနဲ့အချိန်ပေးခဲ့ရတဲ့ရက်သတ္တပတ်အပြီး
ပိတ်ရက်လေးတွေမှာ
စိတ်ထွက်ပေါက်လေးအဖြစ်
ကလေးတွေအတွက်
Rainbow Art Studio မှာ
ပန်းချီရေးကြသလို

အိမ်ထောင့်တာဝန်ကျေပြွန်နေရတဲ့
လူကြီးမိဘတွေမှာလဲ
စိတ်ထွက်ပေါက်လေးတခု
(မဖြစ်မနေ) လိုအပ်လို့နေမှာပါဘဲ

=============================

ဆရာရေ လူကြီးတန်းလေးတွေ
ဘယ်တော့ဖွင့်မလဲဆိုပြီး
မေးလာတဲ့အခါတိုင်း

ဇီဇဝါအိမ်ရာမှာဖွင့်ခဲ့ဖူးတဲ့
လူကြီးပိုင်းတွေသီးသန့်
Friday class လေးကိုသတိရမိတယ်

ပြပွဲကိစ္စတွေကြောင့်
အချိန်မပေးနိုင်တော့လို့
Friday Class လေးကို
ရပ်နားထားပြီးတဲ့နောက်ပိုင်း
ပြန်မစနိုင်ခဲ့ပါဘူး

ထိုစဥ်အခါက
Friday ရောက်တိုင်း
ပန်းချီအတူရေး အတူစား
အောက်ဒိုးသီးသန့်အပြင်ထွက်ရေးကြလို့

သောကြာနေ့ရောက်တိုင်း
ဆရာပန်းချီကိုယ်တိုင်
စိတ်လက်ပေါ့ပါးသွားသလိုခံစားရလို့
အမှတ်ရမိနေပါတယ်။

=============================

သားသားမီးမီးတို့ကျောင်းတွေပို့အပြီး
ပြန်မကြိုရသေးခင်အချိန်ပိုင်းအတွင်း
အချိန်တွေပိုနေခဲ့ရင်
တပတ်မှာတရက်
ရိန်းဘိုးပန်းချီစတူရီယိုလေးမှာ

ပန်းချီရေးချင်တဲ့ ဖေဖေ မေမေ
ဦးဦး ဒေါ်ဒေါ် နဲ့ ဖိုးဖိုး ဖွားဖွားများ
ပန်းချီရေးဆွဲဖို့ စိတ်ဝင်စားပါက

ဖုန်း 09-79904 2005 (Viber) ထံ
ဆက်သွယ်စုံစမ်းနိုင်ပါတယ်

လေးစားစွာဖြင့်

ဆရာပန်းချီ
Rainbow art studio
သံသုမာလမ်းမတန်း (တ/ဥစေတီအနီး)
တောင်ဥက္ကလာပ ရန်ကုန်မြို့

Nissi လေးရဲ့ကြိုးစားမူ
22/08/2026

Nissi လေးရဲ့ကြိုးစားမူ

ဆုံးရူံးထားရတဲ့ သားသမီးမေတ္တာတွေအတွက်အစားထိုးတဖန်ချစ်ခွင့်ရထားတဲ့Rainbow Art Studio ကသားတွေသမီးတွေအပေါ်မှာအတိုးချချစ်ရင်...
22/08/2026

ဆုံးရူံးထားရတဲ့
သားသမီးမေတ္တာတွေအတွက်
အစားထိုးတဖန်ချစ်ခွင့်ရထားတဲ့

Rainbow Art Studio က
သားတွေသမီးတွေအပေါ်မှာ
အတိုးချချစ်ရင်း

ရိန်းဘိုးပန်းချီစတူရီယိုလေးက
ပန်းချီရေးတဲ့နေရာလေးသာမက
နွေးထွေးလှတဲ့
မိသားစုအသိုက်အမြုံလေး
ဖြစ်လို့လာခဲ့တယ်

ရိန်းဘိုးကို
ယုံကြည်စိတ်ချစွာအပ်နှံပေးပြီး
သားသမီးအရင်းတွေလို
ချစ်ခွင့်ပေးထားတဲ့
သားသားမီးမီးတို့ရဲ့မိဘများ
ကျန်းမာချမ်းသာကြပါစေ ။

ဆရာပန်းချီ

22/08/2026

ဘုန်းထက်စံ

22/08/2026

ရိန်းဘိုးရောက်ရင် သိပ်မပျော်ကြဘူး
😆😆😆😆😆😆

မနက်ပိုင်းက ရိန်းဘိုးလေးတွေ
22/08/2026

မနက်ပိုင်းက ရိန်းဘိုးလေးတွေ

22/08/2026

ဥပုသ်နေ့ဆိုရင် . . . .

ရိန်းဘိုးမှာကလေးတွေက
စားမယ်သောက်မယ်
ပန်းချီရေးမယ် စကားတွေပြောမယ်

ဆရာပန်းချီတို့မောင်နှံရဲ့
အုပ်ထိန်းမူအောက်မှာ
မိသားစုကြီးတခုလို
အပြန်အလှန်ဆက်ဆံကြရင်း

Rainbow ဟာ
သူတို့လေးတွေရဲ့
ပျော်စရာကမ္ဘာငယ်လေးတခု
စိတ်ထွက်ပေါက်လေးတခုဖြစ်လို့လာခဲ့တယ်။

ဆရာပန်းချီ

အသက်(၉)နှစ်အရွယ်သမီးငယ်လေး မေဘုန်းမင်းသစ်ရဲ့ယနေ့ ရေးဆွဲပြီးစီးခဲ့သည့်တိမ်တွေထူတဲ့ကောင်းကင်အပြာကြီးအောက်ကစိမ်းလန်းတဲ့တောတ...
21/08/2026

အသက်(၉)နှစ်အရွယ်
သမီးငယ်လေး မေဘုန်းမင်းသစ်ရဲ့
ယနေ့ ရေးဆွဲပြီးစီးခဲ့သည့်

တိမ်တွေထူတဲ့
ကောင်းကင်အပြာကြီးအောက်က

စိမ်းလန်းတဲ့တောတောင်အလှနှင့်အတူ

စက်ဘီးစီးထွက်လာတဲ့လူငယ်တဦးကို
ပုံဖော်ရေးဆွဲထားတဲ့

Acrylic on canvas
Knife painting ပန်းချီကားချပ်လေးက

သမီးတို့ကျောင်းကဆရာမလေးကို
လက်ဆောင်ပေးဖို့ပါတဲ့

ဆရာပန်းချီ

Address

အမှတ် ၂၀၃/၂ သံသုမာလမ်းမနှင့်ဇီဝစိုးလမ်းထောင့် တောင်ဥက္ကလာပ ရန်ကုန်မြို့
Yangon
11091

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595097028

Website

Alerts

Be the first to know and let us send you an email when Rainbow Art Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share